ဆမ်ဗိုင်းစ် ဘွတ်ဖိနပ်များ သီအိုရီ (သို့မဟုတ်) ချမ်းသာသူများ ချမ်းသာသည်ထက် ချမ်းသာရသည့်အ‌ကြောင်း

ဆမ်ဗိုင်းစ် ဘွတ်ဖိနပ်များ သီအိုရီ (သို့မဟုတ်) ချမ်းသာသူများ ချမ်းသာသည်ထက် ချမ်းသာရသည့်အ‌ကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
15 Aug 2024 11:17 am တွင် တင်ခဲ့သည်
482 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အင်္ဂလိပ်စကားတွင် ဆင်းရဲမှုနှင့် ချမ်းသာမှုအကြောင်းတို့ကို ပြောတိုင်း boots (ဖိနပ်) ဟူသော စကား ပါလာလေ့ရှိသည်။

ဆင်းရဲ၊ ချမ်းသာအကြောင်း ပြောကြရာတွင် မကြာခဏ ပြောတတ်ကြသည့် စကားတစ်ခုမှာ pull yourself up by your bootstraps ဟူသောစကားဖြစ်သည်။

ထိုစကားမှာ ၂၀ ရာစု မကူးမီ ၁၉ ရာစုအကုန် ၁၈၉၀ ပြည့်လွန်ကာလများတွင် စတင်ပေါ်ပေါက်လာခဲ့သော စကားဖြစ်၏။

ထိုစကား၏ ဆိုလိုရင်းမှာ “ အလုပ်ဖိကြိုးစား၊ အကူအညီမတောင်းနဲ့၊ အကူအညီရဖို့ မမျှော်လင့်နဲ့၊ မိမိကိုယ်သာ ကိုးကွယ်ရာ” ဟူသော အဓိပ္ပာယ်မျိုး ဖြစ်သည်။

ချမ်းသာကြွယ်ဝလာရန် ကြိုးစားခဲ့ကြသူများတွင် အထက်ပါ သဘောထားမျိုးရှိကြသည်။

မိမိတို့သည် ဆင်းရဲသားများထက် ပိုမိုပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့ကြရသည်ဟူသော ခံယူချက်မှာ အမေရိကန်တို့၏ စိတ်နှလုံးတွင် သံမှိုနှက်ထားသည့်သဖွယ် စွဲမြဲနေပြီး American Dream ၏ စံတစ်ခုသဖွယ်လည်း ဖြစ်နေသည်။

စာရေးဆရာ Terry Pratchett က သူ၏ စာပေလက်ရာများကို သူ၏ တရားဝင် လူမှုကွန်ရက် အကောင့်များမှ တဆင့် မျှဝေလေ့ရှိသည်။

မကြာသေးမီက သူ၏ တွစ်တာ စာမျက်နှာတွင် လူမှုစီးပွား မမျှတမှုနှင့် သက်ဆိုင်သော ‘ဆမ်ဗိုင်းစ် ဘွတ်ဖိနပ်များ သီအိုရီ’ အကြောင်း မျှဝေခဲ့သည်။

ထိုအကြောင်းအရာမှာ သူ၏ ၁၉၉၃ ခုနှစ်က ရေးသားထုတ်ဝေခဲ့သော Men at Arms စာအုပ်မှ ဖြစ်သည်။

အဆိုပါ ဘွတ်ဖိနပ်များ သီအိုရီက ရှင်းပြသည်မှာ ချမ်းသာသူများ ချမ်းသာသထက် ချမ်းသာရခြင်းမှာ ငွေနည်းနည်းသာ သုံးရစေရန် စီစဉ်နိုင်စွမ်းရှိသောကြောင့်ဖြစ်သည်ဟု ဆိုသည်။ အနည်းငယ် နားရှုပ်သွားပါသလား။ ဆက်လက် ဖတ်ရှုကြည့်ပါ။

Terry Prachett က ရေးသားဖော်ပြသည်မှာ “ချမ်းသာသူများ ချမ်းသာနေကြခြင်း၏ အကြောင်းမှာ ငွေနည်းနည်းသာ သုံးစွဲရစေရန် စီမံနိုင်သောကြောင့် ဖြစ်သည်။”

“သာဓကအားဖြင့် ဘွတ်ဖိနပ်များကို ကြည့်ပါ။ ဥပမာ တစ်ယောက်သောသူသည် တစ်လလျှင် ၃၈ ဒေါ်လာ ဝင်ငွေနှင့် ထောက်ပံ့ကြေးများ ရသည် ဆိုပါစို့။ အရည်အသွေးကောင်းသော သားရေဘွတ်ဖိနပ်တစ်ရံ၏ တန်ဖိုးမှာ ဒေါ်လာ ၅၀ ဖြစ်သည်ဟု ယူဆပါ။ တန်ဖိုးနည်း ဘွတ်ဖိနပ်တစ်ရံ၏ တန်ဖိုးမှာ ၁၀ ဒေါ်လာဟု ဆိုပါစို့။ တန်ဖိုးနည်း ဖိနပ်များမှာ တစ်ရာသီ ၊ ၂ ရာသီခန့်အထိ အဆင်ပြေသော်လည်း နောက်ပိုင်းတွင် အောက်ခံခုံများ ပေါက်ပြဲလာမည် ဖြစ်သည်”

 

(ဓာတ်ပုံ-Maxim Hopman on Unsplash)

 

“ ၃၈ ဒေါ်လာသာ ဝင်ငွေရှိသူသည် ၁၀ ဒေါ်လာတန်ဖိနပ်ကိုသာ အမြဲဝယ်ပြီး ကာလမကြာမီတွင်ပင် အောက်ခံခုံများ ပါးလွှာ ပေါက်ပြဲလာမည်ဖြစ်သည်။ ထို့ကြောင့် ရွှံ့ရေများ ခြေထောက်တွင် အမြဲစိုနေရမည့် အပြင် ကျောက်ခဲများကိုလည်း နင်းမိမည်သာ ဖြစ်သည်”

“ သို့သော် အရည်အသွေးကောင်းသော ဘွတ်ဖိနပ်မှာမူ နှစ်ပေါင်းများစွာ တာရှည်ခံသည်။ ဒေါ်လာ ၅၀ တန် ဘွတ်ဖိနပ်ကို စီးနိုင်သူသည် ၁၀ နှစ်ကြာသည့်တိုင် ခြေထောက်များ နွေးထွေးဇိမ်ကျစွာ စီးနိုင်ဦးမည် ဖြစ်သည်။ သို့အတွက် ဈေးပေါသော ဘွတ်ဖိနပ်သာ စီးနိုင်သည့် ဆင်းရဲသားတစ်ဦးက ၁၀ နှစ်တာအတွင်း ဘွတ်ဖိနပ်များ ဝယ်ယူရသည့် ကုန်ကျငွေ ဒေါ်လာ ရာနှင့်ချီ၍ ကုန်ကျနေသည့်ကြားမှ ခြေထောက်မှာ အမြဲရေစိုနေရမည် ဖြစ်သည်”

တနည်းဆိုရလျှင် ပိုမိုအရည်အသွေးကောင်းမွန်သောပစ္စည်း ဝယ်ယူရန် ငွေရှိသောသူမှာ ရေရှည်တွင် ကုန်ကျစရိတ် ပိုမိုသက်သာသွားသည်။

ဒေါ်လာ ၅၀ တန် ဘွတ်ဖိနပ်မှာ အနည်းဆုံးအားဖြင့် ၅ နှစ်ခန့် စီးနိုင်သည်ဆိုပါက တစ်နှစ်လျှင် ၁၀ ဒေါ်လာသာ ကျသင့်မည် ဖြစ်သည်။

သင့်အနေဖြင့် ၆ လခန့်သာ စီးနိုင်မည့် ၁၀ ဒေါ်လာတန် ဘွတ်ဖိနပ်သာ ဝယ်နိုင်သည်ဆိုပါက ဒေါ်လာ ၅၀ တန် ဘွတ်ဖိနပ်ဝယ်စီးသူထက် ၂ ဆပိုမို ကုန်ကျသည်ကို တွေ့နိုင်သည်။

သင်သည် ဆင်းရဲနွမ်းပါးနေပါက အခြားနယ်ပယ် အမျိုးမျိုးတွင်လည်း အလားတူ အခြေအနေဖြင့်သာ ရင်ဆိုင်ရမည် ဖြစ်သည်။

ဥပမာ ကုန်ပစ္စည်းများကို လက်ကားဝယ်ယူလျှင် သင့်အတွက် ကုန်ကျစရိတ် ပိုမိုသက်သာစေမည်ဖြစ်သည်။

သို့သော် လက်ကားဝယ်နိုင်မည့် ငွေ သင့်တွင်ရှိရန် လိုအပ်သည်။

မကြာခဏ ဝပ်ရှော့ပို့ရန် မလိုသည့် ကားကောင်းတစ်စီး ဝယ်မည်ဆိုလျှင် ဈေးချိုသောကားထက် ငွေပိုသုံးရမည် ဖြစ်သည်။ သို့သော် သင့်အနေဖြင့် ဈေးသက်သာသော ကားသာ တတ်နိုင်သည်ဆိုပါက သင့်အိမ်သို့ ဖွတ်တက်ပြီ ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ ထိုကားအတွက် ကုန်ရသောငွေသည် ကားသစ်တစ်စင်းတန်ဖိုး (သို့မဟုတ်) ထို့ထက်ပင် ပိုမိုများပြားသောပမာဏ ကုန်ကျရတော့မည် ဖြစ်သည်။

သို့သော် ငွေမရှိလျှင် သင့်အတွက် ဈေးသက်သာသောကားမှတစ်ပါး ရွေးချယ်စရာ မရှိချေ။

အိမ်ခြံမြေများ ဝယ်ယူရာတွင်လည်း ထိုနည်းတူပင်။

လက်ငင်းပေးသွင်းငွေ များများသွင်းနိုင်သူတို့မှာ အတိုးနှုန်း နည်းပါးစွာ ပေးရမည်ဖြစ်ရာ ရေရှည်တွင် ငွေကုန်သက်သာစေမည် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A story about two pairs of boots illustrates how rich people get richer in ways poor people can't (upworthy)

 

Photo Credit: Maxim Hopman on Unsplash

 

[Zawgyi]

ဆမ္ဗိုင္းစ္ ဘြတ္ဖိနပ္မ်ား သီအိုရီ (သို႔မဟုတ္) ခ်မ္းသာသူမ်ား ခ်မ္းသာသည္ထက္ ခ်မ္းသာရသည့္အ‌ေၾကာင္း

အဂၤလိပ္စကားတြင္ ဆင္းရဲမႈႏွင့္ ခ်မ္းသာမႈအေၾကာင္းတို႔ကို ေျပာတိုင္း boots (ဖိနပ္) ဟူေသာ စကား ပါလာေလ့႐ွိသည္။

ဆင္းရဲ၊ ခ်မ္းသာအေၾကာင္း ေျပာၾကရာတြင္ မၾကာခဏ ေျပာတတ္ၾကသည့္ စကားတစ္ခုမွာ pull yourself up by your bootstraps ဟူေသာစကားျဖစ္သည္။

ထိုစကားမွာ ၂၀ ရာစု မကူးမီ ၁၉ ရာစုအကုန္ ၁၈၉၀ ျပည့္လြန္ကာလမ်ားတြင္ စတင္ေပၚေပါက္လာခဲ့ေသာ စကားျဖစ္၏။

ထိုစကား၏ ဆိုလိုရင္းမွာ “ အလုပ္ဖိႀကိဳးစား၊ အကူအညီမေတာင္းနဲ႔၊ အကူအညီရဖို႔ မေမွ်ာ္လင့္နဲ႔၊ မိမိကိုယ္သာ ကိုးကြယ္ရာ” ဟူေသာ အဓိပၸာယ္မ်ိဳး ျဖစ္သည္။

ခ်မ္းသာႂကြယ္ဝလာရန္ ႀကိဳးစားခဲ့ၾကသူမ်ားတြင္ အထက္ပါ သေဘာထားမ်ိဳး႐ွိၾကသည္။

မိမိတို႔သည္ ဆင္းရဲသားမ်ားထက္ ပိုမိုျပင္းျပင္းထန္ထန္ အလုပ္လုပ္ခဲ့ၾကရသည္ဟူေသာ ခံယူခ်က္မွာ အေမရိကန္တို႔၏ စိတ္ႏွလုံးတြင္ သံမိႈႏွက္ထားသည့္သဖြယ္ စြဲၿမဲေနၿပီး American Dream ၏ စံတစ္ခုသဖြယ္လည္း ျဖစ္ေနသည္။

စာေရးဆရာ Terry Pratchett က သူ၏ စာေပလက္ရာမ်ားကို သူ၏ တရားဝင္ လူမႈကြန္ရက္ အေကာင့္မ်ားမွ တဆင့္ မွ်ေဝေလ့႐ွိသည္။

မၾကာေသးမီက သူ၏ တြစ္တာ စာမ်က္ႏွာတြင္ လူမႈစီးပြား မမွ်တမႈႏွင့္ သက္ဆိုင္ေသာ ‘ဆမ္ဗိုင္းစ္ ဘြတ္ဖိနပ္မ်ား သီအိုရီ’ အေၾကာင္း မွ်ေဝခဲ့သည္။

ထိုအေၾကာင္းအရာမွာ သူ၏ ၁၉၉၃ ခုႏွစ္က ေရးသားထုတ္ေဝခဲ့ေသာ Men at Arms စာအုပ္မွ ျဖစ္သည္။

အဆိုပါ ဘြတ္ဖိနပ္မ်ား သီအိုရီက ႐ွင္းျပသည္မွာ ခ်မ္းသာသူမ်ား ခ်မ္းသာသထက္ ခ်မ္းသာရျခင္းမွာ ေငြနည္းနည္းသာ သုံးရေစရန္ စီစဥ္ႏိုင္စြမ္း႐ွိေသာေၾကာင့္ျဖစ္သည္ဟု ဆိုသည္။ အနည္းငယ္ နား႐ႈပ္သြားပါသလား။ ဆက္လက္ ဖတ္႐ႈၾကည့္ပါ။

Terry Prachett က ေရးသားေဖာ္ျပသည္မွာ “ခ်မ္းသာသူမ်ား ခ်မ္းသာေနၾကျခင္း၏ အေၾကာင္းမွာ ေငြနည္းနည္းသာ သုံးစြဲရေစရန္ စီမံႏိုင္ေသာေၾကာင့္ ျဖစ္သည္။”

“သာဓကအားျဖင့္ ဘြတ္ဖိနပ္မ်ားကို ၾကည့္ပါ။ ဥပမာ တစ္ေယာက္ေသာသူသည္ တစ္လလွ်င္ ၃၈ ေဒၚလာ ဝင္ေငြႏွင့္ ေထာက္ပံ့ေၾကးမ်ား ရသည္ ဆိုပါစို႔။ အရည္အေသြးေကာင္းေသာ သားေရဘြတ္ဖိနပ္တစ္ရံ၏ တန္ဖိုးမွာ ေဒၚလာ ၅၀ ျဖစ္သည္ဟု ယူဆပါ။ တန္ဖိုးနည္း ဘြတ္ဖိနပ္တစ္ရံ၏ တန္ဖိုးမွာ ၁၀ ေဒၚလာဟု ဆိုပါစို႔။ တန္ဖိုးနည္း ဖိနပ္မ်ားမွာ တစ္ရာသီ ၊ ၂ ရာသီခန္႔အထိ အဆင္ေျပေသာ္လည္း ေနာက္ပိုင္းတြင္ ေအာက္ခံခုံမ်ား ေပါက္ၿပဲလာမည္ ျဖစ္သည္”

“ ၃၈ ေဒၚလာသာ ဝင္ေငြ႐ွိသူသည္ ၁၀ ေဒၚလာတန္ဖိနပ္ကိုသာ အၿမဲဝယ္ၿပီး ကာလမၾကာမီတြင္ပင္ ေအာက္ခံခုံမ်ား ပါးလႊာ ေပါက္ၿပဲလာမည္ျဖစ္သည္။ ထို႔ေၾကာင့္ ႐ႊံ႕ေရမ်ား ေျခေထာက္တြင္ အၿမဲစိုေနရမည့္ အျပင္ ေက်ာက္ခဲမ်ားကိုလည္း နင္းမိမည္သာ ျဖစ္သည္”

“ သို႔ေသာ္ အရည္အေသြးေကာင္းေသာ ဘြတ္ဖိနပ္မွာမူ ႏွစ္ေပါင္းမ်ားစြာ တာ႐ွည္ခံသည္။ ေဒၚလာ ၅၀ တန္ ဘြတ္ဖိနပ္ကို စီးႏိုင္သူသည္ ၁၀ ႏွစ္ၾကာသည့္တိုင္ ေျခေထာက္မ်ား ေႏြးေထြးဇိမ္က်စြာ စီးႏိုင္ဦးမည္ ျဖစ္သည္။ သို႔အတြက္ ေဈးေပါေသာ ဘြတ္ဖိနပ္သာ စီးႏိုင္သည့္ ဆင္းရဲသားတစ္ဦးက ၁၀ ႏွစ္တာအတြင္း ဘြတ္ဖိနပ္မ်ား ဝယ္ယူရသည့္ ကုန္က်ေငြ ေဒၚလာ ရာႏွင့္ခ်ီ၍ ကုန္က်ေနသည့္ၾကားမွ ေျခေထာက္မွာ အၿမဲေရစိုေနရမည္ ျဖစ္သည္”

တနည္းဆိုရလွ်င္ ပိုမိုအရည္အေသြးေကာင္းမြန္ေသာပစၥည္း ဝယ္ယူရန္ ေငြ႐ွိေသာသူမွာ ေရ႐ွည္တြင္ ကုန္က်စရိတ္ ပိုမိုသက္သာသြားသည္။

ေဒၚလာ ၅၀ တန္ ဘြတ္ဖိနပ္မွာ အနည္းဆုံးအားျဖင့္ ၅ ႏွစ္ခန္႔ စီးႏိုင္သည္ဆိုပါက တစ္ႏွစ္လွ်င္ ၁၀ ေဒၚလာသာ က်သင့္မည္ ျဖစ္သည္။

သင့္အေနျဖင့္ ၆ လခန္႔သာ စီးႏိုင္မည့္ ၁၀ ေဒၚလာတန္ ဘြတ္ဖိနပ္သာ ဝယ္ႏိုင္သည္ဆိုပါက ေဒၚလာ ၅၀ တန္ ဘြတ္ဖိနပ္ဝယ္စီးသူထက္ ၂ ဆပိုမို ကုန္က်သည္ကို ေတြ႕ႏိုင္သည္။

သင္သည္ ဆင္းရဲႏြမ္းပါးေနပါက အျခားနယ္ပယ္ အမ်ိဳးမ်ိဳးတြင္လည္း အလားတူ အေျခအေနျဖင့္သာ ရင္ဆိုင္ရမည္ ျဖစ္သည္။

ဥပမာ ကုန္ပစၥည္းမ်ားကို လက္ကားဝယ္ယူလွ်င္ သင့္အတြက္ ကုန္က်စရိတ္ ပိုမိုသက္သာေစမည္ျဖစ္သည္။

သို႔ေသာ္ လက္ကားဝယ္ႏိုင္မည့္ ေငြ သင့္တြင္႐ွိရန္ လိုအပ္သည္။

မၾကာခဏ ဝပ္ေ႐ွာ့ပို႔ရန္ မလိုသည့္ ကားေကာင္းတစ္စီး ဝယ္မည္ဆိုလွ်င္ ေဈးခ်ိဳေသာကားထက္ ေငြပိုသုံးရမည္ ျဖစ္သည္။ သို႔ေသာ္ သင့္အေနျဖင့္ ေဈးသက္သာေသာ ကားသာ တတ္ႏိုင္သည္ဆိုပါက သင့္အိမ္သို႔ ဖြတ္တက္ၿပီ ျဖစ္သည္။

အခ်ိန္ၾကာလာသည္ႏွင့္အမွ် ထိုကားအတြက္ ကုန္ရေသာေငြသည္ ကားသစ္တစ္စင္းတန္ဖိုး (သို႔မဟုတ္) ထို႔ထက္ပင္ ပိုမိုမ်ားျပားေသာပမာဏ ကုန္က်ရေတာ့မည္ ျဖစ္သည္။

သို႔ေသာ္ ေငြမ႐ွိလွ်င္ သင့္အတြက္ ေဈးသက္သာေသာကားမွတစ္ပါး ေ႐ြးခ်ယ္စရာ မ႐ွိေခ်။

အိမ္ျခံေျမမ်ား ဝယ္ယူရာတြင္လည္း ထိုနည္းတူပင္။

လက္ငင္းေပးသြင္းေငြ မ်ားမ်ားသြင္းႏိုင္သူတို႔မွာ အတိုးႏႈန္း နည္းပါးစြာ ေပးရမည္ျဖစ္ရာ ေရ႐ွည္တြင္ ေငြကုန္သက္သာေစမည္ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A story about two pairs of boots illustrates how rich people get richer in ways poor people can't (upworthy)

Photo Credit: Maxim Hopman on Unsplash

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service