ခရစ်စမတ်နေ့မှာ အထူးတလည်ပြင်ဆင်စရာ အိမ်တွင်းပန်းမွှေးမွှေးလေးများ
ခရစ်စမတ်နေ့မှာ အထူးတလည်ပြင်ဆင်စရာ အိမ်တွင်းပန်းမွှေးမွှေးလေးများ - Property Knowledge in Myanmar from iMyanmarHouse.com
24 Dec 2023 3:03 pm တွင် တင်ခဲ့သည်
1048 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
ချစ်တို့ရေ ကြည်နူးဖွယ် ခရစ်စမတ်နေ့လေးမှာ ထုံးစံအတိုင်းမိသားစုတွေ ပြန်လည်တွေ့ဆုံကြပြီး နွေးနွေးထွေးထွေး ညစာစားပွဲလေးတွေ ကျင်းပလေ့ရှိကြတယ်လေ။ ကိုယ့်ရဲ့ မိဘမောင်နှမဆွေမျိုးဖြစ်စေ ချစ်ခင်ရတဲ့ သူငယ်ချင်းမိတ်ဆွေ အရင်းအချာတွေနဲ့ဖြစ်စေ ညစာစားပွဲလေး ကျင်းပတဲ့အခါ နွေးထွေးမှု လွမ်းခြုံပြီး ရိုမန်တစ်ဆန်စေမယ့်အပြင် စိတ်ခံစားချက်ကောင်းမွန်စေဖို့ ပန်းလှလှလေးတွေ အလှဆင်ထားသင့်တယ်နော်။ ခရစ်စမတ်ကာလလေးရောက်တော့မယ်ဆိုတော့ ဘယ်လိုပန်းလေးတွေ အလှဆင်ကြမလဲ ပြောပြပေးမယ်နော်....
Poinsettia (ခရစ်စမတ်ပန်း)
ပန်းမပွင့်ဘဲ နီရဲရဲအရွက်နုလေးများသာ ပါဝင်တဲ့ Poinsettia ပန်းလေးတွေကို ခရစ်စမတ်ပန်းအဖြစ် သတ်မှတ်ကြပါတယ်။ ပန်းမပွင့်ပေမယ့် အရွက်အခိုင်လေးအတိုင်း ပန်းအိုးလေးထဲ အလှစိုက်ထားရုံနဲ့တင် ပြည့်စုံစေမှာပါ။ ဒီဇင်ဘာ ခရစ်စမတ်နဲ့ပတ်သက်ရင် Poinsettia ပန်းလေးတွေလည်း မပါမဖြစ်ပါ။အနီရောင် မကြိုက်တတ်ဘူးဆိုရင်လည်း Poinsettia ပန်းလေးတွေဟာ ပန်းရောင်နဲ့ အဖြူရောင် နှစ်မျိုးဝယ်ယူနိုင်တာမို့ ရွေးချယ်လို့ရပါတယ်။ အိမ်တံခါးပေါ်မှာ ချိတ်တာပဲဖြစ်ဖြစ်၊ ပန်းအိုးလေးလက်ဆောင်ပေးခြင်း၊ ဧည့်ခန်းထဲမှာ အလှဆင်တာမျိုးဖြစ်ဖြစ် ဘယ်လိုနေနေလှတဲ့ ပန်းလေးတွေပါ။
အမြင်ဆန်းစေမယ့် ခေတ္တာပန်းအနီ
ခေတ္တာပန်းအနီကိုတော့ ဂရိဘာသာစကားမှာ တောက်ပဖို့လို့ အဓိပ္ပာယ်ရပါတယ်။ ခွန်အား၊ ခိုင်မာသော ဆုံးဖြတ်ချက်၊ အချစ်ကို ကိုယ်စားပြုတဲ့ ပန်းပွင့်ရဲရဲကြီးတွေပါ။ အပွင့်လှတာမို့ ဧည့်ခန်းထဲထားရင် အခန်းအလှ ပိုကြွသွားမယ့် ပန်းမျိုးလေးတွေပါ။
၃ ပတ်ထက် ပိုမခံတဲ့ ပန်းအမျိုးအစားမို့ ရက်ရှည် Decoration အတွက်တော့ သိပ်မသင့်တော်ပါဘူး။ လာမယ့် ခရစ်စမတ်မှာ ပြင်ဆင်မယ်ဆိုရင်တော့ မမေ့နိုင်တဲ့ အမှတ်တရအလှပုံရိပ်များစွာကို ပေးစွမ်းနိုင်ပါလိမ့်မယ်။
ထူးခြားရှားပါးတဲ့ Christmas cactus
ခရစ်စမတ်ရဲ့ Theme ကိုယ်စားပြုအရောင်ဖြစ်တဲ့ အစိမ်းနဲ့အနီပါဝင်တဲ့ အပင်လေးတွေပါ ။ ခရစ်စမတ်နေ့အတွင်းမှာတော့ ထိပ်ဆုံးကနေ ရွေးချယ်ပြင်ဆင်ရပါမယ်။
ဒီပန်းမျိုးဟာ အဖြူ၊ ပန်းရောင်၊ အနီ အရောင်သုံးမျိုးလာပါတယ်။ ပန်းအိုးအပုလေးနဲ့ စားပွဲပေါ်တင်ထားရုံနဲ့ တအားလှတဲ့ ပန်းပင်အမျိုးအစား ဖြစ်ပါတယ်။ ခြံထဲမှာ စိုက်ထားခဲ့ရင်တော့ မီးလုံးလေးတွေထွန်းပြီး အလှဆင်လိုက်ရုံပါပဲ။ နွေးထွေးလှပတဲ့ ခရစ်စမတ်ညလေးကို ဒီလိုပန်းလေးတွေနဲ့ အလွယ်တကူ ဖန်တီးနိုင်ပါတယ်။
ပွဲတိုင်းကျော် နှင်းဆီနီ
ခရစ်စမတ်အရောင် နီရဲတောက်နေတဲ့ နှင်းဆီနီလှလှကြီးတွေကို ခြံဝင်းထဲ အလှဆင်ထားလိုက်ပါ။ dinner စားပွဲပေါ်မှာ ဝိုင်ခွက်ရှိနေရင် နှင်းဆီနီလည်းမပါမဖြစ် ရှိနေရမယ့် အရာပါပဲ။ ရက်နီးရင် ဈေးကြီးတော့မှာမို့ ကြိုဝယ်ထားနော်။
ဗဟုသုတလည်းဖြစ်စေဖို့ ခရစ်စမတ်ရာသီနဲ့လည်းကိုက်အောင် ခရစ်စမတ်ကိုယ်စားပြု ပန်းအမျိုးအစားလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင့် အားလုံးပဲ Merry Christmas ပျော်ရွင်ဖွယ် ခရစ်စမတ်နေ့လေးဖြစ်ပါစေနော်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service