သုဘရာဇာဘဝမှ ကမ္ဘာကျော်ရော့ခ်ကြယ်ပွင့်ဖြစ်လာသူ ရော့ဒ်စတီးဝပ်က လော့စ်အိန်ဂျလိရှိ ရောင်းမထွက် သေးသောစံအိမ်ကို ဒေါ်လာ ၁၀ သန်းထပ်မံဈေးတင်ကာ အရောင်းဈေးကွက်ပြန်တင်
သုဘရာဇာဘဝမှ ကမ္ဘာကျော်ရော့ခ်ကြယ်ပွင့်ဖြစ်လာသူ ရော့ဒ်စတီးဝပ်က လော့စ်အိန်ဂျလိရှိ ရောင်းမထွက် သေးသောစံအိမ်ကို ဒေါ်လာ ၁၀ သန်းထပ်မံဈေးတင်ကာ အရောင်းဈေးကွက်ပြန်တင် - Property News in Myanmar from iMyanmarHouse.com
25 Dec 2023 2:22 pm တွင် တင်ခဲ့သည်
797 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ရော့ဒ်စတီးဝပ်၏ လော့စ်အိန်ဂျလိစံအိမ် ခေါ်ဈေးအသစ်ဖြင့် အရောင်းဈေးကွက် ပြန်ဝင်လာသည်။
လော့စ်အိန်ဂျလိရှိ အဝါရောင်တောက်တောက်စံအိမ်ကို ရော့ဒ်စတီးဝပ်က လွန်ခဲ့သော ၆ လက ကန်ဒေါ်လာ သန်း ၇၀ ဈေးခေါ်ခဲ့သည်။
(မှတ်ချက်။ ကန်ဒေါ်လာ သန်း ၇၀ ဖြင့် ဈေးကွက်တင်ခဲ့သော သတင်း imyanmarhouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)
ယခုအခါ ဒေါ်လာ ၁၀ သန်း ဈေးထပ်တင်ကာ ကန်ဒေါ်လာ သန်း ၈၀ ဖြင့် အရောင်းဈေးကွက် ပြန်တင်လာသည်။
အသက် ၇၈ နှစ်ရှိပြီဖြစ်သော ရော့ဒ်စတီးဝပ်သည် ဤစံအိမ်ကို ၁၉၉၁ ခုနှစ်တွင် ကန်ဒေါ်လာ ၁၂ ဒသမ ၀၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ရော့ဒ်စတီးဝပ်၏ လက်ရှိစံအိမ်မှာ အိပ်ခန်း ၉ ခန်း ၊ ရေချိုးခန်း ၁၂ ခန်း ပါဝင်ပြီး ဗာဆိုင်းနန်းတော်ဟန် ဆောက်လုပ်ထားပြီး Richard Landry က ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။
ရော့ဒ်စတီးဝပ်သည် ဤစံအိမ်ကို အမှန်တကယ် စိတ်ပျက်ကာ ကျောခိုင်းလိုဟန်ရှိနေသည်။
သတင်းရင်းမြစ်အချို့က Daily Mail သတင်းဌာနသို့ ပြောသည်မှာ ရော့ဒ်စတီးဝပ်သည် လော့စ်အိန်ဂျလိ၏ အဆိပ်အတောက်ရှိသော ယဉ်ကျေးမှုကို စိတ်ကုန်ကာ ဇာတိနေရာ လန်ဒန်သို့ပြန်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောသည်။
ထို့အပြင် လော့စ်အိန်ဂျလိတွင် Privicy မရှိသောကြောင့်လည်း ဖြစ်သည်။ ထိုမြို့နှစ်မြို့အကြား ကူးသန်းနေရခြင်းမှာ များစွာခေါင်းကိုက်စရာ ဖြစ်ခဲ့သည်။
(စံအိမ်၏ ကောင်းကင်မြင်ကွင်း။ ဓာတ်ပုံ-Ryan Lahiff)
(အတွင်းပိုင်းမွမ်းမံထားပုံ အံ့မခန်းမြင်ကွင်း။ ဓာတ်ပုံ-Ryan Lahiff)
(ခြံအကျယ်အဝန်း ၃ ဧကရှိသည်။ ဓာတ်ပုံ-Ryan Lahiff )
(Beverly Park အရပ်တွင် တည်ရှိသည်။ ဓာတ်ပုံ-Ryan Lahiff)
(ရေကူးကန်နှင့် Spa။ ဓာတ်ပုံ-Ryan Lahiff)
(ဧည့်ခန်း။ ဓာတ်ပုံ-Ryan Lahiff)
(ဖိနပ်များ ထားရာအခန်း။ ဓာတ်ပုံ-Ryan Lahiff)
စံအိမ်မှ အချို့ကို ထုတ်နှုတ်ပြရလျှင် ဂိတ်တံခါး ၂ ခုရှိသော အဝင်ခန်းမ ၊ စကျင်ကျောက်ပြားခင်း အရက်ပုန်း ဆိုင် (မှတ်ချက်။ အမေရိကန်တွင် အရက်ရောင်းချမှု တားမြစ်ခဲ့သော ၁၉၂၀ မှ ၁၉၃၃ အကြား အရက်များ တရားမဝင် ရောင်းချသည့်နေရာများ ရှိခဲ့ဖူးသည်။) စတုရန်းပေ ၄၅၀၀ ကျယ်ဝန်းသော ဧည့်ဂေဟာအိမ် ၊ အားကစားလေ့ကျင့်ခန်းမ ၂ ခု ၊ လက်ဖက်ရည်ခန်းမ ၊ ညစာစားခန်းမတစ်ခုတို့ ပါဝင်ပြီး ခေတ်ဟောင်းဟန်ပန် များစွာ တွေ့ရရာ မျက်နှာကြက် ဖောင်းရစ်များ ၊ ပန်းပြောက်များ ၊ ငါးကြင်းကွက်ကြမ်းခင်းများနှင့် ကိုရင်သီယန် ကော်လံတိုင်များ အပါအဝင် ဖြစ်သည်။
ရော့ဒ်စတီးဝပ်သည် ကလေးဘဝက လန်ဒန်တွင် အချိန်ပိုင်း သုဘရာဇာလုပ်ခဲ့ဖူးသူဖြစ်၏။ သုဘရာဇာဘဝမှ ကမ္ဘာကိုသိမ်းပိုက်ခဲ့သူ ရော့ဒ်စတီးဝပ်၏ ဂီတသံစဉ်များစွာသည်လည်း မြန်မာနိုင်ငံ၏ မြို့တိုင်းတွင် ပျံ့လွင့်ခဲ့ ဖူး၏။ သူ၏ သီချင်းများစွာကို မြန်မာအဆိုတော်တို့ ပြန်လည်သီဆိုအောင်မြင်ခဲ့ကြသည် မဟုတ်လော။
(ဆက်စပ်သတင်းများ)
ကမ္ဘာကျော်အဆိုတော်ကြီး ရော့ဒ်စတီးဝပ်က လော့စ်အိန်ဂျလိမြို့ရှိ နှစ်ပေါင်း ၃၀ နေထိုင်ခဲ့သော စံအိမ်ကြီးကို ဒေါ်လာ သန်း ၇၀ ဖြင့် ရောင်းတော့မည်
https://www.imyanmarhouse.com/news/read/1071722
သုဘရာဇာဘဝမှ ကမ္ဘာကျော်အဆိုတော်ကြီးဖြစ်လာသူ ရော့ဒ်စတီးဝပ် ခြုံကြားမှ ဘုံဖျားသို့ တက်လှမ်းခဲ့ကြသည့် ကမ္ဘာကျော် ပုဂ္ဂိုလ်များ (အပိုင်း ၇)
https://www.imyanmarhouse.com/news/read/497407
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Rod Stewart, fed up with LA’s ‘toxic culture,’ relists mansion with $10M price increase (nypost)
[Zawgyi]
(ရေကူးကန်နှင့် Spa။ ဓာတ်ပုံ-Ryan Lahiff)
(ဧည့်ခန်း။ ဓာတ်ပုံ-Ryan Lahiff)
(ဖိနပ်များ ထားရာအခန်း။ ဓာတ်ပုံ-Ryan Lahiff)
(ဆက်စပ်သတင်းများ)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service