မြေယာစီမံခန့်ခွဲမှုနှင့်သက်ဆိုင်သည့် လုပ်ငန်းစဉ်များအား ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

မြေယာစီမံခန့်ခွဲမှုနှင့်သက်ဆိုင်သည့် လုပ်ငန်းစဉ်များအား ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
27 Aug 2023 1:57 pm တွင် တင်ခဲ့သည်
953 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာနသည် သတ်မှတ်စည်းကမ်း ချက်များဖြင့် နှစ်ရှည်၊ နှစ်တို မြေငှားစာချုပ်ဆို၍ မြေငှားခြင်းများ ဆောင်ရွက်ပေးပါသည်။

မြို့ပြမြေစီမံခန့်ခွဲမှုဌာနသည် နိုင်ငံတော်ပိုင်မြေ၊ အစိုးရက စီမံခန့်ခွဲခွင့်ရှိသောမြေ၊ အစိုးရဌာန၊ အဖွဲ့ အစည်းပိုင်မြေ၊ အခွန်လွတ်သာသနာ့မြေနှင့် အခွန်လွတ် ဗုဒ္ဓသိမ်မြေ၊ လယ်ယာမြေနှင့် မြေလွတ်မြေရိုင်း မြေများ အား စီမံခန့်ခွဲခွင့် မရှိပါ။

ထိုမြေများမှလွဲ၍ ကျန်မြေများဖြစ်သော ကော်မတီပိုင်မြေများ၊ ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများနှင့် တည်ဆဲဥပဒေနှင့်အညီ လွှဲပြောင်းရယူထားသောမြေများ၊ ပုဂ္ဂလိကပိုင်မြေများနှင့် မြေငှားစာချုပ် ဖြင့်ဖြစ်စေ၊ လိုင်စင်ဖြင့်ဖြစ်စေ၊ ပါမစ်ဖြင့်ဖြစ်စေ နေထိုင်အသုံးပြုခွင့်ပေးထားသော မြေများအား စီမံခန့်ခွဲပိုင် ခွင့်ရှိပါသည်။

ထိုစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများအား နည်းဥပဒေ-၄နှင့်အညီ အောက်ပါလုပ်ငန်းစဉ်များ ချမှတ်၍ စီမံခန့်ခွဲမှုပြုလုပ်ပါသည်။

- မြို့သစ်စီမံကိန်းအတွက် စီမံချက်များရေးဆွဲပြီး မြေငှားစာချုပ်များ၊ လိုင်စင်များ၊ ပါမစ်များ ထုတ်ပေးသည့်အပြင် မြို့မြေစာရင်းပြုစု၍ မြေပုံများပါ ထိန်းသိမ်းထားရှိပေးခြင်း။

- နေထိုင်အသုံးပြုခွင့် ပေးထားသည့် မြေများအား သက်တမ်းတိုးမြှင့်ခြင်းများ ဆောင်ရွက်ပေးပြီး စည်းကမ်းဖောက်ဖျက်ခြင်းများရှိက ဖျက်သိမ်းမှုပြုခြင်း။

- မြေလဲလှယ်ခြင်း၊ မြေပိုင်ဆိုင်ခွင့် အမည်လွှဲပြောင်းခြင်းများ ဆောင်ရွက်ရာတွင် မြေတိုင်းတာခြင်း၊ မြေကွက်ခွဲစိတ်ခြင်း မြေပုံ/မြေရာဇဝင်ထုတ်ပေးခြင်းနှင့် တန်ဖိုးဖြတ်ပေးခြင်းတို့အပြင် မြေခွန်မြေခ စည်းကြပ် ခြင်း၊ ကောက်ခံခြင်း၊ မြေခွန်မြေခ ကင်းလွတ်ခွင့်ပြုခြင်းတို့ လုပ်ဆောင်ပေးခြင်း။

- စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများပေါ်တွင် ကျူးကျော်မှုများရှိက ဖယ်ရှားခြင်း၊ တရားစွဲဆိုခြင်းနှင့် တားမြစ်မှုများပြုခြင်း။

-လယ်ယာမြေနှင့် အကျုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ်ထုတ်ပေးရန် လျှောက်ထားလာပါက စီစစ်၍ ခွင့်ပြုပေးခြင်း (သို့) ငြင်းပယ်ခြင်း။

- မြို့ပြဖွံဖြိုးမှုစီမံကိန်း အကောင်အထည်ဖော်ရာတွင် မလွတ်ကင်းသော အဆောက်အအုံများရှိပါက ဖယ်ရှားပေးခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တည်ထောင်သောမြို့သစ်များ၊ စီမံကိန်းဇုန်များ၊ အိမ်ရာ စီမံကိန်းများ၏ စာရင်းဇယားများအား လွှဲပြောင်းရယူကာ စီမံခန့်ခွဲပေးခြင်း။

- မီးလောင်မြေများ၊ သဘာဝဘေးအန္တရာယ် တစ်ခုခုကြောင့် ပျက်စီးသွားသောမြေများ၊ သုသာန်မြေများအား စနစ်တကျ စီမံခန့်ခွဲပေးခြင်းများ လုပ်ဆောင်ပါသည်။

ဌာနသည် မြို့ပြဖွံဖြိုးမှုစီမံကိန်း၊မြေစီမံခန့်ခွဲမှုဆိုင်ရာ စာရင်းများအား ကွန်ပျူတာမှတ်တမ်းများ ထားရှိကာ လိုအပ်သည့် မှတ်တမ်းများ၊ စာအုပ်စာတမ်းများ၊ စာရင်းဇယားများ၊ ပုံစံများဖြင့် စနစ်တကျ ထိန်းသိမ်းထားရှိပါသည်။ မြေစာရင်းမှတ်တမ်းများအား အများပြည်သူများအား သတ်မှတ်ချက်များနှင့်အညီ ကြည့်ရှု မိတ္တူကူးယူခွင့်ပြုပါသည်။

မြေခွန်နှင့် သက်ဆိုင်သည့် အခွန်အခများအား ကော်လိတ္တော်အရာရှိ၊ မြေအရာရှိနှင့် နယ်နိမိတ်တိုင်းတာရေး အရာရှိများက တာဝန်ယူဆောင်ရွက်ပေးပါသည်။

မြို့နယ်နိမိတ်အတွင်းတည်ရှိသော စာကျက်မြေများအား နည်းဥပဒေ-၃၉အရ သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်းပြီး လွှဲပြောင်းရယူကာ မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် စီမံဆောင်ရွက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 


 




















 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service