တစ်ခါတုန်းက အဖြစ်လေးတွေ (၂၉)

တစ်ခါတုန်းက အဖြစ်လေးတွေ (၂၉) - Property Knowledge in Myanmar from iMyanmarHouse.com
9 Jun 2023 4:42 pm တွင် တင်ခဲ့သည်
952 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

ရေချိုတွင်း

 

ရေချိုတွင်းဆိုလို့ ဆရာမကြီး ခင်နှင်းယုရဲ့ ဝတ္ထုတော့မဟုတ်ပါဘူး။ ကျွန်တော့်မွေးရပ်မြေ အညာက အကြောင်းလေး ရေးချင်လို့ ခေါင်းစဉ်တည်လိုက်ရခြင်းပါ။

ကျွန်တော်တို့မြို့က မြစ်နဲ့ မဝေးတဲ့ နေရာဆိုပေမယ့် ကုန်းပေါ်မှာတူးထားတဲ့ ရေတွင်းတိုင်းလိုလိုက ရေငန်ပဲထွက်ပါတယ်။ငန်တူးနေအောင်မဟုတ်ပေမယ့် ထမင်းချက်ဟင်းချက်လို့မရသလို သောက်လို့လည်း မရပါဘူး။အဝတ်လျှော်ဖို့နဲ့ ရေချိုးတာပဲ လုပ်လို့ရပါတယ်။ပါစပ်ထဲငုံထားရင် ငန်တဲ့အရသာရှိနေပါတယ်။

ကျွန်တော်မိသားစုနေတဲ့ အခန်းရဲ့ အနောက်မြောက်ထောင့်ဘက် လေးကိုက် ငါးကိုက်အကွာလောက်မှာ ဝန်ထမ်းလိုင်းခန်းနေမိသားစုတွေ အသုံးပြုဖို့အတွက် ရေတွင်းတစ်တွင်းတူးထားတယ်။ပေခြောက်ဆယ်ကျော် လောက် နက်ပါတယ်။ အဲဒီလောက်တူးထားတာတောင် နွေရာသီရောက်ရင် ရေဟာခမ်းတတ်ပါသေးတယ်။

ဆောင်းရာသီရောက်ရင် အဲဒီရေတွင်းကုန်းပတ်လည်က ရေနဲ့ အမြဲမပြတ်ထိခဲ့တဲ့မြေပြင်ဟာ ရွှေဝါဆပ်ပြာတောင့်တွေ ကြာကြာသိမ်းထားရင် အပွေးတွေတတ်သလိုပဲ အဲဒီမြေပြင်ဟာလည်း ဆားပွင့်လို ဆပ်ပြာပွေးလို အပွေးတွေတတ်လာတတ်ပါတယ်။မေမေကတော့ဆားပွင့်တက်တယ်လို့ ပြောတာပါပဲ။ အငန်ဓာတ်ရှိလို့နေမှာပေါ့။

ရေချိုးချင်ရင် ရေတွင်းအပေါ်အလယ်တည့်တည့်မှာ ရှိတဲ့သစ်သားတန်းတို့ မျှောတန်းတို့မှာ စက်သီးချိတ်လို့ ရေကိုငင်ပြီး သုံးကြရပါတယ်။ စက်သီးမှာလည်း သစ်သားစက်သီးနဲ့ သံစက်သီးရှိပါသေးတယ်။

ရေတွင်းအပေါ်မှာ တွင်းအလယ်က ကန့်လန့်ဖြတ် တန်းထိုးလို့ရအောင် ရေတွင်းရဲ့အပြင် ဟိုဘက်ဒီဘက်မှာ လက်တစ်ဖောင်ထက် တစ်တောင်တစ်မိုက်လောက်အမြင့်ရှိတဲ့ တိုင်နှစ်တိုင်စိုက်ထားပြီး တိုင်ထိပ်ချင်း တန်းထိုးထားပါတယ်။

အဲဒီတန်းကိုမှ စက်သီးချိတ်ချိတ်ရတာပေါ့။တချို့ရေတွင်းတွေမှာ အများအသုံးပြုနိုင်ဖို့ စက်သီးကြိုးတွေ ထားပေးထားတယ်။ ကျွန်တော်တို့ ရေတွင်းမှာတော့ ဘုံသုံးမဟုတ်ဘဲ ကိုယ့်ကိုယ်ပိုင်စက်သီးနဲ့ သုံးကြတာပေါ့။ ကိုယ်ချိုးပြီးရင် ပြန်ဖြုတ်ယူသွားကြရတယ်။

အဲဒီစက်သီးမှာ ရေတွင်းပေရဲ့ အနက်ထက်ရှည်တဲ့ ကြိုးတပ်ထားရတယ်။ ကြိုးထိပ်နှစ်ဖက်မှာ နှီးပုံးတစ်ပုံးစီ တပ်ထားပါတယ်။ကျွန်တော်တို့မြို့မှာ အရင်က ရေငင်ရာမှာ ပွဲလျက်သုတ်ထားတဲ့ နှီးပုံးတွေကို အသုံးပြုခဲ့ကြတယ်။ပွဲလျက်ကို အရပ်အခေါ် ပုန်းညက်လို့ခေါ်ကြပါတယ်။

နှီးပုံးတွေသုံးပြီး ရေငင်တဲ့အခါ နှီးပုံးနဲ့တွင်းနံရံနဲ့ မတိုက်မိအောင်လည်း သတိထားရတယ်။ တိုက်မိတာ ခဏတိုင်း ဖြစ်နေရင် နှီးပုံးပျက်တာမြန်ပါတယ်။ပွဲလျက်ကုန်တာမြန်ရင်လည်း ရေယိုပြီး အပေါ်ရောက်ရင် ရေမပါလာတော့ပါဘူး။ သတိထားပြီးရေပုံးကို တွင်းထဲက ဆွဲတင်ရတယ်။ နောက်တော့တာယာပုံးတွေ ပြောင်းသုံးခဲ့ကြပြီး အခုတော့ ဘယ်သို့ရှိပါ့။

ရေတွင်းနှုတ်ခမ်းနိမ့်ပြီး ရေတိမ်တဲ့ တွင်းတွေမှာဆိုရင် စက်သီးမလိုဘဲ နှီးပုံးတစ်ပုံးတပ်တဲ့ကြိုးနဲ့ပဲ ရေကိုငင်ကြပါတယ်။

ရေချိုတွင်းတွေမှာဆိုရင် တွင်းနှုတ်ခမ်းတွေကို အမြင့်ကြီးလုပ်မထားဘဲ ဒူးခေါင်းအကျော် ပေါင်လယ်ဆီးစပ် လောက်အမြင့်ပဲရှိပါတယ်။ရေကို စက်သီးမလိုဘဲ ခပ်လို့ရသလို စက်သီးချိတ်ပြီးလည်း ခပ်လို့ရအောင်လည်း လုပ်ထားပါတယ်။

ကျွန်တော်တို့မြို့ရဲ့ရေချိုတွင်းတွေက မြို့အရှေ့ဘက်ကရေဝင်ရပ်တွေမှာ ရှိပါတယ်။တောင်ရပ်မှာလည်းရှိတယ်၊ အလယ်ရပ်မှာလည်းရှိတယ်၊မြောက်ရပ်မှာလည်းရှိတယ်။ကျွန်တော်တို့က တောင်ရပ်နဲ့ အလယ်ရပ်က ရေချို တွင်းတွေမှာ ခပ်ရပါတယ်။ အလယ်ရပ်မှာရှိတဲ့ ဝမ်းလှိုင်ဘုရားခြေရင်းက “ဒေါ်မယ်တိုက်တွင်း”နဲ့ အလယ်ရပ်နဲ့ တောင်ရပ်အဆက်နားက သပြေပင်ကြီးသုံးပင် ဝန်းရံထားတဲ့ “ဒေါ်ခင်ထွေးတွင်း”မှာသွားပြီး ရေချိုခပ်ကြရပါ တယ်။

ကျွန်တော်တို့မြို့မှာ ကျွန်တော်တို့ ငယ်ငယ်တုန်းက ရေချိုခပ်ခြင်း၊ရေထမ်းခြင်း အလုပ်ကလည်း နေ့စဉ်ဝတ္တရားကြီး တစ်ခုလိုပါပဲ။မနက်လင်းလို့ ကျောင်းမသွားခင် အစောကြီးသွားပြီး ရေချိုတစ်ခေါက် လောက်တော့ သွားခပ်ရပါတယ်။ ကျောင်းကပြန်လာရင်လည်း နှစ်ခေါက်ခပ်ရပါတယ်။ ဒါမှ နေ့စဉ်သုံးတဲ့ ရေက အလျဉ်မီရုံရှိပါတယ်။တစ်ခါတစ်ရံ ကျောင်းပိတ်ရက် စနေတနင်္ဂနွေနေ့တွေမှာ တစ်နေကုန်နီးပါး ရေထမ်းပြီး ရာဝင်စဉ့်အိုးကြီးတွေထဲ ထည့်ရပါတယ်။

ဝမ်းလှိုင်ဘုရားခြေရင်းက ဒေါ်မယ်တိုက်ရေချိုတွင်းဆီသွားရင် စက်မှုလယ်ယာဝင်းကနေ ပဲ့ရွှေဂူဘုရားရဲ့ မြောက်ဘက်ကနေဖြတ်ပြီး သွားလို့လည်းရတယ်။ဘုရားကြိုဘုရားကြား၊လမ်းကြိုလမ်းကြား၊ အိမ်ကြိုအိမ်ကြား တွေထဲကနေ သွားတဲ့အခါလည်းရှိတယ်။

ကျွန်တော်တို့နေတဲ့ လိုင်ခန်းဘေးက အရှေ့အနောက်ဖြစ်နေတဲ့ လမ်းအတိုင်းဆင်းသွားပြီး အိမ်ခြေဆုံးတဲ့ ရေဝင်ရပ်ရောက်တော့မှ မြို့အရှေ့ဘက်လမ်းကြောင်းအတိုင်း တည့်တည့်သွားလိုက်ရင် ပထမဆုံး “ဒေါ်ခင်ထွေးတွင်း”ကိုရောက်ပါတယ်။အဲဒီကနေဆက်သွားရင် ဒေါ်မယ်တိုက်တွင်းကိုရောက်ပါတယ်။ ရေချိုလိုချင်ရင် အဲဒီလိုသွားခပ်ကြရပါတယ်။ ရေချိုတွင်းတွေက ရေတွေက ကြည်ပါတယ်။ချက်ချင်းသုံးလို့ ရပါတယ်။

ဝက်မစွပ်ကျောင်းဥယျာဉ်ရဲ့ အရှေ့တည့်တည့်မှာ စိုက်ကွင်းတွေရှိတယ်။ မြစ်ရေတွေကျသွားလို့ စိုက်ခင်းတွေ စိုက်ပျိုးဖို့အတွက် လူတစ်ရပ်လောက်အနက်ရှိတဲ့ လက်ယက်တွင်းလိုတွင်းတွေလည်း တူးထားတတ်ကြတယ်။ အဲဒီကနေလည်း ရေထမ်းကြပါတယ်။ အုတ်ဖုတ်လို့ရတဲ့ မြေစေးတွေလိုဖြစ်နေတဲ့ ရွှံ့မြေတွေမှာတူးထားတော့ စိမ့်ထွက်လာတဲ့ရေတွေဟာ ဝါတာတာလေးဖြစ်နေပေမယ့် စဉ့်အိုးထဲထည့်ထားပြီး အနည်ထိုင်မှသုံးရင် သောက်လို့ ချက်လို့ရပါတယ်။

ရေချို သွားထမ်းတဲ့အခါ ရပ်ကွက်ထဲကနေဖြတ်မသွားချင်ရင် လယ်ကွက်ထဲက တွင်းကရေကို သွားထမ်းပါတယ်။နှစ်တန်းသုံးတန်းအရွယ်တွေဆိုတော့ လယ်ကွက်တွေထဲမှာ အလေ့ကျပေါက်နေတဲ့ မြူပင်တွေကိုလည်းနုတ်တာပေါ့။ စိုက်ထားတာမဟုတ်တဲ့ နံနံပင်တွေလည်း ခူးတာပါပဲ။ အခင်းထဲက ပြောင်းဖူးတွေလည်း ချိုးလိုက်သေးတာပါပဲ။ အဲဒီလိုတွင်းတွေမှာ ရေချိုခပ်ရတာပျော်တယ်။

ပထမတော့ ကျွန်တော်တို့ကငယ်သေးတော့ ညီအစ်ကိုနှစ်ယောက် ရေပုံးတစ်ပုံးထဲကို ကြိုးလျှိုပြီး ထမ်းရတာပေါ့။အရွယ်လေးနည်းနည်းရောက်လာတော့ တစ်ယောက်နှစ်ပုံးထမ်းနိုင်လာတယ်။ငယ်ငယ်တုန်းက ဘယ်နေရကနေ ရေသွားခပ်ရခပ်ရ ပျော်ပါတယ်။ လေးတန်းငါးတန်းလောက်ရောက်တော့ ဒေါ်မယ်တိုက် တွင်းကရေကို သွားမခပ်ချင်တော့ဘူး။

အဲဒီတွင်း သွားရင် မြို့ထဲကဖြတ်သွားရတော့ လမ်းတစ်လျှောက်မှာနဲ့ ရေတွင်းမှာ ရေလာခပ်တဲ့ အပျိုကြီး အပျိုငယ်တွေကို ကြည့်ပြီးရှက်လာတယ်။ ပိုးချင်ပန်းချင်စိတ်ကြောင့် ထင်ပါတယ်။ကျွန်တော်ငယ်ငယ်က အရွယ်သာ မရောက်သေးတာ ချောတာလှတာတွေ့ရင် ကြည့်ချင်တယ်၊ပိုင်ချင်တယ်။

အဆိုးဆုံးကတော့ ဒေါ်မယ်တိုက်တွင်းဘေးမှာရှိတဲ့ အိမ်က ကျွန်တော်ထက်နဲနဲကြီးတဲ့ ရှစ်တန်းကျောင်းသူ ချောချောလေးရဲ့ အလှကို ရေခပ်တိုင်း မြင်ရတာဟာ ရင်ထဲမှာ တစ်မျိုးကြီးဖြစ်ဖြစ်သွားတယ်။ နှာဘူးကျချင်လာ တယ်ထင်ပါတယ်။ရေခပ်သွားတိုင်း အဲဒီခြံထဲ လှမ်းလှမ်းကြည့်ရတာက ရေခပ်ရတာထက်မောလို့ နောက်များ အဲဒီရေချိုတွင်းကို မသွားတော့ပါဘူး။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

တစ္ခါတုန္းက အျဖစ္ေလးေတြ (၂၉)

ေရခ်ိဳတြင္း

 

ေရခ်ိဳတြင္းဆိုလို႔ ဆရာမႀကီး ခင္ႏွင္းယုရဲ႕ ဝတၳဳေတာ့မဟုတ္ပါဘူး။ ကြၽန္ေတာ့္ေမြးရပ္ေျမ အညာက အေၾကာင္းေလး ေရးခ်င္လို႔ ေခါင္းစဥ္တည္လိုက္ရျခင္းပါ။

ကြၽန္ေတာ္တို႔ၿမိဳ႕က ျမစ္နဲ႔ မေဝးတဲ့ ေနရာဆိုေပမယ့္ ကုန္းေပၚမွာတူးထားတဲ့ ေရတြင္းတိုင္းလိုလိုက ေရငန္ပဲထြက္ပါတယ္။ငန္တူးေနေအာင္မဟုတ္ေပမယ့္ ထမင္းခ်က္ဟင္းခ်က္လို႔မရသလို ေသာက္လို႔လည္း မရပါဘူး။အဝတ္ေလွ်ာ္ဖို႔နဲ႔ ေရခ်ိဳးတာပဲ လုပ္လို႔ရပါတယ္။ပါစပ္ထဲငုံထားရင္ ငန္တဲ့အရသာ႐ွိေနပါတယ္။

ကြၽန္ေတာ္မိသားစုေနတဲ့ အခန္းရဲ႕ အေနာက္ေျမာက္ေထာင့္ဘက္ ေလးကိုက္ ငါးကိုက္အကြာေလာက္မွာ ဝန္ထမ္းလိုင္းခန္းေနမိသားစုေတြ အသုံးျပဳဖို႔အတြက္ ေရတြင္းတစ္တြင္းတူးထားတယ္။ေပေျခာက္ဆယ္ေက်ာ္ ေလာက္ နက္ပါတယ္။ အဲဒီေလာက္တူးထားတာေတာင္ ေႏြရာသီေရာက္ရင္ ေရဟာခမ္းတတ္ပါေသးတယ္။

ေဆာင္းရာသီေရာက္ရင္ အဲဒီေရတြင္းကုန္းပတ္လည္က ေရနဲ႔ အၿမဲမျပတ္ထိခဲ့တဲ့ေျမျပင္ဟာ ေ႐ႊဝါဆပ္ျပာေတာင့္ေတြ ၾကာၾကာသိမ္းထားရင္ အေပြးေတြတတ္သလိုပဲ အဲဒီေျမျပင္ဟာလည္း ဆားပြင့္လို ဆပ္ျပာေပြးလို အေပြးေတြတတ္လာတတ္ပါတယ္။ေမေမကေတာ့ဆားပြင့္တက္တယ္လို႔ ေျပာတာပါပဲ။ အငန္ဓာတ္႐ွိလို႔ေနမွာေပါ့။

ေရခ်ိဳးခ်င္ရင္ ေရတြင္းအေပၚအလယ္တည့္တည့္မွာ ႐ွိတဲ့သစ္သားတန္းတို႔ ေမွ်ာတန္းတို႔မွာ စက္သီးခ်ိတ္လို႔ ေရကိုငင္ၿပီး သုံးၾကရပါတယ္။ စက္သီးမွာလည္း သစ္သားစက္သီးနဲ႔ သံစက္သီး႐ွိပါေသးတယ္။

ေရတြင္းအေပၚမွာ တြင္းအလယ္က ကန္႔လန္႔ျဖတ္ တန္းထိုးလို႔ရေအာင္ ေရတြင္းရဲ႕အျပင္ ဟိုဘက္ဒီဘက္မွာ လက္တစ္ေဖာင္ထက္ တစ္ေတာင္တစ္မိုက္ေလာက္အျမင့္႐ွိတဲ့ တိုင္ႏွစ္တိုင္စိုက္ထားၿပီး တိုင္ထိပ္ခ်င္း တန္းထိုးထားပါတယ္။

အဲဒီတန္းကိုမွ စက္သီးခ်ိတ္ခ်ိတ္ရတာေပါ့။တခ်ိဳ႕ေရတြင္းေတြမွာ အမ်ားအသုံးျပဳႏိုင္ဖို႔ စက္သီးႀကိဳးေတြ ထားေပးထားတယ္။ ကြၽန္ေတာ္တို႔ ေရတြင္းမွာေတာ့ ဘုံသုံးမဟုတ္ဘဲ ကိုယ့္ကိုယ္ပိုင္စက္သီးနဲ႔ သုံးၾကတာေပါ့။ ကိုယ္ခ်ိဳးၿပီးရင္ ျပန္ျဖဳတ္ယူသြားၾကရတယ္။

အဲဒီစက္သီးမွာ ေရတြင္းေပရဲ႕ အနက္ထက္႐ွည္တဲ့ ႀကိဳးတပ္ထားရတယ္။ ႀကိဳးထိပ္ႏွစ္ဖက္မွာ ႏွီးပုံးတစ္ပုံးစီ တပ္ထားပါတယ္။ကြၽန္ေတာ္တို႔ၿမိဳ႕မွာ အရင္က ေရငင္ရာမွာ ပြဲလ်က္သုတ္ထားတဲ့ ႏွီးပုံးေတြကို အသုံးျပဳခဲ့ၾကတယ္။ပြဲလ်က္ကို အရပ္အေခၚ ပုန္းညက္လို႔ေခၚၾကပါတယ္။

ႏွီးပုံးေတြသုံးၿပီး ေရငင္တဲ့အခါ ႏွီးပုံးနဲ႔တြင္းနံရံနဲ႔ မတိုက္မိေအာင္လည္း သတိထားရတယ္။ တိုက္မိတာ ခဏတိုင္း ျဖစ္ေနရင္ ႏွီးပုံးပ်က္တာျမန္ပါတယ္။ပြဲလ်က္ကုန္တာျမန္ရင္လည္း ေရယိုၿပီး အေပၚေရာက္ရင္ ေရမပါလာေတာ့ပါဘူး။ သတိထားၿပီးေရပုံးကို တြင္းထဲက ဆြဲတင္ရတယ္။ ေနာက္ေတာ့တာယာပုံးေတြ ေျပာင္းသုံးခဲ့ၾကၿပီး အခုေတာ့ ဘယ္သို႔႐ွိပါ့။

ေရတြင္းႏႈတ္ခမ္းနိမ့္ၿပီး ေရတိမ္တဲ့ တြင္းေတြမွာဆိုရင္ စက္သီးမလိုဘဲ ႏွီးပုံးတစ္ပုံးတပ္တဲ့ႀကိဳးနဲ႔ပဲ ေရကိုငင္ၾကပါတယ္။

ေရခ်ိဳတြင္းေတြမွာဆိုရင္ တြင္းႏႈတ္ခမ္းေတြကို အျမင့္ႀကီးလုပ္မထားဘဲ ဒူးေခါင္းအေက်ာ္ ေပါင္လယ္ဆီးစပ္ ေလာက္အျမင့္ပဲ႐ွိပါတယ္။ေရကို စက္သီးမလိုဘဲ ခပ္လို႔ရသလို စက္သီးခ်ိတ္ၿပီးလည္း ခပ္လို႔ရေအာင္လည္း လုပ္ထားပါတယ္။

ကြၽန္ေတာ္တို႔ၿမိဳ႕ရဲ႕ေရခ်ိဳတြင္းေတြက ၿမိဳ႕အေ႐ွ႕ဘက္ကေရဝင္ရပ္ေတြမွာ ႐ွိပါတယ္။ေတာင္ရပ္မွာလည္း႐ွိတယ္၊ အလယ္ရပ္မွာလည္း႐ွိတယ္၊ေျမာက္ရပ္မွာလည္း႐ွိတယ္။ကြၽန္ေတာ္တို႔က ေတာင္ရပ္နဲ႔ အလယ္ရပ္က ေရခ်ိဳ တြင္းေတြမွာ ခပ္ရပါတယ္။ အလယ္ရပ္မွာ႐ွိတဲ့ ဝမ္းလိႈင္ဘုရားေျခရင္းက “ေဒၚမယ္တိုက္တြင္း”နဲ႔ အလယ္ရပ္နဲ႔ ေတာင္ရပ္အဆက္နားက သေျပပင္ႀကီးသုံးပင္ ဝန္းရံထားတဲ့ “ေဒၚခင္ေထြးတြင္း”မွာသြားၿပီး ေရခ်ိဳခပ္ၾကရပါ တယ္။

ကြၽန္ေတာ္တို႔ၿမိဳ႕မွာ ကြၽန္ေတာ္တို႔ ငယ္ငယ္တုန္းက ေရခ်ိဳခပ္ျခင္း၊ေရထမ္းျခင္း အလုပ္ကလည္း ေန႔စဥ္ဝတၱရားႀကီး တစ္ခုလိုပါပဲ။မနက္လင္းလို႔ ေက်ာင္းမသြားခင္ အေစာႀကီးသြားၿပီး ေရခ်ိဳတစ္ေခါက္ ေလာက္ေတာ့ သြားခပ္ရပါတယ္။ ေက်ာင္းကျပန္လာရင္လည္း ႏွစ္ေခါက္ခပ္ရပါတယ္။ ဒါမွ ေန႔စဥ္သုံးတဲ့ ေရက အလ်ဥ္မီ႐ုံ႐ွိပါတယ္။တစ္ခါတစ္ရံ ေက်ာင္းပိတ္ရက္ စေနတနဂၤေႏြေန႔ေတြမွာ တစ္ေနကုန္နီးပါး ေရထမ္းၿပီး ရာဝင္စဥ့္အိုးႀကီးေတြထဲ ထည့္ရပါတယ္။

ဝမ္းလိႈင္ဘုရားေျခရင္းက ေဒၚမယ္တိုက္ေရခ်ိဳတြင္းဆီသြားရင္ စက္မႈလယ္ယာဝင္းကေန ပဲ့ေ႐ႊဂူဘုရားရဲ႕ ေျမာက္ဘက္ကေနျဖတ္ၿပီး သြားလို႔လည္းရတယ္။ဘုရားႀကိဳဘုရားၾကား၊လမ္းႀကိဳလမ္းၾကား၊ အိမ္ႀကိဳအိမ္ၾကား ေတြထဲကေန သြားတဲ့အခါလည္း႐ွိတယ္။

ကြၽန္ေတာ္တို႔ေနတဲ့ လိုင္ခန္းေဘးက အေ႐ွ႕အေနာက္ျဖစ္ေနတဲ့ လမ္းအတိုင္းဆင္းသြားၿပီး အိမ္ေျခဆုံးတဲ့ ေရဝင္ရပ္ေရာက္ေတာ့မွ ၿမိဳ႕အေ႐ွ႕ဘက္လမ္းေၾကာင္းအတိုင္း တည့္တည့္သြားလိုက္ရင္ ပထမဆုံး “ေဒၚခင္ေထြးတြင္း”ကိုေရာက္ပါတယ္။အဲဒီကေနဆက္သြားရင္ ေဒၚမယ္တိုက္တြင္းကိုေရာက္ပါတယ္။ ေရခ်ိဳလိုခ်င္ရင္ အဲဒီလိုသြားခပ္ၾကရပါတယ္။ ေရခ်ိဳတြင္းေတြက ေရေတြက ၾကည္ပါတယ္။ခ်က္ခ်င္းသုံးလို႔ ရပါတယ္။

ဝက္မစြပ္ေက်ာင္းဥယ်ာဥ္ရဲ႕ အေ႐ွ႕တည့္တည့္မွာ စိုက္ကြင္းေတြ႐ွိတယ္။ ျမစ္ေရေတြက်သြားလို႔ စိုက္ခင္းေတြ စိုက္ပ်ိဳးဖို႔အတြက္ လူတစ္ရပ္ေလာက္အနက္႐ွိတဲ့ လက္ယက္တြင္းလိုတြင္းေတြလည္း တူးထားတတ္ၾကတယ္။ အဲဒီကေနလည္း ေရထမ္းၾကပါတယ္။ အုတ္ဖုတ္လို႔ရတဲ့ ေျမေစးေတြလိုျဖစ္ေနတဲ့ ႐ႊံ႕ေျမေတြမွာတူးထားေတာ့ စိမ့္ထြက္လာတဲ့ေရေတြဟာ ဝါတာတာေလးျဖစ္ေနေပမယ့္ စဥ့္အိုးထဲထည့္ထားၿပီး အနည္ထိုင္မွသုံးရင္ ေသာက္လို႔ ခ်က္လို႔ရပါတယ္။

ေရခ်ိဳ သြားထမ္းတဲ့အခါ ရပ္ကြက္ထဲကေနျဖတ္မသြားခ်င္ရင္ လယ္ကြက္ထဲက တြင္းကေရကို သြားထမ္းပါတယ္။ႏွစ္တန္းသုံးတန္းအ႐ြယ္ေတြဆိုေတာ့ လယ္ကြက္ေတြထဲမွာ အေလ့က်ေပါက္ေနတဲ့ ျမဴပင္ေတြကိုလည္းႏုတ္တာေပါ့။ စိုက္ထားတာမဟုတ္တဲ့ နံနံပင္ေတြလည္း ခူးတာပါပဲ။ အခင္းထဲက ေျပာင္းဖူးေတြလည္း ခ်ိဳးလိုက္ေသးတာပါပဲ။ အဲဒီလိုတြင္းေတြမွာ ေရခ်ိဳခပ္ရတာေပ်ာ္တယ္။

ပထမေတာ့ ကြၽန္ေတာ္တို႔ကငယ္ေသးေတာ့ ညီအစ္ကိုႏွစ္ေယာက္ ေရပုံးတစ္ပုံးထဲကို ႀကိဳးလွ်ိဳၿပီး ထမ္းရတာေပါ့။အ႐ြယ္ေလးနည္းနည္းေရာက္လာေတာ့ တစ္ေယာက္ႏွစ္ပုံးထမ္းႏိုင္လာတယ္။ငယ္ငယ္တုန္းက ဘယ္ေနရကေန ေရသြားခပ္ရခပ္ရ ေပ်ာ္ပါတယ္။ ေလးတန္းငါးတန္းေလာက္ေရာက္ေတာ့ ေဒၚမယ္တိုက္ တြင္းကေရကို သြားမခပ္ခ်င္ေတာ့ဘူး။

အဲဒီတြင္း သြားရင္ ၿမိဳ႕ထဲကျဖတ္သြားရေတာ့ လမ္းတစ္ေလွ်ာက္မွာနဲ႔ ေရတြင္းမွာ ေရလာခပ္တဲ့ အပ်ိဳႀကီး အပ်ိဳငယ္ေတြကို ၾကည့္ၿပီး႐ွက္လာတယ္။ ပိုးခ်င္ပန္းခ်င္စိတ္ေၾကာင့္ ထင္ပါတယ္။ကြၽန္ေတာ္ငယ္ငယ္က အ႐ြယ္သာ မေရာက္ေသးတာ ေခ်ာတာလွတာေတြ႕ရင္ ၾကည့္ခ်င္တယ္၊ပိုင္ခ်င္တယ္။

အဆိုးဆုံးကေတာ့ ေဒၚမယ္တိုက္တြင္းေဘးမွာ႐ွိတဲ့ အိမ္က ကြၽန္ေတာ္ထက္နဲနဲႀကီးတဲ့ ႐ွစ္တန္းေက်ာင္းသူ ေခ်ာေခ်ာေလးရဲ႕ အလွကို ေရခပ္တိုင္း ျမင္ရတာဟာ ရင္ထဲမွာ တစ္မ်ိဳးႀကီးျဖစ္ျဖစ္သြားတယ္။ ႏွာဘူးက်ခ်င္လာ တယ္ထင္ပါတယ္။ေရခပ္သြားတိုင္း အဲဒီျခံထဲ လွမ္းလွမ္းၾကည့္ရတာက ေရခပ္ရတာထက္ေမာလို႔ ေနာက္မ်ား အဲဒီေရခ်ိဳတြင္းကို မသြားေတာ့ပါဘူး။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service