ဘီလာရုစ်နိုင်ငံ၏ ကြောက်စရာအကောင်းဆုံးအိမ်

ဘီလာရုစ်နိုင်ငံ၏ ကြောက်စရာအကောင်းဆုံးအိမ် - Property Knowledge in Myanmar from iMyanmarHouse.com
23 Dec 2023 3:48 pm တွင် တင်ခဲ့သည်
848 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

အရှေ့ဥရောပရှိ စတာလင်ခေတ်ဗိသုကာလက်ရာများရှိခြင်းဖြင့် ကျော်ကြားသော ကုန်းတွင်းပိတ်နိုင်ငံ ဘီလာရုစ် (Belarus ) တွင် မြို့တော် မင့်စ် (Minsk) မှ ငါးကီလိုမီတာကွာဝေးသော ရာတွမ်ကာ (Ratomka) မြို့လေးတွင် လူအများအား အထူးသဖြင့် ညအခါ၌ အရှေ့မှ ဖြတ်လျှောက်ချင်စိတ် မရှိစေရန်၊ ရှောင်ကွင်းသွားကြစေရန် ငွေကြေးကုန်ကျခံ ဆောက်လုပ်ထားသော ကြောက်မက်ဖွယ် အိမ်တစ်အိမ်ရှိသည်။

 

 

လူလက်တံများ ထိုးထွက်နေသော ကျောက်သားနံရံခြံစည်းရိုး၊ မကောင်းဆိုးဝါးရုပ်များဖြင့် အလှဆင်ထားသည့် အမိုး၊ အပြင်ဘက်မှလမ်းမြင်နေရသည့် ခြံဝန်းထဲမှ လူအရိုးခေါင်းတောင်တို့ဖြင့် ၎င်းသည် ဘီလာရုဇ်နိုင်ငံ၏ ခြောက်ခြားစရာ အကောင်းဆုံးအိမ်အဖြစ် ကျော်ကြားလာသည်။

 

 

ယင်းအိမ်၏ ကြောက်စရာကောင်းသော ဒီဇိုင်းကြောင့် ညအခါတွင် အရှေ့သို့ ဖြတ်လျှောက်သော ကလေးများသာမက အရွယ်ရောက်ပြီးသားလူများကိုပင် ထိတ်လန့်စေကြောင်း ပတ်ဝန်းကျင်၌နေထိုင်သူအချို့က ဒေသခံအာဏာပိုင် များအား တိုင်တန်းမှုများ ပြုလုပ်ခဲ့သော်လည်း ယခုတိုင်တော့ အာဏာပိုင်များက တစ်စုံတစ်ရာ မပြုလုပ်သေးပေ။

 

 

"ကျွန်မ အဲ့ဒီအိမ်ကို ကျွန်မအလုပ်က လုပ်ဖော်ကိုင်ဖက်တွေကို ပြဖို့ ဓာတ်ပုံရိုက်ခဲ့သေးတယ်။ အလုပ်တောင်မရောက်လိုက်ပါဘူး။ အဲ့ဒီကျက်သရေမရှိတဲ့ပုံတွေကို ကျွန်မဖုန်းထဲ မရှိစေချင်တာနဲ့ ရိုက်ပြီးမကြာဘူး၊ ပြန်ဖျက်လိုက်တယ်" ဟု ရာတွမ် ကာမြို့တွင် နေထိုင်သူ မာရီယာ နီကိုလက်ဗ်နာက TUT.by. မီဒီယာသို့ ပြောကြားခဲ့သည်။

 

 

"အဝေးကနေကြည့်ရင်တော့ အဲ့ဒီအိမ်က လှပါတယ်။ ကျွန်မအဘွားကဆို အဲ့ဒီအိမ်ကို ပုံပြင်ထဲက ရဲတိုက်တစ်ခုနဲ့တောင် ခိုင်းနှိုင်းခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်ကတယ် အဲ့ဒီအိမ်နားရောက်တော့ ကျောက်သားနံရံခြံစည်းရိုး ထဲကနေ လက်တွေ ထွက်နေတာရယ် အိမ်ခေါင်မိုးပေါ်က မကောင်းဆိုးဝါးတွေရယ် ကို တွေ့လိုက်ရတော့ ကျွန်မတို့ အရမ်းလန့်သွားကြတယ်။ အခုဆို အဲ့ဒီအိမ်ရှေ့ကနေ ကျွန်မတို့ ဖြတ်မလျှောက်တော့ဘူး။ ညဆို အဲ့ဒီမကောင်းဆိုးဝါးသတ္တုရုပ်တွေကနေ အလင်းပြန်ပြီး ပိုကြောက်ဖို့ကောင်းတာမို့ လူကြီးတွေအတွက်တောင် အဲ့ဒီအိမ်က ကြောက်ဖို့ကောင်းပါတယ်" ဟုလည်း သူက ပြောကြားခဲ့သည်။

 

 

၎င်းအိမ်၏ နံဘေးရှိ အိမ်တွင် နေထိုင်သူတစ်ဦးကလည်း "မြင်ကွင်းက ကြောက်စရာဗျ။ အမိုးတွေမှာ ထောင်ထားတဲ့ သရဲရုပ်တွေ၊ အရိုးခေါင်းတောင်၊ မြင်ရတာ ကြက်သီးထစရာပါ။ သရဲရုပ်တစ်ရုပ်ကဆို ကျွန်တော့်အခန်းပြတင်းကို တည့်တည့်နေကြည့်နေတာ။ ညညအဲ့ဒီဘက်ကို ကြည့်မိရင် စိတ်မသက်မသာဖြစ်ရပါတယ်" ဟု ပြောကြားခဲ့သည်။

 

 

ယင်းအိမ်ပိုင်ရှင်သည် သာမန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသာ ဖြစ်ကြောင်း အိမ်နီးချင်းများက ပြောကြားခဲ့သည်။ သူသည် လွန်ခဲ့သည့် ဆယ်နှစ်ခန့်က ၎င်းမြေကွက်ကို စတင်ဝယ်ယူခဲ့ပြီး အဆောက်အအုံအား ဆောက်လုပ်စတပိုင်းတစ ထားထားခဲ့ရာမှ ပြီးခဲ့သည့်နှစ်နှစ်ကမှ ပြန်လည်စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

 

 

ဆောက်လုပ်ပြင်ဆင်မှုအပိုင်းတွင် နောက်ထပ်ကြောက်မက်ဖွယ်ရာများ ဖြည့်တင်းဦးမည်လားနှင့် ပတ်သက်၍ အိမ်နီးချင်းများက လန့်နေကြကြောင်း သိရသည်။

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Photo Credit: google

 

 

 

[Zawgyi]

 

ဘီလာ႐ုစ္ႏိုင္ငံ၏ ေၾကာက္စရာအေကာင္းဆုံးအိမ္

 

အေ႐ွ႕ဥေရာပ႐ွိ စတာလင္ေခတ္ဗိသုကာလက္ရာမ်ား႐ွိျခင္းျဖင့္ ေက်ာ္ၾကားေသာ ကုန္းတြင္းပိတ္ႏိုင္ငံ ဘီလာ႐ုစ္ (Belarus ) တြင္ ၿမိဳ႕ေတာ္ မင့္စ္ (Minsk) မွ ငါးကီလိုမီတာကြာေဝးေသာ ရာတြမ္ကာ (Ratomka) ၿမိဳ႕ေလးတြင္ လူအမ်ားအား အထူးသျဖင့္ ညအခါ၌ အေ႐ွ႕မွ ျဖတ္ေလွ်ာက္ခ်င္စိတ္ မ႐ွိေစရန္၊ ေ႐ွာင္ကြင္းသြားၾကေစရန္ ေငြေၾကးကုန္က်ခံ ေဆာက္လုပ္ထားေသာ ေၾကာက္မက္ဖြယ္ အိမ္တစ္အိမ္႐ွိသည္။

လူလက္တံမ်ား ထိုးထြက္ေနေသာ ေက်ာက္သားနံရံျခံစည္း႐ိုး၊ မေကာင္းဆိုးဝါး႐ုပ္မ်ားျဖင့္ အလွဆင္ထားသည့္ အမိုး၊ အျပင္ဘက္မွလမ္းျမင္ေနရသည့္ ျခံဝန္းထဲမွ လူအ႐ိုးေခါင္းေတာင္တို႔ျဖင့္ ၎သည္ ဘီလာ႐ုဇ္ႏိုင္ငံ၏ ေျခာက္ျခားစရာ အေကာင္းဆုံးအိမ္အျဖစ္ ေက်ာ္ၾကားလာသည္။

ယင္းအိမ္၏ ေၾကာက္စရာေကာင္းေသာ ဒီဇိုင္းေၾကာင့္ ညအခါတြင္ အေ႐ွ႕သို႔ ျဖတ္ေလွ်ာက္ေသာ ကေလးမ်ားသာမက အ႐ြယ္ေရာက္ၿပီးသားလူမ်ားကိုပင္ ထိတ္လန္႔ေစေၾကာင္း ပတ္ဝန္းက်င္၌ေနထိုင္သူအခ်ိဳ႕က ေဒသခံအာဏာပိုင္ မ်ားအား တိုင္တန္းမႈမ်ား ျပဳလုပ္ခဲ့ေသာ္လည္း ယခုတိုင္ေတာ့ အာဏာပိုင္မ်ားက တစ္စုံတစ္ရာ မျပဳလုပ္ေသးေပ။

"ကြၽန္မ အဲ့ဒီအိမ္ကို ကြၽန္မအလုပ္က လုပ္ေဖာ္ကိုင္ဖက္ေတြကို ျပဖို႔ ဓာတ္ပုံ႐ိုက္ခဲ့ေသးတယ္။ အလုပ္ေတာင္မေရာက္လိုက္ပါဘူး။ အဲ့ဒီက်က္သေရမ႐ွိတဲ့ပုံေတြကို ကြၽန္မဖုန္းထဲ မ႐ွိေစခ်င္တာနဲ႔ ႐ိုက္ၿပီးမၾကာဘူး၊ ျပန္ဖ်က္လိုက္တယ္" ဟု ရာတြမ္ ကာၿမိဳ႕တြင္ ေနထိုင္သူ မာရီယာ နီကိုလက္ဗ္နာက TUT.by. မီဒီယာသို႔ ေျပာၾကားခဲ့သည္။

"အေဝးကေနၾကည့္ရင္ေတာ့ အဲ့ဒီအိမ္က လွပါတယ္။ ကြၽန္မအဘြားကဆို အဲ့ဒီအိမ္ကို ပုံျပင္ထဲက ရဲတိုက္တစ္ခုနဲ႔ေတာင္ ခိုင္းႏိႈင္းခဲ့ပါတယ္။ ဒါေပမဲ့ တကယ့္ကတယ္ အဲ့ဒီအိမ္နားေရာက္ေတာ့ ေက်ာက္သားနံရံျခံစည္း႐ိုး ထဲကေန လက္ေတြ ထြက္ေနတာရယ္ အိမ္ေခါင္မိုးေပၚက မေကာင္းဆိုးဝါးေတြရယ္ ကို ေတြ႕လိုက္ရေတာ့ ကြၽန္မတို႔ အရမ္းလန္႔သြားၾကတယ္။ အခုဆို အဲ့ဒီအိမ္ေ႐ွ႕ကေန ကြၽန္မတို႔ ျဖတ္မေလွ်ာက္ေတာ့ဘူး။ ညဆို အဲ့ဒီမေကာင္းဆိုးဝါးသတၱဳ႐ုပ္ေတြကေန အလင္းျပန္ၿပီး ပိုေၾကာက္ဖို႔ေကာင္းတာမို႔ လူႀကီးေတြအတြက္ေတာင္ အဲ့ဒီအိမ္က ေၾကာက္ဖို႔ေကာင္းပါတယ္" ဟုလည္း သူက ေျပာၾကားခဲ့သည္။

၎အိမ္၏ နံေဘး႐ွိ အိမ္တြင္ ေနထိုင္သူတစ္ဦးကလည္း "ျမင္ကြင္းက ေၾကာက္စရာဗ်။ အမိုးေတြမွာ ေထာင္ထားတဲ့ သရဲ႐ုပ္ေတြ၊ အ႐ိုးေခါင္းေတာင္၊ ျမင္ရတာ ၾကက္သီးထစရာပါ။ သရဲ႐ုပ္တစ္႐ုပ္ကဆို ကြၽန္ေတာ္႕အခန္းျပတင္းကို တည့္တည့္ေနၾကည့္ေနတာ။ ညညအဲ့ဒီဘက္ကို ၾကည့္မိရင္ စိတ္မသက္မသာျဖစ္ရပါတယ္" ဟု ေျပာၾကားခဲ့သည္။

ယင္းအိမ္ပိုင္႐ွင္သည္ သာမန္စီးပြားေရးလုပ္ငန္း႐ွင္တစ္ဦးသာ ျဖစ္ေၾကာင္း အိမ္နီးခ်င္းမ်ားက ေျပာၾကားခဲ့သည္။ သူသည္ လြန္ခဲ့သည့္ ဆယ္ႏွစ္ခန္႔က ၎ေျမကြက္ကို စတင္ဝယ္ယူခဲ့ၿပီး အေဆာက္အအုံအား ေဆာက္လုပ္စတပိုင္းတစ ထားထားခဲ့ရာမွ ၿပီးခဲ့သည့္ႏွစ္ႏွစ္ကမွ ျပန္လည္စတင္ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။

ေဆာက္လုပ္ျပင္ဆင္မႈအပိုင္းတြင္ ေနာက္ထပ္ေၾကာက္မက္ဖြယ္ရာမ်ား ျဖည့္တင္းဦးမည္လားႏွင့္ ပတ္သက္၍ အိမ္နီးခ်င္းမ်ားက လန္႔ေနၾကေၾကာင္း သိရသည္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 Photo Credit: google

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service