၂၃ နာရီလျှင် တစ်ကြိမ် ရာဇာဝတ်မှုတစ်ခု ဖြစ်ပွားသောနေရာ၊ ရဲနှင့် လူနာတင်ကား မကြာခဏ ခေါ်နေရသော နေရာ (သို့မဟုတ်) ဗြိတိန်၏ အန္တရာယ်အကြီးဆုံး စရိုက်အကျဆုံးလမ်း

၂၃ နာရီလျှင် တစ်ကြိမ် ရာဇာဝတ်မှုတစ်ခု ဖြစ်ပွားသောနေရာ၊ ရဲနှင့် လူနာတင်ကား မကြာခဏ ခေါ်နေရသော နေရာ (သို့မဟုတ်) ဗြိတိန်၏ အန္တရာယ်အကြီးဆုံး စရိုက်အကျဆုံးလမ်း - Property News in Myanmar from iMyanmarHouse.com
20 Jun 2024 11:32 am တွင် တင်ခဲ့သည်
754 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဝတ်လစ်စလစ်နေထိုင်သူများ၊ တားမြစ်ထားသော ဆေးများ ရှုူနေကြသည့် ပါတီပွဲသွားသူများကို ထိုလမ်းထဲတွင် တွေ့ရမည့်အပြင် အရက်သမားတို့၏ ရန်ပွဲများကိုလည်း မကြာခဏတွေ့ရမည့်နေရာ။

ဗြိတိန်၏ အန္တရာယ်အကြီးမားဆုံးလမ်းတစ်ခုက သင့်အား စောင့်ကြိုနေပါသည်။

လမ်းပေါ်တွင် Zombie ဆေးဟု အလွယ်ခေါ်ကြသော xylazine ပါသော စိတ်ငြိမ်ဆေးများ၊ ကိုကင်းများကို လမ်းပေါ်တွင် ပြောင်ပြာင်တင်းတင်း ရောင်းချနေကြကြောင်း ခြောက်ခြားနေသည့် လမ်းသူလမ်းသားတို့က ပြောသည်။

လမ်းထဲရှိ အကြော်ဆိုင်များတွင် လူရမ်းကားများကို ဆွဲထုတ်ရန် ဝန်ထမ်းများပင် ခန့်ထားရသည်။

ထိုလမ်းမည်သည့် နေရာတွင် ရှိသနည်း။

အင်္ဂလန်နိုင်ငံ၊ လိဒ်မြို့တွင်ရှိပြီး ဒန်ကန်လမ်း (Duncan street) ဟု အမည်ရသည်။

(သွေးချင်းချင်းနီနေသော ပါတီတက်သူတစ်ဦးကို အပေါ်ပိုင်း အဝတ်အစားမဲ့ အနေအထားဖြင့် လိဒ်စ်မြို့၊ ဒန်ကန်လမ်းပေါ်တွင်တွေ့ရပုံ။ ဓာတ်ပုံ-NB Press Ltd)

(လမ်းထဲတွင် ရန်ပွဲများ၊ လူ့စည်းလူ့ဘောင်နှင့် ဆန့်ကျင်သော အပြုအမူများ အမြဲတွေ့နေရကြောင်း ဒေသခံ တို့က The Sun သတင်းဌာနသို့ ပြောသည်။ ဓာတ်ပုံ-NB Press Ltd)

(ပျော်ရွှင်စေသော ဓာတ်ငွေ့ဟု အလွယ်ခေါ်ကြသည့် nitrous oxide ကို ပူဖောင်းတစ်ခုထဲမှ ရှူနေသူတစ်ဦး။ ဓာတ်ပုံ-NB Press Ltd)

ဒန်ကန်လမ်းသည် နေ့ဘက်တွင်ကား သာမန်အတိုင်း၊ သူမဟုတ်သလိုပင်။

လမ်းမှာ ၁ မိုင်၏ လေးပုံတစ်ပုံခန့်သာ ရှည်လျားပြီး ဈေးဆိုင်အနည်းအကျဉ်း၊ Fast Food ဆိုင်အနည်းငယ်နှင့် အိမ်ခြံမြေအကျိုးဆောင်တစ်ခုတို့ရှိသည်။

သို့သော် ညသို့ ရောက်ချိန်တွင်ကား ငရဲပွက်သကဲ့သို့ ရှိသည်။

ရန်ပွဲများ ညတိုင်းရှိပြီး မူးယစ်ဆေး ရောင်းဝယ်သုံးစွဲမှုမှာ ဓလေ့တစ်ခုသဖွယ် ဖြစ်နေသည်။

ကလပ်တက်သူများမှာ လမ်းဘေးပလက်ဖောင်းတွင် မူးရူးကာ လဲလျောင်းနေကြသည်။

Night Out ထွက်သော အမျိုးသမီးများ ဖျော်ရည်ထဲသို့ မူးယစ်ဆေးအခတ်ခံရသည့် သတင်းများကလည်း အမြဲ ကြားရသည်။

ကလပ် ၃ ခုမှာ ဒန်ကန်လမ်းမှ ခဲတစ်ပစ်စာမျှသာ ဝေးသည်။

ထိုလမ်းမှ ၅ မိနစ်ခန့်သာ လမ်းလျှောက်သွားရသော နေရာတွင် နေထိုင်သည့် အမျိုးသမီးဆိုလျှင် ညဘက်အိမ်ပြန်မည်ဆိုပါက အန္တရာယ်ရှောင်ရှားနိုင်ရန် ကားငှားပြန်ရကြောင်း ပြောသည်။

ပြီးခဲ့သောနှစ်အတွင်း ဒန်ကန်လမ်းပေါ် (သို့မဟုတ်) ထိုလမ်းအနီးဝန်းကျင်တွင် ရာဇဝတ်မှုနှင့် မဖွယ်မရာ ပြုလုပ်မှု ၃၇၈ မှုအထိ ရှိခဲ့သည်ဟု ဆိုသည်။

တနည်းအားဖြင့် ၂၃ နာရီလျှင် ရာဇဝတ်မှု တစ်ကြိမ်ဖြစ်ပွားနေခြင်းဖြစ်ရာ လန်ဒန်အရှေ့ပိုင်းထက်ပင် ပိုမိုဆိုးရွားနေသည်။

ထိုလမ်းပေါ်တွင် နေထိုင်သည့် အရက်ဆိုင်ရှင် Kevin Baimbridge က ပြောသည်မှာ ဆိုင်ပြတင်းပေါက်များကို မကြာခဏ ပိတ်ထားရကြောင်း၊ လမ်းပေါ်တွင် Spice နှင့် ကိုကင်းများ ပေါ်ပေါ်တင်တင် ရောင်းချနေကြ ကြောင်း ပြောသည်။

“ပူဖောင်းကနေ ဆေးရှုသူတွေ တစ်လမ်းလုံး ပြည့်နေပြီး ပုလင်းကွဲတွေက တစ်လှမ်းလောက် နေရာတကာ ပျံ့ကြဲနေပါတယ်။ ကျွန်တော်တို့ ပြတင်းပေါက်တွေ ခဏခဏ ကွဲရတယ်။”

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ရုပ်သံအစီအစဉ် တင်ဆက်သူ Helen Skelton သည် ဒန်ကန်လမ်းထောင့် တွင် ရှိနေစဉ် လမ်းတွင်း ရန်ပွဲတစ်ခုမှ ပစ်လိုက်သော ပုလင်းတစ်လုံးက သူမကို လာမှန်ခဲ့သည်။

(ရုပ်သံကြယ်ပွင့် ဟယ်လင်စကယ်တန် ပုလင်းဖြင့် အပစ်ခံခဲ့ရသည်။ ဓာတ်ပုံ-NB PRESS LTD)

(ရဲတပ်ဖွဲ့နှင့် လူနာတင်ကား မကြာခဏ ခေါ်ရသည်။ ဓာတ်ပုံ-NB PRESS LTD)

(ကလပ် ၂ ခုနှင့် အရက်ဘားတစ်ခုမှာ ကိုက်အနည်းငယ်စီသာ ကွာဝေးကြသည်။ ဓာတ်ပုံ-NB PRESS LTD)

(ကလပ်တက်သူ ၃ ဦးကို ဒန်ကန်လမ်းပေါ်တွင် တွေ့ရပုံ။ ဓာတ်ပုံ-NB PRESS LTD)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: STREET OF SHAME Inside UK’s most dangerous street where spice dealers run riot, takeaways have bouncers & a crime is reported every DAY (thesun)

Photo Credit: NB Press Ltd

[Zawgyi]

၂၃ နာရီလွ်င္ တစ္ၾကိမ္ ရာဇာဝတ္မႈတစ္ခု ျဖစ္ပြားေသာေနရာ၊ ရဲႏွင့္ လူနာတင္ကား မၾကာခဏ ေခၚေနရေသာ ေနရာ (သို႔မဟုတ္) ျဗိတိန္၏ အႏၱရာယ္အၾကီးဆံုး စရိုက္အက်ဆံုးလမ္း

ဝတ္လစ္စလစ္ေနထိုင္သူမ်ား၊ တားျမစ္ထားေသာ ေဆးမ်ား ရႈဴေနၾကသည့္ ပါတီပြဲသြားသူမ်ားကို ထိုလမ္းထဲတြင္ ေတြ႔ရမည့္အျပင္ အရက္သမားတို႔၏ ရန္ပြဲမ်ားကိုလည္း မၾကာခဏေတြ႔ရမည့္ေနရာ။

ျဗိတိန္၏ အႏၱရာယ္အၾကီးမားဆံုးလမ္းတစ္ခုက သင့္အား ေစာင့္ၾကိဳေနပါသည္။

လမ္းေပၚတြင္ Zombie ေဆးဟု အလြယ္ေခၚၾကေသာ xylazine ပါေသာ စိတ္ျငိမ္ေဆးမ်ား၊ ကိုကင္းမ်ားကို လမ္းေပၚတြင္ ေျပာင္ျပာင္တင္းတင္း ေရာင္းခ်ေနၾကေၾကာင္း ေျခာက္ျခားေနသည့္ လမ္းသူလမ္းသားတို႔က ေျပာသည္။

လမ္းထဲရွိ အေၾကာ္ဆိုင္မ်ားတြင္ လူရမ္းကားမ်ားကို ဆြဲထုတ္ရန္ ဝန္ထမ္းမ်ားပင္ ခန္႔ထားရသည္။

ထိုလမ္းမည္သည့္ ေနရာတြင္ ရွိသနည္း။

အဂၤလန္ႏိုင္ငံ၊ လိဒ္ျမိဳ႕တြင္ရွိျပီး ဒန္ကန္လမ္း (Duncan street) ဟု အမည္ရသည္။

(ေသြးခ်င္းခ်င္းနီေနေသာ ပါတီတက္သူတစ္ဦးကို အေပၚပိုင္း အဝတ္အစားမဲ့ အေနအထားျဖင့္ လိဒ္စ္ျမိဳ႕၊ ဒန္ကန္လမ္းေပၚတြင္ေတြ႔ရပံု။ ဓာတ္ပံု-NB Press Ltd)

(လမ္းထဲတြင္ ရန္ပြဲမ်ား၊ လူ႔စည္းလူ႔ေဘာင္ႏွင့္ ဆန္႔က်င္ေသာ အျပဳအမူမ်ား အျမဲေတြ႔ေနရေၾကာင္း ေဒသခံ တို႔က The Sun သတင္းဌာနသို႔ ေျပာသည္။ ဓာတ္ပံု-NB Press Ltd)

(ေပ်ာ္ရႊင္ေစေသာ ဓာတ္ေငြ႔ဟု အလြယ္ေခၚၾကသည့္ nitrous oxide ကို ပူေဖာင္းတစ္ခုထဲမွ ရွဴေနသူတစ္ဦး။ ဓာတ္ပံု-NB Press Ltd)

ဒန္ကန္လမ္းသည္ ေန႔ဘက္တြင္ကား သာမန္အတိုင္း၊ သူမဟုတ္သလိုပင္။ လမ္းမွာ ၁ မိုင္၏ ေလးပံုတစ္ပံုခန္႔သာ ရွည္လ်ားျပီး ေစ်းဆိုင္အနည္းအက်ဥ္း၊ Fast Food ဆိုင္အနည္းငယ္ႏွင့္ အိမ္ျခံေျမအက်ဳိးေဆာင္တစ္ခုတို႔ရွိသည္။

သို႔ေသာ္ ညသို႔ ေရာက္ခ်ိန္တြင္ကား ငရဲပြက္သကဲ့သို႔ ရွိသည္။

ရန္ပြဲမ်ား ညတိုင္းရွိျပီး မူးယစ္ေဆး ေရာင္းဝယ္သံုးစြဲမႈမွာ ဓေလ့တစ္ခုသဖြယ္ ျဖစ္ေနသည္။

ကလပ္တက္သူမ်ားမွာ လမ္းေဘးပလက္ေဖာင္းတြင္ မူးရူးကာ လဲေလ်ာင္းေနၾကသည္။

Night Out ထြက္ေသာ အမ်ဳိးသမီးမ်ား ေဖ်ာ္ရည္ထဲသို႔ မူးယစ္ေဆးအခတ္ခံရသည့္ သတင္းမ်ားကလည္း အျမဲ ၾကားရသည္။

ကလပ္ ၃ ခုမွာ ဒန္ကန္လမ္းမွ ခဲတစ္ပစ္စာမွ်သာ ေဝးသည္။

ထိုလမ္းမွ ၅ မိနစ္ခန္႔သာ လမ္းေလွ်ာက္သြားရေသာ ေနရာတြင္ ေနထိုင္သည့္ အမ်ဳိးသမီးဆိုလွ်င္ ညဘက္အိမ္ျပန္မည္ဆိုပါက အႏၱရာယ္ေရွာင္ရွားႏိုင္ရန္ ကားငွားျပန္ရေၾကာင္း ေျပာသည္။

ျပီးခဲ့ေသာႏွစ္အတြင္း ဒန္ကန္လမ္းေပၚ (သို႔မဟုတ္) ထုိလမ္းအနီးဝန္းက်င္တြင္ ရာဇဝတ္မႈႏွင့္ မဖြယ္မရာ ျပဳလုပ္မႈ ၃၇၈ မႈအထိ ရွိခဲ့သည္ဟု ဆိုသည္။

တနည္းအားျဖင့္ ၂၃ နာရီလွ်င္ ရာဇဝတ္မႈ တစ္ၾကိမ္ျဖစ္ပြားေနျခင္းျဖစ္ရာ လန္ဒန္အေရွ႕ပုိင္းထက္ပင္ ပိုမိုဆုိးရြားေနသည္။

ထိုလမ္းေပၚတြင္ ေနထုိင္သည့္ အရက္ဆုိင္ရွင္ Kevin Baimbridge က ေျပာသည္မွာ ဆိုင္ျပတင္းေပါက္မ်ားကို မၾကာခဏ ပိတ္ထားရေၾကာင္း၊ လမ္းေပၚတြင္ Spice ႏွင့္ ကိုကင္းမ်ား ေပၚေပၚတင္တင္ ေရာင္းခ်ေနၾက ေၾကာင္း ေျပာသည္။

“ပူေဖာင္းကေန ေဆးရႈသူေတြ တစ္လမ္းလံုး ျပည့္ေနျပီး ပုလင္းကြဲေတြက တစ္လွမ္းေလာက္ ေနရာတကာ ပ်ံ႕ၾကဲေနပါတယ္။ ကၽြန္ေတာ္တို႔ ျပတင္းေပါက္ေတြ ခဏခဏ ကြဲရတယ္။”

၂၀၂၃ ခုႏွစ္၊ ဇန္နဝါရီလအတြင္းက ရုပ္သံအစီအစဥ္ တင္ဆက္သူ Helen Skelton သည္ ဒန္ကန္လမ္းေထာင့္ တြင္ ရွိေနစဥ္ လမ္းတြင္း ရန္ပြဲတစ္ခုမွ ပစ္လုိက္ေသာ ပုလင္းတစ္လံုးက သူမကို လာမွန္ခဲ့သည္။

(ရုပ္သံၾကယ္ပြင့္ ဟယ္လင္စကယ္တန္ ပုလင္းျဖင့္ အပစ္ခံခဲ့ရသည္။ ဓာတ္ပံု-NB PRESS LTD)

(ရဲတပ္ဖြဲ႔ႏွင့္ လူနာတင္ကား မၾကာခဏ ေခၚရသည္။ ဓာတ္ပံု-NB PRESS LTD)

(ကလပ္ ၂ ခုႏွင့္ အရက္ဘားတစ္ခုမွာ ကိုက္အနည္းငယ္စီသာ ကြာေဝးၾကသည္။ ဓာတ္ပံု-NB PRESS LTD)

(ကလပ္တက္သူ ၃ ဦးကို ဒန္ကန္လမ္းေပၚတြင္ ေတြ႔ရပံု။ ဓာတ္ပံု-NB PRESS LTD)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: STREET OF SHAME Inside UK’s most dangerous street where spice dealers run riot, takeaways have bouncers & a crime is reported every DAY (thesun)

Photo Credit: NB Press Ltd

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
Mingalar Market
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service