မိုဂျာဗီသဲကန္တာရအလယ်မှ လူသူတစ်ဦးမှ မရှိသော မြို့ကလေးတွင် ဖွင့်လှစ်ထားသော ကော်ဖီဆိုင်ကလေး

မိုဂျာဗီသဲကန္တာရအလယ်မှ လူသူတစ်ဦးမှ မရှိသော မြို့ကလေးတွင် ဖွင့်လှစ်ထားသော ကော်ဖီဆိုင်ကလေး - Property News in Myanmar from iMyanmarHouse.com
19 Jun 2024 12:24 pm တွင် တင်ခဲ့သည်
614 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ မိုဂျာဗီသဲကန္တာရအလယ်တွင် လူသူတစ်ဦးမှ မရှိသော မြို့ကလေးတစ်ခုရှိနေသည်။

ထိုမြို့လေးတွင် လာရောက်ကာ မိုတယ်၊ ကော်ဖီဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ရှေးယခင်ကကဲ့သို့ ပြန်လည် စည်ပင်ဖွံ့ဖြိုးလာစေရန် အစွမ်းကုန် ကြိုးစားနေသည်။

မြို့လေး၏ အမည်မှာ Amboy ဖြစ်သည်။

အသက် ၃၁ နှစ်အရွယ်ရှိ ကိုင်လ် အိုကူရာသည် Amboy မြို့လေးရှိ လုပ်ငန်းများနှင့် ပိုင်ဆိုင်မှုအရပ်ရပ်ကို ဖခင်ဖြစ်သူ လွန်ခဲ့သောနှစ်အတွင်း ကွယ်လွန်ခဲ့ပြီးနောက်ပိုင်း အမွေဆက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ တရားဝင် သန်းခေါင်စာရင်းတွင် လူဦးရေ တစ်ဦးမှမရှိသောမြို့လေးဖြစ်ကြောင်း လော့စ်အိန်ဂျလိတိုင်းမ် သတင်းတစ်ရပ် တွင် ဖော်ပြသည်။

Amboy မြို့လေးမှာ နာမည်ကျော် အမှတ် ၆၆ လမ်းမကြီးပေါ်တွင် တည်ရှိပြီး ကမ္ဘာလှည့်ခရီးသွားများက အထင်ကရ ၆၆ လမ်းမကြီး စာလုံးများနှင့်အတူ တွဲကာ ဓာတ်ပုံရိုက်ကြလေ့ရှိသည်။

Amboy မြို့လေးတွင် လည်ပတ်နေသည့် တစ်ခုတည်းသော စီးပွားရေးလုပ်ငန်းဖြစ်သည့် Roy’s Motel & Café ၏ အလျား ပေ ၅၀ ရှိ နီယွန်ဆိုင်းဘုတ်တစ်ခုမှာလည်း မြို့လေးအား ပြန်လည်အသက်ဝင်လာစေရန် ကြိုးစားရာ တွင် ဆွဲဆောင်ရေးအတွက် အဓိက အသုံးပြုသောနေရာတစ်ခု ဖြစ်လာသည်။

“သဲကန္တာရထဲမှာရှိပြီး ဘာနဲ့မှ မနီးပါဘူး။ ဒါပေမယ့် Amboy မြို့လေးမှာ လူအမျိုးမျိုးကို တွေ့ရမှာ ဖြစ်ပါတယ်။” ဟု အိုကူရာက ပြောသည်။

“ဒါက တကယ့်အံ့ဖွယ်ပါပဲ။ ကမ္ဘာ့နေရာအမျိုးမျိုးက အဖြစ်အပျက်မျိုးစုံကို ကြားရမှာ ဖြစ်ပါတယ်”

 

(Roy’s ကို Roy Crowl က စတင်ဖွင့်လှစ်ခဲ့ရာတွင် အမေရိကန် အရှေ့-အနောက် ဆက်သွယ်ပေးထားသော အမှတ် ၆၆ လမ်းမကြီးပေါ်တွင် ခရီးသွားသည့် ကားသမားများ နားခိုရန်အဖြစ် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်)

ဤနေရာတွင် ၁၈၅၈ ခုနှစ်က သတ္တုတူးဖော်ရေးစခန်းအဖြစ် စတင်တည်ထောင်ခဲ့သည့်နောက်ပိုင်း ခရီးသွားများ ရပ်နားတည်းခိုရာ ဖြစ်ခဲ့သည်။

ယင်းနောက်ပိုင်း အတ္တလန္တိတ်နှင့် ပစိဖိတ် ရထားဘူတာတစ်ခုရှိလာသည်အထိ စည်ကားလာသော မြို့တစ်မြို့ ဖြစ်လာခဲ့ပြီး ဘူတာကိုလည်း Amboy ဟု အမည်ပေးခဲ့သည်။

ယနေ့အခါတွင်ကား Amboy သည် လူမရှိသောအိမ်များ၊ အဆောက်အအုံများ၊ ပိတ်သိမ်းထားသော စာတိုက် တစ်ခု၊ ဝတ်ပြုသူမရှိသော ဘုရားကျောင်း၊ ကျောင်းသားမရှိသော စာသင်ကျောင်းတစ်ခုတို့နှင့် တိတ်ဆိတ် ခြောက်ကပ်စွာ ရှိနေသည်။

Amboy တွင် သက်ရှိတို့ နေထိုင်ကြောင်း ပြသနိုင်သည့်နေရာဟူ၍ Roy’s သာ ရှိတော့သည်။

Roy’s တွင် အအေး၊ မုန့်နှင့် အမှတ်တရပစ္စည်းများ ဝယ်ယူရရှိနိုင်သည်။ ဆိုင်အပြင်ဘက်တွင် ဆီပန့် ၃ ခုရှိပြီး ဓာတ်ဆီ တစ်ဂါလံလျှင် ၆ ဒသမ ၄၉ ဒေါ်လာဖြင့် ဝယ်ယူရရှိနိုင်သည်။

 

(Roy’s ၏ လက်ထောက်မန်နေဂျာ Nicole Rachel က သမိုင်းဝင် ဘုရားကျောင်းငယ်ကို ကမ္ဘာလှည့် ခရီးသည်များအား ဝင်ရောက်ကြည့်ရှုခွင့်ပြုပေးသည်)

 

(Amboy မြို့လေး၏ စာသင်ကျောင်း။ ယခုအခါ ဘုတ်ပြားများဖြင့် ပိတ်ထားပြီး စွန့်ပစ်ခံထားရသည်)

 

(Roy’s ဓာတ်ဆီဆိုင်အနီး လူသူကင်းမဲ့သော ကားပါကင်နေရာတွင် ခွေးတစ်ကောင်သွားလာနေသည်ကို ၂၀၂၄ ခုနှစ်၊ မေလ ၂၄ ရက်က တွေ့ရပုံ)

 

(အိုကူရာကို Roy’s ၏ ရှေ့၌ ချစ်သူမိန်းကလေး Crysta Bree နှင့်အတူ နေဝင်ဆည်းဆာချိန်တွင် ဆဲလ်ဖီး ဓာတ်ပုံရိုက်နေသည်ကို တွေ့ရပုံ)

 

(Roy’s ဆိုင်းဘုတ်ရှေ့တွင် အုပ်စုလိုက်ဓာတ်ပုံရိုက်နေသော ပြင်သစ် ကမ္ဘာလှည့်ခရီးသည်များကို ၂၀၂၄ ခုနှစ်၊ မေလ ၂၄ ရက်က တွေ့ရပုံ)

 

(လက်ထောက်မန်နေဂျာ Nicole Rachel ကို Roy’s ၏ ဆိုင်ကောင်တာနောက်တွင် တွေ့ရပြီး ကမ္ဘာလှည့် ခရီးသည်များက အစာပြေမုန့် ဝယ်နေကြသည်ကို ၂၀၂၄ ခုနှစ်၊ မေလ ၂၄ ရက်က တွေ့ရပုံ)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside the American ghost town with population ZERO - where tourists flock to snap selfies with iconic sign - as one lonely man fights to save its legacy after inheriting it from his father (dailymail)

Photo Credit: dailymail

 

 

 

[Zawgyi]

မိုဂ်ာဗီသဲကႏၱာရအလယ္မွ လူသူတစ္ဦးမွ မရွိေသာ ျမိဳ႕ကေလးတြင္ ဖြင့္လွစ္ထားေသာ ေကာ္ဖီဆိုင္ကေလး

 

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္၊ မိုဂ်ာဗီသဲကႏၱာရအလယ္တြင္ လူသူတစ္ဦးမွ မရွိေသာ ျမိဳ႕ကေလးတစ္ခုရွိေနသည္။

ထိုျမိဳ႕ေလးတြင္ လာေရာက္ကာ မိုတယ္၊ ေကာ္ဖီဆိုင္ဖြင့္လွစ္ထားသူတစ္ဦးက ေရွးယခင္ကကဲ့သို႔ ျပန္လည္ စည္ပင္ဖြံ႔ျဖိဳးလာေစရန္ အစြမ္းကုန္ ၾကိဳးစားေနသည္။

ျမိဳ႕ေလး၏ အမည္မွာ Amboy ျဖစ္သည္။

အသက္ ၃၁ ႏွစ္အရြယ္ရွိ ကိုင္လ္ အိုကူရာသည္ Amboy ျမိဳ႕ေလးရွိ လုပ္ငန္းမ်ားႏွင့္ ပိုင္ဆိုင္မႈအရပ္ရပ္ကို ဖခင္ျဖစ္သူ လြန္ခဲ့ေသာႏွစ္အတြင္း ကြယ္လြန္ခဲ့ျပီးေနာက္ပိုင္း အေမြဆက္ခံခဲ့ျခင္းျဖစ္ေၾကာင္း၊ တရားဝင္ သန္းေခါင္စာရင္းတြင္ လူဦးေရ တစ္ဦးမွမရွိေသာျမိဳ႕ေလးျဖစ္ေၾကာင္း ေလာ့စ္အိန္ဂ်လိတိုင္းမ္ သတင္းတစ္ရပ္ တြင္ ေဖာ္ျပသည္။

Amboy ျမိဳ႕ေလးမွာ နာမည္ေက်ာ္ အမွတ္ ၆၆ လမ္းမၾကီးေပၚတြင္ တည္ရွိျပီး ကမၻာလွည့္ခရီးသြားမ်ားက အထင္ကရ ၆၆ လမ္းမၾကီး စာလံုးမ်ားႏွင့္အတူ တြဲကာ ဓာတ္ပံုရိုက္ၾကေလ့ရွိသည္။

Amboy ျမိဳ႕ေလးတြင္ လည္ပတ္ေနသည့္ တစ္ခုတည္းေသာ စီးပြားေရးလုပ္ငန္းျဖစ္သည့္ Roy’s Motel & Café ၏ အလ်ား ေပ ၅၀ ရွိ နီယြန္ဆိုင္းဘုတ္တစ္ခုမွာလည္း ျမိဳ႕ေလးအား ျပန္လည္အသက္ဝင္လာေစရန္ ၾကိဳးစားရာ တြင္ ဆြဲေဆာင္ေရးအတြက္ အဓိက အသံုးျပဳေသာေနရာတစ္ခု ျဖစ္လာသည္။

“သဲကႏၱာရထဲမွာရွိျပီး ဘာနဲ႔မွ မနီးပါဘူး။ ဒါေပမယ့္ Amboy ျမိဳ႕ေလးမွာ လူအမ်ဳိးမ်ဳိးကို ေတြ႔ရမွာ ျဖစ္ပါတယ္။” ဟု အိုကူရာက ေျပာသည္။

“ဒါက တကယ့္အံ့ဖြယ္ပါပဲ။ ကမၻာ့ေနရာအမ်ဳိးမ်ဳိးက အျဖစ္အပ်က္မ်ဳိးစံုကို ၾကားရမွာ ျဖစ္ပါတယ္”

(Roy’s ကို Roy Crowl က စတင္ဖြင့္လွစ္ခဲ့ရာတြင္ အေမရိကန္ အေရွ႕-အေနာက္ ဆက္သြယ္ေပးထားေသာ အမွတ္ ၆၆ လမ္းမၾကီးေပၚတြင္ ခရီးသြားသည့္ ကားသမားမ်ား နားခိုရန္အျဖစ္ ရည္ရြယ္ခဲ့ျခင္း ျဖစ္သည္)

ဤေနရာတြင္ ၁၈၅၈ ခုႏွစ္က သတၱဳတူးေဖာ္ေရးစခန္းအျဖစ္ စတင္တည္ေထာင္ခဲ့သည့္ေနာက္ပိုင္း ခရီးသြားမ်ား ရပ္နားတည္းခိုရာ ျဖစ္ခဲ့သည္။

ယင္းေနာက္ပိုင္း အတၱလႏၱိတ္ႏွင့္ ပစိဖိတ္ ရထားဘူတာတစ္ခုရွိလာသည္အထိ စည္ကားလာေသာ ျမိဳ႕တစ္ျမိဳ႕ ျဖစ္လာခဲ့ျပီး ဘူတာကိုလည္း Amboy ဟု အမည္ေပးခဲ့သည္။

ယေန႔အခါတြင္ကား Amboy သည္ လူမရွိေသာအိမ္မ်ား၊ အေဆာက္အအံုမ်ား၊ ပိတ္သိမ္းထားေသာ စာတိုက္ တစ္ခု၊ ဝတ္ျပဳသူမရွိေသာ ဘုရားေက်ာင္း၊ ေက်ာင္းသားမရွိေသာ စာသင္ေက်ာင္းတစ္ခုတို႔ႏွင့္ တိတ္ဆိတ္ ေျခာက္ကပ္စြာ ရွိေနသည္။

Amboy တြင္ သက္ရွိတို႔ ေနထိုင္ေၾကာင္း ျပသႏိုင္သည့္ေနရာဟူ၍ Roy’s သာ ရွိေတာ့သည္။

Roy’s တြင္ အေအး၊ မုန္႔ႏွင့္ အမွတ္တရပစၥည္းမ်ား ဝယ္ယူရရွိႏိုင္သည္။ ဆိုင္အျပင္ဘက္တြင္ ဆီပန္႔ ၃ ခုရွိျပီး ဓာတ္ဆီ တစ္ဂါလံလွ်င္ ၆ ဒသမ ၄၉ ေဒၚလာျဖင့္ ဝယ္ယူရရွိႏိုင္သည္။

(Roy’s ၏ လက္ေထာက္မန္ေနဂ်ာ Nicole Rachel က သမိုင္းဝင္ ဘုရားေက်ာင္းငယ္ကို ကမၻာလွည့္ ခရီးသည္မ်ားအား ဝင္ေရာက္ၾကည့္ရႈခြင့္ျပဳေပးသည္)

(Amboy ျမိဳ႕ေလး၏ စာသင္ေက်ာင္း။ ယခုအခါ ဘုတ္ျပားမ်ားျဖင့္ ပိတ္ထားျပီး စြန္႔ပစ္ခံထားရသည္)

(Roy’s ဓာတ္ဆီဆိုင္အနီး လူသူကင္းမဲ့ေသာ ကားပါကင္ေနရာတြင္ ေခြးတစ္ေကာင္သြားလာေနသည္ကို ၂၀၂၄ ခုႏွစ္၊ ေမလ ၂၄ ရက္က ေတြ႔ရပံု)

(အိုကူရာကို Roy’s ၏ ေရွ႕၌ ခ်စ္သူမိန္းကေလး Crysta Bree ႏွင့္အတူ ေနဝင္ဆည္းဆာခ်ိန္တြင္ ဆဲလ္ဖီး ဓာတ္ပံုရိုက္ေနသည္ကို ေတြ႔ရပံု)

(Roy’s ဆိုင္းဘုတ္ေရွ႕တြင္ အုပ္စုလိုက္ဓာတ္ပံုရိုက္ေနေသာ ျပင္သစ္ ကမၻာလွည့္ခရီးသည္မ်ားကို္ ၂၀၂၄ ခုႏွစ္၊ ေမလ ၂၄ ရက္က ေတြ႔ရပံု)

(လက္ေထာက္မန္ေနဂ်ာ Nicole Rachel ကို Roy’s ၏ ဆိုင္ေကာင္တာေနာက္တြင္ ေတြ႔ရျပီး ကမၻာလွည့္ ခရီးသည္မ်ားက အစာေျပမုန္႔ ဝယ္ေနၾကသည္ကို ၂၀၂၄ ခုႏွစ္၊ ေမလ ၂၄ ရက္က ေတြ႔ရပံု)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside the American ghost town with population ZERO - where tourists flock to snap selfies with iconic sign - as one lonely man fights to save its legacy after inheriting it from his father (dailymail)

Photo Credit: dailymail

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service