အမေရိကန်ပြည်၊ နီဗားဒါးပြည်နယ်တွင် စုံတွဲတစ်တွဲက ဒေါ်လာ ၁ သန်းတန်အိမ်ကို ၁ ဒေါ်လာမျှဖြင့် ဝယ်ယူနိုင်ခဲ့ပုံ

အမေရိကန်ပြည်၊ နီဗားဒါးပြည်နယ်တွင် စုံတွဲတစ်တွဲက ဒေါ်လာ ၁ သန်းတန်အိမ်ကို ၁ ဒေါ်လာမျှဖြင့် ဝယ်ယူနိုင်ခဲ့ပုံ - Property News in Myanmar from iMyanmarHouse.com
26 Aug 2024 12:10 pm တွင် တင်ခဲ့သည်
847 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်၊ နီဗားဒါးပြည်နယ်တွင် စုံတွဲတစ်တွဲက နေအိမ်တစ်လုံးကို ၁ ဒေါ်လာမျှဖြင့် ဝယ်ယူခွင့် ရခဲ့သည်။

လိုဂန်နှင့် အင်ဂျလီနာ နိဒမ်တို့ စုံတွဲသည် ရီနိုမြို့ (Reno, Nevada) မှ သက်တမ်းရင့်နေအိမ်၏ ပိုင်ရှင်များ ဖြစ်လာခဲ့ကြသည်။

(မှတ်ချက်။ ရီနိုမြို့သည် အမေရိကန်ပြည်ထောင်စု အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး နီဗားဒါးနှင့် ကယ်လီဖိုးနီးယား ပြည်နယ် ၂ ခုလုံးကို ခွကာ တည်ရှိသောမြို့လေးဖြစ်သည်။)

သမိုင်းပညာရှင်တို့၏ ပြောကြားချက်အရ အဆိုပါအိမ်သည် ရီနိုမြို့တွင် ပထမဆုံး ဆောက်လုပ်ခဲ့သော နေအိမ်များ၌ တစ်လုံးအပါအဝင်ဖြစ်သည်ဟု ဆိုသည်။

နေအိမ်ကို အသေးစိတ်စစ်ဆေး တန်ဖိုးဖြတ်ခန့်မှန်းမှုများ ပြုလုပ်ပြီးနောက်ပိုင်း ၎င်းတို့ဇနီးမောင်နှံက ရှေးဟောင်းအိမ်ကြီးကို ယခင်ပိုင်ရှင်များထံမှ ဝယ်ယူခဲ့သည်။

ယခင်ပိုင်ရှင်မှာ လောင်းကစား၊ ဟိုတယ်နှင့် ဖျော်ဖြေရေးလုပ်ကိုင်သည့် ကုမ္ပဏီဖြစ်သော Jacobs Entertainment ဖြစ်သည်။

ထိုကုမ္ပဏီက ယခုနေအိမ်ကို ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ လိုဂန်တို့စုံတွဲအနေဖြင့် မယုံနိုင်ဖွယ် လျှော့ဈေးရရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် ၁ ဒေါ်လာဈေးနှုန်းတွင် မိမိဘက်မှ လုပ်ဆောင်ပေးရမည့်အခြားအချက်များရှိနေသည်။

ဦးစွာအားဖြင့် ဝယ်ယူသည့်ပိုင်ရှင်သစ်သည် ထိုဒေသသို့ ရွှေ့ပြောင်းနေထိုင်ရမည်ဖြစ်ပြီး နေအိမ်ကို ပြုပြင်မွမ်းမံရမည် ဖြစ်သည်။

(နီဗားဒါးပြည်နယ်မှ စုံတွဲက ၁ ဒေါ်လာမျှဖြင့် ဝယ်ယူရရှိခဲ့သော နေအိမ်)

(နေအိမ်ဝယ်ယူရန် ကမ်းလှမ်းခဲ့သူ ၃ ဦးအနက် လိုဂန်နှင့် အင်ဂျလီနာတို့စုံတွဲကို ကုမ္ပဏီက ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။)

(Jacobs ကုမ္ပဏီက ယခုနေအိမ်ကို ဝယ်ယူခဲ့စဉ်က ဒေါ်လာ ၁ ဒသမ ၂ သန်းပေးခဲ့ရရာ လိုဂန်တို့စုံတွဲအနေဖြင့် မယုံနိုင်ဖွယ် လျှော့ဈေးရရှိခဲ့ခြင်း ဖြစ်သည်။)

Jacobs Entertainment ၏ စီအီးအို ဂျက်ဖ် ဂျက်ကော့ဘ်က Reno Gazette Journal သို့ “ကျွန်တော်တို့ အနေနဲ့ မြို့လယ်ကို ပြန်လည်အသက်ဝင်ရှင်သန်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ရီနိုရဲ့ သမိုင်းဝင်နေအိမ်တွေကို ထိန်းသိမ်းဖို့ အရေးကြီးပါတယ်” ဟု ပြောသည်။

“လိုဂန်တို့စုံတွဲလက်ထဲ West လမ်းကနေအိမ် ရောက်သွားတာ ကျွန်တော်တို့ ဝမ်းမြောက်ပါတယ်။ လက်ဆင့်ကမ်း ထိန်းသိမ်းမှု တိုးတက်နေတဲ့ သာဓကတစ်ခုပါပဲ”

၎င်းတို့စုံတွဲ ရွေးချယ်ခံရသည့်အကြောင်းမှာ ရွှေ့ပြောင်းနေထိုင်ရန် ရည်ရွယ်ထားသည့် ခြံအကျယ် မျှော်မှန်းချက်၊ လက်ရှိနေထိုင်သည့်နေအိမ်နှင့် နီးခြင်းတို့ကြောင့် ဖြစ်သည်။

ဤအိမ်ကို ဒေသတွင်းတွင် Benham-Belz စံအိမ်ဟု ခေါ်ကြသည်။

(သမိုင်းပညာရှင် Alicia Barber ၏ ပြောကြားချက်အရ ယခုနေအိမ်မှာ ရီနိုမြို့စတင်တည်ထောင်သည့် ၁၈၆၈ ခုနှစ် -သို့မဟုတ်-၁၈၆၉ ခုနှစ် နှစ်စပိုင်းတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ရာ ရီနိုတွင် အစောဆုံးဆောက်လုပ်ခဲ့သည့် နေအိမ်များတွင် အပါအဝင်ဖြစ်ကြောင်း ပြောသည်)

(ရီနိုမြို့၏ ၁၈၆၈ ခုနှစ်က မြေပုံတွင် Benham နေအိမ်ကို ပြသထားသည်)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Couple buys their dream house in Reno for just $1 after it was originally listed for more than $1million …but there's a catch (dailymail)

Photo Credit: dailymail

[Zawgyi]

အေမရိကန္ျပည္၊ နီဗားဒါးျပည္နယ္တြင္ စံုတြဲတစ္တြဲက ေဒၚလာ ၁ သန္းတန္အိမ္ကို ၁ ေဒၚလာမွ်ျဖင့္ ဝယ္ယူႏိုင္ခဲ့ပံု

အေမရိကန္ျပည္၊ နီဗားဒါးျပည္နယ္တြင္ စံုတြဲတစ္တြဲက ေနအိမ္တစ္လံုးကို ၁ ေဒၚလာမွ်ျဖင့္ ဝယ္ယူခြင့္ ရခဲ့သည္။

လိုဂန္ႏွင့္ အင္ဂ်လီနာ နိဒမ္တို႔ စံုတြဲသည္ ရီႏိုျမိဳ႕ (Reno, Nevada) မွ သက္တမ္းရင့္ေနအိမ္၏ ပိုင္ရွင္မ်ား ျဖစ္လာခဲ့ၾကသည္။

(မွတ္ခ်က္။ ရီႏိုျမိဳ႕သည္ အေမရိကန္ျပည္ေထာင္စု အေနာက္ေျမာက္ပိုင္းတြင္ တည္ရွိျပီး နီဗားဒါးႏွင့္ ကယ္လီဖိုးနီးယား ျပည္နယ္ ၂ ခုလံုးကို ခြကာ တည္ရွိေသာျမိဳ႕ေလးျဖစ္သည္။)

သမိုင္းပညာရွင္တို႔၏ ေျပာၾကားခ်က္အရ အဆိုပါအိမ္သည္ ရီႏိုျမိဳ႕တြင္ ပထမဆံုး ေဆာက္လုပ္ခဲ့ေသာ ေနအိမ္မ်ား၌ တစ္လံုးအပါအဝင္ျဖစ္သည္ဟု ဆိုသည္။

ေနအိမ္ကို အေသးစိတ္စစ္ေဆး တန္ဖုိးျဖတ္ခန္႔မွန္းမႈမ်ား ျပဳလုပ္ျပီးေနာက္ပိုင္း ၎တို႔ဇနီးေမာင္ႏွံက ေရွးေဟာင္းအိမ္ၾကီးကို ယခင္ပိုင္ရွင္မ်ားထံမွ ဝယ္ယူခဲ့သည္။

ယခင္ပိုင္ရွင္မွာ ေလာင္းကစား၊ ဟိုတယ္ႏွင့္ ေဖ်ာ္ေျဖေရးလုပ္ကိုင္သည့္ ကုမၸဏီျဖစ္ေသာ Jacobs Entertainment ျဖစ္သည္။

ထိုကုမၸဏီက ယခုေနအိမ္ကို ေဒၚလာ ၁ ဒသမ ၂ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ရာ လိုဂန္တို႔စံုတြဲအေနျဖင့္ မယံုႏိုင္ဖြယ္ ေလွ်ာ့ေစ်းရရွိခဲ့ျခင္း ျဖစ္သည္။

သို႔ေသာ္ ၁ ေဒၚလာေစ်းႏႈန္းတြင္ မိမိဘက္မွ လုပ္ေဆာင္ေပးရမည့္အျခားအခ်က္မ်ားရွိေနသည္။

ဦးစြာအားျဖင့္ ဝယ္ယူသည့္ပိုင္ရွင္သစ္သည္ ထိုေဒသသို႔ ေရႊ႕ေျပာင္းေနထုိင္ရမည္ျဖစ္ျပီး ေနအိမ္ကို ျပဳျပင္မြမ္းမံရမည္ ျဖစ္သည္။

(နီဗားဒါးျပည္နယ္မွ စံုတြဲက ၁ ေဒၚလာမွ်ျဖင့္ ဝယ္ယူရရွိခဲ့ေသာ ေနအိမ္)

(ေနအိမ္ဝယ္ယူရန္ ကမ္းလွမ္းခဲ့သူ ၃ ဦးအနက္ လိုဂန္ႏွင့္ အင္ဂ်လီနာတု႔ိစံုတြဲကို ကုမၸဏီက ေရြးခ်ယ္ခဲ့ျခင္း ျဖစ္သည္။)

(Jacobs ကုမၸဏီက ယခုေနအိမ္ကို ဝယ္ယူခဲ့စဥ္က ေဒၚလာ ၁ ဒသမ ၂ သန္းေပးခဲ့ရရာ လိုဂန္တို႔စံုတြဲအေနျဖင့္ မယံုႏိုင္ဖြယ္ ေလွ်ာ့ေစ်းရရွိခဲ့ျခင္း ျဖစ္သည္။)

Jacobs Entertainment ၏ စီအီးအို ဂ်က္ဖ္ ဂ်က္ေကာ့ဘ္က Reno Gazette Journal သုိ႔ “ကၽြန္ေတာ္တို႔ အေနနဲ႔ ျမိဳ႕လယ္ကို ျပန္လည္အသက္ဝင္ရွင္သန္ဖို႔ ၾကိဳးစားေနတဲ့အခ်ိန္မွာ ရီႏိုရဲ႕ သမိုင္းဝင္ေနအိမ္ေတြကို ထိန္းသိမ္းဖုိ႔ အေရးၾကီးပါတယ္” ဟု ေျပာသည္။

“လိုဂန္တုိ႔စံုတြဲလက္ထဲ West လမ္းကေနအိမ္ ေရာက္သြားတာ ကၽြန္ေတာ္တို႔ ဝမ္းေျမာက္ပါတယ္။ လက္ဆင့္ကမ္း ထိန္းသိမ္းမႈ တိုးတက္ေနတဲ့ သာဓကတစ္ခုပါပဲ”

၎တို႔စံုတြဲ ေရြးခ်ယ္ခံရသည့္အေၾကာင္းမွာ ေရႊ႕ေျပာင္းေနထုိင္ရန္ ရည္ရြယ္ထားသည့္ ျခံအက်ယ္ ေမွ်ာ္မွန္းခ်က္၊ လက္ရွိေနထုိင္သည့္ေနအိမ္ႏွင့္ နီးျခင္းတို႔ေၾကာင့္ ျဖစ္သည္။

ဤအိမ္ကို ေဒသတြင္းတြင္ Benham-Belz စံအိမ္ဟု ေခၚၾကသည္။

(သမိုင္းပညာရွင္ Alicia Barber ၏ ေျပာၾကားခ်က္အရ ယခုေနအိမ္မွာ ရီႏိုျမဳိ႕စတင္တည္ေထာင္သည့္ ၁၈၆၈ ခုႏွစ္ -သို႔မဟုတ္-၁၈၆၉ ခုႏွစ္ ႏွစ္စပိုင္းတြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ရာ ရီႏိုတြင္ အေစာဆံုးေဆာက္လုပ္ခဲ့သည့္ ေနအိမ္မ်ားတြင္ အပါအဝင္ျဖစ္ေၾကာင္း ေျပာသည္)

(ရီႏိုျမိဳ႕၏ ၁၈၆၈ ခုႏွစ္က ေျမပံုတြင္ Benham ေနအိမ္ကို ျပသထားသည္)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Couple buys their dream house in Reno for just $1 after it was originally listed for more than $1million …but there's a catch (dailymail)

Photo Credit: dailymail

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service