အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ၈၅ ဧကကျယ်သည့် ခြံကြီးကို ကန်ဒေါ်လာ ၄ ဒသမ ၉၅ သန်းမျှဖြင့် အရောင်းဈေးကွက်တင်လာ၊ စပျစ်ခင်းကြီး၏ အကျယ်အဝန်းသည်ပင်လျှင် ၅၇ ဧကရှိ

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ၈၅ ဧကကျယ်သည့် ခြံကြီးကို ကန်ဒေါ်လာ ၄ ဒသမ ၉၅ သန်းမျှဖြင့် အရောင်းဈေးကွက်တင်လာ၊ စပျစ်ခင်းကြီး၏ အကျယ်အဝန်းသည်ပင်လျှင် ၅၇ ဧကရှိ - Property News in Myanmar from iMyanmarHouse.com
2 Oct 2024 10:20 am တွင် တင်ခဲ့သည်
732 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သင်သည် အလုပ်များပြားလှသော ရှည်လျားသည့် တနေ့တာကို ဖြတ်သန်းပြီးနောက် သာယာလှပသော ၈၅ ဧက ခြံဝန်းကြီးကို ငေးမျှော်ကြည့်ရင်း ကိုယ်ပိုင်စပျစ်ခြံမှ ထုတ်လုပ်သည့် ဝိုင်တစ်ခွက် သောက်နေရပုံကို စိတ်ကူးမြင်ယောင်ကြည့်လိုက်ပါ။

အမြင်ရှိကာ ငွေလည်းရှိသော လုပ်ငန်းရှင်တစ်ယောက်အတွက် အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယား ပြည်နယ် တွင် ထိုသို့သော ခြံဝန်းမျိုး ပိုင်ဆိုင်ရနိုင်သည့် အခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေသည်။

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ဝိုင်စက်ရုံများ၊ သံလွင်တောများဖြင့် နာမည်ကြီးသော Paso Robles အမည်ရှိ မြို့လေး ရှိသည်။

ထိုမြို့လေးတွင် ခြံအကျယ် ၈၅ ဧကရှိသော ခြံဝန်းကြီးတစ်ခုရှိပြီး စပျစ်ခြံဧရိယာပင်လျှင် ၅၇ ဧကအထိ ပါဝင်သည်။

ဂရုတစိုက် ထိန်းသိမ်းစိုက်ပျိုးထားသော စပျစ်ပင်များဖြစ်ပြီး ခြံဝန်းကြီးအတွင်း လူနေအိမ် ၂ လုံး၊ ဝိုင်စက်ရုံနှင့် အရသာမြည်းစမ်းသည့် အခန်းတို့ ပါဝင်သည်။

လုပ်ငန်းသစ်တစ်ခု စတင်လိုသူ (သို့မဟုတ်) ဝိုင်လုပ်ငန်းကို စမ်းသပ်ကြည့်လိုသူတို့အတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း ဈေးကွက်တင်ကြော်ငြာတွင် ဖော်ပြထားသည်။

“ဒီခြံကြီးမှာ ထူးခြားတာတစ်ခုက အရသာမြည်းစမ်းတဲ့အခန်းကို ဒီဇိုင်းဆွဲ ဆောက်လုပ်ထားတဲ့ပုံစံပါပဲ” ဟု ဈေးကွက်တင်ပေးသော Sereno အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Lindsey Harn က ပြောသည်။

“ဒီအခန်းက စပျစ်ခင်းတွေနဲ့ ဝန်းပတ်ထားပြီး ပင်မစံအိမ်ကနေ မမြင်နိုင်ပါဘူး။ သီးခြားအိမ်တစ်ခုလို ခံစားစေရမှာ ဖြစ်ပါတယ်။ ဒါက တကယ့်အံ့ဖွယ်ပါပဲ”

(ပင်မစံအိမ်မှတဆင့် ၈၅ ဧကကျယ်သော ခြံဝန်းကြီး၏ စွဲမက်ဖွယ် ရှုခင်းများကို ကြည့်ရှုခံစားနိုင်သည်။ ဓာတ်ပုံ-Realtor)

(ဝိုင်ထုတ်လုပ်ရေးအဆောက်အအုံနှင့် ဂိုဒေါင်အချို့။ ဓာတ်ပုံ-Realtor)

(ဧည့်သည်တော်များအနေဖြင့် ဝိုင်မြည်းခန်းတွင် ဆုရ ဝိုင်အမှတ်တံဆိပ်များ၏ အရသာကို မြည်းကြည့်နိုင်မည် ဖြစ်သည်။ ဓာတ်ပုံ-Realtor)

Barr Estate Winery ဟု အမည်ပေးထားသော ဝိုင်စက်ရုံမှာ ၅၇ ဧကကျယ်သည့် စပျစ်ခြံအတွင်း တည်ရှိပြီး လူသိများသော ဝိုင် ၁၁ မျိုးထုတ်လုပ်သည်။ လက်ရှိအားဖြင့် large-scale ထုတ်လုပ်နိုင်စွမ်းရှိသည်။

“ရောင်းချတဲ့ ပိုင်ရှင်တွေတုန်းကတော့ လုပ်ငန်းလည်ပတ်ဖို့အတွက် ဒီခြံကြီးထဲမှာပဲ အချိန်ပြည့် နေထိုင်ခဲ့ကြ ပါတယ်။ ဒါပေမယ့် ဝယ်လက်အနေနဲ့ ဝိုင်လုပ်ငန်းခြံဝန်းဘက်ကို ပြန်လည်ရောင်းထုတ်ပြီး ပင်မစံအိမ်နေရာကို အပန်းဖြေအိမ်အဖြစ် ထားရှိတာမျိုး လုပ်လို့ရပါတယ်။ ဒါမှမဟုတ်လည်း မရောင်းဘဲ ကိုယ်ပိုင်စပျစ်ခြံအနေနဲ့ ဆက်ထားပြီး အဲဒီဘဝပုံစံမျိုးကို နေထိုင်ဖြတ်သန်းကြည့်လို့ ရပါတယ်” ဟု Lindsey က ပြောသည်။

စတုရန်းပေ ၂၇၃၆ ကျယ်ဝန်းသော ပင်မစံအိမ်မှာ One-level living ဟုခေါ်သော အဆောက်အအုံ တစ်ထပ်တည်းတွင် ဧည့်ခန်း၊ မီးဖိုဆောင်၊ အိပ်ခန်းများနှင့် အဝတ်လျှော်ခန်းတို့ အားလုံးပါသော အိမ်ဖြစ်သည်။

အဆိုပါအိမ်တို့မှာ အများအားဖြင့် open floor plan ဖြစ်လေ့ရှိပြီး ယခုအိမ်တွင်လည်း ထိုအတိုင်းဖြစ်သည်။

မီးဖိုဆောင်ရှိ ဆလိုက်တံခါးများမှတဆင့် သီးသန့်နားနေ နေရာသို့ ရောက်ရှိမည်ဖြစ်ပြီး ရေကူးကန်ကို စီးမိုးတွေ့မြင်ရသည်။

စတုရန်းပေ ၁၇၈၂ ကျယ်ဝန်းသော secondary အိမ်တွင် အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၂ ခန်းပါပြီး ဧည့်သည်တော်များ၊ မိသားစုဆွေမျိုးများ (သို့မဟုတ်) ဝန်ထမ်းများအတွက် ရည်ရွယ်သောအိမ်ဖြစ်သည်။

ထို့အပြင် အိပ်ခန်း ၁ ခန်းနှင့် ရေချိုးခန်း ၁ ခန်းပါဝင်ကာ စတုရန်းပေ ၁၁၅၂ ကျယ်ဝန်းသော နှစ်ထပ် အဆောက်အအုံတစ်လုံးလည်း ပါဝင်သေးသည်။

(ဧည့်သည်တော်များ၊ မိသားစုဆွေမျိုးများနှင့် ဝန်ထမ်းများအတွက် ရည်ရွယ်ဆောက်လုပ်ထားသော အိပ်ခန်း ၄ ခန်းပါ secondary နေအိမ်။ ဓာတ်ပုံ-Realtor)

(ခြံဝန်းကြီးအတွင်းရှိ အဆောက်အအုံများစွာအနက် ဝိုင်ထုတ်လုပ်ရေးနေရာတစ်ခု။ ဓာတ်ပုံ-Realtor)

(၈၅ ဧကကျယ်သော ခြံဝန်းကြီး၏ ကောင်းကင်ဓာတ်ပုံ။ ဓာတ်ပုံ-Realtor)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 85-Acre Paso Robles Compound Sloshes Onto the Market for $4.95 Million—Complete With a Stunning Vineyard (realtor) Photo Credit-realtor

[Zawgyi]

အေမရိကန္ျပည္၊ ကယ္လီဖုိးနီးယားျပည္နယ္တြင္ ၈၅ ဧကက်ယ္သည့္ ျခံၾကီးကို ကန္ေဒၚလာ ၄ ဒသမ ၉၅ သန္းမွ်ျဖင့္ အေရာင္းေစ်းကြက္တင္လာ၊ စပ်စ္ခင္းၾကီး၏ အက်ယ္အဝန္းသည္ပင္လွ်င္ ၅၇ ဧကရွိ

သင္သည္ အလုပ္မ်ားျပားလွေသာ ရွည္လ်ားသည့္ တေန႔တာကို ျဖတ္သန္းျပီးေနာက္ သာယာလွပေသာ ၈၅ ဧက ျခံဝန္းၾကီးကို ေငးေမွ်ာ္ၾကည့္ရင္း ကိုယ္ပိုင္စပ်စ္ျခံမွ ထုတ္လုပ္သည့္ ဝိုင္တစ္ခြက္ ေသာက္ေနရပံုကို စိတ္ကူးျမင္ေယာင္ၾကည့္လိုက္ပါ။

အျမင္ရွိကာ ေငြလည္းရွိေသာ လုပ္ငန္းရွင္တစ္ေယာက္အတြက္ အေမရိကန္ျပည္၊ ကယ္လီဖိုးနီးယား ျပည္နယ္ တြင္ ထိုသို႔ေသာ ျခံဝန္းမ်ဳိး ပိုင္ဆိုင္ရႏိုင္သည့္ အခြင့္အလမ္းတစ္ခု ေပၚေပါက္ေနသည္။

အေမရိကန္ျပည္၊ ကယ္လီဖိုးနီးယားျပည္နယ္တြင္ ဝိုင္စက္ရံုမ်ား၊ သံလြင္ေတာမ်ားျဖင့္ နာမည္ၾကီးေသာ Paso Robles အမည္ရွိ ျမိဳ႕ေလး ရွိသည္။

ထိုျမိဳ႕ေလးတြင္ ျခံအက်ယ္ ၈၅ ဧကရွိေသာ ျခံဝန္းၾကီးတစ္ခုရွိျပီး စပ်စ္ျခံဧရိယာပင္လွ်င္ ၅၇ ဧကအထိ ပါဝင္သည္။

ဂရုတစိုက္ ထိန္းသိမ္းစိုက္ပ်ဳိးထားေသာ စပ်စ္ပင္မ်ားျဖစ္ျပီး ျခံဝန္းၾကီးအတြင္း လူေနအိမ္ ၂ လံုး၊ ဝုိင္စက္ရံုႏွင့္ အရသာျမည္းစမ္းသည့္ အခန္းတို႔ ပါဝင္သည္။

လုပ္ငန္းသစ္တစ္ခု စတင္လိုသူ (သို႔မဟုတ္) ဝိုင္လုပ္ငန္းကို စမ္းသပ္ၾကည့္လိုသူတို႔အတြက္ ရင္းႏွီးျမွဳပ္ႏွံမႈ အခြင့္အလမ္းတစ္ခုျဖစ္ေၾကာင္း ေစ်းကြက္တင္ေၾကာ္ျငာတြင္ ေဖာ္ျပထားသည္။

“ဒီျခံၾကီးမွာ ထူးျခားတာတစ္ခုက အရသာျမည္းစမ္းတဲ့အခန္းကို ဒီဇိုင္းဆြဲ ေဆာက္လုပ္ထားတဲ့ပံုစံပါပဲ” ဟု ေစ်းကြက္တင္ေပးေသာ Sereno အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Lindsey Harn က ေျပာသည္။

“ဒီအခန္းက စပ်စ္ခင္းေတြနဲ႔ ဝန္းပတ္ထားျပီး ပင္မစံအိမ္ကေန မျမင္ႏိုင္ပါဘူး။ သီးျခားအိမ္တစ္ခုလို ခံစားေစရမွာ ျဖစ္ပါတယ္။ ဒါက တကယ့္အံ့ဖြယ္ပါပဲ”

(ပင္မစံအိမ္မွတဆင့္ ၈၅ ဧကက်ယ္ေသာ ျခံဝန္းၾကီး၏ စြဲမက္ဖြယ္ ရႈခင္းမ်ားကို ၾကည့္ရႈခံစားႏိုင္သည္။ ဓာတ္ပံု-Realtor)

(ဝိုင္ထုတ္လုပ္ေရးအေဆာက္အအံုႏွင့္ ဂိုေဒါင္အခ်ဳိ႕။ ဓာတ္ပံု-Realtor)

(ဧည့္သည္ေတာ္မ်ားအေနျဖင့္ ဝိုင္ျမည္းခန္းတြင္ ဆုရ ဝိုင္အမွတ္တံဆိပ္မ်ား၏ အရသာကို ျမည္းၾကည့္ႏိုင္မည္ ျဖစ္သည္။ ဓာတ္ပံု-Realtor)

Barr Estate Winery ဟု အမည္ေပးထားေသာ ဝိုင္စက္ရံုမွာ ၅၇ ဧကက်ယ္သည့္ စပ်စ္ျခံအတြင္း တည္ရွိျပီး လူသိမ်ားေသာ ဝိုင္ ၁၁ မ်ဳိးထုတ္လုပ္သည္။ လက္ရွိအားျဖင့္ large-scale ထုတ္လုပ္ႏိုင္စြမ္းရွိသည္။

“ေရာင္းခ်တဲ့ ပိုင္ရွင္ေတြတုန္းကေတာ့ လုပ္ငန္းလည္ပတ္ဖုိ႔အတြက္ ဒီျခံၾကီးထဲမွာပဲ အခ်ိန္ျပည့္ ေနထိုင္ခဲ့ၾက ပါတယ္။ ဒါေပမယ့္ ဝယ္လက္အေနနဲ႔ ဝိုင္လုပ္ငန္းျခံဝန္းဘက္ကို ျပန္လည္ေရာင္းထုတ္ျပီး ပင္မစံအိမ္ေနရာကို အပန္းေျဖအိမ္အျဖစ္ ထားရွိတာမ်ဳိး လုပ္လို႔ရပါတယ္။ ဒါမွမဟုတ္လည္း မေရာင္းဘဲ ကိုယ္ပိုင္စပ်စ္ျခံအေနနဲ႔ ဆက္ထားျပီး အဲဒီဘဝပံုစံမ်ဳိးကို ေနထိုင္ျဖတ္သန္းၾကည့္လို႔ ရပါတယ္” ဟု Lindsey က ေျပာသည္။

စတုရန္းေပ ၂၇၃၆ က်ယ္ဝန္းေသာ ပင္မစံအိမ္မွာ One-level living ဟုေခၚေသာ အေဆာက္အအံု တစ္ထပ္တည္းတြင္ ဧည့္ခန္း၊ မီးဖိုေဆာင္၊ အိပ္ခန္းမ်ားႏွင့္ အဝတ္ေလွ်ာ္ခန္းတို႔ အားလံုးပါေသာ အိမ္ျဖစ္သည္။

အဆိုပါအိမ္တို႔မွာ အမ်ားအားျဖင့္ open floor plan ျဖစ္ေလ့ရွိျပီး ယခုအိမ္တြင္လည္း ထိုအတိုင္းျဖစ္သည္။

မီးဖိုေဆာင္ရွိ ဆလိုက္တံခါးမ်ားမွတဆင့္ သီးသန္႔နားေန ေနရာသို႔ ေရာက္ရွိမည္ျဖစ္ျပီး ေရကူးကန္ကို စီးမိုးေတြ႔ျမင္ရသည္။

စတုရန္းေပ ၁၇၈၂ က်ယ္ဝန္းေသာ secondary အိမ္တြင္ အိပ္ခန္း ၄ ခန္းႏွင့္ ေရခ်ဳိးခန္း ၂ ခန္းပါျပီး ဧည့္သည္ေတာ္မ်ား၊ မိသားစုေဆြမ်ဳိးမ်ား (သို႔မဟုတ္) ဝန္ထမ္းမ်ားအတြက္ ရည္ရြယ္ေသာအိမ္ျဖစ္သည္။

ထို႔အျပင္ အိပ္ခန္း ၁ ခန္းႏွင့္ ေရခ်ဳိးခန္း ၁ ခန္းပါဝင္ကာ စတုရန္းေပ ၁၁၅၂ က်ယ္ဝန္းေသာ ႏွစ္ထပ္ အေဆာက္အအံုတစ္လံုးလည္း ပါဝင္ေသးသည္။

(ဧည့္သည္ေတာ္မ်ား၊ မိသားစုေဆြမ်ဳိးမ်ားႏွင့္ ဝန္ထမ္းမ်ားအတြက္ ရည္ရြယ္ေဆာက္လုပ္ထားေသာ အိပ္ခန္း ၄ ခန္းပါ secondary ေနအိမ္။ ဓာတ္ပံု-Realtor)

(ျခံဝန္းၾကီးအတြင္းရွိ အေဆာက္အအံုမ်ားစြာအနက္ ဝိုင္ထုတ္လုပ္ေရးေနရာတစ္ခု။ ဓာတ္ပံု-Realtor)

(၈၅ ဧကက်ယ္ေသာ ျခံဝန္းၾကီး၏ ေကာင္းကင္ဓာတ္ပံု။ ဓာတ္ပံု-Realtor)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 85-Acre Paso Robles Compound Sloshes Onto the Market for $4.95 Million—Complete With a Stunning Vineyard (realtor) Photo Credit-realtor

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service