ပေါင်နှံခြင်းများဆောင်ရွက်သည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပေါင်နှံခြင်းများဆောင်ရွက်သည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
14 Sep 2024 10:55 am တွင် တင်ခဲ့သည်
888 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
မရွှေ့မပြောင်းနိုင်သော ပစ္စည်းပေါင်နှံခြင်းများမှာ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပုဒ်မ- ၅၈ နှင့် ၁၀၄ အထိ ပြဌာန်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။
စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေပုဒ်မ - ၁၆(ဂ) အရ တန်ဖိုးငွေ(၁)သိန်းနှင့် အထက်ရှိသော ပိုင်ဆိုင်ခွင့်စာချုပ်ကိုပါ အပ်နှံ၍ ပေါင်နှံခြင်းမှ တပါးအခြားပေါင်နှံ ခြင်း စာချုပ်များတွင် အသိသက်သေအနည်းဆုံး (၂)ဦး လက်မှတ်ရေးထိုး၍ စာချုပ်အား မှတ်ပုံတင်ခြင်းပြုလုပ်ရမည်။
မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် စပ်လျဉ်း၍ ပေါင်နှံခြင်း(၆)မျိုးရှိ ပါသည်။၎င်းတို့မှာ...
၁။ လက်မဲ့အပေါင်
၂။ အဂလိပ်အပေါင်
၃။ ပိုင်ဆိုင်မှုစာချုပ်စာတမ်းသာ အပ်နှံ၍ ပေါင်နှံခြင်း
၄။ သဘောတူ သတ်မှတ်များထားရှိ၍ ရောင်းပေါင်ခြင်း
၅။ ပစ္စည်းအား ပေးအပ်ကာ အကျိုးအမြတ် ခံစားခွင့်ပေးအပ်သည့် ပေါင်နှံခြင်း
၆။ ထုံးနည်းမကျ ပေါင်နှံခြင်း တို့ဖြစ်ပါသည်။
ကတိပြုချက်များဖြင့် ရောင်းချခြင်းများ၊ ကြွေးငွေပေးချေရန် ကျန်ရှိသည်များတွင် မရွှေ့မပြောင်းနိုင်သော ပစ္စည်း၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းများအား လက်ရောက်ဖြစ်စေ၊ ပိုင်ဆိုင်မှုစာချုပ်စာတမ်းများအား ပေးအပ်၍ ဖြစ်စေ ခေတ္တအပ်နှံကာ အာမခံပေးအပ်သည်များ ရှိပါသည်။ ပစ္စည်းအား အာမခံပေးအပ်ထားခြင်းနှင့် ပေါင်နှံခြင်းမှာ မတူပါ။ ပေါင်နှံခြင်းများတွင် ပစ္စည်းအားလက်ရောက် ပေးအပ်ခြင်းရှိပြီး အာမခံများခြင်းများတွင်တော့ ပိုင်ဆိုင်မှုစာရွက်စာတမ်းသာ အပ်နှံထားရှိပါသည်။
ပေါင်နှံမှုတွင် အပေါင်ထားသူမှ ကတိပြုချက်အတိုင်း ရွှေးနုတ်ခြင်းမပြုပါက အသိပေးအကြောင်းကြား စာပေးပို့ကာ အပေါင်ခံသူမှ အပေါင်ပစ္စည်းရောင်းချနိုင်သည့် အခွင့်အရေးရှိသည်။အပေါင်ခံခြင်း၌ သတ်မှတ်အချိန် ကာလစည်းကမ်းချက်မရှိပါက အပေါင်ပစ္စည်းရောင်းချလိုလျှင်ပေါင်နှံသူအား ပြန်လည်ရွှေးနုတ်လိုခြင်း ပြုမပြု အကြောင်းကြားပေးခြင်းပင် ဖြစ်ပါသည်။ အပေါင်ပစ္စည်းအား ပေါင်နှံသူထံ အကြောင်းမကြားဘဲ ရောင်းချလျှင် ပေါင်နှံသူမှ ပစ္စည်းဝယ်ယူသူကိုပါ တရားပြိုင်အနေဖြင့် ထည့်သွင်း၍ အပေါင်ပစ္စည်း ရွှေးနုတ်လိုမှုဖြင့် တရားမမှု စွဲဆိုမှုပြုမည်ဖြစ်ပါသည်။
အပေါင်ပစ္စည်းအား တဆင့်ပေါင်နှံခွင့် မရှိကြောင်း သီးခြားသဘောညီချက်မရှိလျှင် အပေါင်ခံသူသည် အခြားသူတစ်ဦးတစ်ယောက်ထံ တဆင့်ပေါင်နှံခွင့်လဲရှိပါသည်။
အပေါင်ခံသူသည် ချေးငွေများ အပြီးတိုင်ပြန်လည် ရရှိသည်အထိ အပေါင်ပစ္စည်းအား လက်ရှိထားပိုင်ခွင့်ရှိကာ ငှားရမ်းခနှင့် အမြတ်အစွန်းငွေများ ရရှိပါကလဲ ပေါင်နှံသူနှင့် သဘောတူညီချက်အရ ခံစားခွင့်ရှိသည်။
သတ်မှတ်အချိန်ကာလတွင် ပေါင်နှံသူမှ အပေါင်ပစ္စည်းအား ပြန်လည် ရွှေးနုတ်ခြင်းမပြုပါက ရောင်းချ ခြင်းသည် အတည်ဖြစ်မည်ဖြစ်ကြောင်း သီးခြားသဘောတူညီမှု ပြုထားသည့် ရောင်းပေါင်စာချုပ်များလဲ ရှိပါသည်။
ရောင်းပေါင် သဘောတူညီချက်အရ အရောင်းစာချုပ်တစ်စောင် ချုပ်ဆိုထားကြလျှင်လဲ ပစ္စည်းအား ပြန်လည် ဝယ်ယူလိုလျှင် ဝယ်ယူသူမှ ခွင့်ပြုပေးမည်ဆိုသည့်အချက်များ ထင်ရှားစွာ ပါဝင်နေပါကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
၁။ လက်မဲ့အပေါင်
၂။ အဂလိပ်အပေါင်
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service