အရောင်းအဝယ်များ၌ ရောင်းသူဝယ်သူလိုက်နာရမည့် တာဝန်နှင့် အခွင့်အရေးများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

အရောင်းအဝယ်များ၌ ရောင်းသူဝယ်သူလိုက်နာရမည့် တာဝန်နှင့် အခွင့်အရေးများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
13 Jan 2024 10:36 am တွင် တင်ခဲ့သည်
672 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

စာချုပ်များ ချုပ်ဆိုရာတွင် နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ စည်းကမ်းချက်များ ထည့်သွင်းချုပ်ဆိုကြပြီး အပြန်အလှန် ကတိကဝတ်များ ထားရှိကြခြင်းဖြစ်ပါသည်။ မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၏ စရန်ပေးအရောင်းအဝယ်စာချုပ်များမှာ စရန်ငွေပေးပြီး လက်မှတ်ရေးထိုးသည့်နေ့မှစ၍ ဝယ်ယူသူမှ ရောင်းဖိုးငွေအကြေပေးချေပြီး မြေကွက်နှင့် စာတမ်းစာတမ်းမူရင်းများအား ရောင်းချသူမှ ဝယ်ယူသူထံသို့ လက်ရောက် လွှဲအပ်သည့်အချိန်အထိ အတည်ဖြစ်စေမည်ဖြစ်သည်။

ရောင်းသူ၏ တာဝန်အကြောင်း စတင်ဖော်ပြရလျှင် ရောင်းသူသည် သာမာန်အားဖြင့် ဝယ်ယူသူ သတိမပြုမိ သော ပစ္စည်း၏ ချို့ယွင်းချက်များအား ထုတ်ဖော်ပြောကြားရမည်။ ထို့ပြင် အရောင်းအဝယ်အတွက် ဝယ်ယူသူမှ တောင်းဆိုသည့်အခါ ပိုင်ဆိုင်မှု စာချုပ်စာတမ်းများကို ထုတ်ဖော်ပြသရမည်။

ထို့အပြင် စရန်ပေး စာချုပ်ချုပ်ဆိုပြီးပါက ဝယ်သူမှ ပစ္စည်းအား အကျိုးသက်ဆိုင်မှုရှိကြောင်း ရောင်းချသူမှ မှတ်ယူရမည့်အပြင် လိုအပ်ပါက ဝယ်ယူသူ၏ အကျိုးခံစားခွင့်ရှိသူများမှ အရောင်းအဝယ်အတွက် ဆက်လက် အတည်ပြုပေးရန် ရောင်းချသူအား တောင်းဆိုပိုင်ခွင့်လဲရှိသည် ဖြစ်သည်။

စရန်ပေး စာချုပ်ချုပ်ဆိုပြီးနောက် ပစ္စည်းနှင့် ပိုင်ဆိုင်မှု စာချုပ်စာတမ်းများအား ပစ္စည်းထိန်းမှ ထိန်းသိမ်းစောင့်ရှောက်သည့်ပုံစံအတိုင်း ထိန်းသိမ်းထားရှိရန် ရောင်းချသူမှာ တာဝန်ရှိသည်။ ပစ္စည်းအား လွှဲပြောင်းရောင်းချခြင်းအတွက် ဝယ်ယူသူမှ တောင်းဆိုသည့် သင့်လျှော်သော နေရာတွင် စာချုပ်ချုပ်ဆိုပေးရန် ရောင်းသူ၌ တာဝန်ရှိသည်။

ထို့အပြင် တန်ဖိုးငွေ ပေးချေပြီးသော ဝယ်ယူသူများအား ပစ္စည်းနှင့် ပိုင်ဆိုင်မှုစာချုပ်စာတမ်းများအား ရောင်းချ သူမှ စနစ်တကျ လွှဲပြောင်းပေးအပ်ရန် တာဝန်လဲရှိသည်။ ပစ္စည်းအား လွှဲပြောင်းမပေးအပ်မှီ ပစ္စည်း၏ အမြတ်အစွန်းနှင့် ငှားရမ်းခ များအား ရောင်းချသူမှ ရပိုင်ခွင့်ရှိသည်။

အရောင်းအဝယ်ပြုလုပ်ရာတွင် ဝယ်သူ၏ တာဝန်များမှာ ဝယ်သူသည် ရောင်းဈေးတန်ဖိုးငွေများ အားလုံး ပေးချေပြီးမှသာ အရောင်းအဝယ်အထမြောက်ပြီး ပိုင်ဆိုင်မှုအပြည့်အဝရရှိမည်ဖြစ်ကြောင်း သိရှိရမည်။ တချို့ရောင်း ဝယ်ခြင်းများတွင် ပစ္စည်းအား ကြွေးမြီအတွက် ခုနှိမ်ဝယ်ယူရခြင်းဖြစ်ပါက ဝယ်သူမှ တန်ဖိုးငွေအတွက် လိုအပ်သည့် ကျန်ငွေအား ပေးချေရန် တာဝန်ရှိသည်။

မိမိလက်ဝယ်သို့ ပစ္စည်းမှာ လွှဲပြောင်းရရှိပါက ပစ္စည်း၏ ချို့ယွင်းမှု ၊ ထိခိုက်မှု၊ ပျက်စီးမှုများမှာ မိမိနှင့် သက်ဆိုင်သဖြင့် ပစ္စည်းအား စစ်ဆေးမှုပြုပြီးမှ လက်ခံရယူရမည်။

ထို့ပြင် ဝယ်သူနှင့် သက်ဆိုင်သည့် အခွန်အခအရပ်ရပ်အား ဝယ်သူမှာ ထမ်းဆောင်ရန် တာဝန်ရှိသည်။ ပစ္စည်းလက်ဝယ်ရောက်ရှိသောအခါ ပစ္စည်း၏ အမြတ်အစွန်းနှင့် ငှားရမ်းခများအား ဝယ်သူမှာ ခံစားပိုင်ခွင့်ရှိသည်။ ဝယ်သူမှာ ပစ္စည်းအား လက်ခံရယူစဉ် ရောင်းချသူ၏ ကတိပြုချက်များနှင့် ကွဲလွဲနေပါက စရန်ငွေအပြင် ပဋိဉာဉ်နှင့်အညီ သီးခြားဆောင်ရွက်ပေးရန် (သို့) ပဋိဉာဉ်ကို ပယ်ဖျက်ပေးရန် ဒီကရီရလိုကြောင်း တရားစွဲဆိုနိုင်သည့်အပြင် အမှု၏ ကုန်ကျစရိတ်များမှာ ထည့်သွင်းတောင်းဆိုနိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 


 














နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service