ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်

ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော် - Property Knowledge in Myanmar from iMyanmarHouse.com
12 Apr 2024 2:23 pm တွင် တင်ခဲ့သည်
577 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ထိုင်းရိုးရာသင်္ကြန်ပွဲတော်ကို ဆောင်ကရန်ပွဲတော်ဟုခေါ်ကြသည်။

ဆောင်ကရန်ဟူသောစကားမှာ သက္ကတစကားလုံး ဆန်ကရန်တီမှ ဆင်းသက်လာပြီး နက္ခတ်တာရာ ကူးပြောင်းခြင်းဟု အဓိပ္ပာယ်ရသည်။

ထိုင်းရိုးရာ ဆောင်ကရန်ပွဲတော်ကို ဧပြီလ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပပြီး ထိုင်းနှစ်သစ်ကူးပွဲတော်လည်း ဖြစ်သည်။

တကိုယ်ရည်သန့်ရှင်းစင်ကြယ်စေခြင်း၊ ကောင်းမှုကုသိုလ်ပြုခြင်း၊ အပူရှိန်မြင့်မားနေချိန်မျိုးတွင် အေးချမ်းစေ ခြင်းတို့ ပြုလုပ်သည့်အချိန်ဖြစ်သည်။ ဤအချိန်သမယသည် မိသားစုများအတူတကွရှိနိုင်မည့် အခွင့်အလမ်းရရှိစေပြီး စားကောင်းသောက်ဖွယ်များ စားသောက်ကြလေ့ရှိကြသည်။ ဆောင်ကရန်ပွဲတော်ကာလတွင် ထိုင်းလူမျိုးတို့သည် မိမိတို့အိမ်များ၊ ရုံးများ၊ ကျောင်းများနှင့် အများပြည်သူနှင့် ဆိုင်သောနေရာများကို သန့်ရှင်းရေးလုပ်ကြ၏။

ပန်းခြံများ၊ လူသွားစင်္ကြန်များကိုလည်း သန့်ရှင်းရေးလုပ်ကြသည်။ ပြည်သူတို့သည် စောစောထကာ ဘုရားကျောင်းကန်များသို့ သွားခြင်း၊ သံဃာတော်များအား ခဲဖွယ်ဘောဇဉ် များ၊ သင်္ကန်းများ လှူဖွယ်များ လှူဒါန်းကြသည်။

မိမိတို့အိမ်များတွင်လည်း ငယ်ရွယ်သူတို့သည် လူကြီးသူမများ၏ ခြေနှင့်လက်များကို စံပယ်၊ နှင်းဆီရေများဖြင့် လောင်းကာ ဂါရဝပြုကြသည်။

(ရေလောင်းခြင်းသည် ဆောင်ကရန်ပွဲတော်၏ ရိုးရာတစ်ခုဖြစ်ပြီး ကျေးဇူးတင်ကြောင်း ပြသရန်နှင့် မကောင်းသည့် အညံ့များ ဆေးကြောရန် ရည်ရွယ်သည်။ ဓာတ်ပုံ-Shutterstock)

 

ဆောင်ကရန်ပွဲတော်သည် ဘိုးဘွားဘီဘင်တို့အား ဂါရဝပြုသည့် အခါသမယလည်း ဖြစ်သည်။

ရေပက်ခြင်းသည် မကောင်းမှုများ၊ ကံကြမ္မာဆိုးများကို ဆေးကြောရန်ဖြစ်ပြီး ပွဲတော်တစ်ခုလုံး၏ အဓိက ရည်ရွယ်ချက် ဖြစ်သည်။

ဆောင်ကရန်ပွဲတော်၏ နောက်ဆုံးနေ့ကို ဝမ် ဖရဝမ်ဟုခေါ်ပြီး ဗုဒ္ဓရေသပ္ပာယ်သောနေ့ဟု အဓိပ္ပာယ်ရသည်။

(ဘန်ကောက်မြို့ရှိ Wat Mahabut ဘုရားတွင် အမျိုးသားတစ်ဦး ရေသွန်းလောင်းနေပုံ။ ထိုင်းလူမျိုးတို့သည် ဆောင်ကရန်ပွဲတော်ကာလအတွင်း ဗုဒ္ဓရုပ်ပွားတော်များကို ရေသွန်းလောင်းကြပြီး နှစ်ဟောင်းမှ အဆိုးအညံ့များ ပြယ်လွင့်စေရန် ရည်ရွယ်သည်။ ဓာတ်ပုံ-AP)

ဘုရားတက်သူတို့သည် သံဃာတော်တို့၏ နောက်ကျောအား ရိုသေမှု သဘောအားဖြင့် ရေအနည်းငယ် သွန်းလောင်းကြသည်။

ယင်းနောက် သံဃာတော်တို့က ပရိတ်တရားများ ရွတ်ဖတ်ကြသည်။

 

(ဆောင်ကရန်ပွဲတော်တွင် ရေကစားနေကြသော ထိုင်းလူမျိုးများ။ ဓာတ်ပုံ-AFP)

ရေကစားကြရာတွင် ရေအားပြင်းသော မီးသတ်ပိုက်များဖြင့် ထိုးပက်ခြင်းများ ခံရနိုင်သလို ဆင်တို့က ရေစုပ်ကာ နှာမောင်းမှတဆင့် ပက်ခြင်းမျိုးလည်း ခံရနိုင်သည်။

၂၀၁၁ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် လူပေါင်း ၃၄၇၇ ဦး သည် ရေသေနတ်များဖြင့် ၁၀ မိနစ် အပြန်အလှန် ရေပက်ခဲ့ကြမှုမှာ ကမ္ဘာ့အကြီးမားဆုံး ရေသေနတ်တိုက်ပွဲအဖြစ် ဂင်းနက်စ်စံချိန်တင်ထားသည်။

(မီးသတ်သမားတစ်ဦး ဘန်ကောက်မြို့တွင် ဘတ်စ်ကားတစ်စင်းကို မီးသတ်ပိုက်ဖြင့် ရေပက်နေပုံ။ ဓာတ်ပုံ-Tim Pile)

 

(ဆောင်ကရန်ပွဲတော်တွင် ဆင်များလည်း ပါဝင်ကြပြီး နှာမောင်းများဖြင့် ရေပတ်ကြသည်။ ဓာတ်ပုံ-EPA-EFE)

 

သင်္ကြန်ပွဲတော်ကို တစ်နိုင်ငံလုံးတွင် ကျင်းပကြသော်လည်း ဘန်ကောက်တွင် အစည်ကားဆုံးဖြစ်သည်။

 

(ဘန်ကောက်မြို့ ၊ ခေါင်ဆန်လမ်းတွင် ကမ္ဘာလှည့်ခရီးသည်များ ရေကစားပွဲတော်၌ ပါဝင်နေကြပုံ။ ဓာတ်ပုံ-AFP)

 

(ဆောင်ကရန်ပွဲတော်တွင် ပါဝင်ဆင်နွှဲကြသော လူငယ်များ။ ပွဲတော်ကာလအတွင်း အရက်သေစာ အလွန်အကျွံသောက်စားမှုမှာ ရဲတပ်ဖွဲ့အတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်သည်။ ဓာတ်ပုံ-AFP)

 

(ရေကစားထွက်ရင်း လမ်းတစ်လျှောက်တွေ့သူများကို ရေပတ်ကြသည်။ သို့သော် ရေ ၊ ယာဉ်နှင့် အရက်သေစာတို့ ပေါင်းစပ်မှုမှာ အန္တရာယ်ကြီးမားသည်။ ဓာတ်ပုံ-Tim Pile)

 

 

(ပွဲတော်ကာလအတွင်း တစ်ဦးနှင့်တစ်ဦး မျက်နှာအား ပေါင်ဒါဖြင့် လိမ်းခြင်းတွင် ဘေးကင်းသော ပျော်ရွှင်မှုနှင့် လွန်ကဲသော နှောက်ယှက်မှုတို့လည်း ရှိသည်။ ဓာတ်ပုံ-Tim Pile)

 

 

(ဆောင်ကရန်ပွဲတော်အတွင်း ရေသေနတ်ဖြင့် ရေကစားနေကြသော မိန်းကလေးများ။ ပွဲတော်ကာလအတွင်း မိန်းကလေးများအား မဖွယ်မရာ ထိပါးမှုများလည်း ရှိသည်။ ဓာတ်ပုံ-Reuters)

 

 

(ရေကစားပွဲတော်မှာ ပျော်ရွှင်ဖွယ်ကောင်းသော်လည်း ဗိုက်နာခြင်း ၊ ဖျားခြင်းတို့အပြင် နမိုးနီးယားအထိ ဖြစ်နိုင်သည်။ ဓာတ်ပုံ-Shutterstock)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Explainer Songkran, Thailand’s water festival: its Buddhist rituals, family traditions, mass water fights and dark side, from sexual harassment to drink driving (scmp)

Photo Credit-Shutterstock, AP, AFP, Reuters, Tim Pile, EPA-EFE

 

 

 

 

[Zawgyi]

ဆန္ကရန္တီ (သို႔မဟုတ္) ေဆာင္ကရန္ (သို႔မဟုတ္) ထိုင္းသၾကၤန္ပြဲေတာ္

 

 

ထိုင္းရိုးရာသၾကၤန္ပြဲေတာ္ကို ေဆာင္ကရန္ပြဲေတာ္ဟုေခၚၾကသည္။

ေဆာင္ကရန္ဟူေသာစကားမွာ သကၠတစကားလံုး ဆန္ကရန္တီမွ ဆင္းသက္လာျပီး နကၡတ္တာရာ ကူးေျပာင္းျခင္းဟု အဓိပၸာယ္ရသည္။

ထိုင္းရိုးရာ ေဆာင္ကရန္ပြဲေတာ္ကို ဧျပီလ ၁၃ ရက္မွ ၁၅ ရက္အထိ က်င္းပျပီး ထိုင္းႏွစ္သစ္ကူးပြဲေတာ္လည္း ျဖစ္သည္။

တကိုယ္ရည္သန္႔ရွင္းစင္ၾကယ္ေစျခင္း၊ ေကာင္းမႈကုသုိလ္ျပဳျခင္း၊ အပူရွိန္ျမင့္မားေနခ်ိန္မ်ဳိးတြင္ ေအးခ်မ္းေစ ျခင္းတို႔ ျပဳလုပ္သည့္အခ်ိန္ျဖစ္သည္။ ဤအခ်ိန္သမယသည္ မိသားစုမ်ားအတူတကြရွိႏိုင္မည့္ အခြင့္အလမ္းရရွိေစျပီး စားေကာင္းေသာက္ဖြယ္မ်ား စားေသာက္ၾကေလ့ရွိၾကသည္။ ေဆာင္ကရန္ပြဲေတာ္ကာလတြင္ ထိုင္းလူမ်ဳိးတို႔သည္ မိမိတို႔အိမ္မ်ား၊ ရံုးမ်ား၊ ေက်ာင္းမ်ားႏွင့္ အမ်ားျပည္သူႏွင့္ ဆိုင္ေသာေနရာမ်ားကို သန္႔ရွင္းေရးလုပ္ၾက၏။

ပန္းျခံမ်ား၊ လူသြားစၾကၤန္မ်ားကိုလည္း သန္႔ရွင္းေရးလုပ္ၾကသည္။ ျပည္သူတို႔သည္ ေစာေစာထကာ ဘုရားေက်ာင္းကန္မ်ားသို႔ သြားျခင္း၊ သံဃာေတာ္မ်ားအား ခဲဖြယ္ေဘာဇဥ္ မ်ား၊ သကၤန္းမ်ား လွဴဖြယ္မ်ား လွဴဒါန္းၾကသည္။

မိမိတို႔အိမ္မ်ားတြင္လည္း ငယ္ရြယ္သူတို႔သည္ လူၾကီးသူမမ်ား၏ ေျခႏွင့္လက္မ်ားကို စံပယ္၊ ႏွင္းဆီေရမ်ားျဖင့္ ေလာင္းကာ ဂါရဝျပဳၾကသည္။

(ေရေလာင္းျခင္းသည္ ေဆာင္ကရန္ပြဲေတာ္၏ ရိုးရာတစ္ခုျဖစ္ျပီး ေက်းဇူးတင္ေၾကာင္း ျပသရန္ႏွင့္ မေကာင္းသည့္ အညံ့မ်ား ေဆးေၾကာရန္ ရည္ရြယ္သည္။ ဓာတ္ပံု-Shutterstock)

ေဆာင္ကရန္ပြဲေတာ္သည္ ဘိုးဘြားဘီဘင္တို႔အား ဂါရဝျပဳသည့္ အခါသမယလည္း ျဖစ္သည္။

ေရပက္ျခင္းသည္ မေကာင္းမႈမ်ား၊ ကံၾကမၼာဆိုးမ်ားကို ေဆးေၾကာရန္ျဖစ္ျပီး ပြဲေတာ္တစ္ခုလံုး၏ အဓိက ရည္ရြယ္ခ်က္ ျဖစ္သည္။

ေဆာင္ကရန္ပြဲေတာ္၏ ေနာက္ဆံုးေန႔ကို ဝမ္ ဖရဝမ္ဟုေခၚျပီး ဗုဒၶေရသပၸာယ္ေသာေန႔ဟု အဓိပၸာယ္ရသည္။

(ဘန္ေကာက္ျမိဳ႕ရွိ Wat Mahabut ဘုရားတြင္ အမ်ဳိးသားတစ္ဦး ေရသြန္းေလာင္းေနပံု။ ထိုင္းလူမ်ဳိးတို႔သည္ ေဆာင္ကရန္ပြဲေတာ္ကာလအတြင္း ဗုဒၶရုပ္ပြားေတာ္မ်ားကို ေရသြန္းေလာင္းၾကျပီး ႏွစ္ေဟာင္းမွ အဆိုးအညံ့မ်ား ျပယ္လြင့္ေစရန္ ရည္ရြယ္သည္။ ဓာတ္ပံု-AP)

ဘုရားတက္သူတို႔သည္ သံဃာေတာ္တို႔၏ ေနာက္ေက်ာအား ရိုေသမႈ သေဘာအားျဖင့္ ေရအနည္းငယ္ သြန္းေလာင္းၾကသည္။

ယင္းေနာက္ သံဃာေတာ္တို႔က ပရိတ္တရားမ်ား ရြတ္ဖတ္ၾကသည္။ (ေဆာင္ကရန္ပြဲေတာ္တြင္ ေရကစားေနၾကေသာ ထိုင္းလူမ်ဳိးမ်ား။ ဓာတ္ပံု-AFP)

ေရကစားၾကရာတြင္ ေရအားျပင္းေသာ မီးသတ္ပိုက္မ်ားျဖင့္ ထိုးပက္ျခင္းမ်ား ခံရႏိုင္သလို ဆင္တို႔က ေရစုပ္ကာ ႏွာေမာင္းမွတဆင့္ ပက္ျခင္းမ်ဳိးလည္း ခံရႏိုင္သည္။

၂၀၁၁ ခုႏွစ္အတြင္း ထိုင္းႏိုင္ငံတြင္ လူေပါင္း ၃၄၇၇ ဦး သည္ ေရေသနတ္မ်ားျဖင့္ ၁၀ မိနစ္ အျပန္အလွန္ ေရပက္ခဲ့ၾကမႈမွာ ကမၻာ့အၾကီးမားဆံုး ေရေသနတ္တိုက္ပြဲအျဖစ္ ဂင္းနက္စ္စံခ်ိန္တင္ထားသည္။

(မီးသတ္သမားတစ္ဦး ဘန္ေကာက္ျမိဳ႕တြင္ ဘတ္စ္ကားတစ္စင္းကို မီးသတ္ပိုက္ျဖင့္ ေရပက္ေနပံု။ ဓာတ္ပံု-Tim Pile)

(ေဆာင္ကရန္ပြဲေတာ္တြင္ ဆင္မ်ားလည္း ပါဝင္ၾကျပီး ႏွာေမာင္းမ်ားျဖင့္ ေရပတ္ၾကသည္။ ဓာတ္ပံု-EPA-EFE)

သၾကၤန္ပြဲေတာ္ကို တစ္ႏိုင္ငံလံုးတြင္ က်င္းပၾကေသာ္လည္း ဘန္ေကာက္တြင္ အစည္ကားဆံုးျဖစ္သည္။

(ဘန္ေကာက္ျမဳိ႕ ၊ ေခါင္ဆန္လမ္းတြင္ ကမၻာလွည့္ခရီးသည္မ်ား ေရကစားပြဲေတာ္၌ ပါဝင္ေနၾကပံု။ ဓာတ္ပံု-AFP)

(ေဆာင္ကရန္ပြဲေတာ္တြင္ ပါဝင္ဆင္ႏႊဲၾကေသာ လူငယ္မ်ား။ ပြဲေတာ္ကာလအတြင္း အရက္ေသစာ အလြန္အကၽြံေသာက္စားမႈမွာ ရဲတပ္ဖြဲ႔အတြက္ အၾကီးမားဆံုး စိန္ေခၚမႈ ျဖစ္သည္။ ဓာတ္ပံု-AFP)

(ေရကစားထြက္ရင္း လမ္းတစ္ေလွ်ာက္ေတြ႔သူမ်ားကို ေရပတ္ၾကသည္။ သို႔ေသာ္ ေရ ၊ ယာဥ္ႏွင့္ အရက္ေသစာတို႔ ေပါင္းစပ္မႈမွာ အႏၱရာယ္ၾကီးမားသည္။ ဓာတ္ပံု-Tim Pile)

(ပြဲေတာ္ကာလအတြင္း တစ္ဦးႏွင့္တစ္ဦး မ်က္ႏွာအား ေပါင္ဒါျဖင့္ လိမ္းျခင္းတြင္ ေဘးကင္းေသာ ေပ်ာ္ရႊင္မႈႏွင့္ လြန္ကဲေသာ ေႏွာက္ယွက္မႈတို႔လည္း ရွိသည္။ ဓာတ္ပံု-Tim Pile)

(ေဆာင္ကရန္ပြဲေတာ္အတြင္း ေရေသနတ္ျဖင့္ ေရကစားေနၾကေသာ မိန္းကေလးမ်ား။ ပြဲေတာ္ကာလအတြင္း မိန္းကေလးမ်ားအား မဖြယ္မရာ ထိပါးမႈမ်ားလည္း ရွိသည္။ ဓာတ္ပံု-Reuters)

(ေရကစားပြဲေတာ္မွာ ေပ်ာ္ရႊင္ဖြယ္ေကာင္းေသာ္လည္း ဗိုက္နာျခင္း ၊ ဖ်ားျခင္းတို႔အျပင္ နမိုးနီးယားအထိ ျဖစ္ႏိုင္သည္။ ဓာတ္ပံု-Shutterstock)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Explainer Songkran, Thailand’s water festival: its Buddhist rituals, family traditions, mass water fights and dark side, from sexual harassment to drink driving (scmp)

Photo Credit-Shutterstock, AP, AFP, Reuters, Tim Pile, EPA-EFE

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
shwe-hninsi
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service