ကားလောက၏ ဧကရာဇ် ဟင်နရီဖို့ဒ်၏ ဂျော်ဂျီယာမှ စံအိမ် ကန်ဒေါ်လာ ၄ ဒသမ ၄၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

ကားလောက၏ ဧကရာဇ် ဟင်နရီဖို့ဒ်၏ ဂျော်ဂျီယာမှ စံအိမ် ကန်ဒေါ်လာ ၄ ဒသမ ၄၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
4 Apr 2024 2:07 pm တွင် တင်ခဲ့သည်
392 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကားလောက၏ ရှေ့ဆောင်ရှေ့ရွက်ပုဂ္ဂိုလ် ဟင်နရီဖို့ဒ် တချိန်က ဆောင်းရာသီ အပန်းဖြေအိမ်အဖြစ် အသုံးပြုခဲ့သော စံအိမ်ကို မကြာသေးမီကမှ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ထားပြီး ယခုအခါ ကန်ဒေါ်လာ ၄ ဒသမ ၄၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်၊ ဆဗားနားမြို့ပြင် Ogeechee မြစ်ကမ်းတွင် တည်ရှိပြီး ကိုလိုနီ ဗိသုကာဟန်ဖြင့် ၁၈၇၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဤစံအိမ်ကို တချိန်က Ford Motor ကုမ္ပဏီတည်ထောင်သူ မီချီဂန်ဖွား ဟင်နရီဖို့ဒ်နှင့် ဇနီးဖြစ်သူ ကလာရာ တို့က ဆောင်းရာသီစံအိမ်အဖြစ် ၁၉၀၀ ပြည့်လွန်အစောပိုင်းကာလများတွင် ၁၀ နှစ်ခန့် အသုံးပြုခဲ့သည်။

Seabolt Real Estate အိမ်ခြံမြေကုမ္ပဏီမှ Kacey Howard နှင့် Luxury Portfolio International အိမ်ခြံမြေ ကုမ္ပဏီမှ Danielle Hopper တို့က အရောင်းဈေးကွက်တင်ကာ ပိုင်ရှင်သစ် ရှာဖွေလျက်ရှိသည်။

(ဟင်နရီဖို့ဒ်။ ဓာတ်ပုံ-Getty Images)

(ပင်မစံအိမ်၏ဘေးတွင် ဂိုဒေါင်တစ်လုံးကို မကြာသေးမီက ဆောက်လုပ်ထားသည်။ ဓာတ်ပုံ-Andrew Frazier Photo)

(စံအိမ်၏ ကောင်းကင်မြင်ကွင်း။ ဓာတ်ပုံ-Andrew Frazier Photo)

လက်ရှိပိုင်ရှင်များက ပြီးခဲ့သော မတ်လအတွင်း စံအိမ်ကို အသေးစိတ်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ မွမ်းမံရာတွင် အိပ်ခန်း ၄ ခန်းပါစံအိမ်၏ သမိုင်းဝင်လက်ရာများကို ထိန်းသိမ်းထားပြီး မီးဖိုဆောင်သစ် ကဲ့သို့ ခေတ်မီ feature များလည်း ထပ်မံထည့်သွင်းထားကြောင်း Hopper က နယူးယောက်ပို့စ် သတင်းဌာန သို့ ပြောသည်။

(အခန်းဖွင့် ခင်းကျင်းထားသော မီးဖိုဆောင်နှင့် ညစာစားနေရာ။ ဓာတ်ပုံ-Andrew Frazier Photo)

(လသာဆောင်နေရာ ကျယ်ပြောစွာ ပါဝင်သည်။ ဓာတ်ပုံ-Andrew Frazier Photo)

(ရေချိုးခန်း ၆ ခန်းအနက်မှ တစ်ခု။ ဓာတ်ပုံ-Andrew Frazier Photo)

(၁၈၇၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ပြီး ခေတ်မီအဆင့်မြှင့်တင်မှုများ ပြုလုပ်ထားသည်။ ဓာတ်ပုံ-Andrew Frazier Photo)

(အိပ်ခန်း ၄ ခန်းအနက် တစ်ခု။ ဓာတ်ပုံ-Andrew Frazier Photo)

ဧကပေါင်း ၁၈၀၀ ကျယ်ဝန်းသော ဂိတ်ဝန်းခတ် အိမ်ရာဝန်းဖြစ်သည့် Ford Field & River Club တွင် တည်ရှိ ပြီး နေအိမ်အလုံးပေါင်း ၄၀၀ ရှိသည်။

အိမ်ရာဝန်းအတွင်း မြင်းဖြင့်သာ သွားရန်သင့်တော်သော လမ်းကြမ်းများ၊ ရေနက်ဆိပ်ကမ်း၊ ရေကန် ၆ ခု၊ pickleball ကွင်းများနှင့် Pete Dye ဂေါက်ကွင်းတို့ ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 Ref: Automobile titan Henry Ford’s former Georgia estate lists for $4.49M (nypost)

Photo Credit: Getty image

[Zawgyi]

ကားေလာက၏ ဧကရာဇ္ ဟင္နရီဖို႔ဒ္၏ ေဂ်ာ္ဂ်ီယာမွ စံအိမ္ ကန္ေဒၚလာ ၄ ဒသမ ၄၉ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

ကားေလာက၏ ေရွ႕ေဆာင္ေရွ႕ရြက္ပုဂၢိဳလ္ ဟင္နရီဖို႔ဒ္ တခ်ိန္က ေဆာင္းရာသီ အပန္းေျဖအိမ္အျဖစ္ အသံုးျပဳခဲ့ေသာ စံအိမ္ကို မၾကာေသးမီကမွ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ထားျပီး ယခုအခါ ကန္ေဒၚလာ ၄ ဒသမ ၄၉ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

အေမရိကန္ျပည္ေထာင္စု၊ ေဂ်ာ္ဂ်ီယာျပည္နယ္၊ ဆဗားနားျမိဳ႕ျပင္ Ogeechee ျမစ္ကမ္းတြင္ တည္ရွိျပီး ကိုလိုနီ ဗိသုကာဟန္ျဖင့္ ၁၈၇၀ ျပည့္ႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

ဤစံအိမ္ကို တခ်ိန္က Ford Motor ကုမၸဏီတည္ေထာင္သူ မီခ်ီဂန္ဖြား ဟင္နရီဖို႔ဒ္ႏွင့္ ဇနီးျဖစ္သူ ကလာရာ တို႔က ေဆာင္းရာသီစံအိမ္အျဖစ္ ၁၉၀၀ ျပည့္လြန္အေစာပိုင္းကာလမ်ားတြင္ ၁၀ ႏွစ္ခန္႔ အသံုးျပဳခဲ့သည္။

Seabolt Real Estate အိမ္ျခံေျမကုမၸဏီမွ Kacey Howard ႏွင့္ Luxury Portfolio International အိမ္ျခံေျမ ကုမၸဏီမွ Danielle Hopper တို႔က အေရာင္းေစ်းကြက္တင္ကာ ပိုင္ရွင္သစ္ ရွာေဖြလ်က္ရွိသည္။

(ဟင္နရီဖို႔ဒ္။ ဓာတ္ပံု-Getty Images)

(ပင္မစံအိမ္၏ေဘးတြင္ ဂိုေဒါင္တစ္လံုးကို မၾကာေသးမီက ေဆာက္လုပ္ထားသည္။ ဓာတ္ပံု-Andrew Frazier Photo)

(စံအိမ္၏ ေကာင္းကင္ျမင္ကြင္း။ ဓာတ္ပံု-Andrew Frazier Photo)

လက္ရွိပိုင္ရွင္မ်ားက ျပီးခဲ့ေသာ မတ္လအတြင္း စံအိမ္ကို အေသးစိတ္ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

ထိုသို႔ မြမ္းမံရာတြင္ အိပ္ခန္း ၄ ခန္းပါစံအိမ္၏ သမိုင္းဝင္လက္ရာမ်ားကို ထိန္းသိမ္းထားျပီး မီးဖိုေဆာင္သစ္ ကဲ့သို႔ ေခတ္မီ feature မ်ားလည္း ထပ္မံထည့္သြင္းထားေၾကာင္း Hopper က နယူးေယာက္ပို႔စ္ သတင္းဌာန သို႔ ေျပာသည္။

(အခန္းဖြင့္ ခင္းက်င္းထားေသာ မီးဖိုေဆာင္ႏွင့္ ညစာစားေနရာ။ ဓာတ္ပံု-Andrew Frazier Photo)

(လသာေဆာင္ေနရာ က်ယ္ေျပာစြာ ပါဝင္သည္။ ဓာတ္ပံု-Andrew Frazier Photo)

(ေရခ်ဳိးခန္း ၆ ခန္းအနက္မွ တစ္ခု။ ဓာတ္ပံု-Andrew Frazier Photo)

(၁၈၇၀ ျပည့္ႏွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး ေခတ္မီအဆင့္ျမွင့္တင္မႈမ်ား ျပဳလုပ္ထားသည္။ ဓာတ္ပံု-Andrew Frazier Photo)

(အိပ္ခန္း ၄ ခန္းအနက္ တစ္ခု။ ဓာတ္ပံု-Andrew Frazier Photo)

ဧကေပါင္း ၁၈၀၀ က်ယ္ဝန္းေသာ ဂိတ္ဝန္းခတ္ အိမ္ရာဝန္းျဖစ္သည့္ Ford Field & River Club တြင္ တည္ရွိ ျပီး ေနအိမ္အလံုးေပါင္း ၄၀၀ ရွိသည္။

အိမ္ရာဝန္းအတြင္း ျမင္းျဖင့္သာ သြားရန္သင့္ေတာ္ေသာ လမ္းၾကမ္းမ်ား၊ ေရနက္ဆိပ္ကမ္း၊ ေရကန္ ၆ ခု၊ pickleball ကြင္းမ်ားႏွင့္ Pete Dye ေဂါက္ကြင္းတို႔ ရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Automobile titan Henry Ford’s former Georgia estate lists for $4.49M (nypost)

Photo Credit: Getty image

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝ...

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
area-one-business-complex
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service