မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများအနေဖြင့် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများအနေဖြင့် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
1 Apr 2023 3:17 pm တွင် တင်ခဲ့သည်
1111 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီသည် နိုင်ငံတော်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးရေး လုပ်ကိုင်ရန်ဖြစ်စေ၊ မွေးမြူရေး လုပ်ကိုင်ရန် သို့မဟုတ် ဓာတ်သတ္တုထုတ်လုပ်ခြင်း ဆောင်ရွက်ရန် သို့မဟုတ် အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ရန်အလို့ငှာ ခွင့်ပြုနိုင်သည်။ ယင်းကဲ့သို့ ခွင့်ပြုချက် ရရှိထားသူသည် ‌အောက်ဖော်ပြပါ စည်းကမ်းချက်များကို လိုက်နာရမည်- (၁) ခွင့်ပြုသည့်နေ့မှ စ၍ လေးနှစ်အတွင်း ပထမနှစ်တွင် ၁၅ % ၊ ဒုတိယနှစ်တွင် ၃၀ %၊ တတိယ နှစ်တွင် ၃၀ % နှင့် စတုတ္ထနှစ်တွင် ၂၅ % ပြီးစီးသည်အထိ ဆောင်ရွက် လုပ်ကိုင်ရမည်။ သို့ရာတွင် အဆိုပါ ခွင့်ပြုချက်သည် ဓာတ်သတ္တုလုပ်ငန်း ထုတ်လုပ်ရန်ဖြစ်ပါက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းသတ်မှတ်သည့် ကာလအတွင်း လုပ်ငန်းပြီးစီးသည်အထိ ဖော်ထုတ် လုပ်ကိုင်ရမည်။ (၂) ခွင့်ပြုထားသည့် လုပ်ငန်းအမျိုးအစားမှတပါး မြေပေါ် မြေအောက်ရှိ အခြားသယံဇာတ များကို တူးဖော်ခြင်း၊ အမှန်တကယ် စိုက်ပျိုးရေးလုပ်ဆောင်ခြင်းမရှိဘဲ တောခုတ်၊ တောရှင်းခြင်းများကို လုပ်ဆောင်၍ မရပါ။ (၃) သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်စေ၊ တည်ငြိမ်အေးချမ်းမှုမရှိသော အခြေအနေ တစ်ရပ်ရပ်ကြောင့်ဖြစ်စေ သတ်မှတ်ထားသော ကာလအတွင်း လုပ်ငန်းပြီးစီးခြင်းမရှိပါက သက်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီ၏ ထောက်ခံချက်ဖြင့် ဗဟိုကော်မတီသို့ တင်ပြရမည်။ (၄) အကယ်၍ ဓာတ်သတ္တုတူးဖော်ခြင်းလုပ်ငန်းအတွက် လုပ်ပိုင်ခွင့်ရရှိထားခြင်းဖြစ်ပါက မူလက ခွင့်ပြုထားသည့် သတ္တုအမျိုးအစားမဟုတ်သည့် အခြားသတ္တုအမျိုးအစားကို တူး‌ဖော်တွေ့ရှိပါက ဆက်လက်တူးဖော်ခြင်းမပြုဘဲ ဗဟိုကော်မတီသို့ ချက်ချင်းတင်ပြရမည်။ (၅) လုပ်ငန်းဆောင်ရွက်နေစဉ်ကာလအတွင်း သယံဇာတပစ္စည်းများနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ တွေ့ရှိပါက ခွင့်ပြုထားသည့်မြေဧရိယာအနက်မှ နိုင်ငံတော်မှ စီးပွားဖြစ်ထုတ်လုပ်ရန်နှင့် ထိန်းသိမ်းရန် လိုအပ်မည့်ဧရိယာကို ပြန်လည်အပ်နှံရမည်။ (၆) လုပ်ပိုင်ခွင့်ပြုသည့် မြေဧရိယာတွင် နိုင်ငံတော်မှ လေယာဉ်ကွင်းများ၊ လမ်းမကြီးများ၊ မီးရထားလမ်းများကဲ့သို့သော စီမံကိန်းများ သို့မဟုတ် အထူးစီမံကိန်းများ ဆောင်ရွက်ရန် လိုအပ်ပါက လိုအပ်မည့်မြေဧရိယာကို ပြန်လည်အပ်နှံရမည်။ (၇) ခွင့်ပြုထားသည့်မြေဧရိယာတွင် ဆက်လက် လုပ်ကိုင်နိုင်ခြင်း သို့မဟုတ် အသုံးပြုနိုင်ခြင်း မရှိပါက ခွင့်ပြုချက်ထုတ်ပေးထားသည့် သက်ဆိုင်ရာ ကော်မတီသို့ ပြန်လည် အပ်နှံရမည်။၏

(၈) ခွင့်ပြုသက်တမ်းကာလ ကုန်ဆုံးပြီးပါက မူလခွင့်ပြုချက် ရရှိထားသူသည် သက်တမ်းတိုး ရန် လျှောက်ထားခြင်း မရှိလျှင်ဖြစ်စေ၊ ထပ်မံ သက်တမ်းတိုးခွင့် မရရှိလျှင်ဖြစ်စေ ခွင့်ပြုပေးခဲ့သည့် မြေဧရိယာကို သက်ဆိုင်ရာ ကော်မတီသို့ ပြန်လည်အပ်နှံရမည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]


 





 



နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service