တစ်ခါတုန်းက အဖြစ်လေးတွေ (၂၁)

တစ်ခါတုန်းက အဖြစ်လေးတွေ (၂၁) - Property Knowledge in Myanmar from iMyanmarHouse.com
31 May 2023 1:57 pm တွင် တင်ခဲ့သည်
750 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

“ရှေးစကား”

ပုံပြင်တွေဖတ်တဲ့အခါမှာ ဟိုရှေးရှေးတုန်းကတို့၊တစ်ခါတုန်းက ဆိုတာမျိုးနဲ့ ပုံပြင်ကို စကြတယ်ဆိုတာ ပုံပြင်ဖတ်ဖူးသူတိုင်း သိကြမှာပါ။လွန်ခဲ့တဲ့ အတိတ်အကြောင်းအရာတွေကို ပြန်ပြောကြတဲ့အခါမှာလည်း ဟိုရှေးရှေးတုန်းကဆိုတဲ့ အကြောင်းလေးနဲ့ စခဲ့ဖူးကြတယ်။တစ်ခါတုန်းကတို့၊ငယ်ငယ်တုန်းကတို့နဲ့လည်း စခဲ့ကြဖူးတာပေါ့။

ဒီလိုပါပဲ လူတိုင်းမှာတွေ့ကြုံခဲ့ကြရတဲ့ တစ်ခါတုန်းက အဖြစ်လေးတွေဆိုတာကို ပြန်ပြောစရာတွေများကြမှာပါ။ ခင်မင်သူချင်း ပြောတော့ ပြောဖြစ်ကြပေမယ့် အမှတ်အသားမထားခဲ့ကြဘဲ သေရာယူသွားကြတဲ့သူတွေကသာ များပါတယ်။ ပြောတတ်တဲ့သူက ပြောဖြစ်တော့ သူ့အသိုင်းအဝိုင်းက နောက်လူတွေလည်း သိရတာပေါ့။ ရေးဖြစ်ရင်တော့ သိသူရော မသိသူတွေပါ သိခွင့်ရတာပေါ့။တော်တာတွေချည်းလည်း ပါချင်မှပါမှာပါ။ ရှော်တာတွေချည်းလည်း ဖြစ်ချင်မှ ဖြစ်မှာပေါ့။

အမှတ်အသားထားခဲ့ရင်တော့ နောက်လူတွေဖတ်ရတာပေါ့။ကောင်းတာလည်းရှိမယ်။ ဆိုးတာလည်းရှိမယ်။ သိသင့်တာတွေလည်းပါမယ်။ မသိချင်တာတွေလည်းပါနေမှာပါပဲ။သူဖြတ်သန်းခဲ့ရတဲ့ ဒေသတွေရဲ့ သမိုင်းကြောင်းတွေ၊လူပုဂ္ဂိုလ်တွေရဲ့ အဖြစ်အပျက်တွေ သိချင်တဲ့သူတွေအတွက် သိခွင့်ရတာပေါ့။ မသိချင်လည်း အချိန်မပေးနဲ့ပေါ့။ ရှိတော့ ရှိသင့်တယ်လို့တော့ထင်ပါတယ်။

ထင်ရှားတဲ့သူတွေရဲ့ အကြောင်းကိုတော့ နောက်လူတွေက စာတင်တတ်ကြပေမယ့်။သူလိုငါလို သာမန်ဘဝတွေနဲ့ ဖြတ်သန်းကြတဲ့ သူတွေကတော့ သာမန်လူတွေလိုပဲ ဘဝနိဂုံးချုပ်သွားကြရတယ် ပြောစရာ ဘာမှ မကျန်တော့ သလိုပါဘဲ။

ကျွန်တော့်အဖေဆိုရင် သူ့ရဲ့တစ်ခါတုန်းက အဖြစ်လေးတွေကို ကျွန်တော်တို့ကို ပြောတာတွေလည်းရှိတယ်။ သူတစ်ပါးကိုပြောရင်းနဲ့ ကျွန်တော်တို့ နားထောင်ခဲ့ရတာတွေလည်းရှိတယ်။စာနဲ့တော့ မရေးခဲ့ပါဘူး။ဖေဖေသာ သူ့ရဲ့တစ်ခါတုန်းက အဖြစ်လေးတွေကို စာနဲ့သာရေးခဲ့ရင် သိပ်ကိုကောင်းမှာပဲလို့ ကျွန်တော် တောင့်တမိပါတယ်။

သူတို့ ငယ်ဘဝအတွေ့အကြုံတွေကလည်း စိတ်ဝင်စားဖို့ကောင်းလှတယ်။ ဒီအကြောင်းတွေကို သူတို့အချင်းချင်း ပြောကြတာကို နားထောင်ခဲ့ရင်း ကျွန်တော်က မစို့မပို့မှတ်မိတာတွေတော့ ရှိခဲ့တာပေါ့။ အခုမှ သေချာအောင်မေးဖို့ကလည်း ဖေဖေလည်းမရှိတော့ပြီ။လွန်ခဲ့ပါပြီ။နှမြောစရာကောင်းလိုက်တာလို့ စိတ်မှာလည်း ဖြစ်မိပါတယ်။

ကျွန်တော်တို့ စက်မှုလယ်ယာဝန်ထမ်းတွေအတွက် ခြောက်ခန်းတွဲလိုင်းခန်းကြီး ရှိတဲ့အကြောင်း ပြောခဲ့ဖူးပါတယ်။ ကျွန်တော်တို့ မိသားစုနေရတဲ့ အခန်းက မြောက်ဘက်ဆုံးအခန်းဖြစ်တော့ အခန်းရဲ့ မြောက်ဘက်မှာ ဝါးကပ်မိုး အဖီချထားပြီး အထဲမှာကွပ်ပျစ်ကြီးထိုးထားတာပေါ့။အဲဒီကွပ်ပျစ်မှာပဲ မိသားစုတွေတန်းစီ အိပ်ခဲ့ကြရတာပေါ့။

အဲဒီအဖီရဲ့ ဝင်ပေါက်ကို အနောက်ဘက်ကနေ လုပ်ထားပါတယ်။အဲဒီဝင်ပေါက်နားမှာ အပြင်ဘက်မှာ ဗမာကုက္ကိုလို့ခေါ်တဲ့ စားကုက္ကိုပင်ကြီးရှိတယ်။စားကုက္ကိုပင်ကြီးကို အရှေ့ဘက်(ခေါင်းရင်း)က ထားပြီး ကွပ်ပျစ်တစ်ခုလည်း ဆောက်ထားသေးတယ်။အဖီထဲမှာရှိတဲ့ ကွပ်ပျစ်ထက်တော့ သေးတာပေါ့။

လာတဲ့ဧည့်သည်တွေကိုလည်း အဲဒီကွပ်ပျစ်မှာ ဧည့်ခံတဲ့အခါလည်း ဧည့်ခံ၊ အထဲကကွပ်ပျစ်မှာလည်း ဧည့်ခံတာလည်းရှိတာပေါ့။ရုံးသူရုံးသားတွေလာလည်တဲ့အခါလည်း အပြင်ကကွပ်ပျစ်မှာ ထိုင်ပြီး စကားပြောကြတာပေါ့။

တစ်ခါတစ်ရံ ဖေဖေနဲ့ မတိမ်းမယိမ်းရှိတဲ့ ဦးလေးကြီးတွေလာပြီး ဖေဖေနဲ့စကားပြောကြတယ်။ သူ့ထက်အများကြီးငယ်တဲ့ လူငယ်တွေလည်း လာကြတယ်။အပြင်ကကွပ်ပျစ်မှာ စကားတွေပြောကြတယ်။ အဲဒီစကားဝိုင်းကနေ သူတို့ရဲ့ ရှေးဟောင်းနှောင်းဖြစ်တွေကို ကျွန်တော်ကြားသိခွင့်ရခဲ့ဘူးပါတယ်။

ရှေးစကားတွေပေါ့။တောရောက်တောင်ရောက်ဆိုပေမယ့် မှတ်စရာတွေလည်းအများအပြားပါဝင်ခဲ့ပါတယ်။ လူပုဂ္ဂိုလ်တွေအကြောင်း၊လယ်ယာလုပ်ငန်းအကြောင်းတွေ၊စက်အကြောင်း၊ထွန်အကြောင်းတွေရောပေါ့။

တစ်ခါတစ်ရံ သူတို့ကိုယ်တိုင် လုပ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်ပြောကြတာကို နားထောင်ရတာကလည်း အသံလွှင့် ဇာတ်လမ်းတစ်ခုကို နားထောင်နေရသလိုပါပဲ။မျက်စိထဲမှာ မြင်ယောင်နေမိပါတယ်။

တချို့ရှေးစကားတွေကလည်း သူတို့တစ်ဆင့်ကြားခဲ့ရတာတွေကို ပြန်ပြောကြတာပေါ့။အဲဒီထဲမှာ လူတစ်ဦးတစ်ယောက်ရဲ့ အကြောင်းတွေက အခန်းဆက် ဇာတ်လမ်းတွေလို ဖြစ်ရပ်မျိုးတွေလည်း အဲဒီလိုစကားဝိုင်းတွေကနေ နားထောင်ခဲ့ရပါတယ်။

သူတို့ပြောတဲ့ ရှေးစကားတွေဆိုတာ ပုံပြင်တွေလို့ထင်စရာရှိပေမယ့် တကယ့် အဖြစ်အပျက်တွေပါပဲ။ သူတို့ဘဝတွေ့သိ၊ကြုံသိ ခဲ့ရတာတွေကို ပြန်ပြောကြခြင်းပါပဲ။

သူတို့ပြောတဲ့ရှေးစကားတွေကိုလည်း ကျွန်တော့်ရဲ့ တစ်ခါတုန်းက အဖြစ်လေးတွေမှာ ထည့်ပြောဖို့ ဖြစ်လာဦးမှာပါပဲ။ရှေးစာကားတွေဆိုတာ လွန်ခဲ့တဲ့ အဖြစ်အပျက်လေးတွေဆိုပေမယ့် သိလိုသူတွေအတွက် ဗဟုသုတတွေ၊ရသတွေ ပေးစွမ်းနိုင်လိမ့်မယ်လို့ထင်ပါတယ်။ကျွန်တော်ပြန်ပြောတာကောင်းရင် ကောင်းသလို ရှေးစကားတွေက အသက်ဝင်သွားပါလိမ့်မယ်။ ဆက်ကြသေးတာပေါ့ဗျာ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 [Zawgyi]

 

တစ္ခါတုန္းက အျဖစ္ေလးေတြ (၂၁)

 

“ေ႐ွးစကား”

ပုံျပင္ေတြဖတ္တဲ့အခါမွာ ဟိုေ႐ွးေ႐ွးတုန္းကတို႔၊တစ္ခါတုန္းက ဆိုတာမ်ိဳးနဲ႔ ပုံျပင္ကို စၾကတယ္ဆိုတာ ပုံျပင္ဖတ္ဖူးသူတိုင္း သိၾကမွာပါ။လြန္ခဲ့တဲ့ အတိတ္အေၾကာင္းအရာေတြကို ျပန္ေျပာၾကတဲ့အခါမွာလည္း ဟိုေ႐ွးေ႐ွးတုန္းကဆိုတဲ့ အေၾကာင္းေလးနဲ႔ စခဲ့ဖူးၾကတယ္။တစ္ခါတုန္းကတို႔၊ငယ္ငယ္တုန္းကတို႔နဲ႔လည္း စခဲ့ၾကဖူးတာေပါ့။

ဒီလိုပါပဲ လူတိုင္းမွာေတြ႕ၾကဳံခဲ့ၾကရတဲ့ တစ္ခါတုန္းက အျဖစ္ေလးေတြဆိုတာကို ျပန္ေျပာစရာေတြမ်ားၾကမွာပါ။ ခင္မင္သူခ်င္း ေျပာေတာ့ ေျပာျဖစ္ၾကေပမယ့္ အမွတ္အသားမထားခဲ့ၾကဘဲ ေသရာယူသြားၾကတဲ့သူေတြကသာ မ်ားပါတယ္။ ေျပာတတ္တဲ့သူက ေျပာျဖစ္ေတာ့ သူ႕အသိုင္းအဝိုင္းက ေနာက္လူေတြလည္း သိရတာေပါ့။ ေရးျဖစ္ရင္ေတာ့ သိသူေရာ မသိသူေတြပါ သိခြင့္ရတာေပါ့။ေတာ္တာေတြခ်ည္းလည္း ပါခ်င္မွပါမွာပါ။ ေ႐ွာ္တာေတြခ်ည္းလည္း ျဖစ္ခ်င္မွ ျဖစ္မွာေပါ့။

အမွတ္အသားထားခဲ့ရင္ေတာ့ ေနာက္လူေတြဖတ္ရတာေပါ့။ေကာင္းတာလည္း႐ွိမယ္။ ဆိုးတာလည္း႐ွိမယ္။ သိသင့္တာေတြလည္းပါမယ္။ မသိခ်င္တာေတြလည္းပါေနမွာပါပဲ။သူျဖတ္သန္းခဲ့ရတဲ့ ေဒသေတြရဲ႕ သမိုင္းေၾကာင္းေတြ၊လူပုဂၢိဳလ္ေတြရဲ႕ အျဖစ္အပ်က္ေတြ သိခ်င္တဲ့သူေတြအတြက္ သိခြင့္ရတာေပါ့။ မသိခ်င္လည္း အခ်ိန္မေပးနဲ႔ေပါ့။ ႐ွိေတာ့ ႐ွိသင့္တယ္လို႔ေတာ့ထင္ပါတယ္။

ထင္႐ွားတဲ့သူေတြရဲ႕ အေၾကာင္းကိုေတာ့ ေနာက္လူေတြက စာတင္တတ္ၾကေပမယ့္။သူလိုငါလို သာမန္ဘဝေတြနဲ႔ ျဖတ္သန္းၾကတဲ့ သူေတြကေတာ့ သာမန္လူေတြလိုပဲ ဘဝနိဂုံးခ်ဳပ္သြားၾကရတယ္ ေျပာစရာ ဘာမွ မက်န္ေတာ့ သလိုပါဘဲ။

ကြၽန္ေတာ့္အေဖဆိုရင္ သူ႕ရဲ႕တစ္ခါတုန္းက အျဖစ္ေလးေတြကို ကြၽန္ေတာ္တို႔ကို ေျပာတာေတြလည္း႐ွိတယ္။ သူတစ္ပါးကိုေျပာရင္းနဲ႔ ကြၽန္ေတာ္တို႔ နားေထာင္ခဲ့ရတာေတြလည္း႐ွိတယ္။စာနဲ႔ေတာ့ မေရးခဲ့ပါဘူး။ေဖေဖသာ သူ႕ရဲ႕တစ္ခါတုန္းက အျဖစ္ေလးေတြကို စာနဲ႔သာေရးခဲ့ရင္ သိပ္ကိုေကာင္းမွာပဲလို႔ ကြၽန္ေတာ္ ေတာင့္တမိပါတယ္။

သူတို႔ ငယ္ဘဝအေတြ႕အၾကဳံေတြကလည္း စိတ္ဝင္စားဖို႔ေကာင္းလွတယ္။ ဒီအေၾကာင္းေတြကို သူတို႔အခ်င္းခ်င္း ေျပာၾကတာကို နားေထာင္ခဲ့ရင္း ကြၽန္ေတာ္က မစို႔မပို႔မွတ္မိတာေတြေတာ့ ႐ွိခဲ့တာေပါ့။ အခုမွ ေသခ်ာေအာင္ေမးဖို႔ကလည္း ေဖေဖလည္းမ႐ွိေတာ့ၿပီ။လြန္ခဲ့ပါၿပီ။ႏွေျမာစရာေကာင္းလိုက္တာလို႔ စိတ္မွာလည္း ျဖစ္မိပါတယ္။

ကြၽန္ေတာ္တို႔ စက္မႈလယ္ယာဝန္ထမ္းေတြအတြက္ ေျခာက္ခန္းတြဲလိုင္းခန္းႀကီး ႐ွိတဲ့အေၾကာင္း ေျပာခဲ့ဖူးပါတယ္။ ကြၽန္ေတာ္တို႔ မိသားစုေနရတဲ့ အခန္းက ေျမာက္ဘက္ဆုံးအခန္းျဖစ္ေတာ့ အခန္းရဲ႕ ေျမာက္ဘက္မွာ ဝါးကပ္မိုး အဖီခ်ထားၿပီး အထဲမွာကြပ္ပ်စ္ႀကီးထိုးထားတာေပါ့။အဲဒီကြပ္ပ်စ္မွာပဲ မိသားစုေတြတန္းစီ အိပ္ခဲ့ၾကရတာေပါ့။

အဲဒီအဖီရဲ႕ ဝင္ေပါက္ကို အေနာက္ဘက္ကေန လုပ္ထားပါတယ္။အဲဒီဝင္ေပါက္နားမွာ အျပင္ဘက္မွာ ဗမာကုကၠိဳလို႔ေခၚတဲ့ စားကုကၠိဳပင္ႀကီး႐ွိတယ္။စားကုကၠိဳပင္ႀကီးကို အေ႐ွ႕ဘက္(ေခါင္းရင္း)က ထားၿပီး ကြပ္ပ်စ္တစ္ခုလည္း ေဆာက္ထားေသးတယ္။အဖီထဲမွာ႐ွိတဲ့ ကြပ္ပ်စ္ထက္ေတာ့ ေသးတာေပါ့။

လာတဲ့ဧည့္သည္ေတြကိုလည္း အဲဒီကြပ္ပ်စ္မွာ ဧည့္ခံတဲ့အခါလည္း ဧည့္ခံ၊ အထဲကကြပ္ပ်စ္မွာလည္း ဧည့္ခံတာလည္း႐ွိတာေပါ့။႐ုံးသူ႐ုံးသားေတြလာလည္တဲ့အခါလည္း အျပင္ကကြပ္ပ်စ္မွာ ထိုင္ၿပီး စကားေျပာၾကတာေပါ့။

တစ္ခါတစ္ရံ ေဖေဖနဲ႔ မတိမ္းမယိမ္း႐ွိတဲ့ ဦးေလးႀကီးေတြလာၿပီး ေဖေဖနဲ႔စကားေျပာၾကတယ္။ သူ႕ထက္အမ်ားႀကီးငယ္တဲ့ လူငယ္ေတြလည္း လာၾကတယ္။အျပင္ကကြပ္ပ်စ္မွာ စကားေတြေျပာၾကတယ္။ အဲဒီစကားဝိုင္းကေန သူတို႔ရဲ႕ ေ႐ွးေဟာင္းေႏွာင္းျဖစ္ေတြကို ကြၽန္ေတာ္ၾကားသိခြင့္ရခဲ့ဘူးပါတယ္။

ေ႐ွးစကားေတြေပါ့။ေတာေရာက္ေတာင္ေရာက္ဆိုေပမယ့္ မွတ္စရာေတြလည္းအမ်ားအျပားပါဝင္ခဲ့ပါတယ္။ လူပုဂၢိဳလ္ေတြအေၾကာင္း၊လယ္ယာလုပ္ငန္းအေၾကာင္းေတြ၊စက္အေၾကာင္း၊ထြန္အေၾကာင္းေတြေရာေပါ့။

တစ္ခါတစ္ရံ သူတို႔ကိုယ္တိုင္ လုပ္ခဲ့တဲ့ အျဖစ္အပ်က္ေတြကို ျပန္ေျပာၾကတာကို နားေထာင္ရတာကလည္း အသံလႊင့္ ဇာတ္လမ္းတစ္ခုကို နားေထာင္ေနရသလိုပါပဲ။မ်က္စိထဲမွာ ျမင္ေယာင္ေနမိပါတယ္။

တခ်ိဳ႕ေ႐ွးစကားေတြကလည္း သူတို႔တစ္ဆင့္ၾကားခဲ့ရတာေတြကို ျပန္ေျပာၾကတာေပါ့။အဲဒီထဲမွာ လူတစ္ဦးတစ္ေယာက္ရဲ႕ အေၾကာင္းေတြက အခန္းဆက္ ဇာတ္လမ္းေတြလို ျဖစ္ရပ္မ်ိဳးေတြလည္း အဲဒီလိုစကားဝိုင္းေတြကေန နားေထာင္ခဲ့ရပါတယ္။

သူတို႔ေျပာတဲ့ ေ႐ွးစကားေတြဆိုတာ ပုံျပင္ေတြလို႔ထင္စရာ႐ွိေပမယ့္ တကယ့္ အျဖစ္အပ်က္ေတြပါပဲ။ သူတို႔ဘဝေတြ႕သိ၊ၾကဳံသိ ခဲ့ရတာေတြကို ျပန္ေျပာၾကျခင္းပါပဲ။

သူတို႔ေျပာတဲ့ေ႐ွးစကားေတြကိုလည္း ကြၽန္ေတာ့္ရဲ႕ တစ္ခါတုန္းက အျဖစ္ေလးေတြမွာ ထည့္ေျပာဖို႔ ျဖစ္လာဦးမွာပါပဲ။ေ႐ွးစာကားေတြဆိုတာ လြန္ခဲ့တဲ့ အျဖစ္အပ်က္ေလးေတြဆိုေပမယ့္ သိလိုသူေတြအတြက္ ဗဟုသုတေတြ၊ရသေတြ ေပးစြမ္းႏိုင္လိမ့္မယ္လို႔ထင္ပါတယ္။ကြၽန္ေတာ္ျပန္ေျပာတာေကာင္းရင္ ေကာင္းသလို ေ႐ွးစကားေတြက အသက္ဝင္သြားပါလိမ့္မယ္။ ဆက္ၾကေသးတာေပါ့ဗ်ာ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service