အမွေဝေစု ခွဲဝေခြင်း၊အမွေပုံစီမံခန့်ခွဲခြင်းနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ

အမွေဝေစု ခွဲဝေခြင်း၊အမွေပုံစီမံခန့်ခွဲခြင်းနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ - Property Knowledge in Myanmar from iMyanmarHouse.com
14 May 2023 1:59 pm တွင် တင်ခဲ့သည်
1409 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

မြန်မာဗုဒ္ဓဘာသာ၊မဟာမေဒင်မွတ်စလင်များနှင့် သေတမ်းစာ မရေးဘဲသေဆုံးသွားသော ခရစ်ယာန် အမွေရှင်များ ကျန်ရစ်သော အမွေဝေစုအား ရလိုလျှင် တရားရုံးတွင် အမွေပုံစီမံခန့်ခွဲမှုတရားစွဲဆိုရမည်။

အမွေဆိုင်တစ်ဦးသည် အမွေခွဲဝေရာတွင် အမွေပုံစီမံခန့်ခွဲမှုဖြင့်သာ တရားစွဲဆိုနိုင်ပြီး အမွေပစ္စည်းအား လက်ရောက်ရလိုခြင်း တရားစွဲဆိုခွင့်မရှိ။ စာရင်းရှင်းလင်းသောအမှုဖြစ်သဖြင့် ပစ္စည်းအားလက်ရောက်ရလိုကြောင်း စွဲဆိုသောအမှုနှင့်ခြားနားသည်။

အမွေဆိုင်များသည် မြေပိုင်ဆိုင်မှုနှင့်ပတ်သတ်၍ ပူးတွဲအကျိုးခံစားကာ နေထိုင်လာခြင်းများရှိပါက ယင်း ပစ္စည်းကို ခွဲဝေပေးစေရန် တရားစွဲဆိုနိုင်သည်။

အမွေပုံစီမံခန့်ခွဲမှုသည် ပစ္စည်းခွဲဝေမှုနှင့် ကွဲပြားခြားနားပါသည်။ ပစ္စည်းခွဲဝေပေးစေလိုမှုတွင် အဆိုလွှာကို ပြင်ဆင်၍ အမွေပုံစီမံခန့်ခွဲမှုဖြင့် စစ်ဆေးစီရင်ခြင်းမပြုနိုင်။ခွဲဝေရမည့် ပစ္စည်းမှာ မရွှေ့ပြောင်းနိုင်သော ပစ္စည်း ပါဝင်သော်လည်း အမွေစီမံခန့်ခွဲပေးစေလိုမှုအရ မရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုလက်ရောက်ရလိုကြောင်း စွဲဆို သော အမှုမဟုတ်ပါ။

အမွေပစ္စည်းအပေါ်တွင် ပူးတွဲပိုင်ဆိုင်သူများက မြွတ်ဟကြေညာပေးစေလိုမှု တရားမစွဲဆိုနိုင်ပါ။

တရားရုံးမှ ကွယ်လွန်သူ၏ အမွေ ပစ္စည်းအား စီမံကာပစ္စည်းများအား ထိန်းသိမ်းခြင်း၊ ကြွေးမြီများအားပေး ဆပ်ခြင်း၊ ကွယ်လွန်သူ၏ ပစ္စည်းများကို ရလိုကြောင်း တောင်းဆိုခြင်းများကို စီစစ်၊ဆောင်ရွက်ပေးကာ အမွေဆိုင် များကို အမွေခွဲဝေပေးခြင်းဖြစ်ပါသည်။

အမွေပုံစီမံခန့်ခွဲမှုဖြင့် တရားစွဲဆိုနိုင်သူများမှာ- ကွယ်လွန်သူထံမှ ရရန်ရှိသည့်မြီရှင်၊သေတမ်းစာအရ အမွေရခွင့်ရှိသူ၊ကွယ်လွန်သူ၏အမွေဆက်ခံသူ၊အမွေထိန်း(သို့)သေတမ်းစာအတည်ပြုသူတို့ ဖြစ်ပါသည်။

ထို့ပြင်အမွေမှုများတွင် အကျိုးခံစားခွင့်ရှိသူ မွေးချင်းသားသမီးအားလုံးအား အမှုသည်အဖြစ်ထည့်သွင်း တရားစွဲဆိုရန် လိုအပ်ပါသည်။တရားရုံးမှ အမွေစားအမွေခံအားလုံးမပါဝင်သောအမှုအား ပလပ်ပါသည်။

အမွေပစ္စည်းသည် အမွေဆက်ခံသူမဟုတ်သော အခြားသူတစ်ဦးတစ်ယောက်ထံ ရောက်ရှိသော်လည်း ၎င်းအား အမှုသည်အဖြစ် ထည့်သွင်းတရားစွဲဆို၍ မရပါ။ယင်းသို့သောအကြောင်းအရာတွင် တရားစွဲဆိုလိုပါက ပစ္စည်းလက်ရောက်ရလိုကြောင်းသာ တရားစွဲဆိုသင့်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

အေမြေဝစု ခြဲေဝျခင္း၊အေမြပုံစီမံခန္႔ခြဲျခင္းႏွင့္စပ္လ်ဥ္း၍ သိ႐ွိထားသင့္သည့္ အခ်က္အလက္မ်ား

 

ျမန္မာဗုဒၶဘာသာ၊မဟာေမဒင္မြတ္စလင္မ်ားႏွင့္ ေသတမ္းစာ မေရးဘဲေသဆုံးသြားေသာ ခရစ္ယာန္ အေမြ႐ွင္မ်ား က်န္ရစ္ေသာ အေမြေဝစုအား ရလိုလွ်င္ တရား႐ုံးတြင္ အေမြပုံစီမံခန္႔ခြဲမႈတရားစြဲဆိုရမည္။

အေမြဆိုင္တစ္ဦးသည္ အေမြခြဲေဝရာတြင္ အေမြပုံစီမံခန္႔ခြဲမႈျဖင့္သာ တရားစြဲဆိုႏိုင္ၿပီး အေမြပစၥည္းအား လက္ေရာက္ရလိုျခင္း တရားစြဲဆိုခြင့္မ႐ွိ။ စာရင္း႐ွင္းလင္းေသာအမႈျဖစ္သျဖင့္ ပစၥည္းအားလက္ေရာက္ရလိုေၾကာင္း စြဲဆိုေသာအမႈႏွင့္ျခားနားသည္။

အေမြဆိုင္မ်ားသည္ ေျမပိုင္ဆိုင္မႈႏွင့္ပတ္သတ္၍ ပူးတြဲအက်ိဳးခံစားကာ ေနထိုင္လာျခင္းမ်ား႐ွိပါက ယင္း ပစၥည္းကို ခြဲေဝေပးေစရန္ တရားစြဲဆိုႏိုင္သည္။

အေမြပုံစီမံခန္႔ခြဲမႈသည္ ပစၥည္းခြဲေဝမႈႏွင့္ ကြဲျပားျခားနားပါသည္။ ပစၥည္းခြဲေဝေပးေစလိုမႈတြင္ အဆိုလႊာကို ျပင္ဆင္၍ အေမြပုံစီမံခန္႔ခြဲမႈျဖင့္ စစ္ေဆးစီရင္ျခင္းမျပဳႏိုင္။ခြဲေဝရမည့္ ပစၥည္းမွာ မေ႐ႊ႕ေျပာင္းႏိုင္ေသာ ပစၥည္း ပါဝင္ေသာ္လည္း အေမြစီမံခန္႔ခြဲေပးေစလိုမႈအရ မေ႐ႊ႕ေျပာင္းႏိုင္ေသာ ပစၥည္းကိုလက္ေရာက္ရလိုေၾကာင္း စြဲဆို ေသာ အမႈမဟုတ္ပါ။

အေမြပစၥည္းအေပၚတြင္ ပူးတြဲပိုင္ဆိုင္သူမ်ားက ႁမြတ္ဟေၾကညာေပးေစလိုမႈ တရားမစြဲဆိုႏိုင္ပါ။

တရား႐ုံးမွ ကြယ္လြန္သူ၏ အေမြ ပစၥည္းအား စီမံကာပစၥည္းမ်ားအား ထိန္းသိမ္းျခင္း၊ ေႂကြးၿမီမ်ားအားေပး ဆပ္ျခင္း၊ ကြယ္လြန္သူ၏ ပစၥည္းမ်ားကို ရလိုေၾကာင္း ေတာင္းဆိုျခင္းမ်ားကို စီစစ္၊ေဆာင္႐ြက္ေပးကာ အေမြဆိုင္ မ်ားကို အေမြခြဲေဝေပးျခင္းျဖစ္ပါသည္။

အေမြပုံစီမံခန္႔ခြဲမႈျဖင့္ တရားစြဲဆိုႏိုင္သူမ်ားမွာ- ကြယ္လြန္သူထံမွ ရရန္႐ွိသည့္ၿမီ႐ွင္၊ေသတမ္းစာအရ အေမြရခြင့္႐ွိသူ၊ကြယ္လြန္သူ၏အေမြဆက္ခံသူ၊အေမြထိန္း(သို႔)ေသတမ္းစာအတည္ျပဳသူတို႔ ျဖစ္ပါသည္။

ထို႔ျပင္အေမြမႈမ်ားတြင္ အက်ိဳးခံစားခြင့္႐ွိသူ ေမြးခ်င္းသားသမီးအားလုံးအား အမႈသည္အျဖစ္ထည့္သြင္း တရားစြဲဆိုရန္ လိုအပ္ပါသည္။တရား႐ုံးမွ အေမြစားအေမြခံအားလုံးမပါဝင္ေသာအမႈအား ပလပ္ပါသည္။

အေမြပစၥည္းသည္ အေမြဆက္ခံသူမဟုတ္ေသာ အျခားသူတစ္ဦးတစ္ေယာက္ထံ ေရာက္႐ွိေသာ္လည္း ၎အား အမႈသည္အျဖစ္ ထည့္သြင္းတရားစြဲဆို၍ မရပါ။ယင္းသို႔ေသာအေၾကာင္းအရာတြင္ တရားစြဲဆိုလိုပါက ပစၥည္းလက္ေရာက္ရလိုေၾကာင္းသာ တရားစြဲဆိုသင့္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service