ကျွန်မအကြောင်းနဲ့ ကျွန်မပါပဲ

ကျွန်မအကြောင်းနဲ့ ကျွန်မပါပဲ - Property Knowledge in Myanmar from iMyanmarHouse.com
6 Apr 2023 1:34 pm တွင် တင်ခဲ့သည်
678 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ချစ်တယ်မချစ်ဘူးဆိုတာထက် လောကမှာ အရေးကြီးဆုံးဖြစ်တဲ့ ပိုက်ဆံတွေကို တောင်ပုံရာပုံ ပေးထားနိုင်လို့ကတော့ ဘယ်လိုလူကြီး ဖြစ်နေနေ အောင့်ပြီးနမ်းလို့ရတယ်လေ။

လောကမှာ ပိုက်ဆံမရှိလို့သာ အဆင်မပြေဖြစ်နေကြတာပါ။ချစ်တယ်မုန်းတယ်ဆိုတာ တကယ်တော့ ဘာမှမဟုတ်ပါဘူး။

ပိုက်ဆံသာရှိကြည့်လိုက်ပါ။မချစ်ပါဘူးဆိုတဲ့သူတွေ၊မုန်းနေတဲ့သူတွေတောင် ချစ်လာရစမြဲမို့လား။

ဘယ်သူတွေဘာပြော လူတွေဟာကိုယ်အကြောင်းနဲ့ ကိုယ်ပါပဲ။ကိုယ့်အခြေအနေ တင့်တယ်သွားဖို့က အဓိကမို့လား။ဒီတော့ အရွယ်ကောင်းလေးကို ရောင်းစားတော့ ဘဝအခြေတင့်ဖို့ မြိုးမြိုးမြတ်မြတ်လေး ရတာပေါ့။

အချစ်ကြောင့်တော့ ဘဝရှေ့ရေးဆိုတာ သိပ်သေချာလှတာမဟုတ်ဘူးလေ။

လူတွေကတော့ ပြောကြမယ်လေ ငွေမက်တဲ့မိန်းမဆိုပြီးပေါ့။သူများမိသားစု ခွဲတဲ့မိန်းမပေါ့ ဆိုပြီး ပြောကြမှာ မသိတာမှ မဟုတ်ဘဲ။ သိတယ်လေ။ ကျွန်မသိပ်ကို သိတာပေါ့။ဒါပေမဲ့ ကိုယ့်အကြောင်းနဲ့ ကိုယ်ပဲလေ။

သူများလေသံ ဂရုစိိုက်နေရင် ကျွန်မရဲ့ ဘဝရှေ့ရေးက ဒီလိုအခြေအနေထိ ရောက်လာဖို့ဆိုတာ ဘယ်သေချာပါတော့မလဲ။

ကျွန်မက အခုအရွယ်ကောင်းတယ်။လှတယ်တောင့်တယ်၊ဖြောင့်တယ်။ကျွန်မကိုမြင်တဲ့ပုရိသ ပျိုပျိုအိုအိုတွေ ကျွန်မကိုကြည့်ပြီး မပြစ်မှားတဲ့သူမရှိပါဘူး။

ပြစ်မှားခံရတာချင်းအတူတူ ကျွန်မဘဝနောင်ရေး မပူပင်မကြောင့်ကျဖို့က အဓိကမဟုတ်လား။ ကျွန်မမှာ ချစ်သူရှိတယ်လေ။ဒါပေမဲ့ ကျွန်မ သူနဲ့အိမ်ထောင်ပြုချင်မှပြုမှာပေါ့။

ကျွန်မ အခုယူတဲ့ယောက်ျားက ကလေးနှစ်ယောက်အဖေလေ။မယားကြီးငုတ်တုတ်နဲ့ပေါ့။ကျွန်မယူတယ်လေ ဘာဖြစ်လဲ။ ကျွန်မအပြင်မှာရှာရင် မရနိုင်တဲ့ ငွေပမာဏထက် အဆအများကြီးနဲ့ သူကျွန်မကို တင်တောင်းခဲ့တယ်လေ။ ကျွန်မလက်ခံရမှာပေါ့။

ကျွန်မရဲ့ လှပတာတွေ တောင့်ဖြောင်းတာတွေ ဆိုတာ အချိန်အတိုင်းအတာ ရှိတယ်လေ။တန်ဖိုးသိသူက တန်ဖိုးထားလိုက်တယ်လို့ယူဆမိတာပဲ။ဒီအချိန်မှာ ဒီဆုံးဖြတ်ချက်ဟာလည်း ကျွန်မအတွက်တော့ မှန်တယ်လို့ယူဆတာပဲ။ကိုယ့်အကြောင့်နဲ့ ကိုယ်ပဲလေ။

အခုယူလိုက်တဲ့သူကို ချစ်လားဆိုတော့ မချစ်ပါဘူး။သူလည်းကျွန်မကို ချစ်ချင်မှ ချစ်မှာပါ။တဏှာရမ္မက်နဲ့ လိုချင်တယ်လို့ပဲ ထင်ပါတယ်။

ကျွန်မရဲ့ အလှတရားတွေ ပျောက်ဆုံးသွားတဲ့တစ်နေ့၊ကျွန်မအပေါ် သူ့ရဲ့အာသာတွေ ပြေသွားတဲ့တစ်နေ့၊ နောက်ထပ် အဆန်းအသစ်လေးတွေပေါ်လာတဲ့ တစ်နေ့ ပထမ မယားကြီးလိုပဲ ကျွန်မကို သူစွန့်ခွာသွားဦးမှာပဲ။

ဒါကို ကျွန်မတွက်ပြီးသားပါ။လူတွေဟာ ကိုယ့်အကြောင်းနဲ့ကိုယ်ပါ။အာသာဆန္ဒကို ဦးစားပေးတဲ့သူဆိုတာ အာသာဆန္ဒ မပြည့်တဲ့တစ်နေ့ ပြည့်လိမ့်နိုးနဲ့ ရှာဦးမှာပါ။ပေးနိုင်ရင် ရှာပေါ့။

ကျွန်မကလည်း သူ့အာသာဆန္ဒတွေ ကျွန်မအပေါ်ကနေ မြန်မြန်ကုန်ပါစေလို့တောင် ဆုတောင်းနေမိတယ်။ အဲဒီလိုမြန်မြန်စွန့်ခွာသွားမှ ပိုင်ဆိုင်မှုအထုပ်အထည်တွေနဲ့ ကျွန်မလွတ်လွတ်လပ်လပ်နေနိုင်ခွင့်ရမှာပေါ့။ အင်း…ကိုယ့်အတွက် ပိုင်ဆိုင်မှုတွေကိုတော့ သေချာခိုင်မာအောင်တော့ လုပ်ထားရမှာပေါ့လေ။

“အချစ်မပါပဲ မင်္ဂလာဆောင်တယ်ဆိုတာ တရားဥပဒေဘောင်အတွင်းက ပြည့်တန်ဆာလုပ်ငန်းပါပဲ”လို့ ဘားနဒ်ရှောဆိုတဲ့ ပုဂ္ဂိုလ်ကြီးက ဆိုခဲ့ဘူးကြောင်း သိထားပေမယ့် ကိုယ့်အကြောင်းနဲ့ ကိုယ်ပဲလေ….။ ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ကြၽန္မအေၾကာင္းနဲ႔ ကြၽန္မပါပဲ

 

ခ်စ္တယ္မခ်စ္ဘူးဆိုတာထက္ ေလာကမွာ အေရးႀကီးဆုံးျဖစ္တဲ့ ပိုက္ဆံေတြကို ေတာင္ပုံရာပုံ ေပးထားႏိုင္လို႔ကေတာ့ ဘယ္လိုလူႀကီး ျဖစ္ေနေန ေအာင့္ၿပီးနမ္းလို႔ရတယ္ေလ။

ေလာကမွာ ပိုက္ဆံမရွိလို႔သာ အဆင္မေျပျဖစ္ေနၾကတာပါ။ခ်စ္တယ္မုန္းတယ္ဆိုတာ တကယ္ေတာ့ ဘာမွမဟုတ္ပါဘူး။

ပိုက္ဆံသာရွိၾကည့္လုိက္ပါ။မခ်စ္ပါဘူးဆိုတဲ့သူေတြ၊မုန္းေနတဲ့သူေတြေတာင္ ခ်စ္လာရစျမဲမို႔လား။

ဘယ္သူေတြဘာေျပာ လူေတြဟာကိုယ္အေၾကာင္းနဲ႔ ကိုယ္ပါပဲ။ကိုယ့္အေျခအေန တင့္တယ္သြားဖို႔က အဓိကမို႔လား။ဒီေတာ့ အရြယ္ေကာင္းေလးကို ေရာင္းစားေတာ့ ဘဝအေျခတင့္ဖို႔ ၿမိဳးၿမိဳးျမတ္ျမတ္ေလး ရတာေပါ့။

အခ်စ္ေၾကာင့္ေတာ့ ဘဝေရွ႕ေရးဆိုတာ သိပ္ေသခ်ာလွတာမဟုတ္ဘူးေလ။

လူေတြကေတာ့ ေျပာၾကမယ္ေလ ေငြမက္တဲ့မိန္းမဆိုၿပီးေပါ့။သူမ်ားမိသားစု ခြဲတဲ့မိန္းမေပါ့ ဆိုၿပီး ေျပာၾကမွာ မသိတာမွ မဟုတ္ဘဲ။ သိတယ္ေလ။ ကၽြန္မသိပ္ကို သိတာေပါ့။ဒါေပမဲ့ ကိုယ့္အေၾကာင္းနဲ႔ ကိုယ္ပဲေလ။

သူမ်ားေလသံ ဂရုစိုိက္ေနရင္ ကၽြန္မရဲ႕ ဘဝေရွ႕ေရးက ဒီလိုအေျခအေနထိ ေရာက္လာဖို႔ဆိုတာ ဘယ္ေသခ်ာပါေတာ့မလဲ။

ကၽြန္မက အခုအရြယ္ေကာင္းတယ္။လွတယ္ေတာင့္တယ္၊ေျဖာင့္တယ္။ကၽြန္မကိုျမင္တဲ့ပုရိသ ပ်ိဳပ်ိဳအိုအိုေတြ ကၽြန္မကိုၾကည့္ၿပီး မျပစ္မွားတဲ့သူမရွိပါဘူး။

ျပစ္မွားခံရတာခ်င္းအတူတူ ကၽြန္မဘဝေနာင္ေရး မပူပင္မေၾကာင့္က်ဖို႔က အဓိကမဟုတ္လား။ ကၽြန္မမွာ ခ်စ္သူရွိတယ္ေလ။ဒါေပမဲ့ ကၽြန္မ သူနဲ႔အိမ္ေထာင္ျပဳခ်င္မွျပဳမွာေပါ့။

ကၽြန္မ အခုယူတဲ့ေယာက်္ားက ကေလးႏွစ္ေယာက္အေဖေလ။မယားႀကီးငုတ္တုတ္နဲ႔ေပါ့။ကၽြန္မယူတယ္ေလ ဘာျဖစ္လဲ။ ကၽြန္မအျပင္မွာရွာရင္ မရႏိုင္တဲ့ ေငြပမာဏထက္ အဆအမ်ားႀကီးနဲ႔ သူကၽြန္မကို တင္ေတာင္းခဲ့တယ္ေလ။ ကၽြန္မလက္ခံရမွာေပါ့။

ကၽြန္မရဲ႕ လွပတာေတြ ေတာင့္ေျဖာင္းတာေတြ ဆိုတာ အခ်ိန္အတိုင္းအတာ ရွိတယ္ေလ။တန္ဖိုးသိသူက တန္ဖိုးထားလိုက္တယ္လို႔ယူဆမိတာပဲ။ဒီအခ်ိန္မွာ ဒီဆုံးျဖတ္ခ်က္ဟာလည္း ကၽြန္မအတြက္ေတာ့ မွန္တယ္လို႔ယူဆတာပဲ။ကိုယ့္အေၾကာင့္နဲ႔ ကိုယ္ပဲေလ။

အခုယူလိုက္တဲ့သူကို ခ်စ္လားဆိုေတာ့ မခ်စ္ပါဘူး။သူလည္းကၽြန္မကို ခ်စ္ခ်င္မွ ခ်စ္မွာပါ။တဏွာရမၼက္နဲ႔ လိုခ်င္တယ္လို႔ပဲ ထင္ပါတယ္။

ကၽြန္မရဲ႕ အလွတရားေတြ ေပ်ာက္ဆုံးသြားတဲ့တစ္ေန႔၊ကၽြန္မအေပၚ သူ႔ရဲ႕အာသာေတြ ေျပသြားတဲ့တစ္ေန႔၊ ေနာက္ထပ္ အဆန္းအသစ္ေလးေတြေပၚလာတဲ့ တစ္ေန႔ ပထမ မယားႀကီးလိုပဲ ကၽြန္မကို သူစြန္႔ခြာသြားဦးမွာပဲ။

ဒါကို ကၽြန္မတြက္ၿပီးသားပါ။လူေတြဟာ ကိုယ့္အေၾကာင္းနဲ႔ကိုယ္ပါ။အာသာဆႏၵကို ဦးစားေပးတဲ့သူဆိုတာ အာသာဆႏၵ မျပည့္တဲ့တစ္ေန႔ ျပည့္လိမ့္ႏိုးနဲ႔ ရွာဦးမွာပါ။ေပးႏိုင္ရင္ ရွာေပါ့။

ကၽြန္မကလည္း သူ႔အာသာဆႏၵေတြ ကၽြန္မအေပၚကေန ျမန္ျမန္ကုန္ပါေစလို႔ေတာင္ ဆုေတာင္းေနမိတယ္။ အဲဒီလိုျမန္ျမန္စြန္႔ခြာသြားမွ ပိုင္ဆိုင္မႈအထုပ္အထည္ေတြနဲ႔ ကၽြန္မလြတ္လြတ္လပ္လပ္ေနႏိုင္ခြင့္ရမွာေပါ့။ အင္း…ကိုယ့္အတြက္ ပိုင္ဆိုင္မႈေတြကိုေတာ့ ေသခ်ာခိုင္မာေအာင္ေတာ့ လုပ္ထားရမွာေပါ့ေလ။

“အခ်စ္မပါပဲ မဂၤလာေဆာင္တယ္ဆိုတာ တရားဥပေဒေဘာင္အတြင္းက ျပည့္တန္ဆာလုပ္ငန္းပါပဲ”လို႔ ဘားနဒ္ေရွာဆိုတဲ့ ပုဂၢိဳလ္ႀကီးက ဆိုခဲ့ဘူးေၾကာင္း သိထားေပမယ့္ ကိုယ့္အေၾကာင္းနဲ႔ ကိုယ္ပဲေလ….။ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service