Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Google ၏ စီအီးအို (ဟောင်း) Larry Page ထံ အီးမေးလ်ပို့ကာ ‘အခုည ဘယ်မှာ အိပ်ရမယ်မှန်းမသိလို့…ကျွန်တော်လာအိပ်လို့ရမလား’ ဟု တောင်းဆိုခဲ့ဖူး

Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Google ၏ စီအီးအို (ဟောင်း) Larry Page ထံ အီးမေးလ်ပို့ကာ ‘အခုည ဘယ်မှာ အိပ်ရမယ်မှန်းမသိလို့…ကျွန်တော်လာအိပ်လို့ရမလား’ ဟု တောင်းဆိုခဲ့ဖူး - Property News in Myanmar from iMyanmarHouse.com
4 Apr 2024 12:04 pm တွင် တင်ခဲ့သည်
1366 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်းပုဂ္ဂိုလ် ၃ ဦးတွင် ပါဝင်သူ Tesla နှင့် Space X တို့၏ စီအီးအို Elon Musk သည် အခြားဘီလျံနာများနှင့်ယှဉ်လျှင် တန်ဖိုးကြီးစံအိမ်ကြီးများကို စိတ်ဝင်စားခြင်းမရှိသူဖြစ်သည်။

နှိုင်းယှဉ်မှုအားဖြင့် ကြည့်မည်ဆိုလျှင် Google ပူးတွဲတည်ထောင်သူ၊ စီအီးအိုဟောင်း Larry Page မှာ တန်ဖိုးကြီး စံအိမ် များစွာပိုင်ဆိုင်ထားပြီး မကြာသေးမီကလည်း ပြူတိုရီကိုရှိ ကျွန်းတစ်ကျွန်းကို ကန်ဒေါ်လာ ၃၂ သန်းဖြင့် ဝယ်ယူခဲ့မှုမှာ ထိပ်တန်းသတင်းတစ်ရပ် ဖြစ်ခဲ့သည်။

Larry Page က Elon Musk ၏ အတည်တကျမနေဘဲ စိတ်ပျော်ရာလှည့်လည်နေထိုင်နေသည့် ဘဝပုံစံနှင့် စပ်လျဉ်းသည့် ဖြစ်ရပ်တစ်ခုကို ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

(ဆက်စပ်သတင်း)

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သော်လည်း အိမ်ပိုင်မရှိသူ Elon Musk က မိသားစု ဘဝတည်ငြိမ်ရေးအတွက် ကိုယ်ပိုင်အိမ်တစ်လုံး ဝယ်ယူရန် ချင့်ချိန်စဉ်းစားခဲ့သော်လည်း် လက်ရှိ အိမ်ခြံမြေဈေးကွက်ရှိ နေအိမ်များမှာ ဈေးအလွန်ကြီးကြောင်း ညည်းတွား

https://www.imaynmarhouse.com/news/read/1087650

Larry Page ၏ ထုတ်ဖော်ပြောဆိုမှုကို ကြည့်လျှင် နည်းပညာထိပ်သီးတို့၏ ချမ်းသာကြွယ်ဝမှုနှင့် ဘဝနေထိုင်မှု ဟန်တို့အပေါ် ချဉ်းကပ်ပုံကို တွေ့မြင်နိုင်သည်။

Elon Musk သည် အခြားဘီလျံနာများနှင့် နှိုင်းယှဉ်လျှင် တမူကွဲပြားသော ဘဝနေထိုင်မှုဟန်ပန်ရှိရာ အိမ်ပိုင်ဖြင့် မနေထိုင်ခြင်းလည်း အပါအဝင် ဖြစ်သည်။

တက္ကဆပ်ပြည်နယ်တွင် ဒေါ်လာ ၅၀,၀၀၀ တန်ကြေးရှိ သေးငယ်သော အိမ်လေးတစ်လုံးရှိသော်လည်း ထိုအိမ်ကို Elon Musk က ဧည့်ဂေဟာအိမ်အဖြစ် အသုံးပြုခြင်း ဖြစ်သည်။

အိမ်ခြံမြေနှင့် ပတ်သက်သည့် Elon Musk ၏ အယူအဆမှာ တနေရာတည်း မူသေအထိုင်မထားခြင်းနှင့် လက်တွေ့ကျခြင်းဟူသော အတွေးအခေါ်အပေါ် အခြေခံသည်။

Elon Musk သည် ဘီလျံနာအဆင့်အတန်းသို့ ရောက်ရှိလာပြီးနောက်ပိုင်းတွင်ပင်လျှင် အိပ်စရာနေရာအတွက် မိတ်ဆွေသူငယ်ချင်းများကို မှီခိုနေခဲ့သည်။

Elon Musk နှင့် Larry Page တို့ကြားမှ ဖြစ်ရပ်တစ်ခုကို ၂၀၁၅ ခုနှစ်အတွင်း Business Insider သတင်းဌာနက ဖော်ပြခဲ့ဖူးသည်။

Elon Musk ၏ အတ္ထုပ္ပတ္တိရေးသားခဲ့သော စာရေးဆရာ Ashley Vance ကလည်း ထိုအကြောင်းကို ထည့်သွင်း ရေးသားဖော်ပြဖူးသည်။

Elon Musk က မိမိအား အိပ်စရာနေရာ တောင်းဆိုခဲ့ဖူးကြောင်းကို Larry Page က ပြန်လည်ပြောပြသည်မှာ “သူက အီးမေးလ်ပို့ပြီးပြောတာ…ကျွန်တော်ဒီည ဘယ်မှာနေရမယ် မသိဖြစ်နေတယ်..ခင်ဗျားဆီကို လာလို့ရမလား” ဟု ပြောခဲ့သည်ဟု ဆိုသည်။

Elon Musk မှာ အိမ်ရာမဲ့သဖွယ်ဖြစ်နေသည်မှာ ရယ်စရာကောင်းကြောင်း Larry Page က ပြောသည်။

“ကျွန်တော်..သူ့ကို အိပ်စရာနေရာ ဘာမှ မပေးခဲ့ပါဘူး” ဟု Larry Page က ရယ်လျက် ပြောသည်။

ထိုသို့ Larry Page ၏ အိမ်တွင် အိပ်ခွင့်တောင်းခဲ့ချိန်က Elon Musk မှာ ကန်ဒေါ်လာ ၁၃ ဘီလီယံ ချမ်းသာ ကြွယ်ဝနေပြီဖြစ်သောအချိန်ဖြစ်ရာ Larry Page ထံတွင် အိပ်စရာနေရာ တောင်းနေစရာမလိုဘဲ အခမ်းနား အကြီးကျယ်ဆုံး စံအိမ်ကြီးများကို ဝယ်ယူနေထိုင်နိုင်သည်သာ ဖြစ်သည်။

Elon Musk နှင့် Larry Page တို့မှာ ယခုအချိန်တွင် မိတ်ဆွေများ မဟုတ်တော့ဟူသည့်အချက်ကို သိထားရန် အရေးကြီးပါသည်။

ထိုသို့ မိတ်ဆွေမဟုတ်တော့သည့်အကြောင်းရင်းကို စာရေးဆရာ ဝေါလ်တာ အိုင်ဆက်ဇန်က ၂၀၂၃ ခုနှစ် အတွင်း ထုတ်ဝေခဲ့သည့် Elon Musk ၏ အတ္ထုပ္ပတ္တိစာအုပ်တွင် ရေးသားဖော်ပြခဲ့ဖူးသည်။

၎င်းတို့နှစ်ဦး ခွာပြဲသွားသည့် အကြောင်းရင်းမှာ AI နည်းပညာနှင့် စပ်လျဉ်းပြီး သဘောထား မတိုက်ဆိုင် သောကြောင့် ဖြစ်ပြီး ယခင်က အလွန်ရင်းနှီးချစ်ခင်ကြသူ ၂ ဦးမှာ အဆက်အသွယ် အားလုံး ဖြတ်တောက်ကာ သူစိမ်းပြင်ပြင် ဖြစ်သွားခဲ့သည်။

တချိန်ကမူ ၎င်းတို့နှစ်ဦးအကြား ရင်းနှီးချစ်ခင်မှု အလွန်ခိုင်မာခဲ့ပြီး Larry Page က သူ၏ ပိုင်ဆိုင်မှုများကို Elon Musk ထံ အပ်နှံကာ ပရဟိတအဖွဲ့များထံ လှူဒါန်းစေလိုသော ဆန္ဒရှိကြောင်း အမေရိကန် စာနယ်ဇင်းသမား Charlie Rose အား ပြောခဲ့ဖူးသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Elon Musk Used To Email Ex-Google CEO Larry Page When He Was 'Kind Of Homeless' And Ask 'Can I Come Over?' (finance)

[Zawgyi]

Elon Musk သည္ ေဒၚလာ ဘီလ်ံႏွင့္ခ်ီ၍ ခ်မ္းသာၾကြယ္ဝေသာ အေျခအေနေရာက္ရွိလာသည့္ အခ်ိန္တြင္ပင္ အိမ္ပိုင္ ဝယ္ယူျခင္းမရွိခဲ့၊ Google ၏ စီအီးအို (ေဟာင္း) Larry Page ထံ အီးေမးလ္ပို႔ကာ ‘အခုည ဘယ္မွာ အိပ္ရမယ္မွန္းမသိလို႔…ကၽြန္ေတာ္လာအိပ္လို႔ရမလား’ ဟု ေတာင္းဆိုခဲ့ဖူး

ကမၻာ့အခ်မ္းသာဆံုး ထိပ္တန္းပုဂၢိဳလ္ ၃ ဦးတြင္ ပါဝင္သူ Tesla ႏွင့္ Space X တို႔၏ စီအီးအို Elon Musk သည္ အျခားဘီလ်ံနာမ်ားႏွင့္ယွဥ္လွ်င္ တန္ဖိုးၾကီးစံအိမ္ၾကီးမ်ားကို စိတ္ဝင္စားျခင္းမရွိသူျဖစ္သည္။

ႏႈိင္းယွဥ္မႈအားျဖင့္ ၾကည့္မည္ဆိုလွ်င္ Google ပူးတြဲတည္ေထာင္သူ၊ စီအီးအိုေဟာင္း Larry Page မွာ တန္ဖိုးၾကီး စံအိမ္ မ်ားစြာပိုင္ဆိုင္ထားျပီး မၾကာေသးမီကလည္း ျပဴတိုရီကိုရွိ ကၽြန္းတစ္ကၽြန္းကို ကန္ေဒၚလာ ၃၂ သန္းျဖင့္ ဝယ္ယူခဲ့မႈမွာ ထိပ္တန္းသတင္းတစ္ရပ္ ျဖစ္ခဲ့သည္။

Larry Page က Elon Musk ၏ အတည္တက်မေနဘဲ စိတ္ေပ်ာ္ရာလွည့္လည္ေနထိုင္ေနသည့္ ဘဝပံုစံႏွင့္ စပ္လ်ဥ္းသည့္ ျဖစ္ရပ္တစ္ခုကို ထုတ္ေဖာ္ေျပာၾကားခဲ့ဖူးသည္။

(ဆက္စပ္သတင္း)

ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ျဖစ္ေသာ္လည္း အိမ္ပိုင္မရွိသူ Elon Musk က မိသားစု ဘဝတည္ျငိမ္ေရးအတြက္ ကိုယ္ပိုင္အိမ္တစ္လံုး ဝယ္ယူရန္ ခ်င့္ခ်ိန္စဥ္းစားခဲ့ေသာ္လည္း္ လက္ရွိ အိမ္ျခံေျမေစ်းကြက္ရွိ ေနအိမ္မ်ားမွာ ေစ်းအလြန္ၾကီးေၾကာင္း ညည္းတြား

https://www.imaynmarhouse.com/news/read/1087650

Larry Page ၏ ထုတ္ေဖာ္ေျပာဆိုမႈကို ၾကည့္လွ်င္ နည္းပညာထိပ္သီးတို႔၏ ခ်မ္းသာၾကြယ္ဝမႈႏွင့္ ဘဝေနထိုင္မႈ ဟန္တို႔အေပၚ ခ်ဥ္းကပ္ပံုကို ေတြ႔ျမင္ႏိုင္သည္။

Elon Musk သည္ အျခားဘီလ်ံနာမ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ တမူကြဲျပားေသာ ဘဝေနထိုင္မႈဟန္ပန္ရွိရာ အိမ္ပိုင္ျဖင့္ မေနထိုင္ျခင္းလည္း အပါအဝင္ ျဖစ္သည္။

တကၠဆပ္ျပည္နယ္တြင္ ေဒၚလာ ၅၀,၀၀၀ တန္ေၾကးရွိ ေသးငယ္ေသာ အိမ္ေလးတစ္လံုးရွိေသာ္လည္း ထိုအိမ္ကို Elon Musk က ဧည့္ေဂဟာအိမ္အျဖစ္ အသံုးျပဳျခင္း ျဖစ္သည္။

အိမ္ျခံေျမႏွင့္ ပတ္သက္သည့္ Elon Musk ၏ အယူအဆမွာ တေနရာတည္း မူေသအထိုင္မထားျခင္းႏွင့္ လက္ေတြ႔က်ျခင္းဟူေသာ အေတြးအေခၚအေပၚ အေျခခံသည္။

Elon Musk သည္ ဘီလ်ံနာအဆင့္အတန္းသို႔ ေရာက္ရွိလာျပီးေနာက္ပိုင္းတြင္ပင္လွ်င္ အိပ္စရာေနရာအတြက္ မိတ္ေဆြသူငယ္ခ်င္းမ်ားကို မွီခိုေနခဲ့သည္။

Elon Musk ႏွင့္ Larry Page တို႔ၾကားမွ ျဖစ္ရပ္တစ္ခုကို ၂၀၁၅ ခုႏွစ္အတြင္း Business Insider သတင္းဌာနက ေဖာ္ျပခဲ့ဖူးသည္။

Elon Musk ၏ အတၳဳပၸတၱိေရးသားခဲ့ေသာ စာေရးဆရာ Ashley Vance ကလည္း ထိုအေၾကာင္းကို ထည့္သြင္း ေရးသားေဖာ္ျပဖူးသည္။

Elon Musk က မိမိအား အိပ္စရာေနရာ ေတာင္းဆိုခဲ့ဖူးေၾကာင္းကို Larry Page က ျပန္လည္ေျပာျပသည္မွာ “သူက အီးေမးလ္ပို႔ျပီးေျပာတာ…ကၽြန္ေတာ္ဒီည ဘယ္မွာေနရမယ္ မသိျဖစ္ေနတယ္..ခင္ဗ်ားဆီကို လာလုိ႔ရမလား” ဟု ေျပာခဲ့သည္ဟု ဆိုသည္။

Elon Musk မွာ အိမ္ရာမဲ့သဖြယ္ျဖစ္ေနသည္မွာ ရယ္စရာေကာင္းေၾကာင္း Larry Page က ေျပာသည္။

“ကၽြန္ေတာ္..သူ႔ကို အိပ္စရာေနရာ ဘာမွ မေပးခဲ့ပါဘူး” ဟု Larry Page က ရယ္လ်က္ ေျပာသည္။

ထိုသို႔ Larry Page ၏ အိမ္တြင္ အိပ္ခြင့္ေတာင္းခဲ့ခ်ိန္က Elon Musk မွာ ကန္ေဒၚလာ ၁၃ ဘီလီယံ ခ်မ္းသာ ၾကြယ္ဝေနျပီျဖစ္ေသာအခ်ိန္ျဖစ္ရာ Larry Page ထံတြင္ အိပ္စရာေနရာ ေတာင္းေနစရာမလိုဘဲ အခမ္းနား အၾကီးက်ယ္ဆံုး စံအိမ္ၾကီးမ်ားကို ဝယ္ယူေနထုိင္ႏိုင္သည္သာ ျဖစ္သည္။

Elon Musk ႏွင့္ Larry Page တို႔မွာ ယခုအခ်ိန္တြင္ မိတ္ေဆြမ်ား မဟုတ္ေတာ့ဟူသည့္အခ်က္ကို သိထားရန္ အေရးၾကီးပါသည္။

ထိုသုိ႔ မိတ္ေဆြမဟုတ္ေတာ့သည့္အေၾကာင္းရင္းကို စာေရးဆရာ ေဝါလ္တာ အိုင္ဆက္ဇန္က ၂၀၂၃ ခုႏွစ္ အတြင္း ထုတ္ေဝခဲ့သည့္ Elon Musk ၏ အတၳဳပၸတၱိစာအုပ္တြင္ ေရးသားေဖာ္ျပခဲ့ဖူးသည္။

၎တို႔ႏွစ္ဦး ခြာျပဲသြားသည့္ အေၾကာင္းရင္းမွာ AI နည္းပညာႏွင့္ စပ္လ်ဥ္းျပီး သေဘာထား မတိုက္ဆိုင္ ေသာေၾကာင့္ ျဖစ္ျပီး ယခင္က အလြန္ရင္းႏွီးခ်စ္ခင္ၾကသူ ၂ ဦးမွာ အဆက္အသြယ္ အားလံုး ျဖတ္ေတာက္ကာ သူစိမ္းျပင္ျပင္ ျဖစ္သြားခ့ဲသည္။

တခ်ိန္ကမူ ၎တို႔ႏွစ္ဦးအၾကား ရင္းႏွီးခ်စ္ခင္မႈ အလြန္ခိုုင္မာခဲ့ျပီး Larry Page က သူ၏ ပိုင္ဆိုင္မႈမ်ားကို Elon Musk ထံ အပ္ႏွံကာ ပရဟိတအဖြဲ႔မ်ားထံ လွဴဒါန္းေစလိုေသာ ဆႏၵရွိေၾကာင္း အေမရိကန္ စာနယ္ဇင္းသမား Charlie Rose အား ေျပာခဲ့ဖူးသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Elon Musk Used To Email Ex-Google CEO Larry Page When He Was 'Kind Of Homeless' And Ask 'Can I Come Over?' (finance)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service