ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်

ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော် - Property Knowledge in Myanmar from iMyanmarHouse.com
16 Apr 2024 3:46 pm တွင် တင်ခဲ့သည်
904 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

● ထိုင်းနိုင်ငံအလယ်ပိုင်း လော့ပ်ဘူရီမြို့တွင် ၁၉၈၀ ပြည့်လွန် နှောင်းပိုင်းကာလများမှ စတင်ပြီး မျောက်ဘူဖေးပွဲတော်ကို နှစ်စဉ်ကျင်းပခဲ့

● ပွဲတော်အတွင်းတွင် သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက် ၂ တန်ကျော်ကို စားပွဲများပေါ်တွင် စုပုံထားရှိကာ မျောက်များအား စိတ်ကြိုက်စားသောက်စေ

● မျောက်များသည် ဒူးရင်းသီးကို အထူးနှစ်သက်ကြကြောင်း ပွဲတော်စီစဉ်သူတို့ပြောကြား

ထိုင်းနိုင်ငံအလယ်ပိုင်း လော့ပ်ဘူရီပြည်နယ်၏မြို့တော်ဖြစ်သော လော့ပ်ဘူရီသည် ဘန်ကောက်မြို့၏ အရှေ့မြောက်ဘက် ၉၃ မိုင်အကွာတွင် တည်ရှိပြီး မျောက်များ၊ ခမာအင်ပါယာ၏ ရှေးဟောင်းအမွေအနှစ် ဗိသုကာလက်ရာများ၊ နေကြာပန်းခင်းကြီးများဖြင့် ထင်ရှားသည်။

လော့ပ်ဘူရီတွင် ဒေသတွင်းရှိ မျောက်များအတွက် မျောက်ဘူဖေးပွဲတော်ကျင်းပကာ သစ်သီးဝလံများ ကျွေးမွေးခဲ့သည်မှာ ၁၉၈၀ ပြည့်လွန် နှောင်းပိုင်းကာလများကတည်းက ဖြစ်သည်။

ယင်းပွဲတော်မှာ ဘာသာရေး ဓလေ့ထုံးစံအရဖြစ်သည့်အပြင် ကမ္ဘာလှည့်ခရီးသည်များကို စွဲဆောင်နိုင်ရန်လည်း ရည်ရွယ်သည်။

လော့ပ်ဘူရီမြို့ပြင်ရှိ နှစ်ပေါင်း ၈၀၀ သက်တမ်းရှိသော Pra Prang Sam Yod ဘုရားကျောင်းတွင် သစ်သီးများ စုပုံထားရှိသော စားပွဲများဆီသို့ ဆာလောင်နေသော မျောက်ကောင်ရေ ၁၀၀၀ ခန့် လာရောက်စားသောက်လေ့ ရှိသည်။

(နှစ်ပေါင်း ၈၀၀ သက်တမ်းရှိ Pra Prang Sam Yod ဘုရားကျောင်းရှေ့တွင် မျောက်များက သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ စားနေပုံ)

(မျောက်တို့သည် ဒူးရင်းသီးအလွန်ကြိုက်ကြောင်း မျောက်ဘူဖေးပွဲစီစဉ်သူ Yongyuth က ပြောသည်)

(ထိုင်းနိုင်ငံတွင် မျောက်များကို များစွာချစ်ခင်လေးစားကြသည်။ ရာမဇာတ်တော်တွင်လည်း မျောက်တို့မှာ အခရာကျသော အခန်းကဏ္ဍတွင် ပါဝင်နေသည်။ ရာမမင်းသားသည် ဟာနုမန်နှင့် မျောက်တပ်ဖွဲ့၏ အကူအညီ မရပါက သီတာဒေဝီကို ကယ်တင်နိုင်မည် မဟုတ်ချေ။)

ကိုဗစ်ကပ်ဘေးကာလ ကန့်သတ်ချက်များကြောင့် ၂၀၂၀ ပြည့်နှစ်တွင် မျောက်ဘူဖေးပွဲတော်တွင် လူသူမရှိခဲ့။

နောက်ပိုင်းနှစ်များတွင်ကား မျောက်ဘူဖေးပွဲတော် ပြန်လည်စည်ကားလာသည်။

မျောက်တို့သည် ပွဲတော်လာသူများကို ဖက်တက်ခြင်း၊ ဦးထုပ်များ လုယူခြင်း၊ ဆံပင်ရှည်သူများဆိုလျှင် ဆံပင်ကို ဖမ်းဆွဲကာ ပါးစပ်ထဲ ထည့်ခြင်းတို့ ပြုလုပ်လေ့ရှိသည်။

(နှစ်စဉ်ကျင်းပသော မျောက်ဘူဖေးပွဲတော်တွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ၂ တန်ခန့် ကျွေးမွေးလေ့ ရှိသည်)

(ဘန်ကောက်မြို့၏ နောက်ဘက် ၉၃ မိုင်အကွာတွင် တည်ရှိသော လော့ပ်ဘူရီမြို့တွင် ကျင်းပခဲ့သော ၂၀၂၁ ခုနှစ် မျောက်ဘူဖေးပွဲတော်သို့ မျောက်ကောင်ရေ ၁၀၀၀ ကျော် လာရောက်ခဲ့ကြသည်။)

(မျောက်ဘူဖေးပွဲတော်တွင် ရေသန့်ဘူးများ ၊ အချိုရည်ဘူးများ အငမ်းမရသောက်နေသော မျောက်များကို တွေ့ရနိုင်သည်။)

(ကိုဗစ်ကပ်ဘေးကာလ ကန့်သတ်ချက်များကြောင့် ၂၀၂၀ ပြည့်နှစ်တွင် မျောက်ဘူဖေးပွဲတော်တွင် လူသူ မရှိခဲ့။)

ထိုင်းနိုင်ငံတွင် မျောက်များကို များစွာချစ်ခင်လေးစားကြသည်။ ရာမဇာတ်တော်တွင်လည်း မျောက်တို့မှာ အခရာကျသော အခန်းကဏ္ဍတွင် ပါဝင်နေသည်။ ရာမမင်းသားသည် ဟာနုမန်နှင့် မျောက်တပ်ဖွဲ့၏ အကူအညီ မရပါက သီတာဒေဝီကို ကယ်တင်နိုင်မည် မဟုတ်ချေ။

ယနေ့ကာလတွင် ထိုင်းလူမျိုးများစွာသည် မျောက်တို့ကို ကံကောင်းမှုနှင့် ကြီးပွားချမ်းသာမှုတို့၏ သင်္ကေတ အဖြစ် ရှုမြင်ကြသည်။

ရိုးရာဓလေ့အရ လူတို့သည် မျောက်ပုံသဏ္ဍာန် ဝတ်စားကခုန်မှုများဖြင့် မျောက်ဘူဖေးပွဲတော် ဖွင့်ပွဲအခမ်းအနား ကို ဖွင့်လှစ်လေ့ရှိသည်။

(လော့ပ်ဘူရီရှိ မျောက်တို့မှာ လူမကြောက်ချေ။)

(မျောက်ဘူဖေးပွဲတော်တွင် သစ်သီးဝလံစားသောက်ရန် စောင့်ဆိုင်းနေသော မျောက်အဖွဲ့။)

((လော့ပ်ဘူရီ-ဘန်ကောက်ရထား))

လော့ပ်ဘူရီမှ ဘန်ကောက်မြို့သို့ သွားရာတွင် အမြန်ဆုံးရထားမှာ လော့ပ်ဘူရီမှ ညနေ ၅း၂၈ တွင် ထွက်ခွာ သော ရထားအမှတ် ၈ ဖြစ်ပြီး ဘန်ကောက်သို့ ၁ နာရီ ၂၇ မိနစ်ခန့်ဖြင့် ရောက်သည်။

အကြာမြင့်ဆုံးရထားမှာ နေ့လယ် ၂း ၃၉ တွင် ထွက်ခွာသော ရထားအမှတ် ၁၁၂ ဖြစ်ပြီး ဘန်ကောက်သို့ ၂ နာရီ ၄၁ မိနစ်ကြာသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Hat-stealing, hair-chewing and other monkey business: The joyful chaos of Thailand's annual feast for 1,000 hungry macaques (dailymail)

Photo Credit: Getty image

[Zawgyi]

ထိုင္းႏိုင္ငံက ေမ်ာက္ဘူေဖးပြဲေတာ္

● ထိုင္းႏိုင္ငံအလယ္ပိုင္း ေလာ့ပ္ဘူရီျမိဳ႕တြင္ ၁၉၈၀ ျပည့္လြန္ ေႏွာင္းပိုင္းကာလမ်ားမွ စတင္ျပီး ေမ်ာက္ဘူေဖးပြဲေတာ္ကို ႏွစ္စဥ္က်င္းပခဲ့ ● ပြဲေတာ္အတြင္းတြင္ သစ္သီးဝလံမ်ားႏွင့္ ဟင္းသီးဟင္းရြက္ ၂ တန္ေက်ာ္ကို စားပြဲမ်ားေပၚတြင္ စုပံုထားရွိကာ ေမ်ာက္မ်ားအား စိတ္ၾကိဳက္စားေသာက္ေစ

● ေမ်ာက္မ်ားသည္ ဒူးရင္းသီးကို အထူးႏွစ္သက္ၾကေၾကာင္း ပြဲေတာ္စီစဥ္သူတို႔ေျပာၾကား

ထိုင္းႏိုင္ငံအလယ္ပိုင္း ေလာ့ပ္ဘူရီျပည္နယ္၏ျမိဳ႕ေတာ္ျဖစ္ေသာ ေလာ့ပ္ဘူရီသည္ ဘန္ေကာက္ျမိဳ႕၏ အေရွ႕ေျမာက္ဘက္ ၉၃ မိုင္အကြာတြင္ တည္ရွိျပီး ေမ်ာက္မ်ား၊ ခမာအင္ပါယာ၏ ေရွးေဟာင္းအေမြအႏွစ္ ဗိသုကာလက္ရာမ်ား၊ ေနၾကာပန္းခင္းၾကီးမ်ားျဖင့္ ထင္ရွားသည္။

ေလာ့ပ္ဘူရီတြင္ ေဒသတြင္းရွိ ေမ်ာက္မ်ားအတြက္ ေမ်ာက္ဘူေဖးပြဲေတာ္က်င္းပကာ သစ္သီးဝလံမ်ား ေကၽြးေမြးခဲ့သည္မွာ ၁၉၈၀ ျပည့္လြန္ ေႏွာင္းပိုင္းကာလမ်ားကတည္းက ျဖစ္သည္။

ယင္းပြဲေတာ္မွာ ဘာသာေရး ဓေလ့ထံုးစံအရျဖစ္သည့္အျပင္ ကမၻာလွည့္ခရီးသည္မ်ားကို စြဲေဆာင္ႏိုင္ရန္လည္း ရည္ရြယ္သည္။

ေလာ့ပ္ဘူရီျမိဳ႕ျပင္ရွိ ႏွစ္ေပါင္း ၈၀၀ သက္တမ္းရွိေသာ Pra Prang Sam Yod ဘုရားေက်ာင္းတြင္ သစ္သီးမ်ား စုပံုထားရွိေသာ စားပြဲမ်ားဆီသို႔ ဆာေလာင္ေနေသာ ေမ်ာက္ေကာင္ေရ ၁၀၀၀ ခန္႔ လာေရာက္စားေသာက္ေလ့ ရွိသည္။

(ႏွစ္ေပါင္း ၈၀၀ သက္တမ္းရွိ Pra Prang Sam Yod ဘုရားေက်ာင္းေရွ႕တြင္ ေမ်ာက္မ်ားက သစ္သီးဝလံမ်ား၊ ဟင္းသီးဟင္းရြက္မ်ား စားေနပံု) (ေမ်ာက္တို႔သည္ ဒူးရင္းသီးအလြန္ၾကိဳက္ေၾကာင္း ေမ်ာက္ဘူေဖးပြဲစီစဥ္သူ Yongyuth က ေျပာသည္)

(ထိုင္းႏိုင္ငံတြင္ ေမ်ာက္မ်ားကို မ်ားစြာခ်စ္ခင္ေလးစားၾကသည္။ ရာမဇာတ္ေတာ္တြင္လည္း ေမ်ာက္တို႔မွာ အခရာက်ေသာ အခန္းက႑တြင္ ပါဝင္ေနသည္။ ရာမမင္းသားသည္ ဟာႏုမန္ႏွင့္ ေမ်ာက္တပ္ဖြဲ႔၏ အကူအညီ မရပါက သီတာေဒဝီကို ကယ္တင္ႏိုင္မည္ မဟုတ္ေခ်။)

ကိုဗစ္ကပ္ေဘးကာလ ကန္႔သတ္ခ်က္မ်ားေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္တြင္ ေမ်ာက္ဘူေဖးပြဲေတာ္တြင္ လူသူမရွိခဲ့။

ေနာက္ပိုင္းႏွစ္မ်ားတြင္ကား ေမ်ာက္ဘူေဖးပြဲေတာ္ ျပန္လည္စည္ကားလာသည္။

ေမ်ာက္တို႔သည္ ပြဲေတာ္လာသူမ်ားကို ဖက္တက္ျခင္း၊ ဦးထုပ္မ်ား လုယူျခင္း၊ ဆံပင္ရွည္သူမ်ားဆိုလွ်င္ ဆံပင္ကို ဖမ္းဆြဲကာ ပါးစပ္ထဲ ထည့္ျခင္းတို႔ ျပဳလုပ္ေလ့ရွိသည္။

(ႏွစ္စဥ္က်င္းပေသာ ေမ်ာက္ဘူေဖးပြဲေတာ္တြင္ သစ္သီးဝလံႏွင့္ ဟင္းသီးဟင္းရြက္ ၂ တန္ခန္႔ ေကၽြးေမြးေလ့ ရွိသည္)

(ဘန္ေကာက္ျမဳိ႕၏ ေနာက္ဘက္ ၉၃ မိုင္အကြာတြင္ တည္ရွိေသာ ေလာ့ပ္ဘူရီျမဳိ႕တြင္ က်င္းပခဲ့ေသာ ၂၀၂၁ ခုႏွစ္ ေမ်ာက္ဘူေဖးပြဲေတာ္သို႔ ေမ်ာက္ေကာင္ေရ ၁၀၀၀ ေက်ာ္ လာေရာက္ခဲ့ၾကသည္။)

(ေမ်ာက္ဘူေဖးပြဲေတာ္တြင္ ေရသန္႔ဘူးမ်ား ၊ အခ်ဳိရည္ဘူးမ်ား အငမ္းမရေသာက္ေနေသာ ေမ်ာက္မ်ားကို ေတြ႔ရႏိုင္သည္။)

(ကိုဗစ္ကပ္ေဘးကာလ ကန္႔သတ္ခ်က္မ်ားေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္တြင္ ေမ်ာက္ဘူေဖးပြဲေတာ္တြင္ လူသူ မရွိခဲ့။)

ထိုင္းႏိုင္ငံတြင္ ေမ်ာက္မ်ားကို မ်ားစြာခ်စ္ခင္ေလးစားၾကသည္။ ရာမဇာတ္ေတာ္တြင္လည္း ေမ်ာက္တို႔မွာ အခရာက်ေသာ အခန္းက႑တြင္ ပါဝင္ေနသည္။ ရာမမင္းသားသည္ ဟာႏုမန္ႏွင့္ ေမ်ာက္တပ္ဖြဲ႔၏ အကူအညီ မရပါက သီတာေဒဝီကို ကယ္တင္ႏိုင္မည္ မဟုတ္ေခ်။

ယေန႔ကာလတြင္ ထိုင္းလူမ်ဳိးမ်ားစြာသည္ ေမ်ာက္တို႔ကို ကံေကာင္းမႈႏွင့္ ၾကီးပြားခ်မ္းသာမႈတို႔၏ သေကၤတ အျဖစ္ ရႈျမင္ၾကသည္။

ရိုးရာဓေလ့အရ လူတို႔သည္ ေမ်ာက္ပံုသ႑ာန္ ဝတ္စားကခုန္မႈမ်ားျဖင့္ ေမ်ာက္ဘူေဖးပြဲေတာ္ ဖြင့္ပြဲအခမ္းအနား ကို ဖြင့္လွစ္ေလ့ရွိသည္။

(ေလာ့ပ္ဘူရီရွိ ေမ်ာက္တို႔မွာ လူမေၾကာက္ေခ်။)

(ေမ်ာက္ဘူေဖးပြဲေတာ္တြင္ သစ္သီးဝလံစားေသာက္ရန္ ေစာင့္ဆိုင္းေနေသာ ေမ်ာက္အဖြဲ႔။)

((ေလာ့ပ္ဘူရီ-ဘန္ေကာက္ရထား))

ေလာ့ပ္ဘူရီမွ ဘန္ေကာက္ျမိဳ႕သို႔ သြားရာတြင္ အျမန္ဆံုးရထားမွာ ေလာ့ပ္ဘူရီမွ ညေန ၅း၂၈ တြင္ ထြက္ခြာ ေသာ ရထားအမွတ္ ၈ ျဖစ္ျပီး ဘန္ေကာက္သို႔ ၁ နာရီ ၂၇ မိနစ္ခန္႔ျဖင့္ ေရာက္သည္။

အၾကာျမင့္ဆံုးရထားမွာ ေန႔လယ္ ၂း ၃၉ တြင္ ထြက္ခြာေသာ ရထားအမွတ္ ၁၁၂ ျဖစ္ျပီး ဘန္ေကာက္သို႔ ၂ နာရီ ၄၁ မိနစ္ၾကာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Hat-stealing, hair-chewing and other monkey business: The joyful chaos of Thailand's annual feast for 1,000 hungry macaques (dailymail)

Photo Credit: Getty image

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

maha
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service