လေ့လာစရာ ဥပဒေရေးရာအဖြာဖြာ

လေ့လာစရာ ဥပဒေရေးရာအဖြာဖြာ - Property Knowledge in Myanmar from iMyanmarHouse.com
25 Feb 2024 1:44 pm တွင် တင်ခဲ့သည်
443 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

အဆောက်အဦးဆောက်လုပ်ခြင်းနှင့်ပတ်သတ်သောစာတမ်းစာရွက်ပြင်ဆင်မှုပုံစံလေးများကို အမေးအဖြေနှင့်တကွ ဒီက‌နေ့ညမှာ လေ့လာလိုက်ရအောင်။

 

မေးခွန်း (၁) - အဆောက်အဦးဖျက်မိန့်ကို လျှောက်ထားရာတွင်လိုအပ်သည့် စာရွက်စာတမ်းများကို ဖော်ပြပါ။

အဆောက်အအုံဖျက်မိန့် လျှောက်ထားရာတွင် ဌာနသို့တင်ပြရမည့် စာရွက်စာတမ်း အထောက် အထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(၁)။ ဌာမှ သတ်မှတ်ပုံစံအတိုင်း လျှောက်ထားရမည့်ဖြစ်ကာ အဆောက်အအုံဖျက်သိမ်းခွင့် လျှောက်လွှာပုံစံအား တိကျစွာ ဖြည့်သွင်းရမည်။

(၂)။ မြေရှင်မှ အဆောက်အအုံ ဖျက်သိမ်းခြင်းအတွက် တာဝန်ယူကြောင်း ခံဝန်ကတိပြုချက် တင်ပြရမည်။

(၃)။ (၃)နှစ်အတွင်း ထုတ်ပေးထားသော မြေပုံ/မြေရာဇဝင်အား မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး မိတ္တူတင်ပြရမည်။

(၄)။ စည်ပင်သာယာခွန်နှင့် မြေခွန် ကြွေးကျန်မရှိကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် တင်ပြရမည်။

(၅)။ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာနှင့်မြေရှင်တို့မှ အဆောက်အအုံဖျက်သိမ်းရာတွင် ဘေးကပ်လျက် အဆောက်အုံများ ပျက်စီးမှုမရှိစေရန် တာဝန်ယူကြောင်း ခံဝန်ချက်တင်ပြရမည်။

(၆)။ ဘေးကပ်လျက် မြေကွက်များမှ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက် တင်ပြရမည်။

(၇)။ မိမိဆောက်လုပ်မည့် အဆောက်အအုံနှင့် စပ်လျဉ်း၍ အိမ်ရှင်/အိမ်ငှား ပြသနာကင်း ရှင်းကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် တင်ပြရမည်။

(၈)။ လျှောက်ထားသူ၏ နိုင်ငံသားစီစစ်ရေး ကတ်ပြားမိတ္တူနှင့် (မြေရှင်၊ GP၊ SP) များ၏ မှတ်ပုံတင်များအားလဲ A-4 Size တစ်မျက်နှာစီတွင် အပေါ်/အောက် ကူး၍ တင်ပြရန် လိုအပ်ပါသည်။

(၉)။ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာလုပ်ငန်း လုပ်ကိုင်ခွင့် သက်သေခံကတ်ပြားအား မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး မိတ္တူတင်ပြနိုင်ရမည်။

(၁၀)။ မြေပိုင်ဆိုင်မှု အထောက်အထားများအား မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး မိတ္တူတင်ပြရမည်။

(၁၁)။ ဖျက်သိမ်းမည့် အဆောက်အအုံနှင့် ဘေးနှစ်ဘက်ရှိ အဆောက်အအုံအား ဓာတ်ပုံဖြင့် ပူးတွဲတင်ပြရမည်။ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာသည် အဆောက်အအုံအသစ်ဆောက်လုပ်ပါက ပြီးဆုံးသည့်တိုင် ကြီးကြပ်ကာ သက်ဆိုင်ရာဌာနသို့ အချိန်မီတင်ပြပြီး ဆောက်လုပ်ခြင်း မပြုတော့ပါကလဲ သက်ဆိုင်ရာ ဌာနသို့ သတင်းပေးပို့ရမည်။

အဆောက်အအုံအား အုတ်မြစ်ချရာတွင်လဲ ကပ်လျက်ရှိသော အဆောက်အအုံတစ်ခုခု၏ အစိတ်အပိုင်းတစ်ခုလုံးအား အန္တရာယ်မဖြစ်စေရန်အတွက်၊ ထိခိုက်မှုမဖြစ်စေရန်၊ ပျက်စီးမှုတစ်စုံတစ်ရာ မဖြစ်ပေါ်စေရန်၊ ပြည့်စုံ လုံလောက်သော အစီအမံများဖြင့် အင်ဂျင်နီယာမှ ဆောက်လုပ်ရမည်ဖြစ်ပါသည်။

ထို့အပြင် ဖျက်သိမ်းပြီးအဆောက်အအုံနေရာ၌ အဆောက်အအုံအသစ်အား ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ပြီးစီးပါလဲ BCC ရရှိရန် ဆက်လက် လျှောက်ထား ဆောင်ရွက်ရမည့်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

 

မေးခွန်း (၂) - (၃)ထပ်နှင့် အောက်အဆောက်အဦးများ ဆောက်လုပ်ရန် လျှောက်ထားဆောင်ရွက်ရာတွင် လိုအပ် သော အချက်အလက်များကို ဖော်ပြပါ။

 

(၃)ထပ်တိုက်နှင့် အောက်အဆောက်အအုံ ဆောက်လုပ်ရာတွင် ဆောက်လုပ်ခွင့် လျှောက်လွှာ ပုံစံဖြင့် တင်ပြရမည်ဖြစ်ပါသည်။ အဆောက်အအုံအား မှတ်ပုံတင် လက်မှတ်ရအင်ဂျင်နီယာမှ တာဝန်ယူ ဆောက်လုပ်မည်ဖြစ်ကြောင်း ခံဝန်ကတိပြုချက်နှင့်အတူ အဆောက်အအုံ အဟောင်းအား ဖျက်သိမ်းခြင်းအတွက်...

- အဆောက်အအုံဖျက်သိမ်းခွင့် လျှောက်လွှာပုံစံ၊

- ဖျက်သိမ်းမည့် အဆောက်အအုံဟောင်း၏ ဓာတ်ပုံနှင့် ဘေးနှစ်ဘက်ရှိ အဆောက်အအုံများ၏ ဓာတ်ပုံ၊

- အဆောက်အအုံ ဖျက်သိမ်းရာတွင် ဘေးကပ်လျက်ရှိသော အဆောက်အအုံပျက်စီးမှု မရှိစေရန် ဖျက်သိမ်းပါမည့်အကြောင်း မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာနှင့် မြေရှင်တို့မှ ခံဝန် ကတိပြု ချက်တို့ တင်ပြနိုင်ရမည်။

ဆောက်လုပ်မည့်အဆောက်အအုံမှာ ကန်ထရိုက်တိုက်ပုံစံဖြစ်ပါက...

- မြေရှင်၊ လိုင်စင်ရကန်ထရိုက်တာ (LC)နှင့် မှတ်ပုံတင်လက်မှတ် လက်မှတ်ရ အင်ဂျင်နီယာတို့မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း ခံဝန်ချက်၊

- အဆိုပြု ပုံစံ(၃)စုံ A-3 Size၊ မြေရှင်၊ လိုင်စင်ရ ကန်ထရိုက်တာ (LC) နှင့် မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာတို့မှ လက်မှတ်ရေးထိုးကာ တင်ပြရမည်။

- ကန်ထရိုက်ပုံစံနှင့် စီးပွားရေးသုံးအဆောက်အအုံများဖြစ်ပါက မီးသတ်ဦးစီးဌာန၏ အကြုံပြု ချက်နှင့် အတည်ပြုပုံစံတို့ တင်ပြရန် လိုအပ်ပါတယ်။

မြေရှင်၏ GP/SPမှ တင်ပြမည်ဆိုပါကလဲ...

- မြေရှင်သက်ရှိထင်ရှားရှိကြောင်း

-ကိုယ်စားလှယ် လွှဲအပ်ထားသည်မှာ မှန်ကန်ကြောင်း မြေရှင်မှ တင်ပြနိုင်ရမည်။

ထို့ပြင် လျှောက်ထားသူ၏...

- နိုင်ငံသားစီစစ်ရေးကတ်ပြားမိတ္တူအပြင်

- (မြေရှင်၊ Gp/Sp)တို့၏ နိုင်ငံသားစီစစ်ရေးကတ်ပြားတို့အား

(A4 Size တစ်မျက်နှာတည်းတွင် မှတ်ပုံတင်တစ်စောင်စီ အပေါ်/အောက် ကူး၍ ဖော်ပြရမည်။)

- ဘေး ၃’’ ပေနှင့် အထက်မြေချန်ထားခြင်း မရှိပါက ဘေးကပ်လျက်မြေကွက်ပိုင်ရှင်များ၏ သဘောထား တင်ပြပေးရန် ၊

- ခွင့်ပြုချက်မရမီ ကြိုတင်ဆောက်လုပ်ခြင်းနှင့် မြေပိုင်ဆိုင်မှု ပြသနာပေါ်ပေါက်ခြင်းတို့အတွက် အဆောက်အအုံဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့၏ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်မည် ဖြစ်ကြောင်း မြေရှင်၏ ခံဝန်ချက်၊

- အိမ်ရှင်/အိမ်ငှား ပြသနာ အရှုပ်အရှင်းကင်းရှင်းကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံ ချက် တင်ပြပေးရန်လဲ လိုအပ်ပါသည်။

လိုင်စင်ရ ကန်ထရိုက်တာ၏...

- နိုင်ငံသားစီစစ်ရေးကတ်ပြားမိတ္တူ၊

- မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာလုပ်ငန်း လုပ်ကိုင်ခွင့် သက်သေခံမိတ္တူ၊

- ဂရန်မိတ္တူနှင့် သက်ဆိုင်ရာဌာနမှ (၁)နှစ် အတွင်း ထုတ်ပေးထားသော နယ်နိမိတ်တိုင်းတာ သတ်မှတ်မြေပုံ (D/Map)မိတ္တူ (မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး)ဌာနသို့ တင်ပြနိုင်ရမည်။

မိသားစုလုံးချင်း အဆောက်အအုံပုံစံဖြစ်ပါက...

- အဆိုပြု ပုံစံ(၃)စုံ (A-3) Size ဖြင့် လျှောက်ထားသူနှင့် မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာတို့မှ လက်မှတ်ရေးထိုးထားကာ တင်ပြနိုင်ရမည်။

စီးပွားလုပ်ငန်းသုံး အဆောက်အအုံဖြစ်ပါက...

- ဘေးပတ်ဝန်းကျင်ရှိ မြေကွက်ပိုင်ရှင်များ (ဘေးဝဲဘက်(၂)ဦး၊ ယာဘက်(၂)ဦး၊ ရှေ့ဘက် (၃)ဦး၊ နောက်(၃)ဦး စုစုပေါင်း(၁၀)ဦးမှ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက် တင်ပြရပါမည်။

(၃) ထပ်နှင့်အောက် အဆောက်အအုံများတွင် မြေပိုင်ဆိုင်မှု အရပ်စာချုပ်ဖြင့်သာ အဆောက်အအုံ ဆောက်လုပ်ခွင့် ခွင့်ပြုမိန့် လျှောက်ထားပါက အထက်ဖော်ပြပါ သတ်မှတ်ချက်များအပြင် မြေပိုင်ဆိုင်မှု အထောက်အထားစာချုပ် မိတ္တူများအား ဌာနသို့ မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးပြီး တင်နိုင်ရမည်။

- သတ်မှတ်လျှောက်လွှာအတိုင်း တင်ပြရမည်ဖြစ်ကာ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်ယာမှ ကြီးကြပ် ဆောက်လုပ်ရမည်။

- ခွင့်ပြုချက်မရမီ ကြိုတင်မဆောက်လုပ်ရန်နှင့် မြေပိုင်ဆိုင်မှု ပြသနာရှိက အဆောက်အအုံဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့၏ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း မြေရှင်မှ ခံဝန်ချက်တင်ပြနိုင်ရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

 

မေးခွန်း (၃) - ဆောက်လုပ်ရေးကုမ္ပဏီမှ ဝယ်ယူထားသည့် တိုက်ခန်းအရောင်းအဝယ်စာချုပ် ပျောက်ဆုံးလျှင် မည်သို့ ဆောင်ရွက်နိုင်သနည်း။

ဆောက်လုပ်ရေးကုမ္ပဏီမှ ဝယ်ယူထားတဲ့ တိုက်ခန်းအရောင်းအဝယ်စာချုပ် ပျောက်ဆုံးလျှင် အရစ်ကျရောင်းချသော စာချုပ်များတွင်တော့ နောက်ဆုံး ငွေမကြေခင် ကျန်ငွေပေးချေသောအချိန်တွင် ငွေကြေ စာချုပ်တစ်စောင် ထပ်မံချုပ်ဆိုပေးရန် တောင်းဆိုမှုပြုနိုင်သောကြောင့် စိတ်ပူစရာမရှိပါ။

ကုမ္ပဏီဘက်မှလဲ ဝယ်ယူသူမှ ကျန်ငွေပေးချေသောနေ့တွင် ထိုနေ့ရက်စွဲဖြင့် မူလအရစ်ကျစာချုပ်ပါ ဝယ်ယူသူနာမည်ဖြင့်ပင် ငွေကြေစာချုပ်ချုပ်ဆိုခြင်းကို ငြင်းဆိုမည်မဟုတ်ပါ။

အချိန်ကာလကြာမြင့်ကာ ပိုင်ဆိုင်မှု လွှဲပြောင်းပေးအပ်ပြီးသော တိုက်ခန်းများတွင်တော့ နောက်ထပ် စာချုပ်တစ်စောင် ထပ်မံချုပ်ဆိုပေးရန် တောင်းဆိုသည်ကို ကုမ္ပဏီဘက်မှ ငြင်းဆိုမည်ဖြစ်ပါသည်။

စာချုပ် (၂) စောင် ချုပ်ဆိုပေးခြင်းအား ရောင်းချသူမှ ငြင်းဆိုခြင်းမှာ ဝယ်ယူသူမှ တဆင့်ပြန်လည် ရောင်းချသည့်အခါ လိမ်လည်၍ နှစ်ဦးရောင်းချနိုင်သောကြောင့် ဖြစ်ပါသည်။

ထို့သို့ အသစ်ထပ်မံချုပ်ဆိုရန် ငြင်းဆိုမည်ဖြစ်သော်လည်း ဝယ်ယူသူမှ စာချုပ်ပျောက်ဆုံးကြောင်း အထောက်အထားများ တင်ပြကာ ပိုင်ဆိုင်မှုအတွက် မူရင်းခွဲမိတ္တူမှန် တစောင် ကူးယူလိုကြောင်း တောင်းဆိုလာပါက ကုမ္ပဏီဘက်မှ ခွင့်ပြုပေးနိုင်ပါသည်။ သို့သော် ကုမ္ပဏီဘက်မှ အဆိုပါ မူရင်းစာချုပ်မှာ အမှန်တကယ်ပျောက်ဆုံးကြောင်း၊ အရှုပ်အရှင်းကင်းရှင်းကြောင်း ဝန်ခံကတိပြုချက်၊ အမှန်တကယ် ပျောက်ဆုံးကြောင်း တရားရုံး ကျမ်းကျိန်လွှာ၊ အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ အိမ်ထောင်စုစာရင်း မိတ္တူတို့ တောင်းဆိုနိုင်ပါသည်။

ဌာနဆိုင်ရာများတွင်လဲ မူရင်းစာချုပ်တစ်စောင်၊ မူရင်းခွဲမိတ္တူမှန်တစ်စောင်ဖြင့် နှစ်ဦးရောင်းခြင်းအား ကာကွယ်ရန် မူရင်းစာချုပ်ပျောက်ဆုံး၍ မိတ္တူမှန်ကူးယူလိုသည့်အခါ အမှန်တကယ် ပျောက်ဆုံး ကြောင်း၊ အရှုပ်အရှင်းတစ်စုံတစ်ရာမရှိကြောင်း ခိုင်မာမှုရှိသည့်အထောက်အထားများပြသနိုင်မှသာ မိတ္တူကူးယူ ခွင့်ပြုပါသည်။

ဌာနမှ အောက်ပါစာရွက်စာတမ်း အထောက်အထားများအား သေချာစီစစ်ပြီးမှသာ မိတ္တူမှန် ကူးယူခြင်းအား ခွင့်ပြုပေးပါသည်။

- နိုင်ငံသားစီစစ်ရေးကတ်ပြား - အိမ်ထောင်စုဇယားမိတ္တူ - ကျမ်းကျိန်လွှာတို့ အပြင် - အုပ်ချုပ်ရေးမှူးထောက်ခံချက်

- မြေခွန်ပြေစာ

- သတင်းစာကြေငြာ

- ရဲစခန်းသို့ အမှုဖွင့်လှစ်တိုင်ကြားချက်

- ကန့်ကွက်ရန်ရှိမရှိ ရပ်ကွပ်အုပ်ချုပ်ရေးမှူးရုံးများတွင် (၁၄)ရက်အတွင်း ကြေညာခြင်း

- မှတ်ပုံတင်စာချုပ်စာတမ်း (သို့) တရားရုံးစီရင်ချက်နှင့် ဒီဂရီလျှောက်ထားခြင်းကြောင့် ပိုင်ဆိုင်မှုဖြစ်ခဲ့လျှင် အဆိုပါအထောက်အထားများ၊

- သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေခြင်း ဌာနမှ ဆောင်ရွက်စေမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

 https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

ေလ့လာစရာ ဥပေဒေရးရာအျဖာျဖာ

အေဆာက္အဦးေဆာက္လုပ္ျခင္းႏွင့္ပတ္သတ္ေသာစာတမ္းစာ႐ြက္ျပင္ဆင္မႈပုံစံေလးမ်ားကို အေမးအေျဖႏွင့္တကြ ဒီက‌ေန႔ညမွာ ေလ့လာလိုက္ရေအာင္။

 

ေမးခြန္း (၁) - အေဆာက္အဦးဖ်က္မိန္႔ကို ေလွ်ာက္ထားရာတြင္လိုအပ္သည့္ စာ႐ြက္စာတမ္းမ်ားကို ေဖာ္ျပပါ။

အေဆာက္အအုံဖ်က္မိန္႔ ေလွ်ာက္ထားရာတြင္ ဌာနသို႔တင္ျပရမည့္ စာ႐ြက္စာတမ္း အေထာက္ အထားမ်ားမွာ ေအာက္ပါအတိုင္းျဖစ္ပါသည္။

(၁)။ ဌာမွ သတ္မွတ္ပုံစံအတိုင္း ေလွ်ာက္ထားရမည့္ျဖစ္ကာ အေဆာက္အအုံဖ်က္သိမ္းခြင့္ ေလွ်ာက္လႊာပုံစံအား တိက်စြာ ျဖည့္သြင္းရမည္။

(၂)။ ေျမ႐ွင္မွ အေဆာက္အအုံ ဖ်က္သိမ္းျခင္းအတြက္ တာဝန္ယူေၾကာင္း ခံဝန္ကတိျပဳခ်က္ တင္ျပရမည္။

(၃)။ (၃)ႏွစ္အတြင္း ထုတ္ေပးထားေသာ ေျမပုံ/ေျမရာဇဝင္အား မူရင္းႏွင့္ တိုက္ဆိုင္စစ္ေဆးၿပီး မိတၱဴတင္ျပရမည္။

(၄)။ စည္ပင္သာယာခြန္ႏွင့္ ေျမခြန္ ေႂကြးက်န္မ႐ွိေၾကာင္း သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးမႉး၏ ေထာက္ခံခ်က္ျဖင့္ တင္ျပရမည္။

(၅)။ မွတ္ပုံတင္လက္မွတ္ရ အင္ဂ်င္နီယာႏွင့္ေျမ႐ွင္တို႔မွ အေဆာက္အအုံဖ်က္သိမ္းရာတြင္ ေဘးကပ္လ်က္ အေဆာက္အုံမ်ား ပ်က္စီးမႈမ႐ွိေစရန္ တာဝန္ယူေၾကာင္း ခံဝန္ခ်က္တင္ျပရမည္။

(၆)။ ေဘးကပ္လ်က္ ေျမကြက္မ်ားမွ ကန္႔ကြက္ရန္မ႐ွိေၾကာင္း ေထာက္ခံခ်က္ တင္ျပရမည္။

(၇)။ မိမိေဆာက္လုပ္မည့္ အေဆာက္အအုံႏွင့္ စပ္လ်ဥ္း၍ အိမ္႐ွင္/အိမ္ငွား ျပသနာကင္း ႐ွင္းေၾကာင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး၏ ေထာက္ခံခ်က္ျဖင့္ တင္ျပရမည္။

(၈)။ ေလွ်ာက္ထားသူ၏ ႏိုင္ငံသားစီစစ္ေရး ကတ္ျပားမိတၱဴႏွင့္ (ေျမ႐ွင္၊ GP၊ SP) မ်ား၏ မွတ္ပုံတင္မ်ားအားလဲ A-4 Size တစ္မ်က္ႏွာစီတြင္ အေပၚ/ေအာက္ ကူး၍ တင္ျပရန္ လိုအပ္ပါသည္။

(၉)။ မွတ္ပုံတင္လက္မွတ္ရ အင္ဂ်င္နီယာလုပ္ငန္း လုပ္ကိုင္ခြင့္ သက္ေသခံကတ္ျပားအား မူရင္းႏွင့္ တိုက္ဆိုင္စစ္ေဆးၿပီး မိတၱဴတင္ျပႏိုင္ရမည္။

(၁၀)။ ေျမပိုင္ဆိုင္မႈ အေထာက္အထားမ်ားအား မူရင္းႏွင့္ တိုက္ဆိုင္စစ္ေဆးၿပီး မိတၱဴတင္ျပရမည္။

(၁၁)။ ဖ်က္သိမ္းမည့္ အေဆာက္အအုံႏွင့္ ေဘးႏွစ္ဘက္႐ွိ အေဆာက္အအုံအား ဓာတ္ပုံျဖင့္ ပူးတြဲတင္ျပရမည္။ မွတ္ပုံတင္လက္မွတ္ရ အင္ဂ်င္နီယာသည္ အေဆာက္အအုံအသစ္ေဆာက္လုပ္ပါက ၿပီးဆုံးသည့္တိုင္ ႀကီးၾကပ္ကာ သက္ဆိုင္ရာဌာနသို႔ အခ်ိန္မီတင္ျပၿပီး ေဆာက္လုပ္ျခင္း မျပဳေတာ့ပါကလဲ သက္ဆိုင္ရာ ဌာနသို႔ သတင္းေပးပို႔ရမည္။

အေဆာက္အအုံအား အုတ္ျမစ္ခ်ရာတြင္လဲ ကပ္လ်က္႐ွိေသာ အေဆာက္အအုံတစ္ခုခု၏ အစိတ္အပိုင္းတစ္ခုလုံးအား အႏၲရာယ္မျဖစ္ေစရန္အတြက္၊ ထိခိုက္မႈမျဖစ္ေစရန္၊ ပ်က္စီးမႈတစ္စုံတစ္ရာ မျဖစ္ေပၚေစရန္၊ ျပည့္စုံ လုံေလာက္ေသာ အစီအမံမ်ားျဖင့္ အင္ဂ်င္နီယာမွ ေဆာက္လုပ္ရမည္ျဖစ္ပါသည္။

ထို႔အျပင္ ဖ်က္သိမ္းၿပီးအေဆာက္အအုံေနရာ၌ အေဆာက္အအုံအသစ္အား ခြင့္ျပဳခ်က္ျဖင့္ ေဆာက္လုပ္ၿပီးစီးပါလဲ BCC ရ႐ွိရန္ ဆက္လက္ ေလွ်ာက္ထား ေဆာင္႐ြက္ရမည့္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၂) - (၃)ထပ္ႏွင့္ ေအာက္အေဆာက္အဦးမ်ား ေဆာက္လုပ္ရန္ ေလွ်ာက္ထားေဆာင္႐ြက္ရာတြင္ လိုအပ္ ေသာ အခ်က္အလက္မ်ားကို ေဖာ္ျပပါ။

(၃)ထပ္တိုက္ႏွင့္ ေအာက္အေဆာက္အအုံ ေဆာက္လုပ္ရာတြင္ ေဆာက္လုပ္ခြင့္ ေလွ်ာက္လႊာ ပုံစံျဖင့္ တင္ျပရမည္ျဖစ္ပါသည္။ အေဆာက္အအုံအား မွတ္ပုံတင္ လက္မွတ္ရအင္ဂ်င္နီယာမွ တာဝန္ယူ ေဆာက္လုပ္မည္ျဖစ္ေၾကာင္း ခံဝန္ကတိျပဳခ်က္ႏွင့္အတူ အေဆာက္အအုံ အေဟာင္းအား ဖ်က္သိမ္းျခင္းအတြက္

-အေဆာက္အအုံဖ်က္သိမ္းခြင့္ ေလွ်ာက္လႊာပုံစံ၊

-ဖ်က္သိမ္းမည့္ အေဆာက္အအုံေဟာင္း၏ ဓာတ္ပုံႏွင့္ ေဘးႏွစ္ဘက္႐ွိ အေဆာက္အအုံမ်ား၏ ဓာတ္ပုံ၊

-အေဆာက္အအုံ ဖ်က္သိမ္းရာတြင္ ေဘးကပ္လ်က္႐ွိေသာ အေဆာက္အအုံပ်က္စီးမႈ မ႐ွိေစရန္ ဖ်က္သိမ္းပါမည့္အေၾကာင္း မွတ္ပုံတင္လက္မွတ္ရ အင္ဂ်င္နီယာႏွင့္ ေျမ႐ွင္တို႔မွ ခံဝန္ ကတိျပဳ ခ်က္တို႔ တင္ျပႏိုင္ရမည္။

ေဆာက္လုပ္မည့္အေဆာက္အအုံမွာ ကန္ထ႐ိုက္တိုက္ပုံစံျဖစ္ပါက

- ေျမ႐ွင္၊ လိုင္စင္ရကန္ထ႐ိုက္တာ (LC)ႏွင့္ မွတ္ပုံတင္လက္မွတ္ လက္မွတ္ရ အင္ဂ်င္နီယာတို႔မွ သတ္မွတ္ထားသည့္ စည္းကမ္းခ်က္မ်ားအား လိုက္နာ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ခံဝန္ခ်က္၊

- အဆိုျပဳ ပုံစံ(၃)စုံ A-3 Size၊ ေျမ႐ွင္၊ လိုင္စင္ရ ကန္ထ႐ိုက္တာ (LC) ႏွင့္ မွတ္ပုံတင္ လက္မွတ္ရ အင္ဂ်င္နီယာ/ဗိသုကာတို႔မွ လက္မွတ္ေရးထိုးကာ တင္ျပရမည္။

- ကန္ထ႐ိုက္ပုံစံႏွင့္ စီးပြားေရးသုံးအေဆာက္အအုံမ်ားျဖစ္ပါက မီးသတ္ဦးစီးဌာန၏ အၾကဳံျပဳ ခ်က္ႏွင့္ အတည္ျပဳပုံစံတို႔ တင္ျပရန္ လိုအပ္ပါတယ္။

ေျမ႐ွင္၏ GP/SPမွ တင္ျပမည္ဆိုပါကလဲ

- ေျမ႐ွင္သက္႐ွိထင္႐ွား႐ွိေၾကာင္း

-ကိုယ္စားလွယ္ လႊဲအပ္ထားသည္မွာ မွန္ကန္ေၾကာင္း ေျမ႐ွင္မွ တင္ျပႏိုင္ရမည္။

ထို႔ျပင္ ေလွ်ာက္ထားသူ၏

- ႏိုင္ငံသားစီစစ္ေရးကတ္ျပားမိတၱဴအျပင္

- (ေျမ႐ွင္၊ Gp/Sp)တို႔၏ ႏိုင္ငံသားစီစစ္ေရးကတ္ျပားတို႔အား

(A4 Size တစ္မ်က္ႏွာတည္းတြင္ မွတ္ပုံတင္တစ္ေစာင္စီ အေပၚ/ေအာက္ ကူး၍ ေဖာ္ျပရမည္။)

- ေဘး ၃’’ ေပႏွင့္ အထက္ေျမခ်န္ထားျခင္း မ႐ွိပါက ေဘးကပ္လ်က္ေျမကြက္ပိုင္႐ွင္မ်ား၏ သေဘာထား တင္ျပေပးရန္ ၊

- ခြင့္ျပဳခ်က္မရမီ ႀကိဳတင္ေဆာက္လုပ္ျခင္းႏွင့္ ေျမပိုင္ဆိုင္မႈ ျပသနာေပၚေပါက္ျခင္းတို႔အတြက္ အေဆာက္အအုံဆိုင္ရာ လုပ္ငန္းတာဝန္ခံအဖြဲ႕၏ ၫႊန္ၾကားခ်က္ကို လိုက္နာေဆာင္႐ြက္မည္ ျဖစ္ေၾကာင္း ေျမ႐ွင္၏ ခံဝန္ခ်က္၊

- အိမ္႐ွင္/အိမ္ငွား ျပသနာ အ႐ႈပ္အ႐ွင္းကင္း႐ွင္းေၾကာင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ေထာက္ခံ ခ်က္ တင္ျပေပးရန္လဲ လိုအပ္ပါသည္။

လိုင္စင္ရ ကန္ထ႐ိုက္တာ၏ - ႏိုင္ငံသားစီစစ္ေရးကတ္ျပားမိတၱဴ၊

- မွတ္ပုံတင္ လက္မွတ္ရ အင္ဂ်င္နီယာ/ဗိသုကာလုပ္ငန္း လုပ္ကိုင္ခြင့္ သက္ေသခံမိတၱဴ၊

- ဂရန္မိတၱဴႏွင့္ သက္ဆိုင္ရာဌာနမွ (၁)ႏွစ္ အတြင္း ထုတ္ေပးထားေသာ နယ္နိမိတ္တိုင္းတာ သတ္မွတ္ေျမပုံ (D/Map)မိတၱဴ (မူရင္းႏွင့္ တိုက္ဆိုင္စစ္ေဆးၿပီး)ဌာနသို႔ တင္ျပႏိုင္ရမည္။

မိသားစုလုံးခ်င္း အေဆာက္အအုံပုံစံျဖစ္ပါက

- အဆိုျပဳ ပုံစံ(၃)စုံ (A-3) Size ျဖင့္ ေလွ်ာက္ထားသူႏွင့္ မွတ္ပုံတင္လက္မွတ္ရ အင္ဂ်င္နီယာ/ ဗိသုကာတို႔မွ လက္မွတ္ေရးထိုးထားကာ တင္ျပႏိုင္ရမည္။

စီးပြားလုပ္ငန္းသုံး အေဆာက္အအုံျဖစ္ပါက

- ေဘးပတ္ဝန္းက်င္႐ွိ ေျမကြက္ပိုင္႐ွင္မ်ား (ေဘးဝဲဘက္(၂)ဦး၊ ယာဘက္(၂)ဦး၊ ေ႐ွ႕ဘက္ (၃)ဦး၊ ေနာက္(၃)ဦး စုစုေပါင္း(၁၀)ဦးမွ ကန္႔ကြက္ရန္မ႐ွိေၾကာင္း ေထာက္ခံခ်က္ တင္ျပရပါမည္။

(၃) ထပ္ႏွင့္ေအာက္ အေဆာက္အအုံမ်ားတြင္ ေျမပိုင္ဆိုင္မႈ အရပ္စာခ်ဳပ္ျဖင့္သာ အေဆာက္အအုံ ေဆာက္လုပ္ခြင့္ ခြင့္ျပဳမိန္႔ ေလွ်ာက္ထားပါက အထက္ေဖာ္ျပပါ သတ္မွတ္ခ်က္မ်ားအျပင္ ေျမပိုင္ဆိုင္မႈ အေထာက္အထားစာခ်ဳပ္ မိတၱဴမ်ားအား ဌာနသို႔ မူရင္းႏွင့္တိုက္ဆိုင္စစ္ေဆးၿပီး တင္ႏိုင္ရမည္။

- သတ္မွတ္ေလွ်ာက္လႊာအတိုင္း တင္ျပရမည္ျဖစ္ကာ မွတ္ပုံတင္လက္မွတ္ရ အင္ဂ်င္ယာမွ ႀကီးၾကပ္ ေဆာက္လုပ္ရမည္။

- ခြင့္ျပဳခ်က္မရမီ ႀကိဳတင္မေဆာက္လုပ္ရန္ႏွင့္ ေျမပိုင္ဆိုင္မႈ ျပသနာ႐ွိက အေဆာက္အအုံဆိုင္ရာ လုပ္ငန္းတာဝန္ခံအဖြဲ႕၏ ၫႊန္ၾကားခ်က္ကို လိုက္နာေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ေျမ႐ွင္မွ ခံဝန္ခ်က္တင္ျပႏိုင္ရမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၃) - ေဆာက္လုပ္ေရးကုမၸဏီမွ ဝယ္ယူထားသည့္ တိုက္ခန္းအေရာင္းအဝယ္စာခ်ဳပ္ ေပ်ာက္ဆုံးလွ်င္ မည္သို႔ ေဆာင္႐ြက္ႏိုင္သနည္း။

ေဆာက္လုပ္ေရးကုမၸဏီမွ ဝယ္ယူထားတဲ့ တိုက္ခန္းအေရာင္းအဝယ္စာခ်ဳပ္ ေပ်ာက္ဆုံးလွ်င္ အရစ္က်ေရာင္းခ်ေသာ စာခ်ဳပ္မ်ားတြင္ေတာ့ ေနာက္ဆုံး ေငြမေၾကခင္ က်န္ေငြေပးေခ်ေသာအခ်ိန္တြင္ ေငြေၾက စာခ်ဳပ္တစ္ေစာင္ ထပ္မံခ်ဳပ္ဆိုေပးရန္ ေတာင္းဆိုမႈျပဳႏိုင္ေသာေၾကာင့္ စိတ္ပူစရာမ႐ွိပါ။

ကုမၸဏီဘက္မွလဲ ဝယ္ယူသူမွ က်န္ေငြေပးေခ်ေသာေန႔တြင္ ထိုေန႔ရက္စြဲျဖင့္ မူလအရစ္က်စာခ်ဳပ္ပါ ဝယ္ယူသူနာမည္ျဖင့္ပင္ ေငြေၾကစာခ်ဳပ္ခ်ဳပ္ဆိုျခင္းကို ျငင္းဆိုမည္မဟုတ္ပါ။

အခ်ိန္ကာလၾကာျမင့္ကာ ပိုင္ဆိုင္မႈ လႊဲေျပာင္းေပးအပ္ၿပီးေသာ တိုက္ခန္းမ်ားတြင္ေတာ့ ေနာက္ထပ္ စာခ်ဳပ္တစ္ေစာင္ ထပ္မံခ်ဳပ္ဆိုေပးရန္ ေတာင္းဆိုသည္ကို ကုမၸဏီဘက္မွ ျငင္းဆိုမည္ျဖစ္ပါသည္။

စာခ်ဳပ္ (၂) ေစာင္ ခ်ဳပ္ဆိုေပးျခင္းအား ေရာင္းခ်သူမွ ျငင္းဆိုျခင္းမွာ ဝယ္ယူသူမွ တဆင့္ျပန္လည္ ေရာင္းခ်သည့္အခါ လိမ္လည္၍ ႏွစ္ဦးေရာင္းခ်ႏိုင္ေသာေၾကာင့္ ျဖစ္ပါသည္။

ထို႔သို႔ အသစ္ထပ္မံခ်ဳပ္ဆိုရန္ ျငင္းဆိုမည္ျဖစ္ေသာ္လည္း ဝယ္ယူသူမွ စာခ်ဳပ္ေပ်ာက္ဆုံးေၾကာင္း အေထာက္အထားမ်ား တင္ျပကာ ပိုင္ဆိုင္မႈအတြက္ မူရင္းခြဲမိတၱဴမွန္ တေစာင္ ကူးယူလိုေၾကာင္း ေတာင္းဆိုလာပါက ကုမၸဏီဘက္မွ ခြင့္ျပဳေပးႏိုင္ပါသည္။ သို႔ေသာ္ ကုမၸဏီဘက္မွ အဆိုပါ မူရင္းစာခ်ဳပ္မွာ အမွန္တကယ္ေပ်ာက္ဆုံးေၾကာင္း၊ အ႐ႈပ္အ႐ွင္းကင္း႐ွင္းေၾကာင္း ဝန္ခံကတိျပဳခ်က္၊ အမွန္တကယ္ ေပ်ာက္ဆုံးေၾကာင္း တရား႐ုံး က်မ္းက်ိန္လႊာ၊ အုပ္ခ်ဳပ္ေရးမႉး ေထာက္ခံခ်က္၊ ႏိုင္ငံသားစီစစ္ေရးကတ္ျပား၊ အိမ္ေထာင္စုစာရင္း မိတၱဴတို႔ ေတာင္းဆိုႏိုင္ပါသည္။

ဌာနဆိုင္ရာမ်ားတြင္လဲ မူရင္းစာခ်ဳပ္တစ္ေစာင္၊ မူရင္းခြဲမိတၱဴမွန္တစ္ေစာင္ျဖင့္ ႏွစ္ဦးေရာင္းျခင္းအား ကာကြယ္ရန္ မူရင္းစာခ်ဳပ္ေပ်ာက္ဆုံး၍ မိတၱဴမွန္ကူးယူလိုသည့္အခါ အမွန္တကယ္ ေပ်ာက္ဆုံး ေၾကာင္း၊ အ႐ႈပ္အ႐ွင္းတစ္စုံတစ္ရာမ႐ွိေၾကာင္း ခိုင္မာမႈ႐ွိသည့္အေထာက္အထားမ်ားျပသႏိုင္မွသာ မိတၱဴကူးယူ ခြင့္ျပဳပါသည္။

ဌာနမွ ေအာက္ပါစာ႐ြက္စာတမ္း အေထာက္အထားမ်ားအား ေသခ်ာစီစစ္ၿပီးမွသာ မိတၱဴမွန္ ကူးယူျခင္းအား ခြင့္ျပဳေပးပါသည္။

- ႏိုင္ငံသားစီစစ္ေရးကတ္ျပား - အိမ္ေထာင္စုဇယားမိတၱဴ - က်မ္းက်ိန္လႊာတို႔ အျပင္ - အုပ္ခ်ဳပ္ေရးမႉးေထာက္ခံခ်က္

- ေျမခြန္ေျပစာ

- သတင္းစာေၾကျငာ

- ရဲစခန္းသို႔ အမႈဖြင့္လွစ္တိုင္ၾကားခ်က္

- ကန္႔ကြက္ရန္႐ွိမ႐ွိ ရပ္ကြပ္အုပ္ခ်ဳပ္ေရးမႉး႐ုံးမ်ားတြင္ (၁၄)ရက္အတြင္း ေၾကညာျခင္း

- မွတ္ပုံတင္စာခ်ဳပ္စာတမ္း (သို႔) တရား႐ုံးစီရင္ခ်က္ႏွင့္ ဒီဂရီေလွ်ာက္ထားျခင္းေၾကာင့္ ပိုင္ဆိုင္မႈျဖစ္ခဲ့လွ်င္ အဆိုပါအေထာက္အထားမ်ား၊

- သတ္မွတ္ဝန္ေဆာင္ခေပးသြင္းေစျခင္း ဌာနမွ ေဆာင္႐ြက္ေစမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
bkk-projects
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service