ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ အမှုစစ်‌ဆေးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ အမှုစစ်‌ဆေးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
8 Jun 2024 2:28 pm တွင် တင်ခဲ့သည်
943 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ အမှုစစ်ဆေးနည်း (၃) မျိုးရှိပြီး ၎င်းတို့မှာ ......

သမ္မာန်မှုစစ်ဆေးခြင်း၊ ဝရမ်းမှုစစ်ဆေးခြင်း၊ အကျဉ်းနည်းစစ်ဆေးခြင်းတို့ ဖြစ်ပါသည်။

(၆) လနှင့်အထက် အပြစ်ပေးနိုင်သော ပြစ်မှုများအား ဝရမ်းမှုများ စစ်ဆေးခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။ အမှုတွင် တရားခံမှ အချုပ်လွတ်ထုချေခွင့်ပြုရန် လျှောက်ထားပါက အာမခံဖြင့် ခွင့်ပြုပေးနိုင်သည်။တရားလိုနှင့် ၎င်း၏ သက်သေများမှ တရားရုံးတွင် ဦးစွာ ထွက်ဆိုခွင့်ပြီး အဓိကစစ်မေးခြင်းတွင် နိမိတ်ပြမေးခွန်းအား မေးမြန်း ခွင့်မရှိပါ။ အမှုဖြစ်အကြောင်းချင်းရာအား တရားလိုအမှုသည်ဘက်မှ သက်သေထင်ရှားစေရန် အစီအစဉ်အလိုက် မေးခွန်းများထုတ်၍ ပြန်လည် တင်ပြတတ်ရန်လဲ လိုပါသည်။

၎င်းမှ စစ်ဆေးပြီးပါက အစွပ်စွဲခံရသူ အမှုသည်မှ ပြန်လှန်စစ်မေးချက်အနေဖြင့် မေးမြန်းစစ်ဆေးရမည် ဖြစ်ပါသည်။ သက်သေများတွင်လဲ လိမ်လည်၍ ထွက်ဆိုနေသူ၊ ကြောက်ရွံ့၍ ထွက်ဆိုနေသူ၊ အမှန်တိုင်း ပွင့်လင်း ရှင်းလင်းစွာ ထွက်ဆိုသူဟူ၍ သက်သေအမျိုးမျိုးရှိတတ်ပြီး အဆိုပါသက်သေများအား တဖက်မှအမှုသည်ဘက်မှ ရှေ့နေ၏ ကျွမ်းကျင်မှုပေါ်မူတည်၍ အမှုအား အမှန်တိုင်းပေါ်ပေါက်စေရန် စစ်ဆေးမေးမြန်းခြင်းခံရမည် ဖြစ်ပါသည်။

ထို့သို့ စစ်ဆေးသည့်အခါ အကြောင်းချင်းရာ သက်သေခံချက်များမှာ တရားလိုစစ်မေးချက်များနှင့် ကွဲလွဲ နေလျှင် ထပ်မံမေးမြန်းခြင်းအနေဖြင့် တရားလိုမှ နောက်ထပ်စစ်မေးခြင်း ပြုနိုင်ပြီး ထို့သို့မေးမြန်းခြင်းမှာ ထွက်ဆိုချက်များအပေါ်တွင် ရှင်းလင်းစေရန် ထပ်မံ မေးမြန်းခြင်းပင်ဖြစ်ပါသည်။ ပြန်လှန်စစ်မေးခြင်း၌ မကွဲ လွဲလျှင် ထပ်မံမေးမြန်းခွင့်မရှိသလို၊ အချက်အလက်အသစ်အားလဲ မေးမြန်းခြင်း မပြုနိုင်ပါ။

တရားရုံး၏ ခွင့်ပြုချက်ဖြင့် အကြောင်းချင်းနှင့် ဆက်စပ်သည့်အချက်တစ်ချက်အား မေးမြန်းခြင်းမျိုး ဖြစ်ပါကလဲ အဆိုပါအချက်အား တဖက်အမှုသည်မှလဲ ပြန်လည်စစ်မေးခွင့်ရှိပါသည်။ မူလစစ်မေးချက်များ၊ ပြန်လည်စစ်မေးချက်များမှာ အမှုနှင့်သက်ဆိုင်သည့် အကြောင်းချင်းရာများ ဖြစ်ရန် လိုအပ်ပါသည်။ ပြန်လှန် စစ်မေးရာ၌ မူလစစ်မေးစဉ်က ထွက်ဆိုမှုများသာမက အခြားသော အမှုနှင့် သက်ဆိုင်သည့် အကြောင်းချင်းရာများပါ တဖက်အမှုသည်မှ မေးမြန်းခွင့်ရှိသည်။ တရားရုံးမှ ၎င်းကိုယ်တိုင် မေးမြန်းစစ်မေးခြင်းဖြစ်ပါက အမှုသည် များမှ ပြန်လှန်စစ်မေးခွင့်မရှိပါ။

သာမာန်အားဖြင့် ရဲထံအစစ်ခံချက်ကို အမှုတွင် ထည့်သွင်းစဉ်းစားနိုင်သော သက်သေခံချက်မဟုတ်ပါ။ သက်သေမှ ရဲထံထွက်ဆိုခဲ့သော အစစ်ခံချက်များ မှန်ကန်ပါသည်ဟု ထွက်ဆိုလျှင် တရားရုံးမှ ရဲထံထွက်ချက်များကို ထည့်သွင်းစဉ်းစားနိုင်သည်။ မယုံကြည်ထိုက်သော သက်သေတစ်ဦးဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိပါက တဖက်အမှုသည်မှ ရဲထံအစစ်ခံချက်နှင့် တိုက်ဆိုင်မေးမြန်းလိုလျှင် တရားရုံး၏ခွင့်ပြုချက် လိုအပ်ပါသည်။

ပြစ်မှုကျူးလွန်ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိပါက အစွပ်စွဲခံရသူ တရားခံအား တရားရှင်လွှတ်ပေးနိုင် ပါသည်။ တရားသူကြီးမှ အစွပ်စွဲခံရသူ တရားခံအား စွဲချက်မတင်မီ စစ်ဆေးလိုပါက စစ်ဆေးနိုင်ပါသည်။ ပြစ်မှု ကျူးလွန်ကြောင်း တရားရုံးမှ ယူဆနိုင်လျှင်တော့ တရားခံအား စွဲချက်တင်မည်ဖြစ်ပါသည်။

စွဲချက်တင်ရာ၌ အပြစ်ရှိမရှိမေးမြန်းပြီး တရားခံမှ ဝန်ခံလျှင် ထိုက်သင့်သောအပြစ်ပေးမည်ဖြစ်ကာ အပြစ်မရှိကြောင်း ထုချေပါက တရားလိုပြသက်သေများကို ထပ်မံစစ်ဆေးလိုပါက ခွင့်ပြုကာ ခေါ်ယူမေးမြန်းစေခြင်းပြုရမည်။ တရားခံအားစစ်ဆေးသည့်အခါတွင်လဲ သက်သေကဲ့သို့ အစစ်ခံလိုပါသလား မေးမြန်းမှု ပြုရပါမည်။

တရားခံကိုစစ်ဆေးပြီးသည့်အခါ တရားခံပြသက်သေများအား စစ်ဆေးခြင်းပြုမည်ဖြစ်ကာ တရားလို ဘက်မှလဲ ပြန်လှန်စစ်မေးခြင်းဖြင့် စစ်ဆေးမေးမြန်းမည်ဖြစ်ပါသည်။ အမှုတွင် တရားခံမှ ပြစ်မှုကျုးလွန် မထားကြောင်း ပေါ်ပေါက်ပါက တရားရုံးမှ အပြီးအပြတ်လွှတ်ပေးမည်ဖြစ်ကာ ပြစ်မှုကျုးလွန်ကြောင်း စစ်ဆေး တွေ့ရှိပါက တရားရုံးမှ ထိုက်သင့်သော ပြစ်ဒဏ်ချမှတ်မည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

  

[Zawgyi]

 

ျပစ္မႈဆိုင္ရာက်င့္ထုံးဥပေဒအရ အမႈစစ္‌ေဆးျခင္းအေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပလိုက္ပါတယ္။

 

ျပစ္မႈဆိုင္ရာ က်င့္ထုံးဥပေဒအရ အမႈစစ္ေဆးနည္း (၃) မ်ိဳး႐ွိၿပီး ၎တို႔မွာ ......

သမၼာန္မႈစစ္ေဆးျခင္း၊ ဝရမ္းမႈစစ္ေဆးျခင္း၊ အက်ဥ္းနည္းစစ္ေဆးျခင္းတို႔ ျဖစ္ပါသည္။

(၆) လႏွင့္အထက္ အျပစ္ေပးႏိုင္ေသာ ျပစ္မႈမ်ားအား ဝရမ္းမႈမ်ား စစ္ေဆးျခင္းျဖင့္ စစ္ေဆးႏိုင္ပါသည္။ အမႈတြင္ တရားခံမွ အခ်ဳပ္လြတ္ထုေခ်ခြင့္ျပဳရန္ ေလွ်ာက္ထားပါက အာမခံျဖင့္ ခြင့္ျပဳေပးႏိုင္သည္။တရားလိုႏွင့္ ၎၏ သက္ေသမ်ားမွ တရား႐ုံးတြင္ ဦးစြာ ထြက္ဆိုခြင့္ၿပီး အဓိကစစ္ေမးျခင္းတြင္ နိမိတ္ျပေမးခြန္းအား ေမးျမန္း ခြင့္မ႐ွိပါ။ အမႈျဖစ္အေၾကာင္းခ်င္းရာအား တရားလိုအမႈသည္ဘက္မွ သက္ေသထင္႐ွားေစရန္ အစီအစဥ္အလိုက္ ေမးခြန္းမ်ားထုတ္၍ ျပန္လည္ တင္ျပတတ္ရန္လဲ လိုပါသည္။

၎မွ စစ္ေဆးၿပီးပါက အစြပ္စြဲခံရသူ အမႈသည္မွ ျပန္လွန္စစ္ေမးခ်က္အေနျဖင့္ ေမးျမန္းစစ္ေဆးရမည္ ျဖစ္ပါသည္။ သက္ေသမ်ားတြင္လဲ လိမ္လည္၍ ထြက္ဆိုေနသူ၊ ေၾကာက္႐ြံ႕၍ ထြက္ဆိုေနသူ၊ အမွန္တိုင္း ပြင့္လင္း ႐ွင္းလင္းစြာ ထြက္ဆိုသူဟူ၍ သက္ေသအမ်ိဳးမ်ိဳး႐ွိတတ္ၿပီး အဆိုပါသက္ေသမ်ားအား တဖက္မွအမႈသည္ဘက္မွ ေ႐ွ႕ေန၏ ကြၽမ္းက်င္မႈေပၚမူတည္၍ အမႈအား အမွန္တိုင္းေပၚေပါက္ေစရန္ စစ္ေဆးေမးျမန္းျခင္းခံရမည္ ျဖစ္ပါသည္။

ထို႔သို႔ စစ္ေဆးသည့္အခါ အေၾကာင္းခ်င္းရာ သက္ေသခံခ်က္မ်ားမွာ တရားလိုစစ္ေမးခ်က္မ်ားႏွင့္ ကြဲလြဲ ေနလွ်င္ ထပ္မံေမးျမန္းျခင္းအေနျဖင့္ တရားလိုမွ ေနာက္ထပ္စစ္ေမးျခင္း ျပဳႏိုင္ၿပီး ထို႔သို႔ေမးျမန္းျခင္းမွာ ထြက္ဆိုခ်က္မ်ားအေပၚတြင္ ႐ွင္းလင္းေစရန္ ထပ္မံ ေမးျမန္းျခင္းပင္ျဖစ္ပါသည္။ ျပန္လွန္စစ္ေမးျခင္း၌ မကြဲ လြဲလွ်င္ ထပ္မံေမးျမန္းခြင့္မ႐ွိသလို၊ အခ်က္အလက္အသစ္အားလဲ ေမးျမန္းျခင္း မျပဳႏိုင္ပါ။

တရား႐ုံး၏ ခြင့္ျပဳခ်က္ျဖင့္ အေၾကာင္းခ်င္းႏွင့္ ဆက္စပ္သည့္အခ်က္တစ္ခ်က္အား ေမးျမန္းျခင္းမ်ိဳး ျဖစ္ပါကလဲ အဆိုပါအခ်က္အား တဖက္အမႈသည္မွလဲ ျပန္လည္စစ္ေမးခြင့္႐ွိပါသည္။ မူလစစ္ေမးခ်က္မ်ား၊ ျပန္လည္စစ္ေမးခ်က္မ်ားမွာ အမႈႏွင့္သက္ဆိုင္သည့္ အေၾကာင္းခ်င္းရာမ်ား ျဖစ္ရန္ လိုအပ္ပါသည္။ ျပန္လွန္ စစ္ေမးရာ၌ မူလစစ္ေမးစဥ္က ထြက္ဆိုမႈမ်ားသာမက အျခားေသာ အမႈႏွင့္ သက္ဆိုင္သည့္ အေၾကာင္းခ်င္းရာမ်ားပါ တဖက္အမႈသည္မွ ေမးျမန္းခြင့္႐ွိသည္။ တရား႐ုံးမွ ၎ကိုယ္တိုင္ ေမးျမန္းစစ္ေမးျခင္းျဖစ္ပါက အမႈသည္ မ်ားမွ ျပန္လွန္စစ္ေမးခြင့္မ႐ွိပါ။

သာမာန္အားျဖင့္ ရဲထံအစစ္ခံခ်က္ကို အမႈတြင္ ထည့္သြင္းစဥ္းစားႏိုင္ေသာ သက္ေသခံခ်က္မဟုတ္ပါ။ သက္ေသမွ ရဲထံထြက္ဆိုခဲ့ေသာ အစစ္ခံခ်က္မ်ား မွန္ကန္ပါသည္ဟု ထြက္ဆိုလွ်င္ တရား႐ုံးမွ ရဲထံထြက္ခ်က္မ်ားကို ထည့္သြင္းစဥ္းစားႏိုင္သည္။ မယုံၾကည္ထိုက္ေသာ သက္ေသတစ္ဦးျဖစ္ေနေၾကာင္း စစ္ေဆးေတြ႕႐ွိပါက တဖက္အမႈသည္မွ ရဲထံအစစ္ခံခ်က္ႏွင့္ တိုက္ဆိုင္ေမးျမန္းလိုလွ်င္ တရား႐ုံး၏ခြင့္ျပဳခ်က္ လိုအပ္ပါသည္။

ျပစ္မႈက်ဴးလြန္ျခင္း မ႐ွိေၾကာင္း စစ္ေဆးေတြ႕႐ွိပါက အစြပ္စြဲခံရသူ တရားခံအား တရား႐ွင္လႊတ္ေပးႏိုင္ ပါသည္။ တရားသူႀကီးမွ အစြပ္စြဲခံရသူ တရားခံအား စြဲခ်က္မတင္မီ စစ္ေဆးလိုပါက စစ္ေဆးႏိုင္ပါသည္။ ျပစ္မႈ က်ဴးလြန္ေၾကာင္း တရား႐ုံးမွ ယူဆႏိုင္လွ်င္ေတာ့ တရားခံအား စြဲခ်က္တင္မည္ျဖစ္ပါသည္။

စြဲခ်က္တင္ရာ၌ အျပစ္႐ွိမ႐ွိေမးျမန္းၿပီး တရားခံမွ ဝန္ခံလွ်င္ ထိုက္သင့္ေသာအျပစ္ေပးမည္ျဖစ္ကာ အျပစ္မ႐ွိေၾကာင္း ထုေခ်ပါက တရားလိုျပသက္ေသမ်ားကို ထပ္မံစစ္ေဆးလိုပါက ခြင့္ျပဳကာ ေခၚယူေမးျမန္းေစျခင္းျပဳရမည္။ တရားခံအားစစ္ေဆးသည့္အခါတြင္လဲ သက္ေသကဲ့သို႔ အစစ္ခံလိုပါသလား ေမးျမန္းမႈ ျပဳရပါမည္။

တရားခံကိုစစ္ေဆးၿပီးသည့္အခါ တရားခံျပသက္ေသမ်ားအား စစ္ေဆးျခင္းျပဳမည္ျဖစ္ကာ တရားလို ဘက္မွလဲ ျပန္လွန္စစ္ေမးျခင္းျဖင့္ စစ္ေဆးေမးျမန္းမည္ျဖစ္ပါသည္။ အမႈတြင္ တရားခံမွ ျပစ္မႈက်ဳးလြန္ မထားေၾကာင္း ေပၚေပါက္ပါက တရား႐ုံးမွ အၿပီးအျပတ္လႊတ္ေပးမည္ျဖစ္ကာ ျပစ္မႈက်ဳးလြန္ေၾကာင္း စစ္ေဆး ေတြ႕႐ွိပါက တရား႐ုံးမွ ထိုက္သင့္ေသာ ျပစ္ဒဏ္ခ်မွတ္မည္ျဖစ္ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service