မွေးရနံ့ သင်းပျံ့စွာ လှပလွန်းတဲ့ ပန်းဝရံတာ
မွေးရနံ့ သင်းပျံ့စွာ လှပလွန်းတဲ့ ပန်းဝရံတာ - Property Knowledge in Myanmar from iMyanmarHouse.com
23 Apr 2023 1:21 pm တွင် တင်ခဲ့သည်
3655 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
တိုက်တာကွန်ဒိုများပြားလှတဲ့ ရန်ကုန်မြို့ပြကြီးမှာ နွေရာသီအတွင်း ခိုလှုံနားရာ ဗိမာန်လေးတစ်ခုကတော့ ဝရံတာလှလှလေးပါပဲ။ နွေရာသီရဲ့ညချမ်းအချိန်အခါလေးမှာ တိုးဝှေ့လာတဲ့ လေရူးလေးနဲ့အတူပန်းရနံ့လေးများပါ တွဲလျှက်ပါစေဖို့ ပန်းဝရံတာလေးတစ်ခု အတူတကွ ဖန်တီးလိုက်ရအောင်နော်။ ဒီတစ်ခေါက်မှာတော့ တောက်ပလွန်းလှတဲ့နေရောင်ခြည်အောက် ဝင့်ကြွားနုငယ်နေတဲ့ပန်းဝရံတာလေးဖြစ်ဖို့အတွက် ဝရံတာမှာ ရွေးချယ်စိုက်ပျိုးသင့်တဲ့ လွယ်ကူလှပ ပန်းအမျိုးအစားများကို စုစည်းတင်ဆက်လိုက်ပါတယ်နော်။
ဟိုအစ်ကိုကြီးရဲ့ မခင်နှင်းဆီ....
လေဒီတို့ရဲ့ ဝရံတာလေး ဂန္တဝင်ဆန်ဆန် လှပစေချင်တယ်ဆိုရင်တော့ နှင်းဆီပန်းအလှလေးများကို ဂရုတစ်စိုက်နဲ့စိုက်ပျိုးထားသင့်ပါတယ်။ နှင်းဆီမျိုးစိတ်များပြားလှတဲ့ မြန်မာနိုင်ငံမှာ နှင်းဆီပန်းပျိုးဖို့ဆိုတာ လေဒီတို့ထင်တာထက်ပိုပြီးလွယ်ကူတယ်နော်။
နှင်းဆီဖြူ၊ နီ၊ ပန်းနု၊ အဝါ ကြိုက်နှစ်သက်တဲ့အရောင်ကို ရွေးချယ်စိုက်ပျိုးနိုင်ပြီး အပွင့်ပွင့်တဲ့အခါမှာ ဘုရားပန်းအနေနဲ့ ကပ်လှူပူဇော်နိုင်တဲ့အတွက် လေဒီတို့ရဲ့ဝရံတာမှာစိုက်ပျိုးသင့်တဲ့ ထိပ်ဆုံးကပန်းလေးကို ပြောပါဆိုရင်တော့ နှင်းဆီပန်းလေးပဲဖြစ်ပါတယ်ရှင်။
အမျိုးစုံလှ အို... ရွက်လှ...
အရွက်မှာ လှ တဲ့ ရွက်လှပန်းများကို ဝရံတာမှာ အလှစိုက်ပျိုးထားနိုင်ပါတယ်။ စိုက်ပျိုးရာမှာ မြေမရွေးတဲ့အတွက် လွယ်ကူလွန်းပြီး နွေမိုးဆောင်းလှပဝင့်ထည်ကာ ရာသီဥတုဒဏ်ကိုလည်း ခံနိုင်ရည်ရှိပါတယ်။
အနီ၊ အဝါ အရောင်အသွေးစုံလှပလွန်းတဲ့ ရွက်လှပန်းများကို ဝရံတာမှာစိုက်ပျိုးထားမယ်ဆိုရင်တော့ ဝရံတာလေးဟာ အေးချမ်းလှပနေမှာအမှန်ပါပဲနော်။
လေဒီတို့ရဲ့ ဝရံတာ လာဗင်ဒါနဲ့ အလှဆင်ပါ...
နေ ကျရာ ဝရံတာလေးမှာ နေရောင်ခြည်ကြိုက်လွန်းတဲ့ လာဗင်ဒါပန်းလေးများ စိုက်ပျိုးပြီးဝရံတာအလှကို ဖြည့်စွက်လိုက်ပါ။
ဝရံတာမှာစိုက်ပျိုးထားတဲ့ လာဗင်ဒါပန်းများဟာ ညအချိန်မှာ မွှေးသင်းတဲ့ လာဗင်ဒါအနံ့လေးများကို ထုတ်လွှင့်ပေးနိုင်တာကြောင့် စိတ်ဖိစီးမှုများကို လျော့ပါးစေနိုင်ပြီး ကောင်းမွန်တဲ့ အိပ်စက်ညလေး ဖြစ်စေနိုင်ပါတယ်။
မွှေးပျံ့လွန်းတဲ့ ဇီဇဝါ ...
ပွင့်တော့ အဖြူ၊ နွမ်းလျသွားရင်တော့ အဝါရောင်ပြောင်းသွားတတ်တဲ့ ဇီဇဝါပန်းလေးများဟာ နွမ်းသွားသည့်တိုင် မွှေးရနံ့ပျက်ပြယ်သွားခြင်းမရှိပါဘူးနော်။ လျှို့ဝှက်အချစ်လို့ အဓိပ္ပာယ်သက်ရောက်တဲ့ ဇီဇဝါပန်းလေးကို ကိုယ်ချစ်တဲ့မိန်းကလေးကို ရည်ညွှန်းပြီးလက်ဆောင်ပေးနိုင်ပါတယ်။ ဇီဇဝါပန်းများကို ဝရံတာမှာ စိုက်ပျိုးထားမယ်ဆိုရင်တော့ မွေးပျံ့လှပလွန်းတဲ့ ဝရံတာလေးကို ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်ရှင့်။
ဒီကနေ့မှာတော့ အိမ်တွင်းအိမ်ပြင်အလှဆင်ခြင်းကို ဝါဿနာပါတဲ့ လေဒီတို့ ဘေဘီတို့အတွက် ဝရံတာမှာစိုက်ပျိုးနိုင်တဲ့ပန်းမျိုးစိတ်လေးများကို တင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်ရှင့်။ မွေးပျံ့လှပတဲ့ ဝရံတာလေးတစ်ခုကိုပိုင်ဆိုင်နိုင်ပါစေနော်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service