စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်

စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ် - Property Knowledge in Myanmar from iMyanmarHouse.com
16 Apr 2024 1:38 pm တွင် တင်ခဲ့သည်
833 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

စင်္ကာပူရှိ လူသူရှင်းသော လမ်းတစ်ခုတွင် ရပ်ထားသော စက်ဘီးတစ်စင်းရှေ့တွင် ဆောင့်ကြောင့်ထိုင်ရင်း အဘိုးအိုတစ်ဦး ရေခဲခြောက်များကို အတုံးငယ်ကလေးများဖြစ်သွားစေရန် ဂရုတစိုက် ခွဲနေ၏။

“ဒါလုပ်ရတာ လက်တွေ ကျင်တယ်။ ဒါပေမဲ့ ကျင့်သားရနေပါပြီ”ဟု လျန်ဟုသာ အမည်သိစေလိုသော အဘိုးအို က မန်ဒရင်းစကားဖြင့် ပြောသည်။

လမ်းပေါ်ဈေးရောင်းသူ အများစုသည် ရေခဲမုန့်နှင့် ရေခဲခြောက်တို့ကို လက်ကားရောင်းသူတို့ထံမှ ဝယ်ယူ ရောင်းချခြင်း ဖြစ်သည်။

ထိုနေ့က လေထန်ကာ မိုးအုံ့သော သောကြာနေ့ မနက်ဖြစ်သည်။

အသက် ၇၀ ကျော်ရှိပြီဖြစ်သူ အဘိုးလျန်သည် ရေခဲမုန့်ရောင်းရန် အသင့်ဖြစ်နေလေပြီ။

မကြာမီတွင် သူသည် လက်ကားရောင်းသူထံမှ ရေခဲမုန့်များကို သူ၏ ရေခဲပုံးထဲသို့ ထည့်ကာ လမ်းသွားလမ်းလာတို့အား ရောင်းချတော့မည် ဖြစ်သည်။

အီကွေတာအရပ်တွင် တည်ရှိကာ အပူချိန်မြင့်မားသော စင်္ကာပူတွင် ရေခဲမုန့်ကို စင်္ကာပူဒေါ်လာ ၁ ဒသမ ၅၀ (ကန်ဒေါ်လာ ၁ ဒသမ ၁၀) ဖြင့် ရောင်းချသည်။

စက်ဘီးတွင် တပ်ဆင်ထားသော ထီးသာလျှင် သူ့အတွက် အရိပ်ရှိသည်။ အဘိုးလျန်သည် စင်္ကာပူတွင် ယနေ့တိုင် ကျန်ရှိနေဆဲဖြစ်သော ရိုးရာရေခဲမုန့် ရောင်းချသူများတွင် တစ်ဦး အပါအဝင်ဖြစ်ပြီး ဖြတ်သန်းကုန်ဆုံးသွားတော့မည့် ခေတ်တစ်ခု၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်လေသည်။

၁၉၆၀ ပြည့်လွန်ကာလများအထိ စင်္ကာပူတွင် လမ်းပေါ်ဈေးရောင်းသူများနှင့် ပြည့်နှက်နေခဲ့သည်။

ရေခဲခြစ်မှသည် ဝက်နံရိုးစွပ်ပြုပ်အထိ မျိုးစုံရောင်းချကြသည်။

ယခုအခါ စင်္ကာပူ၏ တင်းကြပ်သော စည်းမျဉ်းများကြောင့် လမ်းပေါ်ဈေးသည် ၁၅၀ ခန့်သာ ရှိတော့သည်။

အမေရိကရှိ ရေခဲမုန့် ရောင်းသောကားများနှင့် စင်္ကာပူမှ ဈေးသည်များ မတူညီကြ။

စင်္ကာပူမှ ဈေးသည်တို့မှာ စက်ဘီးများဖြင့် ရောင်းချကြပြီး အချို့မှာ မော်တာပင် မပါကြ။

စက်ဘီးများတွင် ရေခဲပုံးတစ်ခု တင်ဆောင်ထားပြီး ရှေးရိုးအရသာများဖြစ်သော ချောကလက်နှင့် သစ်ခွ ရေခဲမုန့်တို့မှသည် တွေ့ရှိရမှု နည်းပါးသော ပြောင်း ၊ ဒူးရင်းတို့အထိ အရသာမျိုးစုံ ပါဝင်ကြသည်။

ရေခဲမုန့်ကို မျိုးစုံရောင်းချရာ ခွက်အတွင်း ထည့်၍ လည်းကောင်း ၊ ဝေဖာချပ် ၂ ခုကြား ညှပ်၍ လည်းကောင်း ရောင်စုံပေါင်မုန့်ချပ်များကြား ညှပ်၍လည်းကောင်း ရောင်းချကြသည်။

စင်္ကာပူသား အများစုအတွက် ဤရိုးရာ ရေခဲမုန့်တို့သည် ဈေးနှုန်းသက်သာပြီး အတိတ်ကို လွမ်းဆွတ်ဖွယ်ရာ ဖြစ်သည်။

စင်္ကာပူတွင် ရေခဲမုန့် ဦးလေးကြီးများထံမှ ရေခဲမုန့် ဝယ်ယူစားသောက်ဖူးခြင်းမှာ ဘဝမှတ်တိုင်တစ်ခုသဖွယ် ဖြစ်နေသည်။

သို့သော် စင်္ကာပူတွင် ရိုးရာရေခဲမုန့် ရောင်းသူတစ်ဦးအဖြစ် ရပ်တည်ရသည်မှာ မလွယ်ကူလှ။

စင်္ကာပူအစားအသောက် ကွပ်ကဲရေးအဖွဲ့ (SFA) က လမ်းပေါ်ဈေးရောင်းခြင်းကို တင်းကြပ်စွာ ထိန်းချုပ်ထားသည်။

၁၉၉၄ ခုနှစ်တွင် လမ်းပေါ်ဈေးရောင်းသူများအတွက် လိုင်စင်တစ်ကြိမ်သာ ထုတ်ပေးခဲ့ပြီး ဈေးရောင်းသူဦးရေ ထိန်းချုပ်ရန်အတွက် ယင်းနောက်ပိုင်းတွင် လိုင်စင်ထုတ်ပေးခြင်း မရှိတော့ကြောင်း SFA ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

သို့သော် ၂၀၀၀ ပြည့်လွန် အစောပိုင်းကာလများအတွင်း စီးပွားရေး အခက်အခဲ ကြုံနေရသူတို့အား ယာယီ အကူအညီပေးနိုင်ရန် လမ်းပေါ်ဈေးရောင်းမှု ခွင့်ပြုချက်ကို ပြန်လည် ချထားပေးခဲ့သည်ဟု ဆိုသည်။ ထိုလိုင်စင်များသည် တစ်နှစ်သက်တမ်းသာ ဖြစ်ပြီး လွှဲပြောင်းနိုင်ခွင့် မရှိချေ။

(ရိုးရာ ရေခဲမုန့်တို့သည် တိုင်းပြည်၏ အရေးပါသော အမွေအနှစ်တစ်ခုအဖြစ် စင်္ကာပူသားတို့က ရှုမြင်ကြသည်။ ဓာတ်ပုံ-Business Insider)

 

ယခင်မျိုးဆက်ဟောင်း လမ်းပေါ်ဈေးရောင်းသူများမှာ စင်္ကာပူတစ်နိုင်ငံလုံးအနှံ့ ရောင်းချနိုင်သော လိုင်စင်များ ရခဲ့ကြကြောင်း ၊ ထို့ကြောင့် ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ကြရာ Orchard လမ်းကဲ့သို့ နေရာမျိုး အပါအဝင် စင်္ကာပူရှိ မည်သည့်နေရာတွင်မဆို ရောင်းခွင့် ရခဲ့ရကြောင်း ရေခဲမုန့် ဖြန့်ဖြူးရေး ကုမ္ပဏီ Chip Guan Heng ၏ တတိယမျိုးဆက်ပိုင်ရှင် Kenneth Goh က ပြောသည်။

နောက်ပိုင်းလမ်းပေါ် ဈေးရောင်းသူများမှာမူ မိမိတို့နေထိုင်ရာ ဒေသတွင်သာ ရောင်းချခွင့်ရှိသော လိုင်စင်များ ရခဲ့ကြသည်။

Channel News Asia သတင်းဌာနက ၂၀၁၉ ခုနှစ်တွင် ဖော်ပြခဲ့မှုအရ စင်္ကာပူရှိ အများပြည်သူဆိုင်ရာနေရာ မည်သည့်နေရာတွင်မဆို ရောင်းချခွင့်ရသူ ၁၃ ဦးသာ ရှိတော့သည်ဟု ဆိုသည်။

လမ်းပေါ် ဈေးရောင်းခြင်းများ ခွင့်ပြုချက်ပေးခြင်းသည် အလုပ်မရှိသူတို့အတွက် ယာယီအထောက်အကူ ဖြစ်စေရန်သာ ရည်ရွယ်ကြောင်း၊ အသက်မွေးဝမ်းကြောင်းလုပ်ရန် ကြိုးစားနေသူများအတွက် အဖြေတစ်ခု မဟုတ်ကြောင်း SFA က ထုတ်ပြန်သည်။

SFA က ရေခဲမုန့် လမ်းပေါ်ရောင်းသူများအတွက် လိုင်စင်ကြေး မည်မျှ ကောက်ခံကြောင်း ထုတ်ဖော်ပြောကြား ခြင်း မရှိသော်လည်း စင်္ကာပူသတင်းစာ တစ်စောင်ဖြစ်သော Today က ၂၀၁၄ ခုနှစ်အတွင်း ဖော်ပြခဲ့ဖူးသည့် ဆောင်းပါးဟောင်းတစ်ပုဒ်အရ လိုင်စင်ကြေး တစ်နှစ်လျှင် စင်္ကာပူဒေါ်လာ ၁၂၀ ကျသင့်ကြောင်း ဖော်ပြခဲ့ဖူးသည်။

“အနာဂတ်မှာ ရေခဲမုန့် ဦးလေးကြီးတွေ မရှိတော့ဘူးဆိုရင် ဝမ်းနည်းဖို့ ကောင်းပါတယ်။ စင်္ကာပူမှာ ဒီလို ဈေးသက်သာပြီး အတိတ်ကို လွမ်းဆွတ်စရာ ရေခဲမုန့်တွေ ဝယ်နိုင်တဲ့နေရာ များများစားစား မရှိတော့ ပါဘူး” ဟု အသက် ၂၆ နှစ်အရွယ်ရှိ စင်္ကာပူနိုင်ငံသားတစ်ဦးဖြစ်သူ Darren Tan က ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Singapore’s ‘ice cream uncles’ are melting away thanks to old age and red tape: ‘it’s just the way it is’ (scmp)

Photo Credit: businessinsider

 

 

[Zawgyi]

စကၤာပူမွ ေရခဲမုန္႔ ဦးေလးၾကီးမ်ား (သို႔မဟုတ္) ျဖတ္သန္းကုန္ဆံုး ေပ်ာက္ကြယ္သြားေတာ့မည့္ ေခတ္တစ္ေခတ္

 

စကၤာပူရွိ လူသူရွင္းေသာ လမ္းတစ္ခုတြင္ ရပ္ထားေသာ စက္ဘီးတစ္စင္းေရွ႕တြင္ ေဆာင့္ေၾကာင့္ထိုင္ရင္း အဘိုးအိုတစ္ဦး ေရခဲေျခာက္မ်ားကို အတံုးငယ္ကေလးမ်ားျဖစ္သြားေစရန္ ဂရုတစိုက္ ခြဲေန၏။

“ဒါလုပ္ရတာ လက္ေတြ က်င္တယ္။ ဒါေပမဲ့ က်င့္သားရေနပါျပီ”ဟု လ်န္ဟုသာ အမည္သိေစလိုေသာ အဘိုးအို က မန္ဒရင္းစကားျဖင့္ ေျပာသည္။

လမ္းေပၚေစ်းေရာင္းသူ အမ်ားစုသည္ ေရခဲမုန္႔ႏွင့္ ေရခဲေျခာက္တုိ႔ကို လက္ကားေရာင္းသူတု႔ိထံမွ ဝယ္ယူ ေရာင္းခ်ျခင္း ျဖစ္သည္။

ထိုေန႔က ေလထန္ကာ မိုးအုံ႔ေသာ ေသာၾကာေန႔ မနက္ျဖစ္သည္။

အသက္ ၇၀ ေက်ာ္ရွိျပီျဖစ္သူ အဘိုးလ်န္သည္ ေရခဲမုန္႔ေရာင္းရန္ အသင့္ျဖစ္ေနေလျပီ။

မၾကာမီတြင္ သူသည္ လက္ကားေရာင္းသူထံမွ ေရခဲမုန္႔မ်ားကို သူ၏ ေရခဲပံုးထဲသို႔ ထည့္ကာ လမ္းသြားလမ္းလာတို႔အား ေရာင္းခ်ေတာ့မည္ ျဖစ္သည္။

အီေကြတာအရပ္တြင္ တည္ရွိကာ အပူခ်ိန္ျမင့္မားေသာ စကၤာပူတြင္ ေရခဲမုန္႔ကို စကၤာပူေဒၚလာ ၁ ဒသမ ၅၀ (ကန္ေဒၚလာ ၁ ဒသမ ၁၀) ျဖင့္ ေရာင္းခ်သည္။

စက္ဘီးတြင္ တပ္ဆင္ထားေသာ ထီးသာလွ်င္ သူ႔အတြက္ အရိပ္ရွိသည္။ အဘိုးလ်န္သည္ စကၤာပူတြင္ ယေန႔တုိင္ က်န္ရွိေနဆဲျဖစ္ေသာ ရိုးရာေရခဲမုန္႔ ေရာင္းခ်သူမ်ားတြင္ တစ္ဦး အပါအဝင္ျဖစ္ျပီး ျဖတ္သန္းကုန္ဆံုးသြားေတာ့မည့္ ေခတ္တစ္ခု၏ အစိတ္အပိုင္းတစ္ခုလည္း ျဖစ္ေလသည္။

၁၉၆၀ ျပည့္လြန္ကာလမ်ားအထိ စကၤာပူတြင္ လမ္းေပၚေစ်းေရာင္းသူမ်ားႏွင့္ ျပည့္ႏွက္ေနခဲ့သည္။

ေရခဲျခစ္မွသည္ ဝက္နံရိုးစြပ္ျပဳပ္အထိ မ်ဳိးစံုေရာင္းခ်ၾကသည္။

ယခုအခါ စကၤာပူ၏ တင္းၾကပ္ေသာ စည္းမ်ဥ္းမ်ားေၾကာင့္ လမ္းေပၚေစ်းသည္ ၁၅၀ ခန္႔သာ ရွိေတာ့သည္။

အေမရိကရွိ ေရခဲမုန္႔ ေရာင္းေသာကားမ်ားႏွင့္ စကၤာပူမွ ေစ်းသည္မ်ား မတူညီၾက။

စကၤာပူမွ ေစ်းသည္တို႔မွာ စက္ဘီးမ်ားျဖင့္ ေရာင္းခ်ၾကျပီး အခ်ဳိ႕မွာ ေမာ္တာပင္ မပါၾက။

စက္ဘီးမ်ားတြင္ ေရခဲပံုးတစ္ခု တင္ေဆာင္ထားျပီး ေရွးရိုးအရသာမ်ားျဖစ္ေသာ ေခ်ာကလက္ႏွင့္ သစ္ခြ ေရခဲမုန္႔တို႔မွသည္ ေတြ႔ရွိရမႈ နည္းပါးေသာ ေျပာင္း ၊ ဒူးရင္းတို႔အထိ အရသာမ်ိဳးစံု ပါဝင္ၾကသည္။

ေရခဲမုန္႔ကုိ မ်ဳိးစံုေရာင္းခ်ရာ ခြက္အတြင္း ထည့္၍ လည္းေကာင္း ၊ ေဝဖာခ်ပ္ ၂ ခုၾကား ညွပ္၍ လည္းေကာင္း ေရာင္စံုေပါင္မုန္႔ခ်ပ္မ်ားၾကား ညွပ္၍လည္းေကာင္း ေရာင္းခ်ၾကသည္။

စကၤာပူသား အမ်ားစုအတြက္ ဤရိုးရာ ေရခဲမုန္႔တုိ႔သည္ ေစ်းႏႈန္းသက္သာျပီး အတိတ္ကို လြမ္းဆြတ္ဖြယ္ရာ ျဖစ္သည္။

စကၤာပူတြင္ ေရခဲမုန္႔ ဦးေလးၾကီးမ်ားထံမွ ေရခဲမုန္႔ ဝယ္ယူစားေသာက္ဖူးျခင္းမွာ ဘဝမွတ္တိုင္တစ္ခုသဖြယ္ ျဖစ္ေနသည္။

သို႔ေသာ္ စကၤာပူတြင္ ရိုးရာေရခဲမုန႔္ ေရာင္းသူတစ္ဦးအျဖစ္ ရပ္တည္ရသည္မွာ မလြယ္ကူလွ။

စကၤာပူအစားအေသာက္ ကြပ္ကဲေရးအဖြဲ႔ (SFA) က လမ္းေပၚေစ်းေရာင္းျခင္းကို တင္းၾကပ္စြာ ထိန္းခ်ဳပ္ထားသည္။

၁၉၉၄ ခုႏွစ္တြင္ လမ္းေပၚေစ်းေရာင္းသူမ်ားအတြက္ လိုင္စင္တစ္ၾကိမ္သာ ထုတ္ေပးခဲ့ျပီး ေစ်းေရာင္းသူဦးေရ ထိန္းခ်ဳပ္ရန္အတြက္ ယင္းေနာက္ပိုင္းတြင္ လိုင္စင္ထုတ္ေပးျခင္း မရွိေတာ့ေၾကာင္း SFA ၏ ထုတ္ျပန္ခ်က္တစ္ရပ္တြင္ ေဖာ္ျပသည္။

သို႔ေသာ္ ၂၀၀၀ ျပည့္လြန္ အေစာပိုင္းကာလမ်ားအတြင္း စီးပြားေရး အခက္အခဲ ၾကံဳေနရသူတို႔အား ယာယီ အကူအညီေပးႏိုင္ရန္ လမ္းေပၚေစ်းေရာင္းမႈ ခြင့္ျပဳခ်က္ကုိ ျပန္လည္ ခ်ထားေပးခဲ့သည္ဟု ဆိုသည္။ ထိုလိုင္စင္မ်ားသည္ တစ္ႏွစ္သက္တမ္းသာ ျဖစ္ျပီး လႊဲေျပာင္းႏိုင္ခြင့္ မရွိေခ်။

 

(ရိုးရာ ေရခဲမုန႔္တို႔သည္ တိုင္းျပည္၏ အေရးပါေသာ အေမြအႏွစ္တစ္ခုအျဖစ္ စကၤာပူသားတို႔က ရႈျမင္ၾကသည္။ ဓာတ္ပံု-Business Insider)

ယခင္မ်ဳိးဆက္ေဟာင္း လမ္းေပၚေစ်းေရာင္းသူမ်ားမွာ စကၤာပူတစ္ႏိုင္ငံလံုးအႏွံ႔ ေရာင္းခ်ႏိုင္ေသာ လိုင္စင္မ်ား ရခဲ့ၾကေၾကာင္း ၊ ထို႔ေၾကာင့္ ကမၻာလွည့္ခရီးသည္မ်ား လည္ပတ္ၾကရာ Orchard လမ္းကဲ့သို႔ ေနရာမ်ဳိး အပါအဝင္ စကၤာပူရွိ မည္သည့္ေနရာတြင္မဆို ေရာင္းခြင့္ ရခဲ့ရေၾကာင္း ေရခဲမုန္႔ ျဖန္႔ျဖဴးေရး ကုမၸဏီ Chip Guan Heng ၏ တတိယမ်ဳိးဆက္ပိုင္ရွင္ Kenneth Goh က ေျပာသည္။

ေနာက္ပိုင္းလမ္းေပၚ ေစ်းေရာင္းသူမ်ားမွာမူ မိမိတို႔ေနထိုင္ရာ ေဒသတြင္သာ ေရာင္းခ်ခြင့္ရွိေသာ လိုင္စင္မ်ား ရခဲ့ၾကသည္။

Channel News Asia သတင္းဌာနက ၂၀၁၉ ခုႏွစ္တြင္ ေဖာ္ျပခဲ့မႈအရ စကၤာပူရွိ အမ်ားျပည္သူဆိုင္ရာေနရာ မည္သည့္ေနရာတြင္မဆို ေရာင္းခ်ခြင့္ရသူ ၁၃ ဦးသာ ရွိေတာ့သည္ဟု ဆိုသည္။

လမ္းေပၚ ေစ်းေရာင္းျခင္းမ်ား ခြင့္ျပဳခ်က္ေပးျခင္းသည္ အလုပ္မရွိသူတို႔အတြက္ ယာယီအေထာက္အကူ ျဖစ္ေစရန္သာ ရည္ရြယ္ေၾကာင္း၊ အသက္ေမြးဝမ္းေၾကာင္းလုပ္ရန္ ၾကိဳးစားေနသူမ်ားအတြက္ အေျဖတစ္ခု မဟုတ္ေၾကာင္း SFA က ထုတ္ျပန္သည္။

SFA က ေရခဲမုန႔္ လမ္းေပၚေရာင္းသူမ်ားအတြက္ လိုင္စင္ေၾကး မည္မွ် ေကာက္ခံေၾကာင္း ထုတ္ေဖာ္ေျပာၾကား ျခင္း မရွိေသာ္လည္း စကၤာပူသတင္းစာ တစ္ေစာင္ျဖစ္ေသာ Today က ၂၀၁၄ ခုႏွစ္အတြင္း ေဖာ္ျပခဲ့ဖူးသည့္ ေဆာင္းပါးေဟာင္းတစ္ပုဒ္အရ လိုင္စင္ေၾကး တစ္ႏွစ္လွ်င္ စကၤာပူေဒၚလာ ၁၂၀ က်သင့္ေၾကာင္း ေဖာ္ျပခဲ့ဖူးသည္။

“အနာဂတ္မွာ ေရခဲမုန္႔ ဦးေလးၾကီးေတြ မရွိေတာ့ဘူးဆိုရင္ ဝမ္းနည္းဖို႔ ေကာင္းပါတယ္။ စကၤာပူမွာ ဒီလို ေစ်းသက္သာျပီး အတိတ္ကို လြမ္းဆြတ္စရာ ေရခဲမုန္႔ေတြ ဝယ္ႏိုင္တဲ့ေနရာ မ်ားမ်ားစားစား မရွိေတာ့ ပါဘူး” ဟု အသက္ ၂၆ ႏွစ္အရြယ္ရွိ စကၤာပူႏိုင္ငံသားတစ္ဦးျဖစ္သူ Darren Tan က ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Singapore’s ‘ice cream uncles’ are melting away thanks to old age and red tape: ‘it’s just the way it is’ (scmp)

Photo Credit: businessinsider

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
area-one-business-complex
ponnami

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service