ဂျပန်တွင် အလွန်တရာ ခြိုးခြံချွေတာကာ ရေစိမ်ထမင်း၊ ချဉ်ဖတ်တို့ဖြင့်သာ ၂၁ နှစ် စားသောက်ပြီး ငွေစုသူ ဂျပန်လူမျိုးတစ်ဦးအကြောင်း

ဂျပန်တွင် အလွန်တရာ ခြိုးခြံချွေတာကာ ရေစိမ်ထမင်း၊ ချဉ်ဖတ်တို့ဖြင့်သာ ၂၁ နှစ် စားသောက်ပြီး ငွေစုသူ ဂျပန်လူမျိုးတစ်ဦးအကြောင်း - Property News in Myanmar from iMyanmarHouse.com
1 Aug 2024 2:49 pm တွင် တင်ခဲ့သည်
1082 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လုပ်ငန်းခွင်မှ အသက်ငယ်ငယ်ဖြင့် အနားယူနိုင်ရေးအတွက် ယန်းငွေ သန်း ၁၀၀ (ကန်ဒေါ်လာ ၆၄၀,၀၀၀) စုဆောင်းနိုင်ရန် ၂၁ နှစ်ကြာ အလွန်ခြိုးခြံချွေတာ နေထိုင်ရှင်သန်ခဲ့သူတစ်ဦးအကြောင်းမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် ကျော်ကြားပျံ့နှံ့နေသည်။

အမည်နာမ မသိရသော အဆိုပါအမျိုးသားသည် ၂၀၀၀ ပြည့်လွန် ကာလများမှ စတင်ပြီး ပုံမှန်အလုပ်တစ်ခု ရခဲ့ပြီးနောက် ငွေစုသည့်အစီအစဉ် စတင်ခဲ့ခြင်း ဖြစ်သည်။

၎င်းအလုပ်လုပ်သော ကုမ္ပဏီမှာ အချိန်ပို အလုပ်ဆင်းရလေ့ရှိပြီး တခါတရံတွင် ညသန်းခေါင်အထိ ဆင်းရလေ့ ရှိသည်။

“အလုပ်ကြိုးစားပြီး အချိန်ပိုအလုပ်ဆင်းမှ အနာဂတ်တွင် ပျော်ရွှင်မှုများ ပိုင်ဆိုင်ရမည်” ဟု ကုမ္ပဏီက ပြောလေ့ ရှိသည်။

FIRE ဟုခေါ်သော Financial independence, Retire early (ဘဏ္ဍာရေး အမှီခိုကင်းမှု၊ လုပ်ငန်းခွင်မှ အသက်ငယ်ငယ်ဖြင့် အနားယူမှု) ဘဝဟန်ပန်အတိုင်း နေထိုင်နိုင်ရန် တစ်နှစ်လျှင် လစာ ယန်းငွေ ၅ သန်း (ကန်ဒေါ်လာ ၃၂,၀၀၀) ရသော အဆိုပါအမျိုးသားက ဖြစ်နိုင်သမျှ မြန်မြန် ယန်းငွေ သန်း ၁၀၀ စုဆောင်းရန် ရည်မှန်းခဲ့သည်။

မိမိကိုယ်ကိုယ် လှုံ့ဆော်မှု ပေးသည့်အနေဖြင့် ၎င်းက လူမှုကွန်ရက်တွင် “ကျိန်းသေ အလုပ်ထွက်မည့်သူ” ဟု ကြွေးကြော်ထားခဲ့သည်။

(ရေအေးစိမ်ထားသော ထမင်းကဲ့သို့ အလွန်ရိုးစင်းသည့် အစားအသောက်သာ စားခဲ့သည်။ ဓာတ်ပုံ-Baidu)

ထို့အပြင် ထိုအမျိုးသားသည် ဆယ်စုနှစ် ၂ ခုကျော် ကုမ္ပဏီ၏ ပိုင်နက်အတွင်း နေထိုင်ခဲ့ပြီး နေစရာအတွက် တစ်လလျှင် ယန်း ၃၀၀၀၀ (ကန်ဒေါ်လာ ၁၉၀) ပေးခဲ့၏။

စားသောက်ရာတွင် အလွန်တရာ ခြိုးခြံချွေတာခဲ့ကာ မက်မန်းချဉ်၊ ချဉ်ဖတ်နှင့် ထမင်းတစ်ပန်းကန်သာ စားလေ့ရှိသည်။

တခါတရံတွင် ဈေးဝယ်စင်တာများမှ အမှတ်ဖြင့် အခမဲ့ရသော အားဖြည့်အချိုရည်တစ်ဘူးမျှဖြင့် ညစာ ပြီးလေ့ရှိသည်။

ညဘက်တွင် ထောင်ရုပ်ရှင်များကြည့်ရင်း ကိုကာကိုလာနှင့် ဘီစကွတ်မုန့်များကို ညစာအဖြစ် စားလေ့လည်း ရှိသည်။

သူ၏ ဘဝမှာ ထောင်ဒဏ် အနှစ် ၂၀ ကျခံခဲ့ရသူနှင့် များစွာမခြားလှ။ သူ၏ မိုက္ကရိုဝေ့ဖ် ပျက်သွားချိန်တွင် သူငယ်ချင်းတစ်ဦး၏ ကားလေကာမှန်ပေါ်၌ ကန်စွန်းဥများ တင်၍ အပူပေးပြီး ဆောင်းတွင်းမှ နွေအထိ စားသောက်ခဲ့သည်။

လေအေးပေးစက်၊ အပူပေးစက်တို့ကို မည်သည့်အခါမှ မသုံးခဲ့။

နွေရာသီတွင် အအေးဓာတ်ရစေရန်အတွက် ရေစွတ်ထားသော တီရှပ် ဝတ်ထားလေ့ရှိပြီး ဆောင်းအခါတွင် ထိုင်ထလေ့ကျင့်ခန်းလုပ်ကာ အနွေးဓာတ်ရအောင်လုပ်သည်။

သူ၏ ခြိုးခြံချွေတာ စုဆောင်းခဲ့မှုများမှာ ယခုနှစ်စပိုင်းတွင် အရာထင်လာသည်။

အဆိုပါကုမ္ပဏီတွင် နှစ်ပေါင်း ၂၀ နှင့် ၁၀ လ အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် သူ့တွင် ယန်းငွေ ၁၃၅ သန်း (ကန်ဒေါ်လာ ၈၆၀,၀၀၀) စုဆောင်းမိနေပြီဖြစ်ကြောင်း ၎င်းက လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ထို့အပြင် ငွေခြိုးခြံချွေတာပုံ နည်းလမ်းများအကြောင်း စာအုပ်တစ်အုပ်ရေးသားခဲ့ခြင်းမှာလည်း သူ့အတွက် ငွေရပေါက်တစ်ခု ဖြစ်လာသည်။

ထိုသို့ ရည်မှန်းချက်အထမြောက်သွားပြီးနောက်ပိုင်း သူ၏ နေထိုင်စားသောက်မှုပုံစံ အတော်အသင့် ကောင်းလာခဲ့သည်။

ယခုအခါ ၎င်းက မနက်စာအတွက် ကြက်ဥပြုတ် ၄ လုံးစားသောက်ပြီး မိုက္ကရိုဝေ့ဖ်မီးဖိုအသစ်တစ်ခုလည်း ဝယ်ယူထားရာ ပူပူနွေးနွေးချက်ပြုတ်စားသောက်နိုင်မည်လည်း ဖြစ်သည်။

သို့သော် သူ၏ ပျော်ရွှင်မှုမှာ ကြာကြာမခံခဲ့။

မကြာသေးမီက အဆိုပါအမျိုးသား ထုတ်ဖော်ပြောကြားခဲ့သည်မှာ ယခုနှစ်အစပိုင်းတွင် ဂျပန်ယန်းငွေ တန်ဖိုး ကျဆင်းမှုများကြောင့် မိမိ၏ ပိုင်ဆိုင်မှု ကြီးမားစွာ ကျဆင်းသွားကြောင်း ပြောလာသည်။

(အလွန်ကြိုးကြိုးစားစား ငွေစုခဲ့ပြီး အသက်ငယ်ငယ်ဖြင့် လုပ်ငန်းခွင်မှ အနားယူနိုင်ရန် ရည်မှန်းခဲ့သည်။ ဓာတ်ပုံ-Shutterstock)

“ယန်းငွေတန်ဖိုး ဆက်ကျနေမယ်ဆိုရင် ဘဏ္ဍာရေးလွတ်လပ်မှုရဖို့ ကျွန်တော့်ရည်မှန်းချက် ဘယ်တော့မှ အထမြောက်တော့မှာ မဟုတ်ပါဘူး။ ၂၁ နှစ်လုံး ဘာအတွက် ကျွန်တော်အလုပ်တွေ လုပ်နေခဲ့ရတာလဲ။ ဒါတွေအားလုံး အဓိပ္ပာယ်မဲ့နေပါတယ်။ သိပ်ပြီး ကြေကွဲဖို့ ကောင်းပါတယ်” ဟု ၎င်းက ဆိုသည်။

တရုတ်ပြည်မကြီးမှ လူမှုကွန်ရက်သုံးစွဲသူတို့က အဆိုပါဂျပန်အမျိုးသား၏ ခြိုးခြံချွေတာပုံကို အံ့သြတုန်လှုပ် ခဲ့ကြပြီး ၎င်း၏ ပိုင်ဆိုင်မှုများ လျော့ကျသွားမှုအပေါ် ကရုဏာသက်ခဲ့ကြသည်။

“သူစားသောက်ပုံကိုကြည့်ပြီး တကယ်တုန်လှုပ်မိပါတယ်။ စားလို့ရော ရရဲ့လား။ အာဟာရ မပြည့်တာတွေ နှစ်ပေါင်းများစွာ စားခဲ့ပြီး နေမကောင်းမဖြစ်တာ ထူးဆန်းတယ်” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

“သူ့ဘဝက တကယ်ကို ကြေကွဲစရာပါ။ သူ့ဝင်ငွေက ဂျပန်မှာ မနည်းလှပါဘူး။ ငွေစုထားမယ့်အစား ရွှေဝယ် ထားမယ်ဆိုရင် ဒီလောက်အများကြီး ဆုံးရှုံးရမှာ မဟုတ်ပါဘူး” ဟု အခြားတစ်ဦးက မှတ်ချက်ပြုသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Shock for ‘miserable’ Japan man who lives on simple meals for 21 years to save for retirement (scmp)

Photo Credit-Shutterstock, Baidu

[Zawgyi]

ဂ်ပန္တြင္ အလြန္တရာ ျခိဳးျခံေခၽြတာကာ ေရစိမ္ထမင္း၊ ခ်ဥ္ဖတ္တို႔ျဖင့္သာ ၂၁ ႏွစ္ စားေသာက္ျပီး ေငြစုသူ ဂ်ပန္လူမ်ဳိးတစ္ဦးအေၾကာင္း

လုပ္ငန္းခြင္မွ အသက္ငယ္ငယ္ျဖင့္ အနားယူႏိုင္ေရးအတြက္ ယန္းေငြ သန္း ၁၀၀ (ကန္ေဒၚလာ ၆၄၀,၀၀၀) စုေဆာင္းႏိုင္ရန္ ၂၁ ႏွစ္ၾကာ အလြန္ျခိဳးျခံေခၽြတာ ေနထိုင္ရွင္သန္ခဲ့သူတစ္ဦးအေၾကာင္းမွာ တရုတ္ျပည္မၾကီး လူမႈကြန္ရက္တြင္ ေက်ာ္ၾကားပ်ံ႕ႏွံ႔ေနသည္။

အမည္နာမ မသိရေသာ အဆိုပါအမ်ဳိးသားသည္ ၂၀၀၀ ျပည့္လြန္ ကာလမ်ားမွ စတင္ျပီး ပံုမွန္အလုပ္တစ္ခု ရခဲ့ျပီးေနာက္ ေငြစုသည့္အစီအစဥ္ စတင္ခဲ့ျခင္း ျဖစ္သည္။

၎အလုပ္လုပ္ေသာ ကုမၸဏီမွာ အခ်ိန္ပုိ အလုပ္ဆင္းရေလ့ရွိျပီး တခါတရံတြင္ ညသန္းေခါင္အထိ ဆင္းရေလ့ ရွိသည္။

“အလုပ္ၾကိဳးစားျပီး အခ်ိန္ပိုအလုပ္ဆင္းမွ အနာဂတ္တြင္ ေပ်ာ္ရႊင္မႈမ်ား ပိုင္ဆိုင္ရမည္” ဟု ကုမၸဏီက ေျပာေလ့ ရွိသည္။

FIRE ဟုေခၚေသာ Financial independence, Retire early (ဘ႑ာေရး အမွီခိုကင္းမႈ၊ လုပ္ငန္းခြင္မွ အသက္ငယ္ငယ္ျဖင့္ အနားယူမႈ) ဘဝဟန္ပန္အတိုင္း ေနထုိင္ႏိုင္ရန္ တစ္ႏွစ္လွ်င္ လစာ ယန္းေငြ ၅ သန္း (ကန္ေဒၚလာ ၃၂,၀၀၀) ရေသာ အဆိုပါအမ်ဳိးသားက ျဖစ္ႏိုင္သမွ် ျမန္ျမန္ ယန္းေငြ သန္း ၁၀၀ စုေဆာင္းရန္ ရည္မွန္းခဲ့သည္။

မိမိကိုယ္ကိုယ္ လံႈ႔ေဆာ္မႈ ေပးသည့္အေနျဖင့္ ၎က လူမႈကြန္ရက္တြင္ “က်ိန္းေသ အလုပ္ထြက္မည့္သူ” ဟု ေၾကြးေၾကာ္ထားခဲ့သည္။

(ေရေအးစိမ္ထားေသာ ထမင္းကဲ့သို႔ အလြန္ရိုးစင္းသည့္ အစားအေသာက္သာ စားခဲ့သည္။ ဓာတ္ပံု-Baidu)

ထို႔အျပင္ ထိုအမ်ဳိးသားသည္ ဆယ္စုႏွစ္ ၂ ခုေက်ာ္ ကုမၸဏီ၏ ပိုင္နက္အတြင္း ေနထုိင္ခဲ့ျပီး ေနစရာအတြက္ တစ္လလွ်င္ ယန္း ၃၀၀၀၀ (ကန္ေဒၚလာ ၁၉၀) ေပးခဲ့၏။

စားေသာက္ရာတြင္ အလြန္တရာ ျခိဳးျခံေခၽြတာခဲ့ကာ မက္မန္းခ်ဥ္၊ ခ်ဥ္ဖတ္ႏွင့္ ထမင္းတစ္ပန္းကန္သာ စားေလ့ရွိသည္။

တခါတရံတြင္ ေစ်းဝယ္စင္တာမ်ားမွ အမွတ္ျဖင့္ အခမဲ့ရေသာ အားျဖည့္အခ်ဳိရည္တစ္ဘူးမွ်ျဖင့္ ညစာ ျပီးေလ့ရွိသည္။

ညဘက္တြင္ ေထာင္ရုပ္ရွင္မ်ားၾကည့္ရင္း ကိုကာကိုလာႏွင့္ ဘီစကြတ္မုန္႔မ်ားကို ညစာအျဖစ္ စားေလ့လည္း ရွိသည္။

သူ၏ ဘဝမွာ ေထာင္ဒဏ္ အႏွစ္ ၂၀ က်ခံခဲ့ရသူႏွင့္ မ်ားစြာမျခားလွ။ သူ၏ မိုကၠရိုေဝ့ဖ္ ပ်က္သြားခ်ိန္တြင္ သူငယ္ခ်င္းတစ္ဦး၏ ကားေလကာမွန္ေပၚ၌ ကန္စြန္းဥမ်ား တင္၍ အပူေပးျပီး ေဆာင္းတြင္းမွ ေႏြအထိ စားေသာက္ခဲ့သည္။

ေလေအးေပးစက္၊ အပူေပးစက္တို႔ကို မည္သည့္အခါမွ မသံုးခဲ့။

ေႏြရာသီတြင္ အေအးဓာတ္ရေစရန္အတြက္ ေရစြတ္ထားေသာ တီရွပ္ ဝတ္ထားေလ့ရွိျပီး ေဆာင္းအခါတြင္ ထိုင္ထေလ့က်င့္ခန္းလုပ္ကာ အေႏြးဓာတ္ရေအာင္လုပ္သည္။

သူ၏ ျခိဳးျခံေခၽြတာ စုေဆာင္းခဲ့မႈမ်ားမွာ ယခုႏွစ္စပိုင္းတြင္ အရာထင္လာသည္။

အဆိုပါကုမၸဏီတြင္ ႏွစ္ေပါင္း ၂၀ ႏွင့္ ၁၀ လ အလုပ္လုပ္ကိုင္ခဲ့ျပီးေနာက္ သူ႔တြင္ ယန္းေငြ ၁၃၅ သန္း (ကန္ေဒၚလာ ၈၆၀,၀၀၀) စုေဆာင္းမိေနျပီျဖစ္ေၾကာင္း ၎က လူမႈကြန္ရက္တြင္ ေရးသားခဲ့သည္။

ထို႔အျပင္ ေငြျခိဳးျခံေခၽြတာပံု နည္းလမ္းမ်ားအေၾကာင္း စာအုပ္တစ္အုပ္ေရးသားခဲ့ျခင္းမွာလည္း သူ႔အတြက္ ေငြရေပါက္တစ္ခု ျဖစ္လာသည္။

ထိုသို႔ ရည္မွန္းခ်က္အထေျမာက္သြားျပီးေနာက္ပိုင္း သူ၏ ေနထိုင္စားေသာက္မႈပံုစံ အေတာ္အသင့္ ေကာင္းလာခဲ့သည္။

ယခုအခါ ၎က မနက္စာအတြက္ ၾကက္ဥျပဳတ္ ၄ လံုးစားေသာက္ျပီး မိုကၠရိုေဝ့ဖ္မီးဖိုအသစ္တစ္ခုလည္း ဝယ္ယူထားရာ ပူပူေႏြးေႏြးခ်က္ျပဳတ္စားေသာက္ႏိုင္မည္လည္း ျဖစ္သည္။

သို႔ေသာ္ သူ၏ ေပ်ာ္ရႊင္မႈမွာ ၾကာၾကာမခံခဲ့။

မၾကာေသးမီက အဆိုပါအမ်ဳိးသား ထုတ္ေဖာ္ေျပာၾကားခဲ့သည္မွာ ယခုနွစ္အစပိုင္းတြင္ ဂ်ပန္ယန္းေငြ တန္ဖုိး က်ဆင္းမႈမ်ားေၾကာင့္ မိမိ၏ ပိုင္ဆိုင္မႈ ၾကီးမားစြာ က်ဆင္းသြားေၾကာင္း ေျပာလာသည္။

(အလြန္ၾကိဳးၾကိဳးစားစား ေငြစုခဲ့ျပီး အသက္ငယ္ငယ္ျဖင့္ လုပ္ငန္းခြင္မွ အနားယူႏိုင္ရန္ ရည္မွန္းခဲ့သည္။ ဓာတ္ပံု-Shutterstock)

“ယန္းေငြတန္ဖိုး ဆက္က်ေနမယ္ဆိုရင္ ဘ႑ာေရးလြတ္လပ္မႈရဖို႔ ကၽြန္ေတာ့္ရည္မွန္းခ်က္ ဘယ္ေတာ့မွ အထေျမာက္ေတာ့မွာ မဟုတ္ပါဘူး။ ၂၁ ႏွစ္လံုး ဘာအတြက္ ကၽြန္ေတာ္အလုပ္ေတြ လုပ္ေနခဲ့ရတာလဲ။ ဒါေတြအားလံုး အဓိပၸာယ္မဲ့ေနပါတယ္။ သိပ္ျပီး ေၾကကြဲဖုိ႔ ေကာင္းပါတယ္” ဟု ၎က ဆိုသည္။

တရုတ္ျပည္မၾကီးမွ လူမႈကြန္ရက္သံုးစြဲသူတို႔က အဆိုပါဂ်ပန္အမ်ဳိးသား၏ ျခိဳးျခံေခၽြတာပံုကို အံ့ၾသတုန္လႈပ္ ခဲ့ၾကျပီး ၎၏ ပိုင္ဆိုင္မႈမ်ား ေလ်ာ့က်သြားမႈအေပၚ ကရုဏာသက္ခဲ့ၾကသည္။

“သူစားေသာက္ပံုကိုၾကည့္ျပီး တကယ္တုန္လႈပ္မိပါတယ္။ စားလို႔ေရာ ရရဲ႕လား။ အာဟာရ မျပည့္တာေတြ ႏွစ္ေပါင္းမ်ားစြာ စားခဲ့ျပီး ေနမေကာင္းမျဖစ္တာ ထူးဆန္းတယ္” ဟု လူမႈကြန္ရက္သံုးစြဲသူတစ္ဦးက မွတ္ခ်က္ျပဳသည္။

“သူ႔ဘဝက တကယ္ကို ေၾကကြဲစရာပါ။ သူ႔ဝင္ေငြက ဂ်ပန္မွာ မနည္းလွပါဘူး။ ေငြစုထားမယ့္အစား ေရႊဝယ္ ထားမယ္ဆိုရင္ ဒီေလာက္အမ်ားၾကီး ဆံုးရံႈးရမွာ မဟုတ္ပါဘူး” ဟု အျခားတစ္ဦးက မွတ္ခ်က္ျပဳသည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Shock for ‘miserable’ Japan man who lives on simple meals for 21 years to save for retirement (scmp)

Photo Credit-Shutterstock, Baidu

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service