ဗြိတိန်တွင် အခြားစားသောက်ဆိုင်များမှ စွန့်ပစ်မည့် အစားအသောက်များကို ရယူကာ ဖွင့်လှစ်ထားသော ပေးချင်သလောက်ပေး စားသောက်ဆိုင်

ဗြိတိန်တွင် အခြားစားသောက်ဆိုင်များမှ စွန့်ပစ်မည့် အစားအသောက်များကို ရယူကာ ဖွင့်လှစ်ထားသော ပေးချင်သလောက်ပေး စားသောက်ဆိုင် - Property News in Myanmar from iMyanmarHouse.com
28 Mar 2024 12:21 pm တွင် တင်ခဲ့သည်
614 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံ၊ ဂလော်ဆက်စတာရှိုင်းယားခရိုင်ရှိ စားသောက်ဆိုင်တစ်ခုသည် စားသုံးသူများ၊ supplier များနှင့် စားသောက်ကုန်လုပ်ငန်းတစ်ခုလုံးကို ပေါင်းကူးပေးကာ ငွေတတ်နိုင်သည်ဖြစ်စေ၊ မတတ်နိုင်သူဖြစ်စေ အားလုံးကို ပေးချင်သလောက်ပေးစနစ်ဖြင့် ရောင်းချပေးလျက်ရှိသည်။

ဗြိတိန်တွင် ရင်ဆိုင်နေရသော စိန်ခေါ်မှု ၂ ရပ်က ဤစားသောက်ဆိုင်ပေါ်ပေါက်လာစေရန် အခြေတည်ခဲ့ခြင်း လည်း ဖြစ်သည်။

ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် အစားအသောက်တို့၏ ဈေးနှုန်းမှာ ပျမ်းမျှအားဖြင့် ၄ ပုံ ၁ ပုံခန့် မြင့်တက်သွားမှု၊ အင်္ဂလန်၊ စကော့နှင့် အိုင်ယာလန်မြောက်ပိုင်းပြည်သူ ၁၀ သန်းခန့် အာဟာရ မပြည့်ဝမှု ဟူသော အချက် ၂ ရပ်ဖြစ်သည်။

စားပွဲရှည်ကြီး - The Long Table ဟု အမည်ပေးထားသော အဆိုပါစားသောက်ဆိုင်သည် ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း လူပေါင်း ၂၀,၀၀၀ ခန့်ကို အလွန်နည်းပါးသော ဈေးနှုန်းဖြင့် စားသောက်ဖွယ်များ ရောင်းချပေးခဲ့ပြီး များစွာသောသူတို့ကို ငွေကြေးတစ်ပြားတစ်ချပ်မှမယူ၊ မည်သည့်မေးခွန်းမှ မထုတ်ဘဲ ရောင်းချပေးခဲ့သည်။

ပြီးခဲ့သောနှစ်အတွင်း အမှိုက်ပုံးအတွင်း လွှင့်ပစ်မည့် စားသောက်ဖွယ်ရာ ၃ ဒသမ ၄ တန်ကို ကယ်တင် ထိန်းသိမ်းနိုင်ခဲ့ပြီး ယင်းအတွက် Supplier များကို မျှတသော ဈေးနှုန်းပေးခဲ့သည်။

စားသောက်ဆိုင်မှ ရရှိသော ဝင်ငွေဖြင့် အချိန်ပိုင်းနှင့် အချိန်ပြည့် ဝန်ထမ်း ၂၂ ဦးကို အလုပ်နေရာပေး ခန့်ထားနိုင်ခဲ့သည်။

ဤစားသောက်ဆိုင်တွင် စေတနာ့ဝန်ထမ်း၏ အကူအညီဖြင့် ဆောင်ရွက်သောအလုပ် မရှိချေ။

အခြားနေရာများတွင်လည်း ဤကဲ့သို့ စားသောက်ဆိုင်များ ပေါ်ပေါက်လာကြရန် ၎င်းတို့က မျှော်လင့်ထား ကြသည်။

(ပြီးခဲ့သောနှစ်အတွင်း အမှိုက်ပုံးအတွင်း လွှင့်ပစ်တော့မည့် စားသောက်ဖွယ်ရာ ၃ ဒသမ ၄ တန်ကို ကယ်တင် ထိန်းသိမ်းနိုင်ခဲ့ပြီး ယင်းအတွက် Supplier များကို မျှတသော ဈေးနှုန်းပေးခဲ့သည်။ ဓာတ်ပုံ-The Long Table)

ဗြိတိန်တွင် ၂၀၂၄ ခုနှစ်အတွင်း အစားအသောက်ကောင်းစွာ လုံလုံလောက်လောက် မစားရသည့် အခြေအနေ နှင့် ရင်ဆိုင်ရမည့် အရွယ်ရောက်ပြီးသူ ၈ သန်းနှင့် ကလေးငယ် ၃ သန်းခန့် ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

ထိုပမာဏမှာ ၂၀၂၂ ခုနှစ်ကထက် ၂ ဆ မြင့်တက်လာခြင်းလည်း ဖြစ်သည်။

အင်္ဂလန်ရှိ ဆေးရုံများတွင် လူနာတို့၌ ဗိုက်တာမင်နှင့် သတ္တုဓာတ်များ ချို့တဲ့ခြင်း၊ အာဟာရချို့တဲ့ခြင်းများ တွေ့ရှိရမှု မြင့်မားလာနေပြီး ထိုဖြစ်ရပ်မှာ ဆင်းရဲနွမ်းပါးမှုမှ အခြေတည်ကြောင်း ဆရာဝန်များက ပြောသည်။

အစားအသောက် သာတူညီမျှ မရှိမှု အခြေအနေမှာ ကြီးမားနေပြီး ငွေကြေးတတ်နိုင်သူများက အစားအသောက် များစွာကို လွှင့်ပစ်နေချိန်တွင် ဟာနေသောဝမ်းဖြင့် ဆာလောင်စွာ အိပ်ယာဝင်ရသော ကလေးငယ်များ အလုံးအရင်း ရှိနေသည်။

ထိုသို့ စွန့်ပစ်မှုများသည် ရာသီဥတုအပြင် သဘာဝပတ်ဝန်းကျင်အတွက်ပါ ကြီးမားသော ထိခိုက်မှု ရှိသည်။

စွန့်ပစ်အစားအသောက်များကြောင့် နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် ၁၈ သန်းခန့် ထုတ်လွှတ်လျက် ရှိနေသည်။

စားပွဲရှည်ကြီးဟူသော ဆိုင်နာမည်နှင့်အညီ ထိုဆိုင်တွင် ရှည်လျားသော စားပွဲရှည်ကြီးနှင့် တန်းစီထိုင်ကာ စားသောက်ကြရာ နွေးထွေးဖော်ရွေသည့် အငွေ့အသက်များ ရရှိစေသည်။

ထိုစားသောက်ဆိုင်နှင့်အတူ စက်ဘီးပြင်ဆိုင်၊ ပရိဘောဂအဟောင်းဆိုင်တို့လည်း ဖွင့်လှစ်ထားပြီး မနက် ၁၀ နာရီတွင် ကော်ဖီနှင့် ကိတ်မုန့်များ ရသည်။

နေ့လည်စာကို မွန်းတည့်ချိန်တွင် စတင်ရောင်းချပေးပြီး တစ်ပတ်လျှင် ၅ ရက် ရောင်းချသည်။

ကြာသပတေး၊ သောကြာနှင့် စနေနေ့များတွင် ညစာလည်း ရောင်းချပေးသည်။

(ဤဆိုင်တွင် နေ့လည်စာ လာရောက်စားသောက်သူ ၁၀၀ မှ ၂၅၀ ဦးကြား ရှိသည်။ ဓာတ်ပုံ-The Long Table)

လာရောက် စားသောက်သူတိုင်းမှာ ဟင်းလျာ (သို့မဟုတ်) အစားအသောက် ပုံစံတစ်မျိုးတည်းကိုသာ ရရှိသည်။

မည်သည့် အစားအသောက်ရရှိမည် ဆိုသည်မှာမူ အခြားဆိုင်များမှ စွန့်ပစ်မည့် မည်သို့သော အစားအသောက် ရရှိမည် ဆိုသည့်အပေါ် မူတည်သည်။

သို့သော် အစားအသောက်များမှာ ပုပ်သိုးနေသော အရာများ မဟုတ်ချေ။

(စားသောက်ဆိုင် မီးဖိုဆောင်တွင် စားဖိုမှူးများကို တွေ့ရပုံ။ ဓာတ်ပုံ-The Long Table)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: UK Restaurant is Letting People Pay-as-They-Can While Rescuing Tons of Food (theguardian)

Photo Credit: The Long Table

[Zawgyi]

ျဗိတိန္တြင္ အျခားစားေသာက္ဆိုင္မ်ားမွ စြန္႔ပစ္မည့္ အစားအေသာက္မ်ားကို ရယူကာ ဖြင့္လွစ္ထားေသာ ေပးခ်င္သေလာက္ေပး စားေသာက္ဆိုင္

အဂၤလန္ႏိုင္ငံ၊ ဂေလာ္ဆက္စတာရႈိင္းယားခရိုင္ရွိ စားေသာက္ဆုိင္တစ္ခုသည္ စားသံုးသူမ်ား၊ supplier မ်ားႏွင့္ စားေသာက္ကုန္လုပ္ငန္းတစ္ခုလံုးကို ေပါင္းကူးေပးကာ ေငြတတ္ႏိုင္သည္ျဖစ္ေစ၊ မတတ္ႏိုင္သူျဖစ္ေစ အားလံုးကို ေပးခ်င္သေလာက္ေပးစနစ္ျဖင့္ ေရာင္းခ်ေပးလ်က္ရွိသည္။

ျဗိတိန္တြင္ ရင္ဆိုင္ေနရေသာ စိန္ေခၚမႈ ၂ ရပ္က ဤစားေသာက္ဆိုင္ေပၚေပါက္လာေစရန္ အေျခတည္ခဲ့ျခင္း လည္း ျဖစ္သည္။

ကုန္ေစ်းႏႈန္းျမင့္တက္မႈေၾကာင့္ အစားအေသာက္တို႔၏ ေစ်းႏႈန္းမွာ ပ်မ္းမွ်အားျဖင့္ ၄ ပံု ၁ ပံုခန္႔ ျမင့္တက္သြားမႈ၊ အဂၤလန္၊ စေကာ့ႏွင့္ အိုင္ယာလန္ေျမာက္ပိုင္းျပည္သူ ၁၀ သန္းခန္႔ အာဟာရ မျပည့္ဝမႈ ဟူေသာ အခ်က္ ၂ ရပ္ျဖစ္သည္။

စားပြဲရွည္ၾကီး - The Long Table ဟု အမည္ေပးထားေသာ အဆိုပါစားေသာက္ဆိုင္သည္ ျပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္အတြင္း လူေပါင္း ၂၀,၀၀၀ ခန္႔ကို အလြန္နည္းပါးေသာ ေစ်းႏႈန္းျဖင့္ စားေသာက္ဖြယ္မ်ား ေရာင္းခ်ေပးခဲ့ျပီး မ်ားစြာေသာသူတို႔ကို ေငြေၾကးတစ္ျပားတစ္ခ်ပ္မွမယူ၊ မည္သည့္ေမးခြန္းမွ မထုတ္ဘဲ ေရာင္းခ်ေပးခဲ့သည္။

ျပီးခဲ့ေသာႏွစ္အတြင္း အမိႈက္ပံုးအတြင္း လႊင့္ပစ္မည့္ စားေသာက္ဖြယ္ရာ ၃ ဒသမ ၄ တန္ကို ကယ္တင္ ထိန္းသိမ္းႏိုင္ခဲ့ျပီး ယင္းအတြက္ Supplier မ်ားကို မွ်တေသာ ေစ်းႏႈန္းေပးခဲ့သည္။

စားေသာက္ဆိုင္မွ ရရွိေသာ ဝင္ေငြျဖင့္ အခ်ိန္ပိုင္းႏွင့္ အခ်ိန္ျပည့္ ဝန္ထမ္း ၂၂ ဦးကို အလုပ္ေနရာေပး ခန္႔ထားႏိုင္ခဲ့သည္။

ဤစားေသာက္ဆိုင္တြင္ ေစတနာ့ဝန္ထမ္း၏ အကူအညီျဖင့္ ေဆာင္ရြက္ေသာအလုပ္ မရွိေခ်။

အျခားေနရာမ်ားတြင္လည္း ဤကဲ့သို႔ စားေသာက္ဆိုင္မ်ား ေပၚေပါက္လာၾကရန္ ၎တို႔က ေမွ်ာ္လင့္ထား ၾကသည္။

(ျပီးခဲ့ေသာႏွစ္အတြင္း အမိႈက္ပံုးအတြင္း လႊင့္ပစ္ေတာ့မည့္ စားေသာက္ဖြယ္ရာ ၃ ဒသမ ၄ တန္ကို ကယ္တင္ ထိန္းသိမ္းႏိုင္ခဲ့ျပီး ယင္းအတြက္ Supplier မ်ားကို မွ်တေသာ ေစ်းႏႈန္းေပးခဲ့သည္။ ဓာတ္ပံု-The Long Table)

ျဗိတိန္တြင္ ၂၀၂၄ ခုႏွစ္အတြင္း အစားအေသာက္ေကာင္းစြာ လံုလံုေလာက္ေလာက္ မစားရသည့္ အေျခအေန ႏွင့္ ရင္ဆိုင္ရမည့္ အရြယ္ေရာက္ျပီးသူ ၈ သန္းႏွင့္ ကေလးငယ္ ၃ သန္းခန္႔ ရွိႏုိင္ေၾကာင္း ခန္႔မွန္းထားသည္။ ထိုပမာဏမွာ ၂၀၂၂ ခုႏွစ္ကထက္ ၂ ဆ ျမင့္တက္လာျခင္းလည္း ျဖစ္သည္။

အဂၤလန္ရွိ ေဆးရံုမ်ားတြင္ လူနာတို႔၌ ဗိုက္တာမင္ႏွင့္ သတၱဳဓာတ္မ်ား ခ်ဳိ႕တဲ့ျခင္း၊ အာဟာရခ်ဳိ႕တ့ဲျခင္းမ်ား ေတြ႔ရွိရမႈ ျမင့္မားလာေနျပီး ထိုျဖစ္ရပ္မွာ ဆင္းရဲႏြမ္းပါးမႈမွ အေျခတည္ေၾကာင္း ဆရာဝန္မ်ားက ေျပာသည္။ အစားအေသာက္ သာတူညီမွ် မရွိမႈ အေျခအေနမွာ ၾကီးမားေနျပီး ေငြေၾကးတတ္ႏုိင္သူမ်ားက အစားအေသာက္ မ်ားစြာကို လႊင့္ပစ္ေနခ်ိန္တြင္ ဟာေနေသာဝမ္းျဖင့္ ဆာေလာင္စြာ အိပ္ယာဝင္ရေသာ ကေလးငယ္မ်ား အလံုးအရင္း ရွိေနသည္။

ထိုသို႔ စြန္႔ပစ္မႈမ်ားသည္ ရာသီဥတုအျပင္ သဘာဝပတ္ဝန္းက်င္အတြက္ပါ ၾကီးမားေသာ ထိခုိက္မႈ ရွိသည္။

စြန္႔ပစ္အစားအေသာက္မ်ားေၾကာင့္ ႏွစ္စဥ္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ တန္ခ်ိန္ ၁၈ သန္းခန္႔ ထုတ္လႊတ္လ်က္ ရွိေနသည္။

စားပြဲရွည္ၾကီးဟူေသာ ဆိုင္နာမည္ႏွင့္အညီ ထိုဆိုင္တြင္ ရွည္လ်ားေသာ စားပြဲရွည္ၾကီးႏွင့္ တန္းစီထိုင္ကာ စားေသာက္ၾကရာ ေႏြးေထြးေဖာ္ေရြသည့္ အေငြ႔အသက္မ်ား ရရွိေစသည္။

ထုိစားေသာက္ဆိုင္ႏွင့္အတူ စက္ဘီးျပင္ဆိုင္၊ ပရိေဘာဂအေဟာင္းဆိုင္တုိ႔လည္း ဖြင့္လွစ္ထားျပီး မနက္ ၁၀ နာရီတြင္ ေကာ္ဖီႏွင့္ ကိတ္မုန္႔မ်ား ရသည္။

ေန႔လည္စာကို မြန္းတည့္ခ်ိန္တြင္ စတင္ေရာင္းခ်ေပးျပီး တစ္ပတ္လွ်င္ ၅ ရက္ ေရာင္းခ်သည္။

ၾကာသပေတး၊ ေသာၾကာႏွင့္ စေနေန႔မ်ားတြင္ ညစာလည္း ေရာင္းခ်ေပးသည္။

(ဤဆိုင္တြင္ ေန႔လည္စာ လာေရာက္စားေသာက္သူ ၁၀၀ မွ ၂၅၀ ဦးၾကား ရွိသည္။ ဓာတ္ပံု-The Long Table)

လာေရာက္ စားေသာက္သူတိုင္းမွာ ဟင္းလ်ာ (သို႔မဟုတ္) အစားအေသာက္ ပံုစံတစ္မ်ဳိးတည္းကိုသာ ရရွိသည္။

မည္သည့္ အစားအေသာက္ရရွိမည္ ဆိုသည္မွာမူ အျခားဆိုင္မ်ားမွ စြန္႔ပစ္မည့္ မည္သုိ႔ေသာ အစားအေသာက္ ရရွိမည္ ဆုိသည့္အေပၚ မူတည္သည္။

သို႔ေသာ္ အစားအေသာက္မ်ားမွာ ပုပ္သိုးေနေသာ အရာမ်ား မဟုတ္ေခ်။

(စားေသာက္ဆိုင္ မီးဖိုေဆာင္တြင္ စားဖိုမွဴးမ်ားကို ေတြ႔ရပံု။ ဓာတ္ပံု-The Long Table)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: UK Restaurant is Letting People Pay-as-They-Can While Rescuing Tons of Food (theguardian)

Photo Credit: The Long Table

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service