ကျောက်ဖယားမြစ်ကမ်းမှ မျိုးစေ့ဆိုင်လေးနှင့် အခြားသော.. (သို့မဟုတ်) အာရှတိုက်၏ အချမ်းသာဆုံး မိသားစုကြီး (၅) စု
ကျောက်ဖယားမြစ်ကမ်းမှ မျိုးစေ့ဆိုင်လေးနှင့် အခြားသော.. (သို့မဟုတ်) အာရှတိုက်၏ အချမ်းသာဆုံး မိသားစုကြီး (၅) စု - Property News in Myanmar from iMyanmarHouse.com
29 Mar 2024 12:25 pm တွင် တင်ခဲ့သည်
1078 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အင်ဒိုနီးရှားမှ …..ဟာတိုနော့စ် မိသားစု၊ အိန္ဒိယမှ အမ်ဘာနီနှင့် မစ်ထရီမိသားတို့ အပါအဝင် အာရှတိုက် အချမ်းသာဆုံး မိသားစုကြီး ၅ ခု၏ စုစုပေါင်း ဓနအင်အားမှာ ကန်ဒေါ်လာ ၂၄၇ ဒသမ ၂ ဘီလီယံခန့်ရှိကြောင်း Bloomberg က ဖော်ပြသည်။
အောက်တွင် အာရှတိုက်၏ အချမ်းသာဆုံး မိသားစုကြီး ၅ ခုကို ဖော်ပြထားပါသည်။
၁. ((အမ်ဘာနီမိသားစု၊ အိန္ဒိယ))
(ဝဲမှယာ- အိန္ဒိယ ဘီလျံနာ မူကက်ရှ် အမ်ဘာနီ၊ သားဖြစ်သူ အာနန့်၏ လက်တွဲဖော်ဖြစ်လာမည့် ရာဒီကာ မားချန့်၊ သားဖြစ်သူ အာနန့်၊ အမ်ဘာနီ၏ ဇနီး နီတာ၊ သမီးဖြစ်သူ အီရှာ၊ အီရှာ၏ခင်ပွန်း အာနန် ပီရာမယ်၊ သားဖြစ်သူ အေကက်ရှ်၏ ဇနီး ရှလိုကာ၊ အေကက်ရှ်၏သားတို့ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်က မွမ်ဘိုင်းတွင် ကျင်းပခဲ့သော အာနန့်၏ စေ့စပ်ကြောင်းလမ်းပွဲတွင် တွေ့ရပုံ။ ဓာတ်ပုံ-AFP)
အမ်ဘာနီမိသားစု၏ ကြွယ်ဝမှုမှာ အဓိကအားဖြင့် Reliance Industries တွင် အခြေပြုသည်။
Reliance Industries သည် ရေနံဓာတု၊ တယ်လီကွန်၊ လက်လီအရောင်းနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုတို့ အပါအဝင် လုပ်ငန်းနယ်ပယ်များစွာတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။
Reliance ကို မူကက် အမ်ဘာနီ၏ ဖခင် ဒီးရုဘိုင် အမ်ဘာနီ (ကွယ်လွန်) က ၁၉၆၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ဒီးရုဘိုင် အမ်ဘာနီသည် ချည်ထည်ကုန်သည်တစ်ဦးဖြစ်ပြီး Reliance ကို အသေးစား အထည်ထုတ်လုပ်ရေး လုပ်ငန်းအဖြစ် စတင်ခဲ့ခြင်း ဖြစ်သည်။
၂၀၀၂ ခုနှစ်တွင် ဒီးရုဘိုင် ကွယ်လွန်ခဲ့ပြီးနောက်ပိုင်း မူကက်ရှ်အမ်ဘာနီနှင့် သူ၏ညီငယ် အနီးလ်တို့က မိသားစု၏ စီးပွားရေးအင်ပါယာကို ခွဲဝေရယူခဲ့ကြသည်။
Reliance သည် ယခုအခါ အိန္ဒိယ၏ အကြီးမားဆုံးပုဂ္ဂလိက ကော်ပိုရေးရှင်းကြီးဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ မတ်လ အချက်အလက်များအရ ဈေးကွက်တန်ကြေး ကန်ဒေါ်လာ ၂၃၃ ဒသမ ၈၃ ဘီလီယံရှိကြောင်း ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။
ဇန်နဝါရီ ၁၉ ရက်အချက်အလက်များအရ အမ်ဘာနီမိသားစု၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၀၂ ဒသမ ၇ ဘီင်္လီယံဖြစ်ကြောင်း Bloomberg က ဖော်ပြသည်။
(ဆက်စပ်သတင်း)
မူကက်ရှ် အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါငး ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်းဆင်းရဲရဲဘဝမှ ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်လာအောင် ကြိုးစားခဲ့သူတစ်ဦး၏ ဘဝကို လေ့လာနိုင်မည်
https://www.imyanmarhouse.com/news/read/1103899
၂။ ((ဟာတိုနို မိသားစု၊ အင်ဒိုနီးရှား))
(Djarum Group ပူးတွဲပိုင်ရှင် မိုက်ကယ် ဟာတိုနို။ ဓာတ်ပုံ-Reuters)
အင်ဒိုနီးရှားရှိ ဟာတိုနိုမိသားစု၏ ကြွယ်ဝမှုမှာ Oei Wie Gwan ဆိုသော ပုဂ္ဂိုလ်မှ စတင်သည်။
Gwan သည် အင်ဒိုနီးရှား Kretek (လေးညှင်းစီးကရက်) ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုကို ဝယ်ယူခဲ့ပြီး ၁၉၅၀ ပြည့်နှစ်တွင် PT Djarum ဟု အမည်ပြောင်းလဲခဲ့သည်။
၎င်းကွယ်လွန်သွားပြီးနောက် သားနှစ်ဦးဖြစ်သော ရောဘတ် ဘူဒီ ဟာတိုနိုနှင့် မိုက်ကယ် ဘမ်ဘန် ဟာတိုနိုတို့က ၁၉၆၃ ခုနှစ်တွင် လုပ်ငန်းအမွေဆက်ခံသည်။
Djarum မှ ငွေကြေးအရင်းအနှီးဖြင့် ဟာတိုနိုညီအစ်ကိုက Bank Central Asia ကို ဝယ်ယူခဲ့သည်။
Bank Central Asia သည် ယခုအခါ ၎င်းတို့ကြွယ်ဝမှု၏ အဓိကရင်းမြစ်ဖြစ်ကြောင်း South China Morning Post က ဖော်ပြသည်။
ယခုနှစ် ဇန်နဝါရီလ ၁၉ ရက် အချက်အလက်များအရ ဟာတိုနိုမိသားစု၏ စုစုပေါင်းကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၄၄ ဒသမ ၈ ဘီလီယံဖြစ်ကြောင်း Bloomberg က ဖော်ပြသည်။
၃. (( မစ်ထရီမိသားစု၊ အိန္ဒိယ))
(ရှပူး မစ်ထရီ၊ Shapoorji Pallonji Group ၏ ဥက္ကဌ။ ဓာတ်ပုံ- Shapoorji Pallonji)
Shapoorji Pallonji ကို ပလွန်ဂျီ မစ်ထရီ၏ အဖိုးဖြစ်သူက ဆောက်လုပ်ရေးကုမ္ပဏီအဖြစ် ၁၈၆၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ပလွန်ဂျီ မစ်ထရီ၏ အကြီးဆုံးသား ရှပူး မစ်ထရီသည် လက်ရှိအားဖြင့် ကုမ္ပဏီဥက္ကဌ ဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလ ၁၉ ရက် အချက်အလက်များအရ မစ်ထရီ မိသားစု၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၃၆ ဒသမ ၂ ဘီလီယံရှိသည်ဟု ခန့်မှန်းထားသည်။
၄. ((ကွာ့ခ် မိသားစု၊ ဟောင်ကောင်))
(Sun Hung Kai Properties ၏ ဥက္ကဌ ဖြစ်သူ ရေမွန် ကွာ့ခ်။ ဓာတ်ပုံ- Sun Hung Kai Properties)
ကွာ့ခ် မိသားစု၏ ကြွယ်ဝမှုမှာ Kwok Tak-Seng မှ စတင်သည်။ ၎င်းက ၁၉၆၃ ခုနှစ်တွင် Sun Hung Kai Enterprises ဟု စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
၁၉၇၂ ခုနှစ်တွင် Sun Hung Kai Properties အိမ်ခြံမြေ Developer အဖြစ် ပြောင်းလဲခဲ့သည်။
ယခုအခါ ဟောင်ကောင်၏ အကြီးမားဆုံး Developer များတွင် တစ်ခုအပါအဝင် ဖြစ်လာပြီး သား ၃ ဦးက အမွေဆက်ခံ ကွပ်ကဲလျက်ရှိသည်။
ယခုနှစ် ဇန်နဝါရီလ အချက်အလက်များအရ ကွာ့ခ် မိသားစု၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၃၂ ဒသမ ၃ ဘီလီယံရှိသည်ဟု ခန့်မှန်းရသည်။
((၅။ကျီယာ ရာဝါးနွန်း မိသားစု ၊ ထိုင်းနိုင်ငံ))
(Charoen Pokphand Group ၏ ဥက္ကဌ ဒါနင်း ကျီယာ ရာဝါးနွန်း။ ဓာတ်ပုံ- Charoen Pokphand Group )
တရုတ်နိုင်ငံသား ကျားအက်ချောသည် ၁၉၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ကျောက်ဖယား မြစ်ကမ်းတွင် ဟင်းသီးဟင်းရွက် မျိုးစေ့ဆိုင်လေးတစ်ခု ဖွင့်လှစ်ခဲ့သည်။
(ဆက်စပ်သတင်း)
ကျောက်ဖရားမြစ်ကမ်းမှ မျိုးစေ့ဆိုင်လေး၏ ဒဏ္ဍာရီ
https://www.imyanmarhouse.com/news/read/1046324
နှစ်ပေါင်း ၁၀၀ ကြာမြင့်ပြီးနောက် ယနေ့အခါတွင် Charoen Pokphand Group (CP) သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး မွေးမြူရေး တိရ စ္ဆာန်နှင့် အစားအစာ ထုတ်လုပ်သော ကုမ္ပဏီကြီးများတွင် တစ်ခုအပါအဝင် ဖြစ်လာခဲ့သည်။
ဇန်နဝါရီလ ၁၉ ရက် အချက်အလက်များအရ ကျီယာ ရာဝါးနွန်း မိသားစု၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၃၂ ဒသမ ၂ ဘီလီယံခန့်ရှိသည်ဟု ခန့်မှန်းရသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Photo Credit-AFP, Reuters, Shapoorji Pallonji, Sun Hung Kai Properties, Charoen Pokphand Group
Ref: Who are the 5 richest families in Asia? (vnexpress)
[Zawgyi]
ဇန်နဝါရီ ၁၉ ရက်အချက်အလက်များအရ အမ်ဘာနီမိသားစု၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၀၂ ဒသမ ၇ ဘီလီင်္ယံဖြစ်ကြောင်း Bloomberg က ဖော်ပြသည်။
(ဆက်စပ်သတင်း)
၂. ((ဟာတိုနို မိသားစု၊ အင်ဒိုနီးရှား))
၎. ((ကွာ့ခ် မိသားစု၊ ဟောင်ကောင်))
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
imyanmarmarket
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service