တို့လမ်းထောင့်က ကွမ်းယာသည်

တို့လမ်းထောင့်က ကွမ်းယာသည် - Property Knowledge in Myanmar from iMyanmarHouse.com
4 May 2023 2:58 pm တွင် တင်ခဲ့သည်
1325 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

လူဆိုတာ အစွဲအလမ်းတွေနဲ့ တယ်မကင်းကြပါဘူး။မကင်းဘူးလို့ဘဲ ဒက်ထိပြောရမှာပါ။ ဘာတွေစွဲလမ်းကြတာလဲဆိုတော့ တချို့ကိစ္စတွေက မယ်မယ်ရရ ရယ်လို့ သိပ်မဟုတ်တဲ့ကိစ္စတွေမှာ စွဲလမ်းမှုတွေ များနေကြတာ တွေ့ရပါတယ်။

လက်ဖက်ရည်စွဲတယ်။ကော်ဖီစွဲတယ်။အရက်စွဲတယ်။ဆေးလိပ်စွဲတယ်။ကွမ်းစွဲတယ်ဆိုတဲ့ကိစ္စတွေမှာ စွဲလမ်းမှု ပိုများနေကြတာကို ပိုတွေ့ရတယ်။။ဒီလိုဘဝမှာမလိုအပ်တဲ့ မယ်မယ်ရရ မဟုတ်တဲ့ ကိစ္စတွေမှာ စွဲလမ်းပြီး လောကကြီးကနေ စောစောစီးစီးထွက်ခွာသွားကြတဲ့သူတွေ အများသားကလား။

လူတွေအတော်မျာများဟာ ကိုယ်စွဲလမ်းရာ ကိစ္စလေးတွေကို အဓိကအလုပ်ကြီးတစ်ခုလို သဘောထားပြီး နေ့စဉ်လုပ်နေမိတတ်တယ်။ကော်ဖီလေးမှ မသောက်ရရင် ခြေမကိုင်မိလက်မကိုင်မိလောက်အောင်ကို ဖြစ်တတ်ကြတယ်မို့လား။

မနက်စောစော လက်ဖက်ရည်လေးတစ်ခွက်လောက် သောက်ထားပါမှ ကျန်တဲ့တစ်နေ့လုံး အလုပ်လုပ်ရတာ အဆင်ပြေတဲ့လူတွေရှိကြတယ်။

တချို့ကြတော့လည်း စွဲလမ်းမှုက တစ်ခုတည်းတောင်မဟုတ်ပါဘဲလား။အနဲဆုံးသုံးခုလောက်တော့ စွဲနေကြတယ်။ကွမ်းရယ်၊အရက်ရယ်၊ဆေးလိပ်ရယ်ပေါ့။တော်တော်များများ ဒီသုံးခုလောက်တော့ စွဲနေတာ တွေ့ရတယ်။

အရင်တုန်းက (စက်ဆန်း)မီးရထားတံတားဘောင်အလုပ်ရုံက ဝန်ထမ်းတစ်ဦးကိုတွေ့ဖူးတယ်။မိုးလင်းတာနဲ့ အရက်ဆိုင်ကို ရောက်လာတယ်။အရက်ဆိုင်တွေဆိုတာကလည်း အဲဒီစက်ရုံဝင်းထိပ်နားမှာတင် မနဲပါလား။ အရက်တစ်ခွက်မှာသောက်တယ်။ပြီးတော့တံတွေးလေးကို ပစ်ကနဲထွေးပြီး ဆေးလိပ်ကလေးလက်ကြားညှပ် ကွမ်းလေးငုံလို့ထွက်သွားတယ်။သုံးမျိုးစပ် အာနိသင်စွဲလမ်းမှုလို့ခေါ်ရမှာပေါ့။ သူဟာ ရေဆာတိုင်း အရက်ကလေး တစ်ခွက် မှာသောက်တယ်။ အသွေးအသားထဲကနေ စွဲလမ်းနေတာ ဘယ်လောက်တောင် ဖြစ်လည်းဆိုတော့ ခန္ဓာကိုယ်နဲ့လက်တွေဟာ တုန်တုန်ရင်ရင် ဖြစ်နေတာကိုကြည့်ရင် သိနိုင်ပါတယ်။ အရက်လေးတစ်ခွက်လောက်ဝင်သွားမှ ငြိမ်သွားတာကိုတွေ့ရတယ်။

အခုလည်းသုံးမျိုးစပ်အာနိသင်နဲ့ တစ်ယောက်တော့ရှောသွားပြန်ပြီ။သူကကျွန်တော်တို့လမ်းထိပ်က ကွမ်းယာရောင်းတဲ့သူ။

သူကကွမ်းတစ်ယာကို ငါးဆယ်နဲ့ရောင်းတယ်။ငါးရာဖို့ဆို ဆယ့်သုံးယာပေးတယ်။သူယာတာကို ကြိုက်တဲ့သူ များတယ်။သူယာတာကို အာတွေ့စွဲလမ်းတဲ့သူတွေက ကွမ်းကို သူယာမှဝယ်စားကြတာပေါ့။ ကျွန်တော်တို့ ကုမ္ပဏီနဲ့ အခြားကုမ္ပဏီက ကွမ်းကြိုက်သူတွေဟာ သူ့ဆီက လပေးဝယ်စားကြပါတယ်။ လကုန်လို့ ကွမ်းဖို့ရှင်းကြပြီဆိုရင် ငါးသောင်း၊ခြောက်သောင်းအထက်မှာ ရှင်းကြရတာကို တွေ့ရတယ်။

သူ့ရဲ့ကွမ်းယာဆိုင် အလုပ်ကလေးကလည်း အကျိုးပေးပါတယ်။ သူ့ဝင်ငွေဟာ ကျွန်တော်တို့ ကုမ္ပဏီဝန်ထမ်း တွေရဲ့ ဝင်ငွေထက်သာပါတယ်။ကားရှိတယ် တိုက်ခန်းရှိတယ်။မိန်းမနဲ့ ကလေးသုံးယောက်ရှိတယ်။

ဒီကွမ်းယာရောင်းတဲ့လုပ်ငန်းလေးကို သေသေချာချာ ဂရုတစိုက်သာလုပ်ကိုင်မယ်ဆိုရင် သူမှာပိုင်ဆိုင်မှုတွေ များလာနိုင်တာပေါ့။တချို့ကွမ်းယာဆိုင်တွေဆိုရင် ဝန်ထမ်းတွေတောင် ခေါ်ထားရတာကိုတွေ့ရတယ်။ သူ့ဆိုင်လေးကတော့ သူကိုတိုင်ပဲရောင်းနေတာတွေ့ရတယ်။

သူကလည်း သုံးမျိုးစပ်အာနိသင် စွဲလမ်းမှုလေးနဲ့ ပုဂ္ဂိုလ်ပါ။သူယာတဲ့ကွမ်းသူကြိုက်သလို အရက်နဲ့ ဆေးလိပ်ဟာလည်းတွဲဖက်လို့ပေါ့။အရင်ကနဲ့မတူဘဲ သူ့ရုပ်ဟာ အလျင်အမြန်ပဲပြောင်းလာတာကို သတိထားမိတယ်။ သူ့အသက်ဟာငယ်သေးပါတယ်။ရှိလှ လေးဆယ်ဝန်းကျင်ပေါ့။ဒါပေမဲ့ အသက်နဲ့ရုပ်ဟာ သုံးမျိုးစပ်အာနိသင်ကြောင့်ပဲ ထင်ပါတယ်။ အရွယ်ဟာအကျမြန်သွားတာကိုတွေ့ရတယ်။

သူင်္ကြန်ရက်အတွင်းကလည်း ကွမ်းယာဆိုင်ဖွင့်ထားပြီး မူပြီးအိပ်ပျော်နေတာကိုပဲတွေ့နေရတယ်။ သင်္ကြန်ပြီးတဲ့နောက် ကွမ်းယာဆိုင်ကို ဗီနိုင်းနဲ့အုပ်ထားပြီး ပက်လက်ကုလားထိုင်မှာ အဆန့်သားပေါ့။

သူ့ကွမ်းကို စားနေကျ ကျွန်တော့တို့အလုပ်က ညီငယ်တစ်ယောက်က သူသေသွားပြီဆိုတဲ့အကြောင်း ပြောလာပါတယ်။

ကျွန်တော်တွက်ဆထားသလိုပါပဲ။လူတွေအတွက် အကျိုးမဖြစ်တဲ့ အစွဲအလမ်းတွေကို များများစွဲလမ်းလွန်းသူ တွေ၊သုံးမျိုးစပ်တွေ လေးမျိုးစပ်တွေ စွဲလမ်းသူတွေ၊အထိန်းအကွပ် အတိုင်းအဆမရှိ စွဲလမ်းလွန်းတဲ့သူတွေဟာ သူတို့ရဲ့ နေဝင်ချိန်တွေဟာ အလွန်ကိုစောနေတာကိုတွေ့ရခြင်းပါပဲ။

ဒီတော့ ဘာမှမဟုတ်တဲ့ အစွဲအလမ်း လေးတွေကနေ တန်ဖိုးရှိတဲ့ လူ့အသက်တွေ မြန်မြန်ကြွေနေတာတွေဟာ သတိတော့ ကပ်ကြဖို့ကောင်းတာပေါ့။ကျွန်တော်တို့ အလုပ်မှာ ခေါက်ဆွဲခြောက်တွေ၊ကောဖီမစ်တွေထား ပေးထားပါတယ်။ကျွန်တော်လည်း ကော်ဖီကြိုက်တဲ့စွဲလမ်းတဲ့သူတစ်ယောက်ပါပဲ။ဒါပေမဲ့ မနက်တစ်ထုပ် ညနေတစ်ထုပ်လောက်သာ သောက်ဖြစ်တယ်။အကျိုးသိပ်မများတဲ့ စွဲလမ်းမှုအတွက် သတိထားရခြင်းပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

တို႔လမ္းေထာင့္က ကြမ္းယာသည္

 

လူဆိုတာ အစြဲအလမ္းေတြနဲ႔ တယ္မကင္းၾကပါဘူး။မကင္းဘူးလို႔ဘဲ ဒက္ထိေျပာရမွာပါ။ ဘာေတြစြဲလမ္းၾကတာလဲဆိုေတာ့ တခ်ိဳ႕ကိစၥေတြက မယ္မယ္ရရ ရယ္လို႔ သိပ္မဟုတ္တဲ့ကိစၥေတြမွာ စြဲလမ္းမႈေတြ မ်ားေနၾကတာ ေတြ႕ရပါတယ္။

လက္ဖက္ရည္စြဲတယ္။ေကာ္ဖီစြဲတယ္။အရက္စြဲတယ္။ေဆးလိပ္စြဲတယ္။ကြမ္းစြဲတယ္ဆိုတဲ့ကိစၥေတြမွာ စြဲလမ္းမႈ ပိုမ်ားေနၾကတာကို ပိုေတြ႕ရတယ္။။ဒီလိုဘဝမွာမလိုအပ္တဲ့ မယ္မယ္ရရ မဟုတ္တဲ့ ကိစၥေတြမွာ စြဲလမ္းၿပီး ေလာကႀကီးကေန ေစာေစာစီးစီးထြက္ခြာသြားၾကတဲ့သူေတြ အမ်ားသားကလား။

လူေတြအေတာ္မ်ာမ်ားဟာ ကိုယ္စြဲလမ္းရာ ကိစၥေလးေတြကို အဓိကအလုပ္ႀကီးတစ္ခုလို သေဘာထားၿပီး ေန႔စဥ္လုပ္ေနမိတတ္တယ္။ေကာ္ဖီေလးမွ မေသာက္ရရင္ ေျခမကိုင္မိလက္မကိုင္မိေလာက္ေအာင္ကို ျဖစ္တတ္ၾကတယ္မို႔လား။

မနက္ေစာေစာ လက္ဖက္ရည္ေလးတစ္ခြက္ေလာက္ ေသာက္ထားပါမွ က်န္တဲ့တစ္ေန႔လုံး အလုပ္လုပ္ရတာ အဆင္ေျပတဲ့လူေတြ႐ွိၾကတယ္။

တခ်ိဳ႕ၾကေတာ့လည္း စြဲလမ္းမႈက တစ္ခုတည္းေတာင္မဟုတ္ပါဘဲလား။အနဲဆုံးသုံးခုေလာက္ေတာ့ စြဲေနၾကတယ္။ကြမ္းရယ္၊အရက္ရယ္၊ေဆးလိပ္ရယ္ေပါ့။ေတာ္ေတာ္မ်ားမ်ား ဒီသုံးခုေလာက္ေတာ့ စြဲေနတာ ေတြ႕ရတယ္။

အရင္တုန္းက (စက္ဆန္း)မီးရထားတံတားေဘာင္အလုပ္႐ုံက ဝန္ထမ္းတစ္ဦးကိုေတြ႕ဖူးတယ္။မိုးလင္းတာနဲ႔ အရက္ဆိုင္ကို ေရာက္လာတယ္။အရက္ဆိုင္ေတြဆိုတာကလည္း အဲဒီစက္႐ုံဝင္းထိပ္နားမွာတင္ မနဲပါလား။ အရက္တစ္ခြက္မွာေသာက္တယ္။ၿပီးေတာ့တံေတြးေလးကို ပစ္ကနဲေထြးၿပီး ေဆးလိပ္ကေလးလက္ၾကားညႇပ္ ကြမ္းေလးငုံလို႔ထြက္သြားတယ္။သုံးမ်ိဳးစပ္ အာနိသင္စြဲလမ္းမႈလို႔ေခၚရမွာေပါ့။ သူဟာ ေရဆာတိုင္း အရက္ကေလး တစ္ခြက္ မွာေသာက္တယ္။ အေသြးအသားထဲကေန စြဲလမ္းေနတာ ဘယ္ေလာက္ေတာင္ ျဖစ္လည္းဆိုေတာ့ ခႏၶာကိုယ္နဲ႔လက္ေတြဟာ တုန္တုန္ရင္ရင္ ျဖစ္ေနတာကိုၾကည့္ရင္ သိႏိုင္ပါတယ္။ အရက္ေလးတစ္ခြက္ေလာက္ဝင္သြားမွ ၿငိမ္သြားတာကိုေတြ႕ရတယ္။

အခုလည္းသုံးမ်ိဳးစပ္အာနိသင္နဲ႔ တစ္ေယာက္ေတာ့ေ႐ွာသြားျပန္ၿပီ။သူကကြၽန္ေတာ္တို႔လမ္းထိပ္က ကြမ္းယာေရာင္းတဲ့သူ။

သူကကြမ္းတစ္ယာကို ငါးဆယ္နဲ႔ေရာင္းတယ္။ငါးရာဖို႔ဆို ဆယ့္သုံးယာေပးတယ္။သူယာတာကို ႀကိဳက္တဲ့သူ မ်ားတယ္။သူယာတာကို အာေတြ႕စြဲလမ္းတဲ့သူေတြက ကြမ္းကို သူယာမွဝယ္စားၾကတာေပါ့။ ကြၽန္ေတာ္တို႔ ကုမၸဏီနဲ႔ အျခားကုမၸဏီက ကြမ္းႀကိဳက္သူေတြဟာ သူ႕ဆီက လေပးဝယ္စားၾကပါတယ္။ လကုန္လို႔ ကြမ္းဖို႔႐ွင္းၾကၿပီဆိုရင္ ငါးေသာင္း၊ေျခာက္ေသာင္းအထက္မွာ ႐ွင္းၾကရတာကို ေတြ႕ရတယ္။

သူ႕ရဲ႕ကြမ္းယာဆိုင္ အလုပ္ကေလးကလည္း အက်ိဳးေပးပါတယ္။ သူ႕ဝင္ေငြဟာ ကြၽန္ေတာ္တို႔ ကုမၸဏီဝန္ထမ္း ေတြရဲ႕ ဝင္ေငြထက္သာပါတယ္။ကား႐ွိတယ္ တိုက္ခန္း႐ွိတယ္။မိန္းမနဲ႔ ကေလးသုံးေယာက္႐ွိတယ္။

ဒီကြမ္းယာေရာင္းတဲ့လုပ္ငန္းေလးကို ေသေသခ်ာခ်ာ ဂ႐ုတစိုက္သာလုပ္ကိုင္မယ္ဆိုရင္ သူမွာပိုင္ဆိုင္မႈေတြ မ်ားလာႏိုင္တာေပါ့။တခ်ိဳ႕ကြမ္းယာဆိုင္ေတြဆိုရင္ ဝန္ထမ္းေတြေတာင္ ေခၚထားရတာကိုေတြ႕ရတယ္။ သူ႕ဆိုင္ေလးကေတာ့ သူကိုတိုင္ပဲေရာင္းေနတာေတြ႕ရတယ္။

သူကလည္း သုံးမ်ိဳးစပ္အာနိသင္ စြဲလမ္းမႈေလးနဲ႔ ပုဂၢိဳလ္ပါ။သူယာတဲ့ကြမ္းသူႀကိဳက္သလို အရက္နဲ႔ ေဆးလိပ္ဟာလည္းတြဲဖက္လို႔ေပါ့။အရင္ကနဲ႔မတူဘဲ သူ႕႐ုပ္ဟာ အလ်င္အျမန္ပဲေျပာင္းလာတာကို သတိထားမိတယ္။ သူ႕အသက္ဟာငယ္ေသးပါတယ္။႐ွိလွ ေလးဆယ္ဝန္းက်င္ေပါ့။ဒါေပမဲ့ အသက္နဲ႔႐ုပ္ဟာ သုံးမ်ိဳးစပ္အာနိသင္ေၾကာင့္ပဲ ထင္ပါတယ္။ အ႐ြယ္ဟာအက်ျမန္သြားတာကိုေတြ႕ရတယ္။

သူႀကၤန္ရက္အတြင္းကလည္း ကြမ္းယာဆိုင္ဖြင့္ထားၿပီး မူၿပီးအိပ္ေပ်ာ္ေနတာကိုပဲေတြ႕ေနရတယ္။ သႀကၤန္ၿပီးတဲ့ေနာက္ ကြမ္းယာဆိုင္ကို ဗီႏိုင္းနဲ႔အုပ္ထားၿပီး ပက္လက္ကုလားထိုင္မွာ အဆန္႔သားေပါ့။

သူ႕ကြမ္းကို စားေနက် ကြၽန္ေတာ့တို႔အလုပ္က ညီငယ္တစ္ေယာက္က သူေသသြားၿပီဆိုတဲ့အေၾကာင္း ေျပာလာပါတယ္။

ကြၽန္ေတာ္တြက္ဆထားသလိုပါပဲ။လူေတြအတြက္ အက်ိဳးမျဖစ္တဲ့ အစြဲအလမ္းေတြကို မ်ားမ်ားစြဲလမ္းလြန္းသူ ေတြ၊သုံးမ်ိဳးစပ္ေတြ ေလးမ်ိဳးစပ္ေတြ စြဲလမ္းသူေတြ၊အထိန္းအကြပ္ အတိုင္းအဆမ႐ွိ စြဲလမ္းလြန္းတဲ့သူေတြဟာ သူတို႔ရဲ႕ ေနဝင္ခ်ိန္ေတြဟာ အလြန္ကိုေစာေနတာကိုေတြ႕ရျခင္းပါပဲ။

ဒီေတာ့ ဘာမွမဟုတ္တဲ့ အစြဲအလမ္း ေလးေတြကေန တန္ဖိုး႐ွိတဲ့ လူ႕အသက္ေတြ ျမန္ျမန္ေႂကြေနတာေတြဟာ သတိေတာ့ ကပ္ၾကဖို႔ေကာင္းတာေပါ့။ကြၽန္ေတာ္တို႔ အလုပ္မွာ ေခါက္ဆြဲေျခာက္ေတြ၊ေကာဖီမစ္ေတြထား ေပးထားပါတယ္။ကြၽန္ေတာ္လည္း ေကာ္ဖီႀကိဳက္တဲ့စြဲလမ္းတဲ့သူတစ္ေယာက္ပါပဲ။ဒါေပမဲ့ မနက္တစ္ထုပ္ ညေနတစ္ထုပ္ေလာက္သာ ေသာက္ျဖစ္တယ္။အက်ိဳးသိပ္မမ်ားတဲ့ စြဲလမ္းမႈအတြက္ သတိထားရျခင္းပါ။

 

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service