ကမ္ဘာတလွှား အလွန်ကျော်ကြားလာနေသော depaving (သို့မဟုတ်) ကမ္ဘာတဝန်းက မြို့တွေမှာ ကွန်ကရစ် ပလက်ဖောင်းတွေကို ဘာကြောင့် တူးဖော် ဖယ်ထုတ်နေကြသလဲ
ကမ္ဘာတလွှား အလွန်ကျော်ကြားလာနေသော depaving (သို့မဟုတ်) ကမ္ဘာတဝန်းက မြို့တွေမှာ ကွန်ကရစ် ပလက်ဖောင်းတွေကို ဘာကြောင့် တူးဖော် ဖယ်ထုတ်နေကြသလဲ - Property Knowledge in Myanmar from iMyanmarHouse.com
15 Aug 2024 10:42 am တွင် တင်ခဲ့သည်
727 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
လူသူစည်ကားလှသည့် ဗြိတိန်၏ မြို့ပေါ်ဒေသများမှသည် ဘယ်လ်ဂျီယံနှင့် ပြင်သစ်တို့ရှိ ဆိတ်ငြိမ်အေးချမ်း သော ဒေသများအထိ ကမ္ဘာတဝန်းရှိ မြို့ပြများတွင် မလိုအပ်သော ကွန်ကရစ်များနှင့် ကတ္တရာခင်းနေရာများကို ဖယ်ရှားလျက်ရှိနေပြီး သဘာဝတရားကို ပြန်လည်ပွေ့ဖက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
အဆိုပါလှုပ်ရှားမှုကို depaving ဟု လူသိများကြသည်။ မြေဆီလွှာကို တားဆီးပိတ်ဆို့ထားသည့် ကွန်ကရစ်၊ ကတ္တရာများ ဖယ်ရှားကာ စိမ့်ဝင်နိုင်စွမ်းရှိသည့် အရာများဖြစ်သော မြေသား၊ မြက်၊ သစ်ပင်များဖြင့် အစားထိုး ကြခြင်း ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်အတွက်သာမက လူမှုအကျိုးစီးပွားအတွက်လည်း များစွာအကျိုးပြုသောကြောင့် depaving မှာ အလွန်ကျော်ကြားလာနေသည်။
Depaving သည် မြို့ပြဒေသတွင် မိုးသည်းထန်မှုကြောင့် ရေကြီးမှုကို လျှော့ချပေးနိုင်သည့်အပြင် မြေဆီလွှာ၏ ကျန်းမာရေး ပိုမိုကောင်းမွန်စေကာ စိမ်းလန်းသောနေရာများ ဖန်တီးပေးနိုင်သည်။
စဉ်ဆက်မပြတ်ဖွံ့ဖြိုးစေပြီး ဂေဟဗေဒနှင့် သဟဇာတဖြစ်သော မြို့ပြနေရာများ ဖန်တီးရေးအတွက် ကြိုးပမ်းမှု များတွင် depaving မှာ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်လေ့ရှိသည်။
ရာသီဥတုရေးရာ အထူးစိတ်ဝင်စားသူ Sam Bentley သည် မကြာသေးမီက လူမှုကွန်ရက် ပလက်ဖောင်း များစွာတွင် မျှဝေခဲ့သော ဗွီဒီယိုဖိုင်တစ်ခု၌ depaving လုပ်ဆောင်နေပုံမြင်ကွင်းတစ်ခုကို ရိုက်ကူးပြသ ထားသည်။
Depaving ကို ကမ္ဘာတဝန်းလူအများ သတိပြု အာရုံစိုက်ကြစေရန် ရည်ရွယ်ချက်ဖြင့် မျှဝေခဲ့သော အဆိုပါ ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် အလွန်ပျံ့နှံ့ကျော်ကြားခဲ့သည်။
BBC သတင်းဌာန၏ ဖော်ပြချက်အရ depaving သည် ၂၀၀၈ ခုနှစ် ဝန်းကျင်ကတည်းက စတင်ခဲ့ကြောင်း၊ ပိုလန်နိုင်ငံတွင် ထိုအချိန်က Depave group ကို စတင်ဖွဲ့စည်းခဲ့ကြကြောင်း ဖော်ပြသည်။
ထောက်ခံအားပေးသူတို့၏ ပြောကြားချက်များအရ depaving ကြောင့် ကမ္ဘာမြေကြီးမှာ ရေကို စုပ်ယူနိုင်လာ ကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းချိန်များတွင် ရေကြီးရေလျှံမှုကို လျှော့ချပေးနိုင်ကြောင်း ပြောကြသည်။
Depaving လုပ်ဆောင်သည့်နေရာများတွင် သစ်ပင်များ စိုက်ပျိုးခြင်းအားဖြင့် အရိပ်ရစေကာ မြို့ခံတို့အား အပူလှိုင်းမှ ကာကွယ်ပေးနိုင်မည် ဖြစ်သည်။
မြို့ပြလမ်းများတွင် စိမ်းလန်းသော နေရာများ ရှိစေခြင်းသည် လူတို့၏ စိတ်ကျန်းမာရေးကိုလည်း အားကောင်း စေသည်။
သို့သော် depaving ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး စိတ်ဝင်စားသူ လက်တစ်ဆုပ်စာမျှ၏ လုပ်ဆောင်မှုထက် ပိုမိုကျယ်ပြန့်စွာ ကျင့်သုံးနိုင်ကြရန် လိုအပ်သည်။
ရာသီဥတုပြောင်းလဲမှု အကျပ်အတည်း ပိုမိုဆိုးရွားလာနေသည်နှင့်အမျှ အချို့သော မြို့ပြများနှင့် နယ်ပယ် တစ်ခုလုံးသည် ရာသီဥတုဆိုင်ရာ မဟာဗျူဟာများတွင် depaving ကို အစိတ်အပိုင်းတစ်ရပ်အဖြစ် စတင် ကျင့်သုံးလာနေကြသည်။
ပိုမိုကောင်းမွန်သည့် အနာဂတ်ကို ဖန်တီးရေးအတွက် ကွန်ကရစ် ပလက်ဖောင်းများကို စတင်ထုခွဲဖျက်ဆီး ရမည့် အချိန် ကျရောက်နေပြီ ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Why People In These Cities Are Removing Concrete Pavements (ndtv)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service