သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...

သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ... - Property Knowledge in Myanmar from iMyanmarHouse.com
2 Apr 2023 2:32 pm တွင် တင်ခဲ့သည်
875 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အိမ်ခြံမြေဥပဒေအသိ တိုးပွားစေဖို့ရာရည်ရွယ်လျှက် သိကောင်းရာအိမ်ခြံမြေဥပဒေအမေးအဖြေများကို iMyanmarHouse.com မှ အပတ်စဉ်တင်ဆက်ပေးလျှက်ရှိနေပါတယ်။ ဒီအပတ်မှာလည်း iMyanmarHouse.com ဆီသို့ ပေးပို့လာကြတဲ့ အမေးအများဆုံး အိမ်ခြံမြေဥပဒေ အမေးအဖြေသုံးခု ကိုတင်ဆက်ပေးလိုက်ပါတယ်။

မေးခွန်း (၁) - နိုင်ငံခြားမှ ပေးပို့သော ကိုယ်စားလှယ်လွှဲစာနဲ့ပတ်သက်ပြီး ဘာတွေ သိထားဖို့ လိုအပ်မလဲ ?

အဖြေ (၁) - သက်သေခံအက်ဥပဒေပုဒ်မ ၈၅-တွင် နိုတြီပဗ္ဗလစ် (သို့) တရားမ တရားသူကြီး၊ ရာဇဝတ်တရားသူကြီး၊ ဗြိတိသျှ ကောင်စစ်ဝန် သို့မဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ကိုယ်စားပြုသူရှေ့မှောက်တွင် ချုပ်ဆို၍ ၎င်းက မှန်ကန်ကြောင်း၊ လက်မှတ်ရေးထိုးထားသောကိုယ်စားလှယ်လွှဲစာများသည် မှန်ကန်ကြောင်း သက်သေခံ စာရွက် စာတမ်းဖြစ်သည်ဟုပြဌာန်းထားပါသည်။ ထို့ကြောင့် နိုင်ငံခြားမှ ပေးပို့လာသော ကိုယ်စားလှယ်လွှဲစာများသည်သက်သေခံအက်ဥပဒေ ပုဒ်မ ၈၅ နှင့်ညီညွတ်ရန် လိုအပ်ပါသည်။ယင်းကဲ့သို့ နိုင်ငံခြားမှ လွှဲအပ်သည့် ကိုယ်စားလှယ်လွဲအပ်သူသည် သက်ရှိထင်ရှားရှိရန်နှင့်မြန်မာနိုင်ငံသားအဖြစ် ခံယူထားသူဖြစ်ရန် လိုအပ်ပါသည်။ ကိုယ်စားလှယ်လွှဲအပ်ထားသည့် ကာလသည်နှစ်အတော်အတန် ကြာမြင့်သွား ပါက ယင်းအချက်များကို သက်သေပြရန် တာဝန်ရှိလာပါသည်။အဆိုပါအချက်ကို မှန်ကန်ကြောင်း သက်သေ ထင်ရှားစေရန် ကိုယ်စားလှယ်လွှဲစာများတွင်ကိုယ်စားလှယ်လွှဲသူ၏ ပတ်ပိုစ့်နံပါတ်နှင့် ဗီဇာသက်တမ်းများကို ဖော်ပြ ပေးရခြင်း ဖြစ်ပါသည်။

 

မေးခွန်း (၂) - နှစ်(၉၀) ဂရန်က သက်တမ်းကုန်သွားခဲ့ရင် ဘယ်လိုဆက်လုပ်ရမည်နည်း ?

အဖြေ (၂) - ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နမိတ်အတွင်း နှစ်သက်တမ်းအပိုင်းအခြားအလိုက်ထုတ်ပေးထားသော မြေငှားဂရန်စာချုပ်များအား သက်တမ်းကုန်ဆုံးရန် ၃လအလိုကြိုတင်လျှောက်ထားရမည်။ မြေငှားဂရန်ကို သက်တမ်းတိုးပေးရန် လျှောက်ထားသည့်အခါအမည်ပေါက်(သို့) စာချုပ်စာတမ်းဖြင့် လွှဲပြောင်းလက်ခံသူ (သို့) တရားရုံးမှ အမိန့်ဖြင့် ရောင်းချမှုအရလက်ခံရရှိသူတို့က မြေငှားဂရန်မူရင်းတင်ပြပြီး လျှောက်ထားနိုင်ပါသည်။အမည်ပေါက်တစ်ဦးသေဆုံးသွားပါက သေဆုံးကြောင်း အထောက်အထားများ ကျမ်းကျိန်လွှာနှင့်တကွကျန် အမည်ပေါက်မှ ဆက်လက် လျှောက်ထားနိုင်ပါသည်။ ဌာနမှ သက်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေး ကတ်ပြား၊ သက်တမ်းကုန်ဂရန်နှင့် အမည်ပေါက်ပိုင်သူ မဟုတ်ပါက ပိုင်ဆိုင်မှု စာချုပ်စာတမ်း(သို့) တရားရုံး စီရင်ချက် ဒီဂရီနှင့် နောက်ဆုံးပေး ဆောင်ထားသည့် မြေခွန်ပြေစာ မူရင်းတို့ဖြင့် လျှောက်ထားရမည်။ ဂရန်သစ် လျှောက် ထားစဉ်က ကဲ့သို့ပင် စီစစ်ပြီး သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေ၍ မြေငှားဂရန် စာချုပ်အား ထုတ်ပေးပါသည်။ သက်တမ်းကုန်ဆုံးသော ဂရန်အားပြန်လည်အပ်နှံ ရမည်ဖြစ်ပြီး ဂရန်ပျောက်ဆုံး နေပါက သတ်မှတ် ဒဏ်ကြေးငွေ ပေးဆောင်ရမည်။ သက်တမ်းတိုးမည့် မြေဂရန်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း နှင့်မြေစီမံခန့်ခွဲမှုဌာနတွင် လျှောက်ထားရပါမည်။ ဂရန်သက်တမ်းတိုးလျှောက်ထားမည့်သူသည် လျှောက်ထားသူ၏ မှတ်ပုံတင်မူရင်း/မိတ္တူ၊မူရင်းမြေဂရန်နှင့် ပူးတွဲပါမြေပုံ၊ ပိုင်ဆိုင်ကြောင်းအထောက်အထား ဆက်စပ်စာချုပ်များ၊ မြေခွန်ကြွေးကျန်ကင်းရှင်းကြောင်း ထောက် ခံချက် (နောက်ဆုံးလ မြေခွန်မိတ္တူ)၊ရပ်ကွက်အတူနေနှစ်ဦး၏ ထောက်ခံချက်၊ ပြင်ဆင်သတ်မှတ်သည့် မြေငှားခ ကို ပေးဆောင်နိုင်ကြောင်းဝန်ခံချက်၊ မြေငှားစာချုပ်ပါ စည်းကမ်းချက်များကို လိုက်နာနိုင်ကြောင်း ဝန်ခံချက်တို့ ဖြင့် ပူးတွဲလျှောက်ထားရမည်။ ဌာနမှ ကြေညာစာ (၂)စောင်ထုတ်ပေးသည့်အခါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့တွင် သတ်မှတ်ရက်အတိုင်း ကပ်ထားပေးရပါမည်။ မြေရာဇဝင်တွင် ကန့်သတ်ချက် မရှိပါက အမှုတွဲအား ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဂရန်သက်တမ်းထပ်မံတိုးမြှင့်ပေးမည် ဖြစ်ပါသည်။

 

မေးခွန်း (၃) - ပိုင်ဆိုင်မှု အမည်ပေါက်ထားသော လူသည် သူ၏ General Power ကို လူဦးရေ မည်မျှ ထိပေးလို့ ရနိုင်ပါသလဲ။ မိသားစုမဟုတ်သော အခြားလူကို ပေးအပ်ထားခြင်း ရှိမရှိ မည်သို့ သိနိုင်ပါသလဲ ?

အဖြေ (၃) - မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့်စပ်လျဉ်း၍ အထူးကိုယ်စားလှယ်လွှဲအပ်ပါက လူတစ်ဦးအား တစ်ကြိမ်သာ လွှဲအပ်နိုင်ပါသည်။ သို့သော် အထွေထွေ ကိုယ်စားလှယ်လွှဲစာနှင့်စပ်လျဉ်း၍ လူဦးရေကန့်သတ်ထားခြင်း မရှိပါ။မရွှေ့မပြောင်းနိုင်သော ပစ္စည်းများအတွက် ကိုယ်စားလှယ်လွှဲစာပေးအပ်ခြင်းသည် အဆိုပါပစ္စည်းများနှင့်စပ်လျဉ်း ၍ မိမိကိုယ်စား ဆောင်ရွက်ခွင့်ပြုခြင်း ဖြစ်ပါပြီး လွှဲအပ်ခြင်းခံရသူအနေဖြင့် လွှဲအပ်ထားသည့် ဥပစာအတွက်သာ ဆောင်ရွက်နိုင်ပါသည်။ မရွှေ့မပြောင်းနိုင်သော ပစ္စည်းအား ပိုင်ဆိုင်သူအနေဖြင့် မည်သည့် ကိုယ်စားလှယ်လွှဲစာ အမျိုးအစားဖြင့် လွှဲအပ်မည်ကို ရွေးချယ်ဆောင်ရွက်နိုင်ပါသည်။ ယေဘုယျအားဖြင့် အထွေထွေ ကိုယ်စားလှယ်လွှဲစာအား မိမိကိုယ်စား ကိစ္စများအားလုံးကို ဆောင်ရွက်နိုင်ရန်အလို့ငှာ ပေးအပ်လေ့ရှိပါသည်။ကိစ္စအားလုံး အတွက် အထွေထွေ ဆောင်ရွက်နိုင်ရန်ပေးအပ်ထားသည့် ကိုယ်စားလှယ်လွှဲအပ်ခြင်းဖြစ်သောကြောင့် လွှဲအပ်နိုင်သည့် လူဦးရေအား ကန့်သတ်ထားခြင်း မရှိသော်လည်း လူတစ်ဦးအားတစ်ကြိမ်သာ လွှဲအပ်နိုင်ပါသည်။ သို့သော် အဆိုပါ အထွေထွေကိုယ်စားလှယ်လွှဲစာအားမိသားစုဝင်မဟုတ်သော အခြားပုဂ္ဂိုလ်များကိုလဲ လွှဲအပ်နိုင် ပါသည်။ အဆိုပါကိုယ်စားလှယ်လွှဲစာများသည် စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် လွှဲပြောင်းမှသာ တရားဝင်သည့်အတွက် လွှဲအပ်ခဲ့သည့် စာချုပ်အမှတ်နှင့် ခုနှစ်ကို စစ်ဆေးကြည့်ရှုနိုင်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါရစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

သိမွတ္စရာ အိမ္ျခံေျမဥပေဒ အျဖာျဖာ...

 

အိမ္ျခံေျမဥပေဒအသိ တိုးပြားေစဖို႔ရာရည္႐ြယ္လွ်က္ သိေကာင္းရာအိမ္ျခံေျမဥပေဒအေမးအေျဖမ်ားကို iMyanmarHouse မွ အပတ္စဥ္တင္ဆက္ေပးလွ်က္႐ွိေနပါတယ္။ ဒီအပတ္မွာလည္း iMyanmarHouse ဆီသို႔ ေပးပို႔လာၾကတဲ့ အေမးအမ်ားဆုံး အိမ္ျခံေျမဥပေဒ အေမးအေျဖသုံးခု ကိုတင္ဆက္ေပးလိုက္ပါတယ္။

ေမးခြန္း (၁) - ႏိုင္ငံျခားမွ ေပးပို႔ေသာ ကိုယ္စားလွယ္လႊဲစာနဲ႔ပတ္သက္ၿပီး ဘာေတြ သိထားဖို႔ လိုအပ္မလဲ ?

အေျဖ (၁) - သက္ေသခံအက္ဥပေဒပုဒ္မ ၈၅-တြင္ ႏိုႀတီပဗၺလစ္ (သို႔) တရားမ တရားသူႀကီး၊ ရာဇဝတ္တရားသူႀကီး၊ ၿဗိတိသွ် ေကာင္စစ္ဝန္ သို႔မဟုတ္ ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္၏ ကိုယ္စားျပဳသူေ႐ွ႕ေမွာက္တြင္ ခ်ဳပ္ဆို၍ ၎က မွန္ကန္ေၾကာင္း၊ လက္မွတ္ေရးထိုးထားေသာကိုယ္စားလွယ္လႊဲစာမ်ားသည္ မွန္ကန္ေၾကာင္း သက္ေသခံ စာ႐ြက္ စာတမ္းျဖစ္သည္ဟုျပဌာန္းထားပါသည္။ ထို႔ေၾကာင့္ ႏိုင္ငံျခားမွ ေပးပို႔လာေသာ ကိုယ္စားလွယ္လႊဲစာမ်ားသည္သက္ေသခံအက္ဥပေဒ ပုဒ္မ ၈၅ ႏွင့္ညီၫြတ္ရန္ လိုအပ္ပါသည္။ယင္းကဲ့သို႔ ႏိုင္ငံျခားမွ လႊဲအပ္သည့္ ကိုယ္စားလွယ္လြဲအပ္သူသည္ သက္႐ွိထင္႐ွား႐ွိရန္ႏွင့္ျမန္မာႏိုင္ငံသားအျဖစ္ ခံယူထားသူျဖစ္ရန္ လိုအပ္ပါသည္။ ကိုယ္စားလွယ္လႊဲအပ္ထားသည့္ ကာလသည္ႏွစ္အေတာ္အတန္ ၾကာျမင့္သြား ပါက ယင္းအခ်က္မ်ားကို သက္ေသျပရန္ တာဝန္႐ွိလာပါသည္။အဆိုပါအခ်က္ကို မွန္ကန္ေၾကာင္း သက္ေသ ထင္႐ွားေစရန္ ကိုယ္စားလွယ္လႊဲစာမ်ားတြင္ကိုယ္စားလွယ္လႊဲသူ၏ ပတ္ပိုစ့္နံပါတ္ႏွင့္ ဗီဇာသက္တမ္းမ်ားကို ေဖာ္ျပ ေပးရျခင္း ျဖစ္ပါသည္။

 

ေမးခြန္း (၂) - ႏွစ္(၉၀) ဂရန္က သက္တမ္းကုန္သြားခဲ့ရင္ ဘယ္လိုဆက္လုပ္ရမည္နည္း ?

အေျဖ (၂) - ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး နယ္နမိတ္အတြင္း ႏွစ္သက္တမ္းအပိုင္းအျခားအလိုက္ထုတ္ေပးထားေသာ ေျမငွားဂရန္စာခ်ဳပ္မ်ားအား သက္တမ္းကုန္ဆုံးရန္ ၃လအလိုႀကိဳတင္ေလွ်ာက္ထားရမည္။ ေျမငွားဂရန္ကို သက္တမ္းတိုးေပးရန္ ေလွ်ာက္ထားသည့္အခါအမည္ေပါက္(သို႔) စာခ်ဳပ္စာတမ္းျဖင့္ လႊဲေျပာင္းလက္ခံသူ (သို႔) တရား႐ုံးမွ အမိန္႔ျဖင့္ ေရာင္းခ်မႈအရလက္ခံရ႐ွိသူတို႔က ေျမငွားဂရန္မူရင္းတင္ျပၿပီး ေလွ်ာက္ထားႏိုင္ပါသည္။အမည္ေပါက္တစ္ဦးေသဆုံးသြားပါက ေသဆုံးေၾကာင္း အေထာက္အထားမ်ား က်မ္းက်ိန္လႊာႏွင့္တကြက်န္ အမည္ေပါက္မွ ဆက္လက္ ေလွ်ာက္ထားႏိုင္ပါသည္။ ဌာနမွ သက္မွတ္ပုံစံႏွင့္အတူ ႏိုင္ငံသားစီစစ္ေရး ကတ္ျပား၊ သက္တမ္းကုန္ဂရန္ႏွင့္ အမည္ေပါက္ပိုင္သူ မဟုတ္ပါက ပိုင္ဆိုင္မႈ စာခ်ဳပ္စာတမ္း(သို႔) တရား႐ုံး စီရင္ခ်က္ ဒီဂရီႏွင့္ ေနာက္ဆုံးေပး ေဆာင္ထားသည့္ ေျမခြန္ေျပစာ မူရင္းတို႔ျဖင့္ ေလွ်ာက္ထားရမည္။ ဂရန္သစ္ ေလွ်ာက္ ထားစဥ္က ကဲ့သို႔ပင္ စီစစ္ၿပီး သတ္မွတ္ဝန္ေဆာင္ခေပးသြင္းေစ၍ ေျမငွားဂရန္ စာခ်ဳပ္အား ထုတ္ေပးပါသည္။ သက္တမ္းကုန္ဆုံးေသာ ဂရန္အားျပန္လည္အပ္ႏွံ ရမည္ျဖစ္ၿပီး ဂရန္ေပ်ာက္ဆုံး ေနပါက သတ္မွတ္ ဒဏ္ေၾကးေငြ ေပးေဆာင္ရမည္။ သက္တမ္းတိုးမည့္ ေျမဂရန္ကို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပစီမံကိန္း ႏွင့္ေျမစီမံခန္႔ခြဲမႈဌာနတြင္ ေလွ်ာက္ထားရပါမည္။ ဂရန္သက္တမ္းတိုးေလွ်ာက္ထားမည့္သူသည္ ေလွ်ာက္ထားသူ၏ မွတ္ပုံတင္မူရင္း/မိတၱဴ၊မူရင္းေျမဂရန္ႏွင့္ ပူးတြဲပါေျမပုံ၊ ပိုင္ဆိုင္ေၾကာင္းအေထာက္အထား ဆက္စပ္စာခ်ဳပ္မ်ား၊ ေျမခြန္ေႂကြးက်န္ကင္း႐ွင္းေၾကာင္း ေထာက္ ခံခ်က္ (ေနာက္ဆုံးလ ေျမခြန္မိတၱဴ)၊ရပ္ကြက္အတူေနႏွစ္ဦး၏ ေထာက္ခံခ်က္၊ ျပင္ဆင္သတ္မွတ္သည့္ ေျမငွားခ ကို ေပးေဆာင္ႏိုင္ေၾကာင္းဝန္ခံခ်က္၊ ေျမငွားစာခ်ဳပ္ပါ စည္းကမ္းခ်က္မ်ားကို လိုက္နာႏိုင္ေၾကာင္း ဝန္ခံခ်က္တို႔ ျဖင့္ ပူးတြဲေလွ်ာက္ထားရမည္။ ဌာနမွ ေၾကညာစာ (၂)ေစာင္ထုတ္ေပးသည့္အခါ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးႏွင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး႐ုံးတို႔တြင္ သတ္မွတ္ရက္အတိုင္း ကပ္ထားေပးရပါမည္။ ေျမရာဇဝင္တြင္ ကန္႔သတ္ခ်က္ မ႐ွိပါက အမႈတြဲအား ဆက္လက္ေဆာင္႐ြက္ေပးမည္ျဖစ္ၿပီး ဂရန္သက္တမ္းထပ္မံတိုးျမႇင့္ေပးမည္ ျဖစ္ပါသည္။

ေမးခြန္း (၃) - ပိုင္ဆိုင္မႈ အမည္ေပါက္ထားေသာ လူသည္ သူ၏ General Power ကို လူဦးေရ မည္မွ် ထိေပးလို႔ ရႏိုင္ပါသလဲ။ မိသားစုမဟုတ္ေသာ အျခားလူကို ေပးအပ္ထားျခင္း ႐ွိမ႐ွိ မည္သို႔ သိႏိုင္ပါသလဲ ?

အေျဖ (၃) - မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းမ်ားႏွင့္စပ္လ်ဥ္း၍ အထူးကိုယ္စားလွယ္လႊဲအပ္ပါက လူတစ္ဦးအား တစ္ႀကိမ္သာ လႊဲအပ္ႏိုင္ပါသည္။ သို႔ေသာ္ အေထြေထြ ကိုယ္စားလွယ္လႊဲစာႏွင့္စပ္လ်ဥ္း၍ လူဦးေရကန္႔သတ္ထားျခင္း မ႐ွိပါ။မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းမ်ားအတြက္ ကိုယ္စားလွယ္လႊဲစာေပးအပ္ျခင္းသည္ အဆိုပါပစၥည္းမ်ားႏွင့္စပ္လ်ဥ္း ၍ မိမိကိုယ္စား ေဆာင္႐ြက္ခြင့္ျပဳျခင္း ျဖစ္ပါၿပီး လႊဲအပ္ျခင္းခံရသူအေနျဖင့္ လႊဲအပ္ထားသည့္ ဥပစာအတြက္သာ ေဆာင္႐ြက္ႏိုင္ပါသည္။ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းအား ပိုင္ဆိုင္သူအေနျဖင့္ မည္သည့္ ကိုယ္စားလွယ္လႊဲစာ အမ်ိဳးအစားျဖင့္ လႊဲအပ္မည္ကို ေ႐ြးခ်ယ္ေဆာင္႐ြက္ႏိုင္ပါသည္။ ေယဘုယ်အားျဖင့္ အေထြေထြ ကိုယ္စားလွယ္လႊဲစာအား မိမိကိုယ္စား ကိစၥမ်ားအားလုံးကို ေဆာင္႐ြက္ႏိုင္ရန္အလို႔ငွာ ေပးအပ္ေလ့႐ွိပါသည္။ကိစၥအားလုံး အတြက္ အေထြေထြ ေဆာင္႐ြက္ႏိုင္ရန္ေပးအပ္ထားသည့္ ကိုယ္စားလွယ္လႊဲအပ္ျခင္းျဖစ္ေသာေၾကာင့္ လႊဲအပ္ႏိုင္သည့္ လူဦးေရအား ကန္႔သတ္ထားျခင္း မ႐ွိေသာ္လည္း လူတစ္ဦးအားတစ္ႀကိမ္သာ လႊဲအပ္ႏိုင္ပါသည္။ သို႔ေသာ္ အဆိုပါ အေထြေထြကိုယ္စားလွယ္လႊဲစာအားမိသားစုဝင္မဟုတ္ေသာ အျခားပုဂၢိဳလ္မ်ားကိုလဲ လႊဲအပ္ႏိုင္ ပါသည္။ အဆိုပါကိုယ္စားလွယ္လႊဲစာမ်ားသည္ စာခ်ဳပ္စာတမ္းမ်ား မွတ္ပုံတင္႐ုံးတြင္ လႊဲေျပာင္းမွသာ တရားဝင္သည့္အတြက္ လႊဲအပ္ခဲ့သည့္ စာခ်ဳပ္အမွတ္ႏွင့္ ခုႏွစ္ကို စစ္ေဆးၾကည့္႐ႈႏိုင္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါရေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service