အီတလီ၏ ဖက်ရှင်မြို့တော် မီလန်မြို့အနီးရှိ အိပ်ခန်း ၂၉ ခန်းပါ ရဲတိုက်ကြီးတစ်လုံးကို လန်ဒန်မြို့မှ နေအိမ်တစ်လုံးဈေးမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်းပေါ်ပေါက်နေ
အီတလီ၏ ဖက်ရှင်မြို့တော် မီလန်မြို့အနီးရှိ အိပ်ခန်း ၂၉ ခန်းပါ ရဲတိုက်ကြီးတစ်လုံးကို လန်ဒန်မြို့မှ နေအိမ်တစ်လုံးဈေးမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်းပေါ်ပေါက်နေ - Property News in Myanmar from iMyanmarHouse.com
1 Aug 2024 2:37 pm တွင် တင်ခဲ့သည်
707 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
လန်ဒန်မြို့လယ်တွင် အိပ်ခန်း ၂ ခန်းပါ လူနေခန်းတစ်ခန်းကို ပေါင် ၇၀၀,၀၀၀ အောက်ဖြင့် ဝယ်ယူရရှိမည် ဆိုပါက သင့်အတွက် အလွန်ကံကောင်းသည်ဟု ဆိုနိုင်သည်။
လုံးချင်းအိမ်ဆိုပါက လန်ဒန်တွင် ပျှမ်းမျှအားဖြင့် ပေါင် ၈၃၀,၀၀၀ ကျော် ပေးရသည်။
ယခုအခါ အီတလီနိုင်ငံ၊ မီလန်မြို့ပြင်ရှိ တောင်ကုန်းများဆီတွင် အိပ်ခန်း ၂၉ ခန်းပါ တောင်ကုန်းထိပ် ရဲတိုက်ကြီးတစ်ခုလုံး ပေါင် ၆၆၅,၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
အော်စကာဆုရ Call me by your name ဇာတ်ကားထဲမှ အမေရိကန်ရုပ်ရှင်မင်းသား Timothee Chalamet ကဲ့သို့ စိမ်းလန်းသော မြက်ခင်းပြင်ပေါ်တွင် ဆော့ကစားခြင်း၊ သစ်ပင်များ စီရရီ တန်းနေသော လမ်းကလေးများ တွင် စက်ဘီးစီးခြင်း၊ ရေကန်ကြီးတစ်ခုဘေးတွင် နေပူစာလှုံခြင်းများ ပြုလုပ်ရန် စိတ်ကူးအိပ်မက်ဖူးပါသလား။
သင်သာ Castello di Valdengo ရဲတိုက်ကြီး၏ ပိုင်ရှင်ဖြစ်လာမည်ဆိုပါက အဆိုပါစိတ်ကူးများအားလုံး လက်တွေ့ဖြစ်လာနိုင်မည် ဖြစ်သည်။
ရုပ်တုများ စီတန်းတည်ရှိသော လသာဆောင်၊ လသာဆောင်ပန်းဥယျာဉ်တို့ပါဝင်ပြီး အနီးရှိ ကျေးရွာကို အပေါ်စီးမှ တွေ့မြင်ရသည်။
မီလန်မြို့မှ မော်တော်ကားဖြင့် တစ်နာရီခရီးမျှသာ ဝေးကွာသည်။
မီလန်သည် အီတလီ၏ ဘဏ္ဍာရေးနှင့် ဖက်ရှင်မြို့တော်လည်း ဖြစ်သည်။
ရဲတိုက်ထိပ် ပြအိုးမှတဆင့် တောင်ဘက်ဆီတွင် လွင်ပြင်ကျယ်များကိုလည်းကောင်း၊ မြောက်ဘက်ဆီတွင် အဲလ်ပ်တောင်တန်းကြီး၏ လှိုင်းလုံးများသဖွယ် နိမ့်ချည်မြင့်ချည် တောင်ကုန်းများကိုလည်းကောင်း ရှုမျှော် တွေ့မြင်နိုင်သည်။
အနီရောင် အုပ်ကြွပ်အမိုးများမှာမူ ပြန်လည်မွမ်းမံမှုများ ပြုလုပ်ရန် လိုအပ်မည် ဖြစ်သည်။
ထိုအချက်ကို Sotheby’s အိမ်ခြံမြေကုမ္ပဏီက သတိပေးထားပြီး အချို့သော ကြမ်းခင်းများအား အလုံးစုံ ပြန်လည်ပြင်ဆင်ရန် လိုအပ်မည် ဖြစ်သည်။
(ညစာစားပွဲအတွက် ဧည့်သည်များ မဖိတ်မီ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရန် လိုအပ်မည် ဖြစ်သည်။ ဓာတ်ပုံ- Rightmove/Sotheby’s)
(အချို့နေရာများတွင် သမိုင်းဝင်အလှတရားများကို ထိန်းသိမ်းထားရာ တော်ဝင်ပုဂ္ဂိုလ်တို့အကြောင်း ခြေရာခံ လေ့လာနိုင်မည်ဖြစ်ကြောင်း Sotheby’s က ပြောသည်။ ဓာတ်ပုံ- Rightmove/Sotheby’s)
(အင်္ဂတေပန်းချီများဖြင့် ခြယ်မှုန်းထားသော မျက်နှာကြက်ကို ကြည့်ရင်း နိုးထလာရသည့် မနက်ခင်းများ ပိုင်ဆိုင်လိုပါသလား။ ဓာတ်ပုံ- Rightmove/Sotheby’s)
ရဲတိုက်ကြီး၏ သက်တမ်းအရင့်ဆုံးနေရာများတွင် အလယ်ခေတ် လက်ရာများကို တွေ့ရနိုင်သည်။
အထပ် ၄ ထပ် ဖွဲ့စည်းပါဝင်သော Castello di Valdengo ရဲတိုက်ကြီးမှာ အလွန်တရာ ကြီးမားလှပြီး လက်ရှိအားဖြင့် ဧည့်ခန်း၊ မီးဖိုဆောင်နှင့် ညစာစားခန်းတို့ ရှိသော မြေညီထပ်ရှိ အချို့နေရာများတွင်သာ လူသူအခြေချနေထိုင်မှုရှိသည်။
(သစ်ပင်ပန်းမန် ဝါသနာပါသူတစ်ဦး၏ Vibe မျိုးပေးမည့် နားနေခန်း။ ဓာတ်ပုံ- Rightmove/Sotheby’s)
(ရဲတိုက်ကြီး၏ ခေါ်ဈေးမှာ လန်ဒန်အိမ်ခြံမြေဈေးကွက်ကို အရှက်ရစေဖွယ်ဖြစ်သည်။ သို့သော် ပြန်လည်ပြုပြင်မွမ်းမံမှုများစွာ ပြုလုပ်ရန် လိုအပ်လိမ့်မည်ဖြစ်သည်။ ဓာတ်ပုံ- Rightmove/Sotheby’s)
(မိမိကိုယ်ကို ဘုရင်-သို့မဟုတ်- ဘုရင်မ တစ်ပါးသဖွယ် ခံစားရစေမည် ဖြစ်သည်။ ဓာတ်ပုံ- Rightmove/Sotheby’s)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: You could own this 29-bed hilltop castle near Milan for the price of a house in London (metro)
Photo Credit- Rightmove/Sotheby’s
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
imyanmarmarket
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service