Nvidia ၏ ဝန်ထမ်းများမှာ တစ်ပတ်လျှင် ၇ ရက်လုံး အလုပ်ဆင်းရပြီး မနက် ၂ နာရီအထိ မကြာခဏ အလုပ်ခွင်ဝင်ရသော်လည်း လစာကောင်းမွန်မှုကြောင့် အလုပ်ထွက်သူ နည်းပါး၊ လုပ်သက် ၅ နှစ်အနည်းဆုံး ရှိသော ဝန်ထမ်းများမှာ နေအိမ်များ တစ်လုံးပြီး တစ်လုံးဝယ်ကာ တန်ဖိုးကြီးကားများစီးနိုင်သော သန်းကြွယ် သူဌေးများဖြစ်လာလျက်ရှိ

Nvidia ၏ ဝန်ထမ်းများမှာ တစ်ပတ်လျှင် ၇ ရက်လုံး အလုပ်ဆင်းရပြီး မနက် ၂ နာရီအထိ မကြာခဏ အလုပ်ခွင်ဝင်ရသော်လည်း လစာကောင်းမွန်မှုကြောင့် အလုပ်ထွက်သူ နည်းပါး၊ လုပ်သက် ၅ နှစ်အနည်းဆုံး ရှိသော ဝန်ထမ်းများမှာ နေအိမ်များ တစ်လုံးပြီး တစ်လုံးဝယ်ကာ တန်ဖိုးကြီးကားများစီးနိုင်သော သန်းကြွယ် သူဌေးများဖြစ်လာလျက်ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
3 Sep 2024 11:12 am တွင် တင်ခဲ့သည်
573 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

AI Chip ထုတ်လုပ်သူ Nvidia ကုမ္ပဏီကြီး၏ ဝန်ထမ်းများမှာ မိမိတို့၏ အလုပ်စားပွဲများတွင် တစ်ပတ်လျှင် ၇ ရက်လုံးရှိနေရပြီး မကြာခဏဆိုသလို မနက် ၂ နာရီအထိ အလုပ်ဆင်းရသော်လည်း ကုမ္ပဏီ၏ ရက်ရက်ရောရော လစာပေးမှုကြောင့် အလုပ်ထွက်လိုစိတ် မရှိကြကြောင်း နယူးယောက်ပို့စ် သတင်းတစ်ရပ် တွင် ဖော်ပြသည်။

အဆိုပါ ကုမ္ပဏီတွင် အလုပ်လုပ်ခဲ့၊ လုပ်နေဆဲဖြစ်သော ဝန်ထမ်း ၁၀ ဦး၏ ပြောကြားချက်အရ Nvidia တွင် အလုပ်လုပ်ရခြင်းမှာ အမြဲဆူညံပွက်နေသည့် pressure cooker တစ်ခုနှင့်တူကြောင်း၊ အစည်းအဝေးများမှာ အပြန်အလှန် အော်ဟစ်သည့်နေရာအဖြစ် မကြာခဏ ပြောင်းလဲသွားလေ့ရှိကြောင်း ပြောသည်ဟု Bloomberg သတင်းတွင် ဖော်ပြသည်။

Nvidia ၏ Marketing ဝန်ထမ်းဟောင်းတစ်ဦးက Bloomberg သတင်းဌာနသို့ ပြောပြသည်မှာ သူမသည် တစ်ရက်လျှင် အစည်းအဝေး ၁၀ ကြိမ်အထက် တက်ရပြီး အစည်းအဝေးတစ်ခုလျှင် လူ ၃၀ ကျော် ပါဝင်လေ့ရှိသည်ဟု ဆိုသည်။

 

(Nvidia ၏ ဝန်ထမ်းဟောင်းများနှင့် လက်ရှိလုပ်ကိုင်နေဆဲ ဝန်ထမ်းတို့က ပြောသည်မှာ အလွန်ပင်ပန်း ခက်ခဲသော အလုပ်လုပ်ကိုင်ရမှု အခြေအနေရှိပြီး အချိန်ကြာရှည်စွာ လုပ်ကိုင်ရခြင်း၊ အချင်းချင်း အော်ဟစ် ပြောဆိုနေခြင်းများနှင့် ရင်ဆိုင်ရကြောင်း ပြောသည်။ ဓာတ်ပုံ-AP)

 

အစည်းအဝေးများမှာ အော်ဟစ် ရန်ဖြစ်နေရခြင်းများနှင့်သာ အမြဲရင်ဆိုင်ရသော်လည်း ဝန်ထမ်းများမှာ အလုပ်မှ မထွက်စေရန် ပေးထားသည့် ငွေကြေးမက်လုံးများ (Golden Handcuffs) ကြောင့် ထိုအခြေအနေကို သည်းခံနိုင်စွမ်းရှိကြကြောင်း Nvidia ၏ ဝန်ထမ်းဟောင်းတစ်ဦးက ပြောသည်။

Nvidia သည် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာကလာရာတွင် အခြေစိုက်ပြီး AI နည်းပညာ၌ အသုံးပြုသော ဆီမီးကွန်ဒတ်တာများ ထုတ်လုပ်သည်။

Nvidia သည် ဝန်ထမ်းများအား ရှယ်ယာအကျိုးခံစားခွင့်များ ပေးသောကြောင့် ဝန်ထမ်းလျော့ပါးမှု ပြဿနာ နည်းပါးသော ကုမ္ပဏီ ဖြစ်သည်။

၂၀၁၉ ခုနှစ်မှ စတင်ပြီး Nvidia ၏ ရှယ်ယာဈေးမှာ ၃၇၇၆ ရာခိုင်နှုန်းအထိ ကြောက်ခမန်းလိလိ မြင့်တက်ခဲ့ရာ ကုမ္ပဏီတွင် လွန်ခဲ့သော ၅ နှစ်ခန့်မှ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့သော ဝန်ထမ်းများမှာ သန်းကြွယ်သူဌေးများ ဖြစ်လာကြဟန်ရှိသည်။

 

(Nvidia ၏ ပူးတွဲတည်ထောင်သူ၊ စီအီးအို Jensen Huang ။ ဓာတ်ပုံ-AP)

 

AI နည်းပညာအလွန်ခေတ်စားလာမှုနှင့်အတူ ဆီမီးကွန်ဒတ်တာများ ဝယ်လိုအားမြင့်တက်လာသောကြောင့် Nvidia မှာ ဈေးကွက်ကို လွှမ်းမိုးနိုင်သည့် Chipmaker ဖြစ်လာသည်။

Bloomberg သတင်းဌာန၏ ဖော်ပြချက်အရ ဝန်ထမ်းများ၏ လစာတွင် ရှယ်ယာခံစားခွင့်ပေးခြင်းမှာ ကုမ္ပဏီမှ မထွက်စေရန် ဆွဲဆောင်သည့် မက်လုံးတစ်ခုဖြစ်လာကြောင်း ဖော်ပြသည်။

ပြီးခဲ့သောနှစ်အတွင်း Nvidia မှ အလုပ်ထွက်သော ဝန်ထမ်း ၅ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့သည်။

သို့သော် ကုမ္ပဏီ၏ ဈေးကွက်တန်ကြေး ကန်ဒေါ်လာ ၁ ထရီလီယံကျော်သွားချိန်တွင် ဝန်ထမ်းလျော့ပါးမှု ပမာဏမှာ ၂ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိတော့သည်။

Nvidia ၏ အင်ဂျင်နီယာဟောင်းတစ်ဦးက Bloomberg သတင်းဌာနသို့ ပြောသည်မှာ ကုမ္ပဏီတွင် ၁၀ နှစ်ခန့် လုပ်ကိုင်ခဲ့သူများမှာ တစ်သက်တာ ထိုင်စားနိုင်သည့် ငွေရှိနေပြီဖြစ်သော်လည်း အနားမယူဘဲ ဆက်လက် လုပ်ကိုင်နေကြကြောင်း၊ အဘယ်ကြောင့်ဆိုလျှင် ကုမ္ပဏီမှ ပေးမည့် ရှယ်ယာများ၏ ပိုမိုကြီးမားသော အကျိုးအမြတ်များက စောင့်ကြိုနေသောကြောင့်ဖြစ်ကြောင်း ပြောသည်။

Nvidia မှ ဒေါ်လာသန်းပေါင်းများစွာ ချမ်းသာသော ဝန်ထမ်းများက အပန်းဖြေရန်အိမ်များ ဝယ်ယူနေကြသည့် သတင်းများလည်း မကြာခဏကြားရကြောင်း ၎င်းက ပြောသည်။

Super Bowl နှင့် NBA ဖိုင်နယ်ပွဲကဲ့သို့ ပွဲလမ်းများအတွက် Nvidia ဝန်ထမ်းများ လက်မှတ်ဝယ်ယူကြမှုမှာ ပုံမှန်တွေ့ရလေ့ရှိသောအရာသာဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

Nvidia တွင် ကုမ္ပဏီဝန်ထမ်းများအတွက် ထားရှိသော ကားပါကင်နေရာတွင် Porsche , Corvette နှင့် Lamborghini တို့ကဲ့သို့ high-end ကားများ အပြည့်တွေ့ရမည်ဖြစ်ကြောင်း Bloomberg သတင်းတွင် ဖော်ပြသည်။

 

(AI နည်းပညာတွင် အသုံးပြုသည့် ထုတ်ကုန်များ ထုတ်လုပ်သော Nvidia မှာ ဈေးကွက်ကို လွှမ်းမိုးနိုင်သည့် Chipmaker ဖြစ်လာသည်။ ဓာတ်ပုံ-REUTERS)

 

Palo Alto အနီးတွင် အခြေစိုက်သော အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက Bloomberg သတင်းဌာနသို့ ပြောသည်မှာ Nvidia ၏ ဝန်ထမ်းများစွာအတွက် အိမ်ဝယ်ပေးခဲ့ဖူးကြောင်း၊ ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိ စံအိမ်များကို လက်ငင်းပေးသွင်းငွေ ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ ပေးသွင်းကာ ဝယ်ယူကြခြင်းဖြစ်ကြောင်း ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Nvidia employees can work 7 days a week until 2 a.m. — but few leave because of AI chip giant’s lavish pay: report (nypost) Photo Credit-AP, Reuters

 

[Zawgyi]

Nvidia ၏ ဝန္ထမ္းမ်ားမွာ တစ္ပတ္လွ်င္ ၇ ရက္လံုး အလုပ္ဆင္းရျပီး မနက္ ၂ နာရီအထိ မၾကာခဏ အလုပ္ခြင္ဝင္ရေသာ္လည္း လစာေကာင္းမြန္မႈေၾကာင့္ အလုပ္ထြက္သူ နည္းပါး၊ လုပ္သက္ ၅ ႏွစ္အနည္းဆံုး ရွိေသာ ဝန္ထမ္းမ်ားမွာ ေနအိမ္မ်ား တစ္လံုးျပီး တစ္လံုးဝယ္ကာ တန္ဖုိးၾကီးကားမ်ားစီးႏိုင္ေသာ သန္းၾကြယ္ သူေဌးမ်ားျဖစ္လာလ်က္ရွိ

AI Chip ထုတ္လုပ္သူ Nvidia ကုမၸဏီၾကီး၏ ဝန္ထမ္းမ်ားမွာ မိမိတို႔၏ အလုပ္စားပြဲမ်ားတြင္ တစ္ပတ္လွ်င္ ၇ ရက္လံုးရွိေနရျပီး မၾကာခဏဆိုသလို မနက္ ၂ နာရီအထိ အလုပ္ဆင္းရေသာ္လည္း ကုမၸဏီ၏ ရက္ရက္ေရာေရာ လစာေပးမႈေၾကာင့္ အလုပ္ထြက္လိုစိတ္ မရွိၾကေၾကာင္း နယူးေယာက္ပို႔စ္ သတင္းတစ္ရပ္ တြင္ ေဖာ္ျပသည္။

အဆိုပါ ကုမၸဏီတြင္ အလုပ္လုပ္ခဲ့၊ လုပ္ေနဆဲျဖစ္ေသာ ဝန္ထမ္း ၁၀ ဦး၏ ေျပာၾကားခ်က္အရ Nvidia တြင္ အလုပ္လုပ္ရျခင္းမွာ အျမဲဆူညံပြက္ေနသည့္ pressure cooker တစ္ခုႏွင့္တူေၾကာင္း၊ အစည္းအေဝးမ်ားမွာ အျပန္အလွန္ ေအာ္ဟစ္သည့္ေနရာအျဖစ္ မၾကာခဏ ေျပာင္းလဲသြားေလ့ရွိေၾကာင္း ေျပာသည္ဟု Bloomberg သတင္းတြင္ ေဖာ္ျပသည္။

Nvidia ၏ Marketing ဝန္ထမ္းေဟာင္းတစ္ဦးက Bloomberg သတင္းဌာနသို႔ ေျပာျပသည္မွာ သူမသည္ တစ္ရက္လွ်င္ အစည္းအေဝး ၁၀ ၾကိမ္အထက္ တက္ရျပီး အစည္းအေဝးတစ္ခုလွ်င္ လူ ၃၀ ေက်ာ္ ပါဝင္ေလ့ရွိသည္ဟု ဆိုသည္။

(Nvidia ၏ ဝန္ထမ္းေဟာင္းမ်ားႏွင့္ လက္ရွိလုပ္ကိုင္ေနဆဲ ဝန္ထမ္းတို႔က ေျပာသည္မွာ အလြန္ပင္ပန္း ခက္ခဲေသာ အလုပ္လုပ္ကိုင္ရမႈ အေျခအေနရွိျပီး အခ်ိန္ၾကာရွည္စြာ လုပ္ကိုင္ရျခင္း၊ အခ်င္းခ်င္း ေအာ္ဟစ္ ေျပာဆိုေနျခင္းမ်ားႏွင့္ ရင္ဆိုင္ရေၾကာင္း ေျပာသည္။ ဓာတ္ပံု-AP)

အစည္းအေဝးမ်ားမွာ ေအာ္ဟစ္ ရန္ျဖစ္ေနရျခင္းမ်ားႏွင့္သာ အျမဲရင္ဆိုင္ရေသာ္လည္း ဝန္ထမ္းမ်ားမွာ အလုပ္မွ မထြက္ေစရန္ ေပးထားသည့္ ေငြေၾကးမက္လံုးမ်ား (Golden Handcuffs) ေၾကာင့္ ထိုအေျခအေနကို သည္းခံႏိုင္စြမ္းရွိၾကေၾကာင္း Nvidia ၏ ဝန္ထမ္းေဟာင္းတစ္ဦးက ေျပာသည္။

Nvidia သည္ ကယ္လီဖုိးနီးယားျပည္နယ္၊ ဆန္တာကလာရာတြင္ အေျခစိုက္ျပီး AI နည္းပညာ၌ အသံုးျပဳေသာ ဆီမီးကြန္ဒတ္တာမ်ား ထုတ္လုပ္သည္။

Nvidia သည္ ဝန္ထမ္းမ်ားအား ရွယ္ယာအက်ဳိးခံစားခြင့္မ်ား ေပးေသာေၾကာင့္ ဝန္ထမ္းေလ်ာ့ပါးမႈ ျပႆနာ နည္းပါးေသာ ကုမၸဏီ ျဖစ္သည္။

၂၀၁၉ ခုႏွစ္မွ စတင္ျပီး Nvidia ၏ ရွယ္ယာေစ်းမွာ ၃၇၇၆ ရာခုိင္ႏႈန္းအထိ ေၾကာက္ခမန္းလိလိ ျမင့္တက္ခဲ့ရာ ကုမၸဏီတြင္ လြန္ခဲ့ေသာ ၅ ႏွစ္ခန္႔မွ စတင္ဝင္ေရာက္လုပ္ကိုင္ခဲ့ေသာ ဝန္ထမ္းမ်ားမွာ သန္းၾကြယ္သူေဌးမ်ား ျဖစ္လာၾကဟန္ရွိသည္။

(Nvidia ၏ ပူးတြဲတည္ေထာင္သူ၊ စီအီးအို Jensen Huang ။ ဓာတ္ပံု-AP)

AI နည္းပညာအလြန္ေခတ္စားလာမႈႏွင့္အတူ ဆီမီးကြန္ဒတ္တာမ်ား ဝယ္လိုအားျမင့္တက္လာေသာေၾကာင့္ Nvidia မွာ ေစ်းကြက္ကို လႊမ္းမိုးႏိုင္သည့္ Chipmaker ျဖစ္လာသည္။

Bloomberg သတင္းဌာန၏ ေဖာ္ျပခ်က္အရ ဝန္ထမ္းမ်ား၏ လစာတြင္ ရွယ္ယာခံစားခြင့္ေပးျခင္းမွာ ကုမၸဏီမွ မထြက္ေစရန္ ဆြဲေဆာင္သည့္ မက္လံုးတစ္ခုျဖစ္လာေၾကာင္း ေဖာ္ျပသည္။

ျပီးခဲ့ေသာႏွစ္အတြင္း Nvidia မွ အလုပ္ထြက္ေသာ ဝန္ထမ္း ၅ ဒသမ ၃ ရာခိုင္ႏႈန္းရွိခဲ့သည္။

သို႔ေသာ္ ကုမၸဏီ၏ ေစ်းကြက္တန္ေၾကး ကန္ေဒၚလာ ၁ ထရီလီယံေက်ာ္သြားခ်ိန္တြင္ ဝန္ထမ္းေလ်ာ့ပါးမႈ ပမာဏမွာ ၂ ဒသမ ၇ ရာခုိင္ႏႈန္းသာ ရွိေတာ့သည္။

Nvidia ၏ အင္ဂ်င္နီယာေဟာင္းတစ္ဦးက Bloomberg သတင္းဌာနသို႔ ေျပာသည္မွာ ကုမၸဏီတြင္ ၁၀ ႏွစ္ခန္႔ လုပ္ကိုင္ခဲ့သူမ်ားမွာ တစ္သက္တာ ထိုင္စားႏိုင္သည့္ ေငြရွိေနျပီျဖစ္ေသာ္လည္း အနားမယူဘဲ ဆက္လက္ လုပ္ကိုင္ေနၾကေၾကာင္း၊ အဘယ္ေၾကာင့္ဆိုလွ်င္ ကုမၸဏီမွ ေပးမည့္ ရွယ္ယာမ်ား၏ ပိုမိုၾကီးမားေသာ အက်ဳိးအျမတ္မ်ားက ေစာင့္ၾကိဳေနေသာေၾကာင့္ျဖစ္ေၾကာင္း ေျပာသည္။

Nvidia မွ ေဒၚလာသန္းေပါင္းမ်ားစြာ ခ်မ္းသာေသာ ဝန္ထမ္းမ်ားက အပန္းေျဖရန္အိမ္မ်ား ဝယ္ယူေနၾကသည့္ သတင္းမ်ားလည္း မၾကာခဏၾကားရေၾကာင္း ၎က ေျပာသည္။

Super Bowl ႏွင့္ NBA ဖိုင္နယ္ပြဲကဲ့သို႔ ပြဲလမ္းမ်ားအတြက္ Nvidia ဝန္ထမ္းမ်ား လက္မွတ္ဝယ္ယူၾကမႈမွာ ပံုမွန္ေတြ႔ရေလ့ရွိေသာအရာသာျဖစ္ေၾကာင္းလည္း ၎က ျဖည့္စြက္ေျပာၾကားသည္။

Nvidia တြင္ ကုမၸဏီဝန္ထမ္းမ်ားအတြက္ ထားရွိေသာ ကားပါကင္ေနရာတြင္ Porsche , Corvette ႏွင့္ Lamborghini တို႔ကဲ့သို႔ high-end ကားမ်ား အျပည့္ေတြ႔ရမည္ျဖစ္ေၾကာင္း Bloomberg သတင္းတြင္ ေဖာ္ျပသည္။

(AI နည္းပညာတြင္ အသံုးျပဳသည့္ ထုတ္ကုန္မ်ား ထုတ္လုပ္ေသာ Nvidia မွာ ေစ်းကြက္ကို လႊမ္းမိုးႏိုင္သည့္ Chipmaker ျဖစ္လာသည္။ ဓာတ္ပံု-REUTERS)

Palo Alto အနီးတြင္ အေျခစိုက္ေသာ အိမ္ျခံေျမအက်ဳိးေဆာင္တစ္ဦးက Bloomberg သတင္းဌာနသို႔ ေျပာသည္မွာ Nvidia ၏ ဝန္ထမ္းမ်ားစြာအတြက္ အိမ္ဝယ္ေပးခဲ့ဖူးေၾကာင္း၊ ေဒၚလာ သန္းေပါင္းမ်ားစြာ တန္ေၾကးရွိ စံအိမ္မ်ားကို လက္ငင္းေပးသြင္းေငြ ၄၀ ရာခိုင္ႏႈန္းမွ ၆၀ ရာခိုင္ႏႈန္းအထိ ေပးသြင္းကာ ဝယ္ယူၾကျခင္းျဖစ္ေၾကာင္း ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Nvidia employees can work 7 days a week until 2 a.m. — but few leave because of AI chip giant’s lavish pay: report (nypost) Photo Credit-AP, Reuters

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service