ပါရမီတို့၏ ညစ်နွမ်းကြောင်းတရားများ

ပါရမီတို့၏ ညစ်နွမ်းကြောင်းတရားများ - Property Knowledge in Myanmar from iMyanmarHouse.com
18 May 2023 1:51 pm တွင် တင်ခဲ့သည်
850 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

တဏှာ၊မာန၊ဒိဋ္ဌိ အစရှိသောတရားတို့ဖြင့် ပါရမီတို့ကို ငါ၊ငါ့ဥစ္စာ၊ငါ့လိပ်ပြာစသည်ဖြင့် အလွဲလွဲအမှားမှား သုံးသပ်ဆင်ခြင်ခြင်းသည် ပါရမီတို့၏ ညစ်နွမ်းကြောင်း တရားများတည်း။

၁။ လှူဖွယ်ဝတ္ထု၊ အလှူခံပုဂ္ဂိုလ်တို့၌ ထွေလာစဉ်းစား အကြံများနေခြင်းသည် ဒါနပါရမီ၏ ညစ်နွမ်းကြောင်း ဖြစ်သည်။(ဒါနပါရမီကို ဖြည့်ကျင့်ရာ၌ မိမိ၌ထင်ရှားရှိသော ကောင်းဆိုးယုတ်မြတ် လှူဖွယ်ဝတ္ထုကို ရောက်ဆိုက်လာသူ အလှူခံပုဂ္ဂိုလ်တို့အား အယုတ်အမြတ်မရွေး လှူဒါန်းရာ၏။ဤ အလှူခံဝတ္ထုကား ညံ့နေ၍မလှူချင်၊ အလွန်ကောင်းမြတ်နေ၍ မလှူနိုင်။ဤ အလှူခံပုဂ္ဂိုလ်ကား ဒုဿီလဖြစ်၍မလှူနိုင် စသည်ဖြင့် လှူဖွယ်ဝတ္ထုနှင့် အလှူခံပုဂ္ဂိုလ်တို့၌ ထွေလာစဉ်းစား အကြံများနေလျှင် ဒါနပါရမီ ညစ်နွမ်း၏ဟု ဆိုလိုသည်။)

၂။ သတ္တဝါနှင့် အချိန်အခါတို၌ ထွေလာစဉ်းစား အကြံများနေခြင်းသည် သီလပါရမီ၏ ညစ်နွမ်းကြောင်းဖြစ်၏။ (သီလပါရမီကို ဖြည့်ကျင့်လိုလျှင် သတ္တဝါမရွေး၊ အချိန်အခါမရွေး ဖြည့်ကျင့်ရာ၏။ဤမည်သော သတ္တဝါတို့၌သာ ပါဏာတိပါတမှုစသည်မှ ရှောင်ကြဉ်အံ့၊ဤမည်သော သတ္တဝါတို့၌ကား မရှောင်ကြဉ်အပ်၊ဤအချိန်အခါ၌သာ သီလကိုစောင့်အံ့၊ဤအချိန်အခါကား မစောင့်အပ်ဟူ၍ သတ္တဝါနှင့်အချိန်အခါတို့၌ ထွေလာစဉ်းစား အကြံများနေလျှင် သီလပါရမီ ညစ်နွမ်း၏ဟုဆိုလို၏။)

၃။ ကာမနှစ်ပါး၊ဘဝသုံးပါးတို့၌ မွေးလျော်ဖွယ်အနေဖြင့် ကြံစည်ခြင်း၊ထိုကာမဘဝတို့၏ ငြိမ်းအေးမှု၌ မမွေ့လျော်ဖွယ်အနေဖြင့် ကြံစည်ခြင်းများသည် နေက္ခမ္မပါရမီ၏ ညစ်နွမ်းကြောင်းဖြစ်၏။

၄။ ငါ၊ငါ့ဥစ္စာဟူ၍ မိစ္ဆာဝိတက်ပြောများ အကြံမှားခြင်းသည် ပညာပါရမီ၏ ညစ်နွမ်းကြောင်းဖြစ်၏။

၅။ ထိနမိဒ္ဓနှင့် ဥဒ္ဓစ္စတရားများ ဖြစ်ပွားစေတတ်သည့် ဆုတ်နစ်ပျံ့လွင့်ကြောင်း အကြံအစည်များသည် ဝီရိယပါရမီ၏ ညစ်နွမ်းကြောင်းဖြစ်၏။

၆။ မိမိ၊သူတစ်ပါး(ကိုယ့်လူ၊သူ့လူခွဲခြား) အကြံအစည်များခြင်းသည် ခန္ဓီပါရမီ၏ ညစ်နွမ်းကြောင်းဖြစ်၏။

၇။ မမြင်၊မကြား၊မရောက်၊မသိအပ်သော အရာတို့၌ မြင်၊ကြား၊ရောက်၊သိသောအနေဖြင့်လည်းကောင်း၊မြင်၊ ကြား၊ ရောက်၊ သိအပ်သောအရာတို့၌ မမြင်၊မကြား၊မရောက်၊မသိအပ်သော အရာအနေဖြင့်လည်းကောင်း၊ ကြံမှားခြင်းများသည် သစ္စာပါရမီ၏ ညစ်နွမ်းကြောင်းဖြစ်၏။

၈။ ဗောဓိသမ္ဘာရဖြစ်သည့်ပါရမီ၊စာဂစရိယ ကုသိုလ်တရားတို့၌ အပြစ်အနေကြံစည်ခြင်း၊ထိုဗေဒြိသမ္ဘာရ ကောင်းမှုတို့၏ ဆန့်ကျင်ဖက်ဖြစ်သော အကုသိုလ်တရားတို့၌ ဂုဏ်ကျေးဇူးကို ကြံစည်ခြင်းများသည် အဓိဋ္ဌာနပါရမီ၏ ညစ်နွမ်းကြောင်းဖြစ်၏။

၉။ မိမိအပေါ်၌ အစီးအပွားကို ရွက်ဆောင်သူ၊မရွက်ဆောင်သူ(မိမိနှင့်သင့်မြတ်သူ၊မသင့်မြတ်သူ)ဟူ၍ ထွေလာစဉ်းစား အကြံများခြင်းသည် မေတ္တာပါရမီ၏ ညစ်နွမ်းကြောင်းဖြစ်၏။

၁၀။ ရောက်ဆိုက်တွေ့ကြုံ ထိုထိုအာရုံတို့၌ ဣဌ၊အနိဌခွဲခြား အကြံများခြင်သည် ဥပေက္ခာပါရမီ၏ ညစ်နွမ်းကြောင်းဖြစ်၏။

ဦးသက်စိန်(ဖြူး)၏ မြတ်ဗုဒ္ဓသာသနာ့ အခြေခံ စာအုပ်မှကူးယူဖော်ပြပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

ပါရမီတို႔၏ ညစ္ႏြမ္းေၾကာင္းတရားမ်ား

 

တဏွာ၊မာန၊ဒိ႒ိ အစရွိေသာတရားတို႔ျဖင့္ ပါရမီတို႔ကို ငါ၊ငါ့ဥစၥာ၊ငါ့လိပ္ျပာစသည္ျဖင့္ အလြဲလြဲအမွားမွား သုံးသပ္ဆင္ျခင္ျခင္းသည္ ပါရမီတို႔၏ ညစ္ႏြမ္းေၾကာင္း တရားမ်ားတည္း။

၁။ လွဴဖြယ္ဝတၳဳ၊ အလွဴခံပုဂၢိဳလ္တို႔၌ ေထြလာစဥ္းစား အၾကံမ်ားေနျခင္းသည္ ဒါနပါရမီ၏ ညစ္ႏြမ္းေၾကာင္း ျဖစ္သည္။(ဒါနပါရမီကို ျဖည့္က်င့္ရာ၌ မိမိ၌ထင္ရွားရွိေသာ ေကာင္းဆိုးယုတ္ျမတ္ လွဴဖြယ္ဝတၳဳကို ေရာက္ဆိုက္လာသူ အလွဴခံပုဂၢိဳလ္တို႔အား အယုတ္အျမတ္မေရြး လွဴဒါန္းရာ၏။ဤ အလွဴခံဝတၳဳကား ညံ့ေန၍မလွဴခ်င္၊ အလြန္ေကာင္းျမတ္ေန၍ မလွဴႏိုင္။ဤ အလွဴခံပုဂၢိဳလ္ကား ဒုႆီလျဖစ္၍မလွဴႏိုင္ စသည္ျဖင့္ လွဴဖြယ္ဝတၳဳႏွင့္ အလွဴခံပုဂၢဳိလ္တို႔၌ ေထြလာစဥ္းစား အၾကံမ်ားေနလွ်င္ ဒါနပါရမီ ညစ္ႏြမ္း၏ဟု ဆိုလိုသည္။)

၂။ သတၱဝါႏွင့္ အခ်ိန္အခါတို၌ ေထြလာစဥ္းစား အၾကံမ်ားေနျခင္းသည္ သီလပါရမီ၏ ညစ္ႏြမ္းေၾကာင္းျဖစ္၏။ (သီလပါရမီကို ျဖည့္က်င့္လိုလွ်င္ သတၱဝါမေရြး၊ အခ်ိန္အခါမေရြး ျဖည့္က်င့္ရာ၏။ဤမည္ေသာ သတၱဝါတို႔၌သာ ပါဏာတိပါတမႈစသည္မွ ေရွာင္ၾကဥ္အံ့၊ဤမည္ေသာ သတၱဝါတို႔၌ကား မေရွာင္ၾကဥ္အပ္၊ဤအခ်ိန္အခါ၌သာ သီလကိုေစာင့္အံ့၊ဤအခ်ိန္အခါကား မေစာင့္အပ္ဟူ၍ သတၱဝါႏွင့္အခ်ိန္အခါတို႔၌ ေထြလာစဥ္းစား အၾကံမ်ားေနလွ်င္ သီလပါရမီ ညစ္ႏြမ္း၏ဟုဆိုလို၏။)

၃။ ကာမႏွစ္ပါး၊ဘဝသုံးပါးတို႔၌ ေမြးေလ်ာ္ဖြယ္အေနျဖင့္ ၾကံစည္ျခင္း၊ထိုကာမဘဝတို႔၏ ၿငိမ္းေအးမႈ၌ မေမြ႔ေလ်ာ္ဖြယ္အေနျဖင့္ ၾကံစည္ျခင္းမ်ားသည္ ေနကၡမၼပါရမီ၏ ညစ္ႏြမ္းေၾကာင္းျဖစ္၏။

၄။ ငါ၊ငါ့ဥစၥာဟူ၍ မိစၦာဝိတက္ေျပာမ်ား အၾကံမွားျခင္းသည္ ပညာပါရမီ၏ ညစ္ႏြမ္းေၾကာင္းျဖစ္၏။

၅။ ထိနမိဒၶႏွင့္ ဥဒၶစၥတရားမ်ား ျဖစ္ပြားေစတတ္သည့္ ဆုတ္နစ္ပ်ံ႕လြင့္ေၾကာင္း အၾကံအစည္မ်ားသည္ ဝီရိယပါရမီ၏ ညစ္ႏြမ္းေၾကာင္းျဖစ္၏။

၆။ မိမိ၊သူတစ္ပါး(ကိုယ့္လူ၊သူ႔လူခြဲျခား) အၾကံအစည္မ်ားျခင္းသည္ ခႏၶီပါရမီ၏ ညစ္ႏြမ္းေၾကာင္းျဖစ္၏။

၇။ မျမင္၊မၾကား၊မေရာက္၊မသိအပ္ေသာ အရာတို႔၌ ျမင္၊ၾကား၊ေရာက္၊သိေသာအေနျဖင့္လည္းေကာင္း၊ျမင္၊ ၾကား၊ ေရာက္၊ သိအပ္ေသာအရာတို႔၌ မျမင္၊မၾကား၊မေရာက္၊မသိအပ္ေသာ အရာအေနျဖင့္လည္းေကာင္း၊ ၾကံမွားျခင္းမ်ားသည္ သစၥာပါရမီ၏ ညစ္ႏြမ္းေၾကာင္းျဖစ္၏။

၈။ ေဗာဓိသမၻာရျဖစ္သည့္ပါရမီ၊စာဂစရိယ ကုသိုလ္တရားတို႔၌ အျပစ္အေနၾကံစည္ျခင္း၊ထိုေဗၾဒိသမၻာရ ေကာင္းမႈတို႔၏ ဆန္႔က်င္ဖက္ျဖစ္ေသာ အကုသိုလ္တရားတို႔၌ ဂုဏ္ေက်းဇူးကို ၾကံစည္ျခင္းမ်ားသည္ အဓိ႒ာနပါရမီ၏ ညစ္ႏြမ္းေၾကာင္းျဖစ္၏။

၉။ မိမိအေပၚ၌ အစီးအပြားကို ရြက္ေဆာင္သူ၊မရြက္ေဆာင္သူ(မိမိႏွင့္သင့္ျမတ္သူ၊မသင့္ျမတ္သူ)ဟူ၍ ေထြလာစဥ္းစား အၾကံမ်ားျခင္းသည္ ေမတၱာပါရမီ၏ ညစ္ႏြမ္းေၾကာင္းျဖစ္၏။

၁၀။ ေရာက္ဆိုက္ေတြ႔ၾကံဳ ထိုထိုအာရုံတို႔၌ ဣဌ၊အနိဌခြဲျခား အၾကံမ်ားျခင္သည္ ဥေပကၡာပါရမီ၏ ညစ္ႏြမ္းေၾကာင္းျဖစ္၏။

ဦးသက္စိန္(ျဖဴး)၏ ျမတ္ဗုဒၶသာသနာ့ အေျခခံ စာအုပ္မွကူးယူေဖာ္ျပပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service