ဆောင်းရာသီမှာ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူး

ဆောင်းရာသီမှာ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူး - Property Knowledge in Myanmar from iMyanmarHouse.com
30 Dec 2023 11:43 am တွင် တင်ခဲ့သည်
715 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

နွေရာသီလိုမျိုး ပူပြင်းတဲ့ရာသီမှာ ရေကို ခဏခဏ သောက်မိနိုင်ပေမယ့် ဆောင်းရာသီလိုမျိုး အေးတဲ့ကာလမျိုးမှာ တော့ နွေရာသီလောက် ရေသောက်ဖြစ်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ တကယ်ကတော့ ဆောင်းရာသီမှာလည်း နွေရာသီလိုပဲ ရေများများ သောက်မိဖို့ လိုပါမယ်။ ဘာကြောင့် ဒီလို ပြောရတာလဲ! ဆောင်းရာသီမှာ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူး တွေကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

ဆောင်းရာသီမှာ ရေများများ သောက်ဖို့ ဘာကြောင့် လိုအပ်တာလဲ! ဆောင်းရာသီမှာ နွေလောက် မပူဘူးဆိုပေမယ့် ပတ်ဝန်းကျင်က အေးမြခြောက်သွေ့ပြီး လေထုထဲမှာလည်း စိုထိုင်းဆတွေ နည်းနေနိုင်ပါတယ်။ ဒီလိုအခြေအနေကပဲ ချွေးစေးပြန်ပြီး ချွေးခြောက်ဖို့ ခက်တာကြောင့် ကိုယ်တွင်းမှာ အပူတွေ များနေတတ်ပါတယ်။

ဒါ့ပြင် ဆောင်းရာသီမှာ လေ့ကျင့်ခန်း လုပ်ရင်းဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ရင်း ချွေးထွက်နိုင်သလို အေးမြတဲ့ ရာသီဥတု အခြေအနေကြောင့် ဆီးခဏခဏ သွားရတာကလည်း ကိုယ်တွင်းက ရေဓာတ်ကို ဆုံးရှုံးစေမှာပါ။ ဒါကြောင့် ရေလုံလောက်အောင် မသောက်မိရင် ကိုယ်တွင်း ရေဓာတ်ခမ်းခြောက်တာကို ဖြစ်စေနိုင်ပါတယ်။

ရေဓာတ်ပြည့်ဝမှုက ရာသီတိုင်းအတွက် အရေးပါတာကြောင့် ဆောင်းရာသီမှာလည်း ရေများများ သောက်ဖို့ လိုအပ်ပါမယ်။

ဆောင်းရာသီမှာ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူး

ဆောင်းရာသီမှာ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူး တွေကတော့ –

 

ကိုယ်ခံအား ကောင်းစေမယ်

ဆောင်းရာသီက လေထုထဲမှာ ပိုးမွှားတွေ များနေတဲ့အချိန်ပါတယ်။ ဒီလိုမျိုး မတော်တဆ ဖျားနာမှုတွေ၊ ရောဂါပိုးဝင် ကူးစက်မှုတွေကို ကာကွယ်ဖို့ဆိုရင် ကိုယ်ခံအား ကောင်းစေဖို့အတွက် ရေများများ သောက်ပြီး ရေဓာတ် ပြည့်ဝအောင် နေခြင်းက ကိုယ်ခံအားကို ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါတယ်။

ဒါကြောင့် ဆောင်းရာသီမှာ ဖျားနာမှု ကင်းချင်တယ်ဆိုရင်တော့ ရေကို လုံလောက်အောင် သောက်မိဖို့ လိုပါမယ်။

အသားအရေ ခြောက်သွေ့မှု ကင်းစေမယ်

ဆောင်းရာသီမှာ အေးမြခြောက်သွေ့တဲ့ လေထုကြောင့်ရော ရေသောက်နည်းတာကြောင့်ပါ အသားအရေ ခြောက်သွေ့တာ၊ အသားအရေ ကြမ်းတမ်းတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ အရေပြား ပြဿနာ ကင်းပြီး ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် တစ်နေ့ကို ရေ ၂ လီတာ ကနေ ၃ လီတာလောက် သောက်ပေးပါ။

ချွေးထွက်များတာကြောင့် ရေဓာတ်ဆုံးရှုံးတာကို သက်သာစေမယ်

ဆောင်းရာသီမှာ လေ့ကျင့်ခန်းလုပ်တာကြောင့်ဖြစ်ဖြစ်၊ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ကြတာကြောင့်ဖြစ်ဖြစ် ချွေးထွက်ပြီး ဆုံးရှုံးသွားတဲ့ ရေဓာတ် ပြည့်ဝစေဖို့ ရေကို ပြည့်ပြည့်ဝဝ သောက်ဖို့ လိုပါမယ်။ ရေအပြင် ဆုံးရှုံးသွားတဲ့ ဓာတ်ဆားဓာတ်တွေကို ပြည့်ဝစေဖို့ဆိုရင် ဓာတ်ဆားဖြည့်ဖျော်ရည်ကို သောက်ပေးတာကလည်း နည်းလမ်းကောင်းပါ။

ဆံသားတွေ ကျန်းမာသန်စွမ်းစေမယ်

ဆောင်းရာသီမှာ ဆံသားခြောက်တာ၊ ဗောက်ထတာ၊ ဆံပင်ကျွတ်တာတွေ ကင်းဝေးချင်တယ် ဆိုရင်တော့ ရေများများ သောက်ပေးပါ။ ရေဓာတ် ပြည့်ဝတာက ဦးရေပြား ကျန်းမာစေပြီး ဆံသားတွေကိုလည်း ကျန်းမာအောင် ကူညီပေးနိုင်ပါတယ်။

ကိုယ်လက်ကိုက်ခဲမှု ကင်းစေတယ်

ရေများများ သောက်တာက ခန္ဓာကိုယ်ထဲမှာ သွေးစီးဆင်းမှု ကောင်းစေပြီး ကြွက်သားတွေ အရိုးအဆစ်တွေဆီကို သွေးရောက်ရှိစေပါတယ်။ ဒီလိုမျိုး သွေးစီးဆင်းလည်ပတ်မှု ကောင်းတာက ကိုက်ခဲတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

လန်းဆန်းစေတယ်

ရေက ခန္ဓာကိုယ်တွင်းမှာ လန်းဆန်းပြီး အင်အားပြည့်ဝစေဖို့ လုပ်ဆောင်ပေးပါတယ်။ ရေသောက်ပေးတာ အပြင် ရေဓာတ်ပြည့်ဝတဲ့ အသီးအနှံတွေကို စားပေးလို့လည်း ရပါတယ်။

ဒါကြောင့် ဆောင်းရာသီမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် နေ့ရက်တိုင်းမှာ ရေဓာတ် ပြည့်ဝအောင် သောက်ပေးဖို့ လိုပါမယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Ref: hellosayarwon

 

 

 

[Zawgyi]

 

ေဆာင္းရာသီမွာ ေရမ်ားမ်ားေသာက္ျခင္းရဲ႕ အက်ိဳးေက်းဇူး

 

ေႏြရာသီလိုမ်ိဳး ပူျပင္းတဲ့ရာသီမွာ ေရကို ခဏခဏ ေသာက္မိႏိုင္ေပမယ့္ ေဆာင္းရာသီလိုမ်ိဳး ေအးတဲ့ကာလမ်ိဳးမွာ ေတာ့ ေႏြရာသီေလာက္ ေရေသာက္ျဖစ္ဖို႔ဆိုတာက မျဖစ္ႏိုင္ပါဘူး။ တကယ္ကေတာ့ ေဆာင္းရာသီမွာလည္း ေႏြရာသီလိုပဲ ေရမ်ားမ်ား ေသာက္မိဖို႔ လိုပါမယ္။ ဘာေၾကာင့္ ဒီလို ေျပာရတာလဲ! ေဆာင္းရာသီမွာ ေရမ်ားမ်ားေသာက္ျခင္းရဲ႕ အက်ိဳးေက်းဇူး ေတြကေရာ ဘာေတြျဖစ္မလဲဆိုတာကို အတူတူ ၾကည့္လိုက္ရေအာင္ေနာ္။

ေဆာင္းရာသီမွာ ေရမ်ားမ်ား ေသာက္ဖို႔ ဘာေၾကာင့္ လိုအပ္တာလဲ! ေဆာင္းရာသီမွာ ေႏြေလာက္ မပူဘူးဆိုေပမယ့္ ပတ္ဝန္းက်င္က ေအးျမေျခာက္ေသြ႕ၿပီး ေလထုထဲမွာလည္း စိုထိုင္းဆေတြ နည္းေနႏိုင္ပါတယ္။ ဒီလိုအေျခအေနကပဲ ေခြၽးေစးျပန္ၿပီး ေခြၽးေျခာက္ဖို႔ ခက္တာေၾကာင့္ ကိုယ္တြင္းမွာ အပူေတြ မ်ားေနတတ္ပါတယ္။

ဒါ့ျပင္ ေဆာင္းရာသီမွာ ေလ့က်င့္ခန္း လုပ္ရင္းျဖစ္ျဖစ္ ကိုယ္လက္လႈပ္႐ွားမႈေတြ လုပ္ရင္း ေခြၽးထြက္ႏိုင္သလို ေအးျမတဲ့ ရာသီဥတု အေျခအေနေၾကာင့္ ဆီးခဏခဏ သြားရတာကလည္း ကိုယ္တြင္းက ေရဓာတ္ကို ဆုံး႐ႈံးေစမွာပါ။ ဒါေၾကာင့္ ေရလုံေလာက္ေအာင္ မေသာက္မိရင္ ကိုယ္တြင္း ေရဓာတ္ခမ္းေျခာက္တာကို ျဖစ္ေစႏိုင္ပါတယ္။

ေရဓာတ္ျပည့္ဝမႈက ရာသီတိုင္းအတြက္ အေရးပါတာေၾကာင့္ ေဆာင္းရာသီမွာလည္း ေရမ်ားမ်ား ေသာက္ဖို႔ လိုအပ္ပါမယ္။

ေဆာင္းရာသီမွာ ေရမ်ားမ်ားေသာက္ျခင္းရဲ႕ အက်ိဳးေက်းဇူး

ေဆာင္းရာသီမွာ ေရမ်ားမ်ားေသာက္ျခင္းရဲ႕ အက်ိဳးေက်းဇူး ေတြကေတာ့ –

 

ကိုယ္ခံအား ေကာင္းေစမယ္

ေဆာင္းရာသီက ေလထုထဲမွာ ပိုးမႊားေတြ မ်ားေနတဲ့အခ်ိန္ပါတယ္။ ဒီလိုမ်ိဳး မေတာ္တဆ ဖ်ားနာမႈေတြ၊ ေရာဂါပိုးဝင္ ကူးစက္မႈေတြကို ကာကြယ္ဖို႔ဆိုရင္ ကိုယ္ခံအား ေကာင္းေစဖို႔အတြက္ ေရမ်ားမ်ား ေသာက္ၿပီး ေရဓာတ္ ျပည့္ဝေအာင္ ေနျခင္းက ကိုယ္ခံအားကို ထိထိေရာက္ေရာက္ အားျဖည့္ေပးႏိုင္ပါတယ္။

ဒါေၾကာင့္ ေဆာင္းရာသီမွာ ဖ်ားနာမႈ ကင္းခ်င္တယ္ဆိုရင္ေတာ့ ေရကို လုံေလာက္ေအာင္ ေသာက္မိဖို႔ လိုပါမယ္။

အသားအေရ ေျခာက္ေသြ႕မႈ ကင္းေစမယ္

ေဆာင္းရာသီမွာ ေအးျမေျခာက္ေသြ႕တဲ့ ေလထုေၾကာင့္ေရာ ေရေသာက္နည္းတာေၾကာင့္ပါ အသားအေရ ေျခာက္ေသြ႕တာ၊ အသားအေရ ၾကမ္းတမ္းတာမ်ိဳးေတြ ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ေဆာင္းရာသီမွာ အေရျပား ျပႆနာ ကင္းၿပီး က်န္းမာလွပတဲ့ အသားအေရကို ပိုင္ဆိုင္ႏိုင္ဖို႔ဆိုရင္ တစ္ေန႔ကို ေရ ၂ လီတာ ကေန ၃ လီတာေလာက္ ေသာက္ေပးပါ။

ေခြၽးထြက္မ်ားတာေၾကာင့္ ေရဓာတ္ဆုံး႐ႈံးတာကို သက္သာေစမယ္

ေဆာင္းရာသီမွာ ေလ့က်င့္ခန္းလုပ္တာေၾကာင့္ျဖစ္ျဖစ္၊ ကိုယ္လက္လႈပ္႐ွားမႈေတြ လုပ္ၾကတာေၾကာင့္ျဖစ္ျဖစ္ ေခြၽးထြက္ၿပီး ဆုံး႐ႈံးသြားတဲ့ ေရဓာတ္ ျပည့္ဝေစဖို႔ ေရကို ျပည့္ျပည့္ဝဝ ေသာက္ဖို႔ လိုပါမယ္။ ေရအျပင္ ဆုံး႐ႈံးသြားတဲ့ ဓာတ္ဆားဓာတ္ေတြကို ျပည့္ဝေစဖို႔ဆိုရင္ ဓာတ္ဆားျဖည့္ေဖ်ာ္ရည္ကို ေသာက္ေပးတာကလည္း နည္းလမ္းေကာင္းပါ။

ဆံသားေတြ က်န္းမာသန္စြမ္းေစမယ္

ေဆာင္းရာသီမွာ ဆံသားေျခာက္တာ၊ ေဗာက္ထတာ၊ ဆံပင္ကြၽတ္တာေတြ ကင္းေဝးခ်င္တယ္ ဆိုရင္ေတာ့ ေရမ်ားမ်ား ေသာက္ေပးပါ။ ေရဓာတ္ ျပည့္ဝတာက ဦးေရျပား က်န္းမာေစၿပီး ဆံသားေတြကိုလည္း က်န္းမာေအာင္ ကူညီေပးႏိုင္ပါတယ္။

ကိုယ္လက္ကိုက္ခဲမႈ ကင္းေစတယ္

ေရမ်ားမ်ား ေသာက္တာက ခႏၶာကိုယ္ထဲမွာ ေသြးစီးဆင္းမႈ ေကာင္းေစၿပီး ႂကြက္သားေတြ အ႐ိုးအဆစ္ေတြဆီကို ေသြးေရာက္႐ွိေစပါတယ္။ ဒီလိုမ်ိဳး ေသြးစီးဆင္းလည္ပတ္မႈ ေကာင္းတာက ကိုက္ခဲတာကို သက္သာေစဖို႔ ေထာက္ကူေပးႏိုင္ပါတယ္။

လန္းဆန္းေစတယ္

ေရက ခႏၶာကိုယ္တြင္းမွာ လန္းဆန္းၿပီး အင္အားျပည့္ဝေစဖို႔ လုပ္ေဆာင္ေပးပါတယ္။ ေရေသာက္ေပးတာ အျပင္ ေရဓာတ္ျပည့္ဝတဲ့ အသီးအႏွံေတြကို စားေပးလို႔လည္း ရပါတယ္။

ဒါေၾကာင့္ ေဆာင္းရာသီမွာ စိတ္ေရာကိုယ္ပါ က်န္းမာေစဖို႔အတြက္ ေန႔ရက္တိုင္းမွာ ေရဓာတ္ ျပည့္ဝေအာင္ ေသာက္ေပးဖို႔ လိုပါမယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Ref: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service