တရုတ်ပြည်တွင် ထိမ်းမြားမင်္ဂလာကျင်းပသည့် စုံတွဲက ဧည့်သည်တော်များကို လေယာဉ်စရိတ်၊ ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကြီးတွင် ၅ ရက်တာ တည်းခိုခွင့်တို့ အကုန်အကျခံကာ ဖိတ်ခေါ်ခဲ့သည့်အပြင် လက်ဖွဲ့လက်မခံဘဲ ဒေါ်လာ (၈၀၀) ပါသော ဟုန်ပေါင် လက်ဆောင်ပြန်ပေး

တရုတ်ပြည်တွင် ထိမ်းမြားမင်္ဂလာကျင်းပသည့် စုံတွဲက ဧည့်သည်တော်များကို လေယာဉ်စရိတ်၊ ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကြီးတွင် ၅ ရက်တာ တည်းခိုခွင့်တို့ အကုန်အကျခံကာ ဖိတ်ခေါ်ခဲ့သည့်အပြင် လက်ဖွဲ့လက်မခံဘဲ ဒေါ်လာ (၈၀၀) ပါသော ဟုန်ပေါင် လက်ဆောင်ပြန်ပေး - Property News in Myanmar from iMyanmarHouse.com
12 Jul 2024 11:15 am တွင် တင်ခဲ့သည်
1379 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ခရီးသွား influencer တစ်ဦးဖြစ်သူ Dana Chang သည် တရုတ်ပြည်တွင် တွေ့ကြုံခဲ့သော အလွန်ကြီးကျယ် ခမ်းနားသည့် မင်္ဂလာပွဲတစ်ခု၏ ဗွီဒီယိုဖိုင်ကို လူမှုကွန်ရက်တွင် မျှဝေလာသည်။

Dana Chang က အင်စတာဂရမ်လူမှုကွန်ရက်တွင် သူမ၏ bydanawang ဟူသော အကောင့်မှတဆင့် follower တို့အား ယခင်မတွေ့မကြုံဖူးသော မင်္ဂလာပွဲမျိုးကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။

Dana Wang သည် မင်္ဂလာပွဲသို့ တက်ရောက်ခဲ့သူများတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

မင်္ဂလာမောင်မယ်စုံတွဲသည် ဧည့်သည်တော်များကို ၎င်းတို့၏ တသက်တာ မမေ့နိုင်မည့် အတွေ့အကြုံများ ပေးခဲ့၏။

မင်္ဂလာပွဲတက်မည့် ဧည့်သည်တော်များကို တရုတ်ပြည်သို့ လေယာဉ်စရိတ်အကုန်အကျခံကာ ခေါ်ယူခဲ့ပြီး ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးတစ်ခုတွင် ၅ ရက်တာ တည်းခိုရန်အတွက်လည်း အကုန်အကျခံခဲ့သည်။

ဧည့်သည်တော်များ အလိုရှိသည့်အချိန်တိုင်း သွားလာရေးအတွက် အသုံးပြုနိုင်ရန် Rolls Royce နှင့် Bentley ကားများ အသင့်ထားရှိပေးထားသည်။

မင်္ဂလာပွဲကို ဥရောပဟန်အတိုင်း ကျင်းပခဲ့ခြင်း ဖြစ်သည်။

တရုတ်ရိုးရာ မင်္ဂလာပွဲများတွင် မင်္ဂလာပွဲတက်ရောက်ချီးမြှင့်သော ဧည့်သည်တော်များသည် ငွေစက္ကူများ ထည့်ထားသော စာအိတ်နီ (ဟုန်ပေါင်) တို့ကို သတို့သား၊ သတို့သမီးတို့အတွက် လက်ဖွဲ့ပေးကြကာ ကံကောင်းစေရန်နှင့် အောင်မြင်မှုရစေရန် ဆုမွန်ကောင်း တောင်းပေးကြသည်။

ယခု မင်္ဂလာပွဲတွင်ကား ထိုသို့မဟုတ်။

မင်္ဂလာပွဲဆင်နွှဲသည့် စုံတွဲက ရိုးရာဓလေ့ကို ပြောင်းပြန်လှန်လိုက်သည်။

၎င်းတို့စုံတွဲက ဟုန်ပေါင် ပြန်ပေးခြင်းဖြစ်ပြီး ဧည့်သည်တော်များထံမှ မည်သည့်အရာမှ လက်မခံချေ။

ဧည့်သည်တော်များကို အခြားမင်္ဂလာလက်ဆောင်များအပြင် ဟုန်ပေါင်အဖြစ် ဒေါ်လာ ၈၀၀ ပေးခဲ့သည်ဟု ဆိုသည်။

“ဟုန်ပေါင်နဲ့ ပတ်သက်ပြီး ကျွန်မ အခုထိ အံ့အားသင့်နေတုန်းပဲ” ဟု Dana Wang က သူ၏ ဗွီဒီယိုဖိုင်တွင် ကက်ပ်ရှင် ရေးသားခဲ့သည်။

ထိုမင်္ဂလာပွဲ ဗွီဒီယိုဖိုင်သည် လူမှုကွန်ရက်သုံးစွဲသူတို့ကို များစွာအံ့အားသင့်စေခဲ့ပြီး ယခုနှစ်၏ အခမ်းနားဆုံး မင်္ဂလာပွဲဖြစ်နိုင်သည်ဟု ပြောဆိုလျက်ရှိသည်။

လူမှုကွန်ရက် အသုံးပြုသူများစွာက ထိုစုံတွဲ၏ ရက်ရောမှုနှင့် အောက်ကျို့မှုတို့ကို ချီးကျူးခဲ့ကြသည်။

“သူတို့က မာန်မာနမရှိဘဲ ဧည့်သည်တော်တွေကို လက်ဆောင်တွေ ပေးခဲ့ကြပါတယ်။ သူတို့ကို ချီးမြှောက်ဖို့ မင်္ဂလာပွဲတက်လာကြသူတွေကို ဘယ်လို appreciate လုပ်တယ်ဆိုတာ ဒါတွေက ပြသနေပါတယ်။” ဟု ဆိုကြသည်။

“ကိုယ့်မင်္ဂလာပွဲ လာတဲ့ ဧည့်သည်တော်တွေ လမ်းစရိတ်မကုန်စေတာ တကယ့် အဆင့်အတန်းပါပဲ” ဟု လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက မှတ်ချက်ပြုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Rs 66,000 Cash Gift For Each Guest At "Crazy Rich Asian" Wedding (ndtv)

[Zawgyi]

တရုတ္ျပည္တြင္ ထိမ္းျမားမဂၤလာက်င္းပသည့္ စံုတြဲက ဧည့္သည္ေတာ္မ်ားကို ေလယာဥ္စရိတ္၊ ၾကယ္ငါးပြင့္အဆင့္ဟိုတယ္ၾကီးတြင္ ၅ ရက္တာ တည္းခိုခြင့္တို႔ အကုန္အက်ခံကာ ဖိတ္ေခၚခဲ့သည့္အျပင္ လက္ဖြဲ႔လက္မခံဘဲ ေဒၚလာ (၈၀၀) ပါေသာ ဟုန္ေပါင္ လက္ေဆာင္ျပန္ေပး

ခရီးသြား influencer တစ္ဦးျဖစ္သူ Dana Chang သည္ တရုတ္ျပည္တြင္ ေတြ႔ၾကံဳခဲ့ေသာ အလြန္ၾကီးက်ယ္ ခမ္းနားသည့္ မဂၤလာပြဲတစ္ခု၏ ဗြီဒီယိုဖုိင္ကို လူမႈကြန္ရက္တြင္ မွ်ေဝလာသည္။

Dana Chang က အင္စတာဂရမ္လူမႈကြန္ရက္တြင္ သူမ၏ bydanawang ဟူေသာ အေကာင့္မွတဆင့္ follower တို႔အား ယခင္မေတြ႔မၾကံဳဖူးေသာ မဂၤလာပြဲမ်ဳိးကို ျပသလိုက္ျခင္းလည္း ျဖစ္သည္။

Dana Wang သည္ မဂၤလာပြဲသို႔ တက္ေရာက္ခဲ့သူမ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္သည္။

မဂၤလာေမာင္မယ္စံုတြဲသည္ ဧည့္သည္ေတာ္မ်ားကို ၎တို႔၏ တသက္တာ မေမ့ႏိုင္မည့္ အေတြ႔အၾကံဳမ်ား ေပးခဲ့၏။

မဂၤလာပြဲတက္မည့္ ဧည့္သည္ေတာ္မ်ားကို တရုတ္ျပည္သို႔ ေလယာဥ္စရိတ္အကုန္အက်ခံကာ ေခၚယူခဲ့ျပီး ၾကယ္ငါးပြင့္အဆင့္ ဟိုတယ္ၾကီးတစ္ခုတြင္ ၅ ရက္တာ တည္းခိုရန္အတြက္လည္း အကုန္အက်ခံခဲ့သည္။

ဧည့္သည္ေတာ္မ်ား အလိုရွိသည့္အခ်ိန္တိုင္း သြားလာေရးအတြက္ အသံုးျပဳႏိုင္ရန္ Rolls Royce ႏွင့္ Bentley ကားမ်ား အသင့္ထားရွိေပးထားသည္။

မဂၤလာပြဲကို ဥေရာပဟန္အတိုင္း က်င္းပခဲ့ျခင္း ျဖစ္သည္။ တရုတ္ရိုးရာ မဂၤလာပြဲမ်ားတြင္ မဂၤလာပြဲတက္ေရာက္ခ်ီးျမွင့္ေသာ ဧည့္သည္ေတာ္မ်ားသည္ ေငြစကၠဴမ်ား ထည့္ထားေသာ စာအိတ္နီ (ဟုန္ေပါင္) တို႔ကို သတို႔သား၊ သတို႔သမီးတို႔အတြက္ လက္ဖြဲ႔ေပးၾကကာ ကံေကာင္းေစရန္ႏွင့္ ေအာင္ျမင္မႈရေစရန္ ဆုမြန္ေကာင္း ေတာင္းေပးၾကသည္။

ယခု မဂၤလာပြဲတြင္ကား ထိုသို႔မဟုတ္။

မဂၤလာပြဲဆင္ႏႊဲသည့္ စံုတြဲက ရိုးရာဓေလ့ကို ေျပာင္းျပန္လွန္လိုက္သည္။

၎တို႔စံုတြဲက ဟုန္ေပါင္ ျပန္ေပးျခင္းျဖစ္ျပီး ဧည့္သည္ေတာ္မ်ားထံမွ မည္သည့္အရာမွ လက္မခံေခ်။

ဧည့္သည္ေတာ္မ်ားကို အျခားမဂၤလာလက္ေဆာင္မ်ားအျပင္ ဟုန္ေပါင္အျဖစ္ ေဒၚလာ ၈၀၀ ေပးခဲ့သည္ဟု ဆိုသည္။

“ဟုန္ေပါင္နဲ႔ ပတ္သက္ျပီး ကၽြန္မ အခုထိ အံ့အားသင့္ေနတုန္းပဲ” ဟု Dana Wang က သူ၏ ဗြီဒီယိုဖိုင္တြင္ ကက္ပ္ရွင္ ေရးသားခဲ့သည္။

ထိုမဂၤလာပြဲ ဗြီဒီယုိဖိုင္သည္ လူမႈကြန္ရက္သံုးစြဲသူတို႔ကို မ်ားစြာအံ့အားသင့္ေစခဲ့ျပီး ယခုႏွစ္၏ အခမ္းနားဆံုး မဂၤလာပြဲျဖစ္ႏိုင္သည္ဟု ေျပာဆိုလ်က္ရွိသည္။

လူမႈကြန္ရက္ အသံုးျပဳသူမ်ားစြာက ထိုစံုတြဲ၏ ရက္ေရာမႈႏွင့္ ေအာက္က်ဳိ႕မႈတုိ႔ကို ခ်ီးက်ဴးခဲ့ၾကသည္။

“သူတို႔က မာန္မာနမရွိဘဲ ဧည့္သည္ေတာ္ေတြကို လက္ေဆာင္ေတြ ေပးခဲ့ၾကပါတယ္။ သူတုိ႔ကို ခ်ီးေျမွာက္ဖို႔ မဂၤလာပြဲတက္လာၾကသူေတြကို ဘယ္လို appreciate လုပ္တယ္ဆိုတာ ဒါေတြက ျပသေနပါတယ္။” ဟု ဆိုၾကသည္။

“ကိုယ့္မဂၤလာပြဲ လာတဲ့ ဧည့္သည္ေတာ္ေတြ လမ္းစရိတ္မကုန္ေစတာ တကယ့္ အဆင့္အတန္းပါပဲ” ဟု လူမႈကြန္ရက္အသံုးျပဳသူတစ္ဦးက မွတ္ခ်က္ျပဳသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Rs 66,000 Cash Gift For Each Guest At "Crazy Rich Asian" Wedding (ndtv)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service