တစ်နေ့လျှင် ပီယာနို နာရီပေါင်းများစွာ တီးခတ်သော L’Oreal အလှကုန်ပစ္စည်း အင်ပါယာ ပိုင်ရှင် ဖရန်ဆွာ ဘက်တန်ကို့ မေယာ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးဖြစ်လာ
တစ်နေ့လျှင် ပီယာနို နာရီပေါင်းများစွာ တီးခတ်သော L’Oreal အလှကုန်ပစ္စည်း အင်ပါယာ ပိုင်ရှင် ဖရန်ဆွာ ဘက်တန်ကို့ မေယာ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးဖြစ်လာ - Property Knowledge in Myanmar from iMyanmarHouse.com
8 Jan 2024 10:36 am တွင် တင်ခဲ့သည်
697 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
(ဖရန်ဆွာ ဘက်တန်ကို့ မေယာ ဘယ်သူလဲ)
ဖရန်ဆွာ ဘက်တန်ကို့ မေယာ (မွေး -၁၉၅၃) သည် ပြင်သစ် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး ၊ ပရဟိတ သမား ၊ စာရေးဆရာမ ၊ ဘီလျံနာတစ်ဦးဖြစ်သည်။
ဖရန်ဆွာ ဘက်တန်ကို့ မေယာသည် လီလီယန် ဘက်တန်ကို့၏ တစ်ဦးတည်းသော သမီးဖြစ်ပြီး L’Oreal တည်ထောင်သူ ယူဂျင်း ရှုးလာ၏ မြေး ဖြစ်သည်။
မိခင်ဖြစ်သူ ၂၀၁၇ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပြီးနောက်ပိုင်း ဖရန်ဆွာ ဘက်တန်ကို့ မေယာ၏ ကုမ္ပဏီရှယ်ယာဈေးများ မြင့်တက်မှုကြောင့် သူ၏ ကြွယ်ဝမှု ၃ ဆ နီးပါး မြင့်တက်သွားခဲ့သည်။
Bloomberg ဘီလျံနာ ညွှန်းကိန်းအရ သူမ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော် ရှိလာပြီး ကမ္ဘာပေါ်တွင် ၁၀၀ ဘီလီယံထက် ချမ်းသာသော ပထမဆုံး အမျိုးသမီး ဖြစ်လာသည်။
L’Oreal ၏ ရှယ်ယာဈေးများသည် ပြီးခဲ့သော ကြာသပတေးနေ့က စံချိန်တင်မြင့်တက်ခဲ့ရာ ဘက်တန်ကို့ မေယာ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၀၀ ဘီလီယံကို ဖြတ်ကျော်သွားခြင်း ဖြစ်သည်။
Bloomberg ၏ ဖော်ပြချက်အရ ကြာသပတေးနေ့တွင် သူမ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၀၀ ဒသမ ၁ ဘီလီယံ ရှိသည်။
အသက် ၇၀ အရွယ်ရှိပြီဖြစ်သော ဘက်တန်ကို့ မေယာနှင့် မိသားစုသည် L’Oreal တွင် ရှယ်ယာ ၃၅ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်ထားသည်။
L’Oreal ကို ဘက်တန်ကို့ မေယာ၏ အဘိုးဖြစ်သူက ၁၉၀၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သူမတို့ မိသားစုမှာ ကုမ္ပဏီ၏ အကြီးမားဆုံး ရှယ်ယာရှင် ဖြစ်သည်။
မိခင်ဖြစ်သူ လီလီယံ ဘက်တန်ကို့ ၂၀၁၇ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပြီးနောက်ပိုင်း ဘက်တန်ကို့ မေယာသည် စံအိမ်များကဲ့သို့ Asset များ အပါအဝင် ဒေါ်လာ ဘီလီယံပေါင်းများစွာ အမွေရရှိခဲ့သည်။
ဘက်တန်ကို့ မေယာသည် တစ်ဦးတည်း အထီးကျန်စွာ နေထိုင်တတ်သူဟု လူသိများပြီး Vanity Fair က ၂၀၁၇ ခုနှစ်တွင် ဖော်ပြချက်အရ သူ၏ နေ့ရက်များကို အိမ်တွင် စာဖတ်ခြင်း (သို့မဟုတ်) ပီယာနိုတီးခြင်းဖြင့် ကုန်လွန်ဖြတ်သန်းလေ့ရှိသည်ဟု ဆိုသည်။
ဘက်တန်ကို့ မေယာသည် စာအုပ် ၂ အုပ် ရေးသားထုတ်ဝေထားသော စာရေးဆရာမတစ်ဦးလည်း ဖြစ်သည်။
ရေးသားခဲ့သော စာအုပ်များမှာ သမ္မာကျမ်းစာအား လေ့လာခြင်း (Study of the Bible) အမည်ရှိ စာအုပ် ၅ တွဲနှင့် ဂရိနတ်ဘုရားတို့၏ မျိုးရိုးစဉ်ဆက် အမည်ရှိ စာအုပ်များကို ရေးသားခဲ့သည်။
ဘက်တန်ကို့ မေယာ၏ နောက်တွင် ကမ္ဘာ့ဒုတိယအချမ်းသာဆုံး အမျိုးသမီးအဖြစ် ရပ်တည်နေသူမှာ အမေရိကန်အမျိုးသမီး Alice Walton ဖြစ်သည်။
သူမသည် Walmart ကုန်တိုက်ကြီးများ၏ အမွေခံ အမျိုးသမီးလည်း ဖြစ်သည်။
Alice Walton ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၇၀ ဘီလီယံ ဖြစ်သည်။
ဘက်တန်ကို့ မေယာသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး အမျိုးသမီးဖြစ်လာသော်လည်း ပြင်သစ်နိုင်ငံမှ သူဌေးကြီး Bernard Arnault ၏ ကြွယ်ဝမှုနှင့် များစွာကွာခြားနေဆဲ ဖြစ်သည်။
Arnault သည် LVMX ဖက်ရှင်ကုမ္ပဏီကို တည်ထောင်သူဖြစ်ပြီး Elon Musk ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ကာ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၇၉ ဘီလီယံ ဖြစ်သည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Reclusive L'Oréal heir, who plays piano for hours a day, becomes the first woman with a $100 billion fortune (businessinsider)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service