အရွယ်မရောက်သေးသူအတွက် တရားရုံးတွင် အုပ်ထိန်းသူလျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

အရွယ်မရောက်သေးသူအတွက် တရားရုံးတွင် အုပ်ထိန်းသူလျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
13 Jul 2024 11:19 am တွင် တင်ခဲ့သည်
639 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

မိဘများမရှိတော့သည့်နောက်ပိုင်းတွင် ကျန်ရှိနေသော (၁၈)နှစ်မပြည့်သေးသည့် အရွယ်မရောက်သေးသူ သားသမီးများအား အုပ်ထိန်းသူများနှင့် အုပ်ထိန်းခြင်းခံရသူများ အက်ဥပဒေအရ ဆွေမျိုးဘိုးဘွားတို့မှ အုပ်ထိန်းခွင့် တရားဝင်လျှောက်ထားခြင်းများ ရှိကြပါသည်။

ထို့သို့ အုပ်ထိန်းခွင့်အား အရွယ်မရောက်သေးသူ နေထိုင်သည့် စီရင်ပိုင်ခွင့်ရှိသော ခရိုင်တရားရုံးတွင် လျှောက်ထားခြင်း ပြုရမည်ဖြစ်ပါသည်။ လျှောက်ထားသူသည် အရွယ်မရောက်သေးသူနှင့် သက်ဆိုင်သည့် အချက်အလက်များအား လျှောက်လွှာတွင် ပြည့်စုံစွာ ဖော်ပြနိုင်ရပါမည်။ မိမိမှာအုပ်ထိန်းခွင့်ရရှိရန် သတ်မှတ်အရည်အချင်းများရှိကြောင်း၊ မည်သည့်အကြောင်းများကြောင့် အုပ်ထိန်းသူဖြစ်ထိုက်ခွင့်ရှိကြောင်းနှင့် အကြောင်းပြချက် အကိုးအကားများဖြင့် တိကျသေချာစွာ လျှောက်လွှာတွင် ရေးသားဖော်ပြရမည်ဖြစ်ပါသည်။ အုပ်ထိန်းသူလျှောက်လွှာအား အသိသက်သေနှစ်ဦးရှေ့တွင် ဝန်ခံချက်လက်မှတ် ရေးထိုးမှုပြုရပါမည်။

အုပ်ထိန်းသူ လျှောက်ထားသည့်အမှုအား ကြားနာသည့်အခါ အရွယ်မရောက်သေးသူနှင့် လက်ရှိနေ ထိုင်သူ၊ ၎င်းပစ္စည်းများအား ထိန်းသိမ်းထားသူ၊ သက်ဆိုင်သည်ဟု တရားရုံးမှ ထင်မြင်ယူဆသူ၊ အုပ်ထိန်းသူအဖြစ် လျှောက်ထားသူနှင့် အသိသက်သေများကို တရားရုံးမှ ခေါ်ယူ စစ်ဆေးခြင်းပြုမည် ဖြစ်ပါသည်။

ထို့ပြင် အရွယ်မရောက်သေးသူနှင့် ပြုလုပ်သောပဋိဉာဉ်များသည် ပျက်ပြယ်သောပဋိဉာဉ်များပင်ဖြစ်ပြီး အရွယ်မရောက်သေးသူ၏ အုပ်ထိန်းသူနှင့်သာ စာချုပ်ချုပ်ဆိုခွင့်ရှိကာ အုပ်ထိန်းသူမှလဲ တရားရုံး၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်ရမည်သာ ဖြစ်ပါသည်။

သေတမ်းစာအတွက် အုပ်ထိန်းခွင့်ရရှိခြင်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့် ပိုင်ဆိုင်မှုစာချုပ်စာ တမ်းများအား အုပ်ထိန်းခွင့်ပေးကာ တရားရုံးမှ ခန့်အပ်ပေးခြင်းဖြစ်ပါက ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်း ခြင်း၊ လဲလှယ်ခြင်း၊ လွှဲပြောင်းခြင်းများအား တရားရုံးအား အသိပေး၍ ကြိုတင်ခွင့်ပြုချက် ရယူကာ အုပ်ထိန်းသူမှ ဆောင်ရွက်နိုင်ပါသည်။ ထို့ပြင် ခွင့်ပြုချက်ဖြင့် ငှားရမ်းသည့်အခါတွင်လဲ (၅)နှစ်ထက် ပိုငှားခြင်း ပြုမရသလို အုပ်ထိန်းသူမှ ပေါင်နှံခြင်းလဲပြုမရပါ။

တရားရုံးမှ ခန့်အပ်ထားသော အုပ်ထိန်းသူမှာ ၎င်း၏ ကတိပြုဝန်ခံချက်ထားချက်များ ဖောက်ဖျက်ပါက အုပ်ထိန်းမှုအား အလွဲသုံးစားပြုပါက ပုဒ်မ-၃၉ အရ တရားရုံးမှ အုပ်ထိန်းသူအား ထုတ်ပယ်ခြင်း ပြုနိုင်ပါသည်။ ထို့ပြင် ကလေးမှာအရွယ်ရောက်သူအဖြစ်‌ ရောက်ရှိသည့်အချိန်တွင် အုပ်ထိန်းသူ၏ တာဝန်ဝတ္တရားများမှာလဲ အလိုအလျှောက် ရပ်စဲသွားမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

 













နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service