စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင် ဖြစ်လာသူ၊ ဝါးဟားဟား ဖျော်ရည် ကုမ္ပဏီပိုင်ရှင် ဆုန်းချင်ဟုတ်

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင် ဖြစ်လာသူ၊ ဝါးဟားဟား ဖျော်ရည် ကုမ္ပဏီပိုင်ရှင် ဆုန်းချင်ဟုတ် - Property Knowledge in Myanmar from iMyanmarHouse.com
15 Apr 2024 11:51 am တွင် တင်ခဲ့သည်
1429 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။

တရုတ်ပြည်မြောက်ပိုင်း ကျန်းစုပြည်နယ် ဆုချင်း (Suqian) မြို့ရှိ အညတရ ဆင်းရဲသားမိသားစုလေးတစ်ခုတွင် ဆုန်းချင်ဟုတ်အမည်ရှိ ကလေးငယ်တစ်ဦး မွေးဖွားလာသည်။

မိသားစုမှာ ဆင်းရဲနွမ်းပါးသောကြောင့် အတန်းကျောင်း ဖြစ်ဖြစ်မြောက်မြောက် မတက်ခဲ့ရ။

မိဘကိုကူရန် အလယ်တန်းကျောင်းသားဘဝတွင် ကျောင်းထွက်လိုက်ရသည်။

ယင်းနောက် မော်စီတုန်း၏ ယဉ်ကျေးမှု တော်လှန်ရေးကာလအတွင်း ရှန်ဟိုင်းမြို့၏ တောင်ဘက် ကျိုးရှန်း (Zhoushan) ကျွန်းရှိ ဆားစက်ရုံတွင် အလုပ်လုပ်ခဲ့ရသည်။

ထိုစက်ရုံတွင် ၁၅ နှစ် အလုပ်လုပ်ခဲ့ရ၏။

အားလပ်ချိန်များတွင် မော်စီတုန်း၏ လက်ရွေးစင် စာစုများနှင့် နစ်ကိုလိုင်း အော့စထရောစကီးရေးသားသော How the Steel was Tempered စာအုပ်များကို ဖတ်ရှုလေ့လာခဲ့သည်။

မိခင်ဖြစ်သူ ကျောင်းဆရာမ အငြိမ်းစားယူချိန်တွင် ဆုန်းချင်ဟုတ် အိမ်သို့ ပြန်လာခဲ့သည်။

ယင်းနောက် ဟန်ကျိုးမြို့သို့ ရောက်ရှိခဲ့ပြီး အလုပ်ရှာခဲ့ရာ အတန်းပညာနိမ့်ပါးသောကြောင့် စာသင်ကျောင်း တစ်ခုတွင် လက်တိုလက်တောင်းလုပ်ရသည့် အလုပ်သာ ရှာတွေ့ခဲ့သည်။

ယင်းနောက် အချိုရည်အရောင်းသမားအဖြစ် လုပ်ကိုင်ရသည့် အလုပ်တစ်ခု ရခဲ့၏။

နောက်ပိုင်းတွင် စာသင်ကျောင်းတစ်ခုနှင့် ကပ်လျက်ရှိသော ဈေးဆိုင်ငယ်လေးတစ်ခုကို ဝယ်ယူကာ ကျောင်းသူကျောင်းသား ကလေးသူငယ်များအား အချိုရည်နှင့် ရေခဲမုန့်များ ရောင်းချခဲ့သည်။

ယင်းနောက် ဝါးဟားဟားကုမ္ပဏီကို တည်ထောင်ကာ ကျန်းမာရေးအတွက် အာဟာရဖြစ်စေသော နို့အခြေပြု ဖျော်ရည်တစ်မျိုးကို ဝါးဟားဟား အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချခဲ့သည်။

 

 

အာဟာရရှိစေသော အဆိုပါ ဖျော်ရည်ကို ဒေသတွင်း ဆေးရုံတစ်ခုမှ အာဟာရဗေဒ ကျွမ်းကျင်ပညာရှင် တစ်ဦး၏ အကူအညီဖြင့် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

၁၉၉၁ ခုနှစ်တွင် ဟန်ကျိုးမြို့အုပ်ချုပ်ရေးအဖွဲ့၏ အကူအညီဖြင့် အကြွေးနွံနစ်နေသော နိုင်ငံပိုင် စည်သွပ်ဘူး ကုမ္ပဏီ Hangzhou Canned Food Product Co ကို ဝယ်ယူခဲ့သည်။

ဆုန်းချင်ဟုတ်၏ ဝါးဟားဟား ကုမ္ပဏီသည် နို့နှင့်လက်ဖက် အခြေပြု ဖျော်ရည်များ အဓိက ထုတ်လုပ်ဖြန့်ဖြူး ခဲ့သည့်အပြင် တရုတ်ပြည်ရေသန့်ဘူးဈေးကွက်၏ ဈေးကွက်ဝေစု ၄ ပုံ ၁ ပုံနီးပါးကို ထိန်းချုပ်ထားသည်။

အဆိုပါ အောင်မြင်မှုမှာ ၁၉၉၆ ခုနှစ်က ပြင်သစ် စားသောက်ကုန် ကုမ္ပဏီ Danone နှင့် မိတ်ဖက် လက်တွဲခဲ့မှု ကြောင့်လည်း ဖြစ်သည်။

ထိုအချိန်ကာလက တရုတ်နှင့် အနောက်တိုင်း ကုမ္ပဏီတို့အကြား ဖက်စပ်လုပ်ငန်း လုပ်ကိုင်မှုများ စတင်ခေတ်စားလာနေသော အချိန်လည်း ဖြစ်သည်။

ကုမ္ပဏီ၏ ထူးခြားသော လုပ်ငန်းဆောင်ရွက်မှုတွင် ဖြန့်ချိရေး ကိုယ်စားလှယ်များက ထုတ်လုပ်သူထံ အာမခံငွေ ကြိုတင်ပေးသွင်းထားရသည့်နည်းလမ်း ပါဝင်သည်။

ထုတ်ကုန်ကို နောက်ပိုင်းတွင်မှ ဖြန့်ချိပေးခြင်း ဖြစ်သည်။ ထိုနည်းလမ်းမှာ ထုတ်လုပ်သူအတွက် ပုံမှန်ဝင်ငွေလမ်းကြောင်း ရှိနေစေပြီး ဖြန့်ချိရေး ကိုယ်စားလှယ်များအား ထုတ်လုပ်သူ၏ သစ္စာစောင့်သိမှုကို မြှင့်တင်ပေးသည်။

အဆိုပါ အာမခံငွေသည် နှစ်စဉ်ရောင်းအား၏ ၁၀ ရာခိုင်နှုန်းခန့်ရှိပြီး ထုတ်လုပ်သူက အတိုးဖြင့် ငွေပြန်အမ်း ပေးသည်။

အဆိုပါ တမူထူးသော risk-sharing စီးပွားရေးပုံစံမှာ စီးပွားရေးကျောင်းများစွာတွင် လေ့လာသင်ကြား လာရသော အကြောင်းရပ် ဖြစ်သည်။

ဝါးဟားဟားသည် ၎င်း၏ အထွတ်အထိပ်ကာလတွင် တရုတ်ပြည်တဝန်း၌ ဖြန့်ချိရေးကိုယ်စားလှယ်ပေါင်း ၇၀၀၀ ကျော်၊ လက်ကား ကိုယ်စားလှယ်ပေါင်း ၁၀၀၀၀၀ ကျော်နှင့် အရောင်းဆိုင်ပေါင်း ၅ သန်းကျော် ရှိခဲ့သည်။

၁၉၉၆ ခုနှစ်တွင် ဝါးဟားဟားသည် ရေသန့်ဘူးနယ်ပယ်သို့ ဈေးကွက်ချဲ့ထွင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ကုမ္ပဏီ၏ ဝင်ငွေမှာ ယွမ်ငွေ ၇၈ ဒသမ ၂ ဘီလီယံ (ကန်ဒေါ်လာ ၁၀ ဒသမ ၈ ဘီလီယံ) ရှိရာ တရုတ်ပြည် ဖျော်ရည်ဈေးကွက်တွင် အမြင့်မားဆုံး နှစ်စဉ်ဝင်ငွေလည်း ဖြစ်သည်။

 

 

(ဝါးဟားဟား ကုမ္ပဏီ၏ ရေသန့်ဘူးစက်ရုံကို ဝန်ထမ်းတစ်ဦးက အရည်အသွေးစစ်ဆေးနေပုံကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်က တွေ့ရပုံ။ ဓာတ်ပုံ-ZHANG GUORONG)

 

မကြာသေးမီနှစ်များအတွင်း ဆုန်းချင်ဟုတ်၏ သမီး ဆုန်းဖူလီမှာ ကုမ္ပဏီ၏ အရေးပါဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပြီး အရေးပါသော တာဝန်များ ရယူလာသည်။

ဆုန်းဖူလီသည် အသက် ၁၄ နှစ်သမီးအရွယ်ကတည်းက အမေရိကန်ပြည်ထောင်စုတွင် ပညာစည်းပူးခဲ့သူ ဖြစ်သည်။

ဆုန်းချင်ဟုတ်သည် ၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၅ ရက်တွင် တရုတ်ပြည် ဟန်ကျိုးမြို့၌ ကွယ်လွန်သွားခဲ့ရာ ကွယ်လွန်ချိန်တွင် အသက် ၇၈ နှစ်ရှိပြီ ဖြစ်သည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေအစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Zong Qinghou, Wahaha ‘laughing child’ soft-drinks tycoon, once one of China’s richest men – obituary (telegraph)

Photo Credit: ZHANG GUORONG , Getty Images 

 

[Zawgyi]

စားစရာ၊ ဝတ္စရာပင္ မရွိေသာဘဝမွ လာခဲ့သူ၊ အတန္းပညာမရွိေသာေၾကာင့္ လက္တိုလက္ေတာင္း အလုပ္မ်ားသာ လုပ္ခဲ့ရေသာ္လည္း တရုတ္ျပည္၏ အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္လာသူ၊ ဝါးဟားဟား ေဖ်ာ္ရည္ ကုမၸဏီပုိင္ရွင္ ဆုန္းခ်င္ဟုတ္

၁၉၄၅ ခုႏွစ္၊ ေအာက္တိုဘာလ ၁၁ ရက္။

တရုတ္ျပည္ေျမာက္ပိုင္း က်န္းစုုျပည္နယ္ ဆုခ်င္း (Suqian) ျမဳိ႕ရွိ အညတရ ဆင္းရဲသားမိသားစုေလးတစ္ခုတြင္ ဆုန္းခ်င္ဟုတ္အမည္ရွိ ကေလးငယ္တစ္ဦး ေမြးဖြားလာသည္။

မိသားစုမွာ ဆင္းရဲႏြမ္းပါးေသာေၾကာင့္ အတန္းေက်ာင္း ျဖစ္ျဖစ္ေျမာက္ေျမာက္ မတက္ခဲ့ရ။

မိဘကိုကူရန္ အလယ္တန္းေက်ာင္းသားဘဝတြင္ ေက်ာင္းထြက္လိုက္ရသည္။

ယင္းေနာက္ ေမာ္စီတုန္း၏ ယဥ္ေက်းမႈ ေတာ္လွန္ေရးကာလအတြင္း ရွန္ဟိုင္းျမဳိ႕၏ ေတာင္ဘက္ က်ဳိးရွန္း (Zhoushan) ကၽြန္းရွိ ဆားစက္ရံုတြင္ အလုပ္လုပ္ခဲ့ရသည္။

ထိုစက္ရံုတြင္ ၁၅ ႏွစ္ အလုပ္လုပ္ခဲ့ရ၏။

အားလပ္ခ်ိန္မ်ားတြင္ ေမာ္စီတုန္း၏ လက္ေရြးစင္ စာစုမ်ားႏွင့္ နစ္ကိုလုိင္း ေအာ့စထေရာစကီးေရးသားေသာ How the Steel was Tempered စာအုပ္မ်ားကို ဖတ္ရႈေလ့လာခဲ့သည္။

မိခင္ျဖစ္သူ ေက်ာင္းဆရာမ အျငိမ္းစားယူခ်ိန္တြင္ ဆုန္းခ်င္ဟုတ္ အိမ္သို႔ ျပန္လာခဲ့သည္။

ယင္းေနာက္ ဟန္က်ိဳးျမဳိ႕သို႔ ေရာက္ရွိခဲ့ျပီး အလုပ္ရွာခဲ့ရာ အတန္းပညာနိမ့္ပါးေသာေၾကာင့္ စာသင္ေက်ာင္း တစ္ခုတြင္ လက္တိုလက္ေတာင္းလုပ္ရသည့္ အလုပ္သာ ရွာေတြ႔ခဲ့သည္။

ယင္းေနာက္ အခ်ိဳရည္အေရာင္းသမားအျဖစ္ လုပ္ကိုင္ရသည့္ အလုပ္တစ္ခု ရခဲ့၏။

ေနာက္ပိုင္းတြင္ စာသင္ေက်ာင္းတစ္ခုႏွင့္ ကပ္လ်က္ရွိေသာ ေစ်းဆိုင္ငယ္ေလးတစ္ခုကို ဝယ္ယူကာ ေက်ာင္းသူေက်ာင္းသား ကေလးသူငယ္မ်ားအား အခ်ဳိရည္ႏွင့္ ေရခဲမုန္႔မ်ား ေရာင္းခ်ခဲ့သည္။

ယင္းေနာက္ ဝါးဟားဟားကုမၸဏီကုိ တည္ေထာင္ကာ က်န္းမာေရးအတြက္ အာဟာရျဖစ္ေစေသာ ႏို႔အေျချပဳ ေဖ်ာ္ရည္တစ္မ်ဳိးကို ဝါးဟားဟား အမွတ္တံဆိပ္ျဖင့္ ထုတ္လုပ္ေရာင္းခ်ခဲ့သည္။

အာဟာရရွိေစေသာ အဆိုပါ ေဖ်ာ္ရည္ကို ေဒသတြင္း ေဆးရံုတစ္ခုမွ အာဟာရေဗဒ ကၽြမ္းက်င္ပညာရွင္ တစ္ဦး၏ အကူအညီျဖင့္ ထုတ္လုပ္ခဲ့ျခင္း ျဖစ္သည္။

၁၉၉၁ ခုႏွစ္တြင္ ဟန္က်ဳိးျမဳိ႕အုပ္ခ်ဳပ္ေရးအဖြဲ႔၏ အကူအညီျဖင့္ အေၾကြးႏြံနစ္ေနေသာ ႏိုင္ငံပိုင္ စည္သြပ္ဘူး ကုမၸဏီ Hangzhou Canned Food Product Co ကို ဝယ္ယူခဲ့သည္။

ဆုန္းခ်င္ဟုတ္၏ ဝါးဟားဟား ကုမၸဏီသည္ ႏ႔ိုႏွင့္လက္ဖက္ အေျချပဳ ေဖ်ာ္ရည္မ်ား အဓိက ထုတ္လုပ္ျဖန္႔ျဖဴး ခဲ့သည့္အျပင္ တရုတ္ျပည္ေရသန္႔ဘူးေစ်းကြက္၏ ေစ်းကြက္ေဝစု ၄ ပံု ၁ ပံုနီးပါးကို ထိန္းခ်ဳပ္ထားသည္။ အဆိုပါ ေအာင္ျမင္မႈမွာ ၁၉၉၆ ခုႏွစ္က ျပင္သစ္ စားေသာက္ကုန္ ကုမၸဏီ Danone ႏွင့္ မိတ္ဖက္ လက္တြဲခဲ့မႈ ေၾကာင့္လည္း ျဖစ္သည္။

ထိုအခ်ိန္ကာလက တရုတ္ႏွင့္ အေနာက္တိုုင္း ကုမၸဏီတို႔အၾကား ဖက္စပ္လုပ္ငန္း လုပ္ကိုင္မႈမ်ား စတင္ေခတ္စားလာေနေသာ အခ်ိန္လည္း ျဖစ္သည္။

ကုမၸဏီ၏ ထူးျခားေသာ လုပ္ငန္းေဆာင္ရြက္မႈတြင္ ျဖန္႔ခ်ိေရး ကိုယ္စားလွယ္မ်ားက ထုတ္လုပ္သူထံ အာမခံေငြ ၾကိဳတင္ေပးသြင္းထားရသည့္နည္းလမ္း ပါဝင္သည္။

ထုတ္ကုန္ကို ေနာက္ပိုင္းတြင္မွ ျဖန္႔ခ်ိေပးျခင္း ျဖစ္သည္။ ထိုနည္းလမ္းမွာ ထုတ္လုပ္သူအတြက္ ပံုမွန္ဝင္ေငြလမ္းေၾကာင္း ရွိေနေစျပီး ျဖန္႔ခ်ိေရး ကိုယ္စားလွယ္မ်ားအား ထုတ္လုပ္သူ၏ သစၥာေစာင့္သိမႈကို ျမွင့္တင္ေပးသည္။

အဆိုပါ အာမခံေငြသည္ ႏွစ္စဥ္ေရာင္းအား၏ ၁၀ ရာခုိင္ႏႈန္းခန္႔ရွိျပီး ထုတ္လုပ္သူက အတိုးျဖင့္ ေငြျပန္အမ္း ေပးသည္။

အဆိုပါ တမူထူးေသာ risk-sharing စီးပြားေရးပံုစံမွာ စီးပြားေရးေက်ာင္းမ်ားစြာတြင္ ေလ့လာသင္ၾကား လာရေသာ အေၾကာင္းရပ္ ျဖစ္သည္။

ဝါးဟားဟားသည္ ၎၏ အထြတ္အထိပ္ကာလတြင္ တရုတ္ျပည္တဝန္း၌ ျဖန္႔ခ်ိေရးကိုယ္စားလွယ္ေပါင္း ၇၀၀၀ ေက်ာ္၊ လက္ကား ကိုယ္စားလွယ္ေပါင္း ၁၀၀၀၀၀ ေက်ာ္ႏွင့္ အေရာင္းဆိုင္ေပါင္း ၅ သန္းေက်ာ္ ရွိခဲ့သည္။

၁၉၉၆ ခုႏွစ္တြင္ ဝါးဟားဟားသည္ ေရသန္႔ဘူးနယ္ပယ္သို႔ ေစ်းကြက္ခ်ဲ႕ထြင္ခဲ့သည္။

၂၀၁၃ ခုႏွစ္တြင္ ကုမၸဏီ၏ ဝင္ေငြမွာ ယြမ္ေငြ ၇၈ ဒသမ ၂ ဘီလီယံ (ကန္ေဒၚလာ ၁၀ ဒသမ ၈ ဘီလီယံ) ရွိရာ တရုတ္ျပည္ ေဖ်ာ္ရည္ေစ်းကြက္တြင္ အျမင့္မားဆံုး ႏွစ္စဥ္ဝင္ေငြလည္း ျဖစ္သည္။

(ဝါးဟားဟား ကုမၸဏီ၏ ေရသန္႔ဘူးစက္ရံုကို ဝန္ထမ္းတစ္ဦးက အရည္အေသြးစစ္ေဆးေနပံုကို ၂၀၁၇ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၅ ရက္က ေတြ႔ရပံု။ ဓာတ္ပံု-ZHANG GUORONG)

မၾကာေသးမီႏွစ္မ်ားအတြင္း ဆုန္းခ်င္ဟုတ္၏ သမီး ဆုန္းဖူလီမွာ ကုမၸဏီ၏ အေရးပါဆံုး ပုဂၢိဳလ္တစ္ဦး ျဖစ္လာျပီး အေရးပါေသာ တာဝန္မ်ား ရယူလာသည္။

ဆုန္းဖူလီသည္ အသက္ ၁၄ ႏွစ္သမီးအရြယ္ကတည္းက အေမရိကန္ျပည္ေထာင္စုတြင္ ပညာစည္းပူးခဲ့သူ ျဖစ္သည္။

ဆုန္းခ်င္ဟုတ္သည္ ၂၀၂၄ ခုႏွစ္ ၊ ေဖေဖာ္ဝါရီလ ၂၅ ရက္တြင္ တရုတ္ျပည္ ဟန္က်ဳိးျမဳိ႕၌ ကြယ္လြန္သြားခဲ့ရာ ကြယ္လြန္ခ်ိန္တြင္ အသက္ ၇၈ ႏွစ္ရွိျပီ ျဖစ္သည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြအစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Zong Qinghou, Wahaha ‘laughing child’ soft-drinks tycoon, once one of China’s richest men – obituary (telegraph)

Photo Credit: ZHANG GUORONG,

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service