အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း (သို့မဟုတ်) တရုတ်ပြည်တွင် မိမိအခန်း၏ အပေါ်ထပ်တွင် နေထိုင်သူအား ည ၁၀ နာရီနောက်ပိုင်း အိမ်သာမတက်ရန် ပြောမရသောကြောင့် အောက်ထပ်မှ အမျိုးသမီးက လက်စားချေပုံ

အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း (သို့မဟုတ်) တရုတ်ပြည်တွင် မိမိအခန်း၏ အပေါ်ထပ်တွင် နေထိုင်သူအား ည ၁၀ နာရီနောက်ပိုင်း အိမ်သာမတက်ရန် ပြောမရသောကြောင့် အောက်ထပ်မှ အမျိုးသမီးက လက်စားချေပုံ - Property News in Myanmar from iMyanmarHouse.com
24 Sep 2024 9:57 am တွင် တင်ခဲ့သည်
598 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်အရှေ့ပိုင်းရှိ တရားရုံးတစ်ခုသည် အမျိုးသမီးကြီးတစ်ဦးကို သူ၏ အပေါ်ထပ်တွင် နေထိုင်သူအား ဒဏ်ငွေ ယွမ် ၁၉၆၀၀ (ကန်ဒေါ်လာ ၂၇၅၀) ပေးစေရန် အမိန့်ချမှတ်လိုက်သည်။

ထိုအမျိုးသမီးက ဆူညံသော အိမ်နီးချင်းကို လက်စားချေမှုများ ပြုလုပ်ခဲ့သောကြောင့် တရားရုံးက ဒဏ်ငွေ ချမှတ်ခဲ့ခြင်းလည်း ဖြစ်သည်။

အပေါ်ထပ်တွင် နေထိုင်သူ၏ အမည်မှာ မိသားစုမျိုးရိုးအမည် ကျန်းဟုသိရပြီး အခန်းပိုင်ရှင် ဖြစ်သည်။

အောက်ထပ်တွင် နေထိုင်သော အမျိုးသမီးက ကျန်း၏ညဘက် အိမ်သာတက်ခြင်းအပါအဝင် ပြုမူ လှုပ်ရှားမှုများကို ကန့်သတ်ချုပ်ချယ်ရန် ကြိုးစားလာမှုကြောင့် ကျန်းက တရားစွဲခဲ့ခြင်းဖြစ်သည်။

အောက်ထပ်တွင် နေထိုင်သော အမျိူးသမီးမှာ အသံဗလံနှင့်ပတ်သက်ပြီး ထိရှလွယ်မှု အလွန်မြင့်မားသူ၊ အလွန်နားကောင်းသူတစ်ဦး ဖြစ်သည်။

အောက်ထပ်တွင် နေထိုင်သော အမျိုးသမီး၏ မိသားစုမျိုးရိုးအမည်မှာ ဝမ်ဟု သိရပြီး ကျဲ့ကျန်းပြည်နယ်ရှိ လူနေတိုက်ခန်းအဆောက်အအုံတစ်ခုမှ ပထမထပ်တွင် နေထိုင်သူ ဖြစ်သည်။

ဝမ်သည် အပေါ်ထပ်မှ အသံများကို သည်းမခံနိုင်သောကြောင့် လက်စားချေသည့်အနေဖြင့် ကျယ်လောင်သည့် ဆူညံသံများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

ကျိုပိုင် (Jiu Pai) သတင်းဌာန၏ ဖော်ပြချက်အရ အောက်ထပ်တွင် နေထိုင်သူ ဝမ်သည် အပေါ်ထပ်မှ ဆူညံသံ များကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း မကျေနပ်ချက်များ ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ အပေါ်ထပ်တွင် နေထိုင်သူ ကျန်းသည် အောက်ထပ်မှ အမျိုးသမီး၏ ပြောဆိုမှုကြောင့် အိမ်ထဲတွင် နူးညံ့သော ဖိနပ်များ စီးကာ သွားလာခြင်း၊ ကြမ်းပြင်များတွင် ကော်ဇောခင်းခြင်းများအပါအဝင် ပြေလည်မှုရစေရန် လုပ်ဆောင်မှုများစွာ ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။

ကျန်းက ထိုသို့ ကြိုးစားလုပ်ဆောင်မှုများရှိခဲ့သော်လည်း အသံနှင့် ပတ်သက်ပြီး ထိရှလွယ်သူ ဝမ်အတွက် အခြေအနေပိုမို ဆိုးရွားလာခဲ့သည်ဟု ဆိုသည်။ အပေါ်ထပ်မှ သွားတိုက်သံ၊ ရေချိုးသံ၊ ရေဘူးအဖုံး မတော်တဆ ပြုတ်ကျသံများကိုပါ ဝမ်က သည်းမခံနိုင်ခဲ့။

ဝမ်က ကျန်းကို ည ၁၀ နာရီနောက်ပိုင်း အိမ်သာမတက်ရန်လည်း တောင်းဆိုခဲ့သည်ဟု ဆိုသည်။

(ဝမ်၏ အသံများအပေါ် ထိရှလွယ်မှုမှာ အလွန်မြင့်မားပြီး အပေါ်ထပ်တွင် နေထိုင်သူကို ည ၁၀ နာရီနောက်ပိုင်း အိမ်သာမတက်ရန် တောင်းဆိုခဲ့သည်။ ဓာတ်ပုံ-Shutterstock)

တရားရုံးတွင် ကျန်းက ပြောသည်မှာ မိမိသည် အခန်းအတွင်း နေ့စဉ်လုပ်ဆောင်ဖွယ်ရာများကို လုပ်ဆောင်ရင်း အသံတစုံတရာထွက်ပေါ်သွားပါက အောက်ထပ်တွင်နေသူ ဝမ်က အခန်းမျက်နှာကြက်ကို တုတ်ဖြင့်ရိုက်ခြင်း (သို့မဟုတ်) စပီကာဖြင့် ကျယ်လောင်စွာဖွင့်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း ပြောသည်။

ကျန်းက ဝမ်ကို ရဲစခန်းတွင် တိုင်ကြားမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ရဲအရာရှိတို့၏ ကြားဝင်ဖြန်ဖြေပေးမှုများ ရှိခဲ့သော်လည်း အရာမထင်ခဲ့ချေ။

ရဲတပ်ဖွဲ့သည် ဝမ်ကို သတိပေးစာထုတ်ပြန်ခဲ့ပြီး သူ၏ စပီကာနှင့် memory stick ကို သိမ်းဆည်းခဲ့သည်။

သို့သော် ဝမ်၏ ဆူဆူညံညံ ပြုလုပ်မှုများ ရပ်တန့်မသွားခဲ့။

ထိုအခြေအနေအပေါ် စိတ်ပျက်လာသောကြောင့် ကျန်းက ယခုနှစ်ဇူလိုင်လတွင် ထိုအခန်းမှ ပြောင်းရွှေ့သွား ကာ ထိုအဆောက်အအုံရှိ အခန်းတစ်ခန်းကို ငှားရမ်းနေထိုင်ခဲ့သည်။

သူ၏ အခန်းကိုမူ အခြားသူတို့အား အငှားချထားခဲ့သည်။

သို့သော် အိမ်ငှားတို့မှာလည်း ဝမ်၏ နှောင့်ယှက်မှုများကြောင့် ကြာရှည်မနေနိုင်ခဲ့။

ထိုနောက်တွင် ကျန်းက ဝမ်ကို တရားရုံးတွင် တိုင်တန်းခဲ့ပြီး နစ်နာကြေးအဖြစ် လျော်ကြေး ယွမ် ၃၃,၀၀၀ (ကန်ဒေါ်လာ ၄,၆၀၀) တောင်းခံခဲ့သည်။

အိမ်ပြောင်းရွှေ့နေထိုင်ရမှု၊ အိမ်ငှားတို့ ဆင်းသွားခြင်းကြောင့် ဝင်ငွေနစ်နာမှု ၊ စိတ်ဖိစီးရမှု အစရှိသည်တို့ အတွက် နစ်နာကြေးတောင်းခံခြင်း ဖြစ်သည်။

ဝမ်က ပြောသည်မှာ မိမိအနေဖြင့် ဆူဆူညံညံလုပ်ရခြင်းမှာ ကျန်း၏ ဆူညံသံများကို မခံနိုင်သောကြောင့် လက်စားချေခြင်းဖြစ်ကြောင်း ပြောသည်။

(ဝမ်သည် အပေါ်ထပ်မှ သွားတိုက်သံ၊ ရေဘူးအဖုံးပြုတ်ကျသံကဲ့သို့ ညင်သာသည့် အသံများကိုပင် ခံနိုင်စွမ်းမရှိခဲ့ချေ။ ဓာတ်ပုံ-Shutterstock)

တရားရုံးက ဝမ်ကို အမိန့်ချမှတ်ခဲ့သည်မှာ ကျန်းအား နစ်နာကြေး ယွမ် ၁၇,၆၀၀ အပြင် စိတ်ဖိစီးခဲ့ရမှုများ အတွက် ယွမ် ၂,၀၀၀ ပေးရန် အမိန့်ချမှတ်ခဲ့သည်။

ဝမ်က အယူခံဝင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China woman asks neighbour not to use toilet at night, blasts loud music when ignored (scmp) Photo Credit-Shutterstock

[Zawgyi]

အေပၚထပ္နဲ႔ ေအာက္ထပ္ဇာတ္လမ္း (သို႔မဟုတ္) တရုတ္ျပည္တြင္ မိမိအခန္း၏ အေပၚထပ္တြင္ ေနထိုင္သူအား ည ၁၀ နာရီေနာက္ပိုင္း အိမ္သာမတက္ရန္ ေျပာမရေသာေၾကာင့္ ေအာက္ထပ္မွ အမ်ဳိးသမီးက လက္စားေခ်ပံု

တရုတ္ျပည္အေရွ႕ပိုင္းရွိ တရားရံုးတစ္ခုသည္ အမ်ဳိးသမီးၾကီးတစ္ဦးကို သူ၏ အေပၚထပ္တြင္ ေနထုိင္သူအား ဒဏ္ေငြ ယြမ္ ၁၉၆၀၀ (ကန္ေဒၚလာ ၂၇၅၀) ေပးေစရန္ အမိန္႔ခ်မွတ္လိုက္သည္။

ထိုအမ်ဳိးသမီးက ဆူညံေသာ အိမ္နီးခ်င္းကို လက္စားေခ်မႈမ်ား ျပဳလုပ္ခဲ့ေသာေၾကာင့္ တရားရံုးက ဒဏ္ေငြ ခ်မွတ္ခဲ့ျခင္းလည္း ျဖစ္သည္။

အေပၚထပ္တြင္ ေနထုိင္သူ၏ အမည္မွာ မိသားစုမ်ဳိးရိုးအမည္ က်န္းဟုသိရျပီး အခန္းပိုင္ရွင္ ျဖစ္သည္။

ေအာက္ထပ္တြင္ ေနထိုင္ေသာ အမ်ဳိးသမီးက က်န္း၏ညဘက္ အိမ္သာတက္ျခင္းအပါအဝင္ ျပဳမူ လႈပ္ရွားမႈမ်ားကို ကန္႔သတ္ခ်ဳပ္ခ်ယ္ရန္ ၾကိဳးစားလာမႈေၾကာင့္ က်န္းက တရားစြဲခဲ့ျခင္းျဖစ္သည္။

ေအာက္ထပ္တြင္ ေနထိုင္ေသာ အမ်ဴိးသမီးမွာ အသံဗလံႏွင့္ပတ္သက္ျပီး ထိရွလြယ္မႈ အလြန္ျမင့္မားသူ၊ အလြန္နားေကာင္းသူတစ္ဦး ျဖစ္သည္။

ေအာက္ထပ္တြင္ ေနထိုင္ေသာ အမ်ဳိးသမီး၏ မိသားစုမ်ဳိးရိုးအမည္မွာ ဝမ္ဟု သိရျပီး က်ဲ႕က်န္းျပည္နယ္ရွိ လူေနတိုက္ခန္းအေဆာက္အအံုတစ္ခုမွ ပထမထပ္တြင္ ေနထုိင္သူ ျဖစ္သည္။

ဝမ္သည္ အေပၚထပ္မွ အသံမ်ားကို သည္းမခံႏိုင္ေသာေၾကာင့္ လက္စားေခ်သည့္အေနျဖင့္ က်ယ္ေလာင္သည့္ ဆူညံသံမ်ား ျပဳလုပ္ခဲ့သည္ဟု စြပ္စြဲခံခဲ့ရသည္။

က်ဳိပိုင္ (Jiu Pai) သတင္းဌာန၏ ေဖာ္ျပခ်က္အရ ေအာက္ထပ္တြင္ ေနထုိင္သူ ဝမ္သည္ အေပၚထပ္မွ ဆူညံသံ မ်ားကို ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလအတြင္း မေက်နပ္ခ်က္မ်ား ထုတ္ေဖာ္ေျပာၾကားခဲ့ေၾကာင္း၊ အေပၚထပ္တြင္ ေနထိုင္သူ က်န္းသည္ ေအာက္ထပ္မွ အမ်ဳိးသမီး၏ ေျပာဆိုမႈေၾကာင့္ အိမ္ထဲတြင္ ႏူးညံ့ေသာ ဖိနပ္မ်ား စီးကာ သြားလာျခင္း၊ ၾကမ္းျပင္မ်ားတြင္ ေကာ္ေဇာခင္းျခင္းမ်ားအပါအဝင္ ေျပလည္မႈရေစရန္ လုပ္ေဆာင္မႈမ်ားစြာ ျပဳလုပ္ခဲ့ေၾကာင္း ေဖာ္ျပသည္။

က်န္းက ထိုသို႔ ၾကိဳးစားလုပ္ေဆာင္မႈမ်ားရွိခဲ့ေသာ္လည္း အသံႏွင့္ ပတ္သက္ျပီး ထိရွလြယ္သူ ဝမ္အတြက္ အေျခအေနပိုမို ဆိုးရြားလာခဲ့သည္ဟု ဆိုသည္။ အေပၚထပ္မွ သြားတိုက္သံ၊ ေရခ်ဳိးသံ၊ ေရဘူးအဖံုး မေတာ္တဆ ျပဳတ္က်သံမ်ားကိုပါ ဝမ္က သည္းမခံႏိုင္ခဲ့။

ဝမ္က က်န္းကို ည ၁၀ နာရီေနာက္ပိုင္း အိမ္သာမတက္ရန္လည္း ေတာင္းဆိုခဲ့သည္ဟု ဆိုသည္။

(ဝမ္၏ အသံမ်ားအေပၚ ထိရွလြယ္မႈမွာ အလြန္ျမင့္မားျပီး အေပၚထပ္တြင္ ေနထုိင္သူကို ည ၁၀ နာရီေနာက္ပိုင္း အိမ္သာမတက္ရန္ ေတာင္းဆိုခဲ့သည္။ ဓာတ္ပံု-Shutterstock)

တရားရံုးတြင္ က်န္းက ေျပာသည္မွာ မိမိသည္ အခန္းအတြင္း ေန႔စဥ္လုပ္ေဆာင္ဖြယ္ရာမ်ားကို လုပ္ေဆာင္ရင္း အသံတစံုတရာထြက္ေပၚသြားပါက ေအာက္ထပ္တြင္ေနသူ ဝမ္က အခန္းမ်က္ႏွာၾကက္ကို တုတ္ျဖင့္ရိုက္ျခင္း (သို႔မဟုတ္) စပီကာျဖင့္ က်ယ္ေလာင္စြာဖြင့္ျခင္းမ်ား ျပဳလုပ္ေလ့ရွိေၾကာင္း ေျပာသည္။

က်န္းက ဝမ္ကို ရဲစခန္းတြင္ တုိင္ၾကားမႈမ်ား အၾကိမ္ၾကိမ္ ျပဳလုပ္ခဲ့ျပီး ရဲအရာရွိတု႔ိ၏ ၾကားဝင္ျဖန္ေျဖေပးမႈမ်ား ရွိခဲ့ေသာ္လည္း အရာမထင္ခဲ့ေခ်။

ရဲတပ္ဖြဲ႔သည္ ဝမ္ကို သတိေပးစာထုတ္ျပန္ခဲ့ျပီး သူ၏ စပီကာႏွင့္ memory stick ကို သိမ္းဆည္းခဲ့သည္။

သို႔ေသာ္ ဝမ္၏ ဆူဆူညံညံ ျပဳလုပ္မႈမ်ား ရပ္တန္႔မသြားခဲ့။

ထိုအေျခအေနအေပၚ စိတ္ပ်က္လာေသာေၾကာင့္ က်န္းက ယခုႏွစ္ဇူလိုင္လတြင္ ထိုအခန္းမွ ေျပာင္းေရႊ႕သြား ကာ ထိုအေဆာက္အအံုရွိ အခန္းတစ္ခန္းကို ငွားရမ္းေနထိုင္ခဲ့သည္။

သူ၏ အခန္းကိုမူ အျခားသူတို႔အား အငွားခ်ထားခဲ့သည္။

သို႔ေသာ္ အိမ္ငွားတို႔မွာလည္း ဝမ္၏ ေႏွာင့္ယွက္မႈမ်ားေၾကာင့္ ၾကာရွည္မေနႏိုင္ခဲ့။

ထိုေနာက္တြင္ က်န္းက ဝမ္ကို တရားရံုးတြင္ တိုင္တန္းခဲ့ျပီး နစ္နာေၾကးအျဖစ္ ေလ်ာ္ေၾကး ယြမ္ ၃၃,၀၀၀ (ကန္ေဒၚလာ ၄,၆၀၀) ေတာင္းခံခဲ့သည္။

အိမ္ေျပာင္းေရႊ႕ေနထိုင္ရမႈ၊ အိမ္ငွားတို႔ ဆင္းသြားျခင္းေၾကာင့္ ဝင္ေငြနစ္နာမႈ ၊ စိတ္ဖိစီးရမႈ အစရွိသည္တို႔ အတြက္ နစ္နာေၾကးေတာင္းခံျခင္း ျဖစ္သည္။

ဝမ္က ေျပာသည္မွာ မိမိအေနျဖင့္ ဆူဆူညံညံလုပ္ရျခင္းမွာ က်န္း၏ ဆူညံသံမ်ားကို မခံႏိုင္ေသာေၾကာင့္ လက္စားေခ်ျခင္းျဖစ္ေၾကာင္း ေျပာသည္။

(ဝမ္သည္ အေပၚထပ္မွ သြားတိုက္သံ၊ ေရဘူးအဖံုးျပဳတ္က်သံကဲ့သို႔ ညင္သာသည့္ အသံမ်ားကိုပင္ ခံႏိုင္စြမ္းမရွိခဲ့ေခ်။ ဓာတ္ပံု-Shutterstock)

တရားရံုးက ဝမ္ကို အမိန္႔ခ်မွတ္ခဲ့သည္မွာ က်န္းအား နစ္နာေၾကး ယြမ္ ၁၇,၆၀၀ အျပင္ စိတ္ဖိစီးခဲ့ရမႈမ်ား အတြက္ ယြမ္ ၂,၀၀၀ ေပးရန္ အမိန္႔ခ်မွတ္ခဲ့သည္။

ဝမ္က အယူခံဝင္ခဲ့ေသာ္လည္း ရံႈးနိမ့္ခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: China woman asks neighbour not to use toilet at night, blasts loud music when ignored (scmp) Photo Credit-Shutterstock

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
imyanmarmarket
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service