အမေရိကန်ပြည်၊ ဒင်ဗာမြို့တွင် အိမ်ရာမဲ့များကို ဒေါ်လာ ၁၀၀၀ ထောက်ပံ့ခဲ့ပြီး တစ်နှစ်အကြာတွင် အထောက်အပံ့ရသော အိမ်ရာမဲ့များအနက် ထက်ဝက်ခန့်မှာ အိမ်ရာအတည်တကျ နေနိုင်လာခဲ့
အမေရိကန်ပြည်၊ ဒင်ဗာမြို့တွင် အိမ်ရာမဲ့များကို ဒေါ်လာ ၁၀၀၀ ထောက်ပံ့ခဲ့ပြီး တစ်နှစ်အကြာတွင် အထောက်အပံ့ရသော အိမ်ရာမဲ့များအနက် ထက်ဝက်ခန့်မှာ အိမ်ရာအတည်တကျ နေနိုင်လာခဲ့ - Property News in Myanmar from iMyanmarHouse.com
4 Jul 2024 1:32 pm တွင် တင်ခဲ့သည်
425 ကြိမ် ကြည့်ရှု့ပြီး
[Unicode] 
ဂျဲရွန် လောစ် (Jarun Laws) သည် အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်၊ ဒင်ဗာ မြို့လယ်နှင့် နီးသော စားသောက်ဆိုင်တစ်ခု၏ ကားပါကင်နေရာတွင် သူ၏ ကားထဲ၌ အခြေချနေထိုင်လျက်ရှိသည်။
သူသည် ထိုစားသောက်ဆိုင်တွင် အချက်အပြုတ်ပိုင်း၌ ၂၀၂၀ ပြည့်နှစ်အထိ လုပ်ကိုင်ခဲ့ပြီး တစ်လလျှင် ကန်ဒေါ်လာ ၄၀၀ ခန့် ရခဲ့သည်။
ထိုဝင်ငွေမှာ သူ့ကားအတွက် ငွေသွင်းနေရမှုများနှင့် ကလေးစရိတ်တို့အတွက် လုံလောက်မှု မရှိချေ။
အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်သော ဂျဲရွန်သည် လစာငွေဖြင့် ရံဖန်ရံခါတွင် ဈေးပေါသော ဟိုတယ်တစ်ခု၌ တည်းခိုပြီး သူ၏သားသမီးများနှင့် အချိန်ကုန်လွန်ဖြတ်သန်းလေ့ရှိသည်။
ဂျဲရွန်သည် အစားအစာ၊ အဝတ်အစားနှင့် ဆေးဝါးတို့အတွက် မနည်းရုန်းကန်နေရသည်။
သူအိမ်ရာမဲ့ဘဝရောက်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုနီးပါး ရှိပြီ။
ဂျဲရွန်သည် ‘ဒင်ဗာ အခြေခံဝင်ငွေ စီမံကိန်း’ တွင် စာရင်းပါခဲ့ပြီးနောက်ပိုင်း အခြေအနေပြောင်းလဲသွားခဲ့ပြီး ပရိဘောဂများပါသည့် လူနေခန်းတစ်ခုတွင် ယာယီနေထိုင်ခွင့် ရရှိခဲ့သည်။ထို့ကြောင့် ကလေးများနှင့် အချိန်ပိုမို ကုန်လွန်ဖြတ်သန်းနိုင်ခဲ့သည့်အပြင် လစာဝင်ငွေ ပိုကောင်းသည့် အလုပ်တစ်ခု ရှာဖွေနိုင်ခဲ့သည်။
“ကလေးတွေအတွက် ဖခင်ကောင်းတစ်ယောက် ဖြစ်လာပါတော့မလားလို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ် ခဲ့မိပါတယ်။ အခြေခံဝင်ငွေစီမံကိန်းမှာ ကျွန်တော့်ကို လက်ခံခဲ့ပြီးနောက်ပိုင်း ကျွန်တော့်ဘဝ ပြောင်းလဲသွား စေခဲ့ပါတယ်” ဟု ဂျဲရွန်က Business Insider သို့ ပြောခဲ့ဖူးသည်။
ဒင်ဗာမြို့၏ အခြေခံဝင်ငွေ စီမံကိန်းမှာ ၂၀၂၂ ခုနှစ်၊ ဆောင်းရာသီတွင် စတင်ခဲ့ပြီး ကော်လိုရာဒိုပြည်နယ်မှ အိမ်ရာမဲ့ပေါင်း ၈၀၀ ကျော်ကို ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။
မော်တော်ကားပေါ်တွင် နေထိုင်ရသူများ၊ ယာယီတဲများတွင် နေသူများ၊ လမ်းပေါ် (သို့မဟုတ်) နေရာ အတည်တကျ မရှိသူများ အားလုံးပါဝင်ခဲ့သည်။
ဂျဲရွန်ကဲ့သို့ အိမ်ရာမဲ့များမှာ တိုက်ရိုက်ငွေသား ထောက်ပံ့မှု ရရှိခဲ့ပြီး မည်သည့် နှောင်ကြိုးမှ မရှိခဲ့ဘဲ လိုအပ်သည့်ကိစ္စအားလုံးအတွက် ငွေသုံးစွဲခွင့် ပေးထားသည်။
ဒင်ဗာမြို့အုပ်ချုပ်ရေးအဖွဲ့က အဆိုပါစီမံကိန်း၏ တစ်နှစ်ပြည့်အစီရင်ခံစာကို ဇွန်လ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုအစီရင်ခံစာအရ ထောက်ပံ့မှု ရရှိသူများအနက် ၄၅ ရာခိုင်နှုန်းမှာ ထောက်ပံ့မှုရပြီး ၁၀ လအကြာတွင် အိမ် (သို့မဟုတ်) တိုက်ခန်းဖြင့် နေထိုင်နိုင်လာကြကြောင်း တွေ့ရှိခဲ့သည်။ ထို့အပြင် အရေးပေါ်ကုသမှု ခံယူရခြင်း၊ ဆေးရုံတက်ရခြင်း၊ ယာယီခိုလှုံရာနေရာများတွင် နေထိုင်ရခြင်းနှင့် ဖမ်းဆီးခံရခြင်းများ နည်းပါးသွားသည်ကို တွေ့ရသည်။
ထိုသို့ အများပြည်သူဝန်ဆောင်မှုများ အသုံးပြုမှု ကျဆင်းသွားခြင်းမှာ ဒင်ဗာမြို့အတွက် ဒေါ်လာ ၅၈၉၂၁၄ သက်သာစေခဲ့ကြောင်း ထိုအစီရင်ခံစာတွင် ခန့်မှန်းထားသည်။
(ဆက်စပ်သတင်း)
အမေရိကန်ပြည်ထောင်စု၊ အော်စတင်မြို့တွင် ဆင်းရဲနွမ်းပါးသူများကို တစ်လလျှင် ဒေါ်လာ ၁၀၀၀ ပေးကာ စမ်းသပ်မှုပြုလုပ်ရာ နေရေးအတွက် အဓိကအသုံးပြုသည်ကို လေ့လာတွေ့ရှိ
https://www.imyanmarhouse.com/news/read/1097757
အမေရိကန်ပြည် ဒင်ဗာမြို့တွင် ဆင်းရဲနွမ်းပါးသူများအား တစ်လလျှင် ဒေါ်လာ ၁၀၀၀ ပေးကာ စမ်းသပ်မှု တစ်ခု ပြုလုပ်ရာ အိမ်ရာမဲ့များ လျှော့ချနိုင်ပြီး အလုပ်အကိုင်ရရှိသူ မြင့်တက်စေကြောင်း လေ့လာတွေ့ရှိ
https://www.imyanmarhouse.com/news/read/1087523
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Denver gave people experiencing homelessness $1,000 a month. A year later, nearly half of participants had housing. (businessinsider)
[Zawgyi]
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
Magical World
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service