လေပြည်ညင်းတို့ဝင်ထွက်ရာ ချစ်စရာပြတင်းတံခါးလေး
လေပြည်ညင်းတို့ဝင်ထွက်ရာ ချစ်စရာပြတင်းတံခါးလေး - Property Knowledge in Myanmar from iMyanmarHouse.com
25 Apr 2023 4:38 pm တွင် တင်ခဲ့သည်
918 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
အိမ်တစ်အိမ်မှာ ပြတင်းတံခါးလေးတွေဟာ မရှိမဖြစ်အရေးပါတဲ့အရာလေးတွေဖြစ်ပါတယ်။ပူအိုက်လှတဲ့ နွေရာသီမှာ လေပြည်လေညင်းလေးတွေဝင်ထွက်သွားလာရာ ဂိတ်တံခါးဝလေးတစ်ခုဖြစ်သလို နွေးထွေးတဲ့နေရောင်ခြည်နဲ့အလင်းရောင်ကိုလည်း ဆောင်ကျဉ်းပေးပါသေးတယ်။ပြတင်းတံခါးလေးတွေက တစ်ဆင့် အပြင်လောကမှာဖြစ်ပေါ်နေတဲ့အဖြစ်အပျက်တွေ၊ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့အလှတရားတွေ ကို ဖောက်ထွင်းကြည့်မြင်ခံစားနိုင်တာကြောင့် ပြတင်းတံခါးလေးတွေဟာ မိမိအိမ်တွင်းနဲ့အပြင်လောကကို ချိတ်ဆက်ပေးထားတဲ့ ပေါင်းကူးတံတားလေးတွေလို့ဆိုရင်လည်း မမှားပါဘူး။
ရိုးရိုးလေးနဲ့အဓိပ္ပာယ်ရှိလှတဲ့ ပေါင်းကူးတံတားလေးတွေကို ပိုပြီးချစ်စရာကောင်းသွားစေဖို့အတွက် ဒီလိုနည်းလမ်းလေးတွေနဲ့ လွယ်ကူရိုးရှင်းစွာ အလှဆင်လို့ရပါတယ်။
လှပကျော့ရှင်း ဇာပြတင်း
ပြတင်းတံခါးမှာ အဖြူရောင်၊ အဝါရောင်၊ အပြာရောင် စတဲ့အရောင်ဖျော့ဖျော့ဇာပါးစလေးတွေကို လိုက်ကာအဖြစ်အသုံးပြုပြီး လှပကျော့ရှင်းတဲ့ ပါးပါးလှလှဇာပြတင်းတံခါးလေးကို ဖန်တီးလို့ရပါတယ်။
ဖန်ပုလင်းလေးတွေစီစီရီရီ
အသုံးမလိုတော့တဲ့ ဖန်ပုလင်းတွေဟာ အလှဆင်တဲ့နေရာမှာ တကယ့်ကို အသုံးဝင်လှပါတယ်။ ဖန်ပုလင်းတွေကို လှတပတဆေးသုတ်ပြီး အထဲမှာပန်းပွင့်လေးတွေထိုးစိုက်ကာ ပြတင်းပေါက်ဘောင်မှာ စီတန်းထားမယ်ဆိုရင် အမြင်တစ်မျိုးနဲ့ဆန်းသစ်လှပနေမှာသေချာပါတယ်။
ရောင်စုံချည်ဘောလုံးလေးများ
သိုးမွှေးထိုးရတာဝါသနာပါတဲ့သူတွေ အကြိုက်တွေ့စေမယ့်နည်းလမ်းတစ်ခုကတော့ သိုးမွှေးချည်နဲ့အလွယ်တကူ ပြုလုပ်လို့ရတဲ့ ချည်ဘောလုံးလိုက်ကာလေးနဲ့ ပြတင်းပေါက်ကို အလှဆင်တာပါ။ရောင်စုံချည်ဘောလုံးလေးတွေချိတ်ဆွဲထားတဲ့ ပြတင်းတံခါးလေးကို သဘောမကျတဲ့သူရှိမှာမဟုတ်ပါဘူး။
ပြတင်းပေါက်ဘောင်ပေါ်က အသေးစားဥယျာဉ်လေး
ပြတင်းပေါက်ကိုအလှဆင်တဲ့အခါမှာ အပင်လေးတွေကလည်းအရေးပါတဲ့နေရာကပါဝင်ပါတယ်။ ပြတင်းပေါက်ဘောင်ပေါ်မှာ နေရာလွတ်ရှိတယ်ဆိုရင် သစ်သားပြားလေးနဲ့အကန့်လေးတစ်ကန့်ပြုလုပ်ပြီး မြေဆွေးအနည်းငယ်ထည့်ကာ Succulent လိုအပင်သေးသေးလေးတွေ စိုက်ပျိုးကြည့်ပါ။စိမ်းစိမ်းစိုစိုအပင် သေးသေးလေးတွေနဲ့ အသေးစားဥယျာဉ်လေးက စိတ်ကိုပျော်ရွှင်ကြည်နူးစေပါလိမ့်မယ်။
ပြတင်းမှာခိုနား ရောင်စုံလိပ်ပြာလေးများ
ရောင်စုံစက္ကူလေးတွေနဲ့ ကိုယ်တိုင်ပြုလုပ်လို့ရတဲ့ လိပ်ပြာလေးတွေကလည်း ပြတင်းတံခါလေးကို အရိုးရှင်းဆုံးလှပစေမယ့် အဆင်တန်ဆာတစ်ခုပါ။စက္ကူလိပ်ပြာလေးတွေကိုကြိုးနဲ့သီပြီး ပြတင်းပေါက်မှာချိတ်ဆွဲထားမယ်ဆိုရင် လေတိုက်လိုက်တိုင်းလူးလွန့်ပျံသန်းနေတဲ့လိပ်ပြာလေးတွေနဲ့ ပြတင်းတံခါးလေးကလှနေမှာ အသေအချာပါ။
ဒီနေ့မှာဆိုရင်တော့ မိမိအိမ်ကပြတင်းတံခါးလေးတွေကို အလှဆင်လို့ရတဲ့နည်းလမ်းလေးအချို့ကိုမျှဝေပေး ခဲ့တာဖြစ်ပါတယ်။အပန်းလည်းမကြီးဘဲ လွယ်လွယ်ကူကူပြုလုပ်လို့ရတာကြောင့် အချိန်ရရင် ချစ်စရာပြတင်းတံခါးလေးတစ်ခုဖန်တီးကြည့်ပါလို့ အကြံပြုလိုက်ပါတယ်နော်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Ref : ideastand.com
Photo Credit: ideastand.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Ref : ideastand.com
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service