ဒေးဗစ်ဘက်ခမ်းက သူ၏ အော်ဂဲနစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံကို ပရိသတ်များအား ချပြလာ

ဒေးဗစ်ဘက်ခမ်းက သူ၏ အော်ဂဲနစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံကို ပရိသတ်များအား ချပြလာ - Property News in Myanmar from iMyanmarHouse.com
1 Oct 2024 9:43 am တွင် တင်ခဲ့သည်
807 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂန္ထဝင် ဘောလုံးကြယ်ပွင့် ဒေးဗစ်ဘက်ခမ်းက သူ၏ အော်ဂဲနစ်စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံကို လူမှုကွန်ရက်တွင် ချပြလာရာ ပရိသတ်များအကြား ကျော်ကြားပျံ့နှံ့ခဲ့သည်။

ဒေးဗစ်ဘက်ခမ်းသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ်တွင် အားကစားလောကမှ အနားယူခဲ့ပြီးနောက်ပိုင်း သူ၏ ယာတောခြံတွင် ဘဝဖြတ်သန်းနေခြင်း ဖြစ်သည်။

သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားများတွင် တစ်ဦးအပါအဝင်အဖြစ် လူသိများသော ဘက်ခမ်းသည် မန်ချက်စတာ ယူနိုက်တက်နှင့် ရီးရဲမက်ဒရစ်တို့ကဲ့သို့ ဒိတ်ဒိတ်ကြဲ ကလပ်အသင်းများတွင် ကစားခဲ့သူ ဖြစ်သည်။

ယခုအခါ ဘက်ခမ်းက သူ၏ ယာတောခြံထဲမှ ဘဝကို အင်စတာဂရမ်လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်ဖြင့် ချပြလာရာ ပရိသတ်များအကြား လှုပ်ခတ်သွားခဲ့သည်။

ယခင် ငယ်ရွယ်နုပျိုစဉ်ရုပ်သွင်နှင့် ယခုရုပ်သွင်မှာ ဆက်စပ်မရအောင် ခြားနားသွားခဲ့ပြီဖြစ်ရာ ပရိသတ်အများ ကြေကွဲခဲ့ကြသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားသော အဆိုပါဗွီဒီယိုဖိုင်တွင် ဘက်ခမ်းက သူ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံအတွင်း လှည့်လည်ပြသခဲ့ရာ ကြက်များ မွေးမြူထားသည်ကို တွေ့ရသည့်အပြင် နွေကြက်သွန်နှင့် ကိုက်လန်တို့အအပါအဝင် ဟင်းသီးဟင်းရွက် အမျိုးမျိုး စိုက်ပျိုးထားသည်ကို တွေ့ရသည်။

ဘက်ခမ်း၏ အင်စတာဂရမ် အကောင့်မှာ Follower ၈၈ သန်းရှိပြီး အဆိုပါပို့စ်ကို like ပေးသူ ၁ ဒသမ ၈ သန်း ရှိခဲ့သည်။

ဗွီဒီယိုဖိုင်ထဲတွင် တွေ့မြင်ရမှုအရ ရာသီဥတု မှိုင်းမှုန်နေကာ ဘက်ခမ်းမှာ ချမ်းချမ်းစီးစီးဖြစ်နေဟန်ဖြင့် အသံများ တုန်ရင်နေသည်။

အာလူးကို ဘောင်များဖြင့် စိုက်ပျိုးထားပြီး အာလူးဘောင်အချို့ကို ကြက် မယက်နိုင်စေရန် ဇကာပိုက်များဖြင့် အုပ်ဆောင်းအသွင် အုပ်မိုးပေးထားသည်ကို တွေ့ရသည်။

အပင်များစွာမှာ ပန်းများပွင့်နေသည်ကိုလည်း တွေ့ရသည်။

ဘက်ခမ်း၏ သူ၏ ဗွီဒီယိုဖိုင်နှင့်အတူ “ကိုယ့် ကိုက်လန်တွေကလည်း တော်တော်ဖြစ်ထွန်းနေတယ်။ သူပြောင်းလဲသွားပြီ..လို့ အရှေ့ပိုင်းက မိတ်ဆွေပြောတာကို ကြားရပါတယ်။ ကျွန်တော့်မိန်းမက ဗွီဒီယိုဖိုင်ကို အတိုဖြတ်တင်ဖို့ ပြောပေမယ့် ကျွန်တော်နားမထောင်ဖြစ်ခဲ့တာ စိတ်မကောင်းပါဘူး။ အရင်က ကျွန်တော်ဟာ မော်တော်ဆိုင်ကယ်တွေနဲ့ လမ်းသလားနေရတာ ခုံမင်ခဲ့တယ်။ အခုကတော့ ကိုက်လန်၊ ပျားရည်နဲ့ အိမ်အတွက် ပန်းပင်တွေပေါ့။ အိမ်အတွက် ပန်းတွေက ကြိုဆိုနေပါတယ်” ဟု caption ရေးသားဖော်ပြခဲ့သည်။

အဆိုပါ ဗွီဒီယိုဖိုင်မှာ ကြည့်ရှုမှုအကြိမ်ရေ ၂၃ သန်းကျော် ရှိနေပြီး သူ၏ ပရိသတ်များက ချီးမွမ်းခဲ့ကြသည်။

သူ၏ ဇနီးဖြစ်သူ ဗစ်တိုးရီးယား ဘက်ခမ်းကလည်း “ဒီအမျိုးသားက ဘယ်သူလဲ။ ကျွန်မ ယောက်ျားကို ပြန်ပေးပါ” ဟု မှတ်ချက်ပြုထားသည်။

သူ၏ ပရိသတ်တစ်ဦးကလည်း “ဒီဘဲကို သဘောကျတယ်။ သူဟာ အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ယောက်ဖြစ်ခဲ့တယ်။ အခုအချိန်မှာတော့ ဥယျာဉ်မှူးကောင်းတစ်ယောက်၊ ပျားမွေးမြူရေးသမားကြီး တစ်ယောက်ပေါ့” ဟု မှတ်ချက်ပေးသည်။

အခြားတစ်ဦးကလည်း “ဒါက အင်တာနက်ပေါ်မှာ စိတ်ကို အအေးချမ်းစေဆုံး အကြောင်းအရာတချို့ထဲက တစ်ခုပေါ့။ ကျွန်တော်တို့ မျိုးဆက်အတွက် Bob Ross လိုမျိုးပါပဲ” ဟု မှတ်ချက်ပြုသည်။

“သိပ်ကောင်းတဲ့ ဒီလိုကုထုံးမျိုး ဘယ်သူတွေ့ဖူးလဲ။ အေးစိမ့် မြူထူတဲ့ မနက်ခင်း မြေသင်းနံ့နဲ့ ဟင်းသီးဟင်းရွက်တွေရဲ့ အနံကိုတောင် ရမိသလို ခံစားရပါတယ်” ဟု တတိယတစ်ဦးက မှတ်ချက်ပေးသည်။

ဒေးဗစ်ဘက်ခမ်းသည် Spice Girl အဖွဲ့မှ Posh Spice ဟု လူသိများခဲ့သူ ဗစ်တိုးရီးယားဘက်ခမ်းနှင့် လက်ထပ်ခဲ့ပြီး ဘရွတ်ကလင်း၊ ရိုမီယို၊ ခရုဇ်နှင့် ဟာပါဟူသော သားသမီး ၄ ဦး ထွန်းကားထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: David Beckham gives sneak peek into his farm life post-retirement, fans react: ‘Bob Ross for our generation’ (foodformzansi)

[Zawgyi]

ေဒးဗစ္ဘက္ခမ္းက သူ၏ ေအာ္ဂဲနစ္ စိုက္ပ်ဳိးေရးႏွင့္ ေမြးျမဴေရးျခံကို ပရိသတ္မ်ားအား ခ်ျပလာ

ဂႏၳဝင္ ေဘာလံုးၾကယ္ပြင့္ ေဒးဗစ္ဘက္ခမ္းက သူ၏ ေအာ္ဂဲနစ္စိုက္ပ်ဳိးေရးႏွင့္ ေမြးျမဴေရးျခံကို လူမႈကြန္ရက္တြင္ ခ်ျပလာရာ ပရိသတ္မ်ားအၾကား ေက်ာ္ၾကားပ်ံ႕ႏွံ႔ခဲ့သည္။

ေဒးဗစ္ဘက္ခမ္းသည္ ျပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္တြင္ အားကစားေလာကမွ အနားယူခဲ့ျပီးေနာက္ပိုင္း သူ၏ ယာေတာျခံတြင္ ဘဝျဖတ္သန္းေနျခင္း ျဖစ္သည္။

သမိုင္းတေလွ်ာက္ အၾကီးျမတ္ဆံုး ေဘာလံုးသမားမ်ားတြင္ တစ္ဦးအပါအဝင္အျဖစ္ လူသိမ်ားေသာ ဘက္ခမ္းသည္ မန္ခ်က္စတာ ယူႏိုက္တက္ႏွင့္ ရီးရဲမက္ဒရစ္တို႔ကဲ့သို႔ ဒိတ္ဒိတ္ၾကဲ ကလပ္အသင္းမ်ားတြင္ ကစားခဲ့သူ ျဖစ္သည္။

ယခုအခါ ဘက္ခမ္းက သူ၏ ယာေတာျခံထဲမွ ဘဝကို အင္စတာဂရမ္လူမႈကြန္ရက္တြင္ ဗြီဒီယိုဖိုင္ျဖင့္ ခ်ျပလာရာ ပရိသတ္မ်ားအၾကား လႈပ္ခတ္သြားခဲ့သည္။

ယခင္ ငယ္ရြယ္ႏုပ်ဳိစဥ္ရုပ္သြင္ႏွင့္ ယခုရုပ္သြင္မွာ ဆက္စပ္မရေအာင္ ျခားနားသြားခဲ့ျပီျဖစ္ရာ ပရိသတ္အမ်ား ေၾကကြဲခဲ့ၾကသည္။

လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ေက်ာ္ၾကားသြားေသာ အဆိုပါဗြီဒီယိုဖိုင္တြင္ ဘက္ခမ္းက သူ၏ စိုက္ပ်ဳိးေရးႏွင့္ ေမြးျမဴေရးျခံအတြင္း လွည့္လည္ျပသခဲ့ရာ ၾကက္မ်ား ေမြးျမဴထားသည္ကို ေတြ႔ရသည့္အျပင္ ေႏြၾကက္သြန္ႏွင့္ ကိုက္လန္တို႔အအပါအဝင္ ဟင္းသီးဟင္းရြက္ အမ်ဳိးမ်ဳိး စိုက္ပ်ဳိးထားသည္ကို ေတြ႔ရသည္။

ဘက္ခမ္း၏ အင္စတာဂရမ္ အေကာင့္မွာ Follower ၈၈ သန္းရွိျပီး အဆိုပါပို႔စ္ကို like ေပးသူ ၁ ဒသမ ၈ သန္း ရွိခဲ့သည္။

ဗြီဒီယိုဖိုင္ထဲတြင္ ေတြ႔ျမင္ရမႈအရ ရာသီဥတု မႈိင္းမႈန္ေနကာ ဘက္ခမ္းမွာ ခ်မ္းခ်မ္းစီးစီးျဖစ္ေနဟန္ျဖင့္ အသံမ်ား တုန္ရင္ေနသည္။

အာလူးကို ေဘာင္မ်ားျဖင့္ စိုက္ပ်ဳိးထားျပီး အာလူးေဘာင္အခ်ဳိ႕ကို ၾကက္ မယက္ႏိုင္ေစရန္ ဇကာပိုက္မ်ားျဖင့္ အုပ္ေဆာင္းအသြင္ အုပ္မိုးေပးထားသည္ကို ေတြ႔ရသည္။

အပင္မ်ားစြာမွာ ပန္းမ်ားပြင့္ေနသည္ကိုလည္း ေတြ႔ရသည္။

ဘက္ခမ္း၏ သူ၏ ဗီြဒီယိုဖိုင္ႏွင့္အတူ “ကိုယ့္ ကိုက္လန္ေတြကလည္း ေတာ္ေတာ္ျဖစ္ထြန္းေနတယ္။ သူေျပာင္းလဲသြားျပီ..လို႔ အေရွ႕ပိုင္းက မိတ္ေဆြေျပာတာကို ၾကားရပါတယ္။ ကၽြန္ေတာ့္မိန္းမက ဗြီဒီယိုဖိုင္ကို အတိုျဖတ္တင္ဖို႔ ေျပာေပမယ့္ ကၽြန္ေတာ္နားမေထာင္ျဖစ္ခဲ့တာ စိတ္မေကာင္းပါဘူး။ အရင္က ကၽြန္ေတာ္ဟာ ေမာ္ေတာ္ဆိုင္ကယ္ေတြနဲ႔ လမ္းသလားေနရတာ ခံုမင္ခဲ့တယ္။ အခုကေတာ့ ကိုက္လန္၊ ပ်ားရည္နဲ႔ အိမ္အတြက္ ပန္းပင္ေတြေပါ့။ အိမ္အတြက္ ပန္းေတြက ၾကိဳဆိုေနပါတယ္” ဟု caption ေရးသားေဖာ္ျပခဲ့သည္။

အဆိုပါ ဗြီဒီယိုဖိုင္မွာ ၾကည့္ရႈမႈအၾကိမ္ေရ ၂၃ သန္းေက်ာ္ ရွိေနျပီး သူ၏ ပရိသတ္မ်ားက ခ်ီးမြမ္းခဲ့ၾကသည္။

သူ၏ ဇနီးျဖစ္သူ ဗစ္တိုးရီးယား ဘက္ခမ္းကလည္း “ဒီအမ်ဳိးသားက ဘယ္သူလဲ။ ကၽြန္မ ေယာက်္ားကို ျပန္ေပးပါ” ဟု မွတ္ခ်က္ျပဳထားသည္။

သူ၏ ပရိသတ္တစ္ဦးကလည္း “ဒီဘဲကို သေဘာက်တယ္။ သူဟာ အေကာင္းဆံုး ေဘာလံုးသမားေတြထဲက တစ္ေယာက္ျဖစ္ခဲ့တယ္။ အခုအခ်ိန္မွာေတာ့ ဥယ်ာဥ္မွဴးေကာင္းတစ္ေယာက္၊ ပ်ားေမြးျမဴေရးသမားၾကီး တစ္ေယာက္ေပါ့” ဟု မွတ္ခ်က္ေပးသည္။

အျခားတစ္ဦးကလည္း “ဒါက အင္တာနက္ေပၚမွာ စိတ္ကို အေအးခ်မ္းေစဆံုး အေၾကာင္းအရာတခ်ဳိ႕ထဲက တစ္ခုေပါ့။ ကၽြန္ေတာ္တို႔ မ်ဳိးဆက္အတြက္ Bob Ross လုိမ်ဳိးပါပဲ” ဟု မွတ္ခ်က္ျပဳသည္။

“သိပ္ေကာင္းတဲ့ ဒီလိုကုထံုးမ်ဳိး ဘယ္သူေတြ႔ဖူးလဲ။ ေအးစိမ့္ ျမဴထူတဲ့ မနက္ခင္း ေျမသင္းနံ႔နဲ႔ ဟင္းသီးဟင္းရြက္ေတြရဲ႕ အနံကိုေတာင္ ရမိသလို ခံစားရပါတယ္” ဟု တတိယတစ္ဦးက မွတ္ခ်က္ေပးသည္။

ေဒးဗစ္ဘက္ခမ္းသည္ Spice Girl အဖြဲ႔မွ Posh Spice ဟု လူသိမ်ားခဲ့သူ ဗစ္တိုးရီးယားဘက္ခမ္းႏွင့္ လက္ထပ္ခဲ့ျပီး ဘရြတ္ကလင္း၊ ရိုမီယို၊ ခရုဇ္ႏွင့္ ဟာပါဟူေသာ သားသမီး ၄ ဦး ထြန္းကားထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: David Beckham gives sneak peek into his farm life post-retirement, fans react: ‘Bob Ross for our generation’ (foodformzansi)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service