အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ... - Property Knowledge in Myanmar from iMyanmarHouse.com
26 Feb 2023 1:44 pm တွင် တင်ခဲ့သည်
921 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
အိမ်ခြံမြေလောကဝယ် ဥပဒေအသိကြွယ်စေဖို့ရာ မှတ်သားဖွယ် အိမ်ခြံမြေဥပဒေအမေးအဖြေများကို အပတ်စဉ်တနင်္ဂနွေနေ့ ည ၇ နာရီတိုင်း  iMyanmarHouse.com  မှတင်ဆက်ပေးလျှက်ရှိနေပါတယ်။ ဒီတစ်ပတ်မှာတော့ iMyanmarHouse.com သို့ပေးပို့လာတဲ့ အမေးအများဆုံးမေးခွန်းတွေထဲက အဆောက်အဦးပြီးစီးကြောင်းလက်မှတ် (BCC) မရသေးသော တိုက်ခန်းကို ဝယ်ယူနေထိုင်လျှင် ဘယ်လိုပြဿနာဖြစ်နိုင်ပါသလဲ ဆိုတဲ့ မေးခွန်းအပါအဝင် မေးခွန်းသုံးခုကို ဖြေကြားပေးသွားမှာဖြစ်ပါတယ်။
မေးခွန်း (၁) - ဘိုးဘွားပိုင်မြေကွက်ကို ဝယ်ယူမည်ဆိုလျှင် မည်သည့်စာရွက်စာတမ်းများကို တောင်းယူရန် လိုအပ်ပါသလဲ ?
အဖြေ (၁) - ဘိုးဘွားပိုင်မြေကွက်ဝယ်ယူလိုပါက ဘိုးဘွားဘီဘင်လက်ထက်ကတည်းက ပိုင်ဆိုင် နေထိုင်လာခဲ့သည့် အမည်ပေါက်ထံမှ တိုက်ရိုက်ဝယ်ယူနိုင်ပါက ပို၍ခိုင်မာမှုရှိပါသည်။ ဘိုးဘွားပိုင်အမည်ပေါက်မှာ သက်ရှိထင်ရှားမရှိတော့သည့်အပြင် ၎င်း၏ တရားဝင်အမွေဆက်ခံသူများကို ရှာဖွေ၍ မရပါက တရားရုံးတွင် ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးစေလိုမှုဖြင့် ဦးတိုက် လျှောက်ထား တရားစွဲဆိုရမည် ဖြစ်ပါသည်။
ထို့ကြောင့် ဘိုးဘွားပိုင်မြေဝယ်ယူလိုပါက အမည်ပေါက်မှ အစပြု၍ ရောင်းချခဲ့သော ရောင်းသူဝယ်သူ အဆင့်ဆင့်တို့၏ အရောင်းအဝယ် စာချုပ်စာတမ်းများအဆင့်ဆင့်တို့ကို ကွင်းဆက်မပြတ်စေပဲ ဝယ်ယူ ၍ ရောင်းချသူထံမှ မြေနှင့်ပက်သက်၍ အထူးကိုယ်စားလှယ်လွှဲစာ(သို့) အထွေထွေကိုယ်စားလှယ်လွှဲစာ လွှဲပြောင်းရယူထားရမည်ဖြစ်ပြီး ဝယ်ယူစဉ်ကပင်စပြီး တရားဝင်အမည်ပေါက်အဖြစ် ဆောင်ရွက် ထားသင့်ပါကြောင်း အကြံပြုလိုက်ရပါသည်။
မေးခွန်း (၂) - အိမ်ခြံဝယ်ယူလိုပါက မည်သည့်စာရွက်စာတမ်းများကို ရောင်းသူထံမှ တောင်းယူရန် ဘယ်လိုဆောင်ရွက်ရမလဲ ?
အဖြေ (၂) - အိမ်ခြံမြေဝယ်ယူမည်ဆိုပါက - ဝယ်ယူမည့်မြေသည် မည်သည့်မြေအမျိုးအစားဆိုတာ ကနဦးသိရှိရပါမယ်။ ဂရန်မြေဖြစ်ပါက စည်ပင်/ထွေအုပ်မည်သည့်ဌာနတွင် တရားဝင်အမည်ပေါက်ဆောင်ရွက်ထားမှုရှိမရှိ၊ အမည်ပေါက်က ရောင်းချခြင်းဟုတ်/မဟုတ် စစ်ဆေးစုံစမ်းရပါမည်။ ကနဦးမူလပိုင်ရှင် အမည်ပေါက်(FIRST OWNER) ထံမှ ဝယ်ယူခဲ့ကြသူများ အဆင့်ဆင့်မှန်သမျှ အဆက်မပြတ်စေပဲ ချုပ်ဆိုလာသည့် အရောင်းအဝယ် စာချုုပ်စာတမ်းစုံလင်ရပါမည်။
စာချုပ်ချုပ်ဆိုပြီးသည့်နောက် ရောင်းချသူထံမှ အထူးကိုယ်စားလှယ်လွှဲစာ (SPECIAL POWER OF ATTORNEY ) များလွှဲအပ်ဆောင်ရွက်ခိုင်းမှသာလျှင် နောက်ဆုံးဝယ်ယူသူအနေဖြင့် မိမိဝယ်ယူထားသော မြေကွက်နှင့်အဆောက်အဦးကို တရားဝင်မှတ်ပုံတင်စာချုပ်ချုပ်ဆိုနိုင်မည်ဖြစ်သည်။ စာရွက်စာတမ်းစုံလင်စွာ ပါရှိ/မပါရှိသည်ကို ဦးစွာစစ်ဆေးပြီးမှသာ ဝယ်ယူသင့်ပြီး မိမိနားမလည်ပါက တတ်ကျွမ်းသောရှေ့နေရှေ့ရပ်များ ဖြင့် စစ်ဆေးဆောင်ရွက်စေလိုပါသည်။
မေးခွန်း (၃) - အဆောက်အဦးပြီးစီးကြောင်းလက်မှတ် (BCC) မရသေးသော တိုက်ခန်းကို ဝယ်ယူနေထိုင်လျှင် ဘယ်လိုပြဿနာဖြစ်နိုင်ပါသလဲ။
အဖြေ (၃) - BCC မရှိသည့် အဆောက်အဦးတွင် နေထိုင်သည်ကို စစ်ဆေးတွေ့ရှိပါက ရန်ကုန်မြို့တော်စည်ပင် သာယာရေးဥပဒေ ပုဒ်မ- (၃၁၂)(င)အရ နေ့စဉ် ဒဏ်ငွေကျပ် တစ်သောင်းမှ ငါးသောင်းအထိ ချမှတ်ခံရမှာ ဖြစ်ပါသည်။
အဆောက်အဦသက်တမ်းတစ်ခု ရှိနေသော်လည်း BCC မရသေးသည်မှာ အခွန်ဆောင်ရမည်ကို မဆောင်လိုခြင်း၊ အဆောက်အဦးသည် သက်မှတ်အရည်အသွေးမပြည့်ဝခြင်း၊ သက်မှတ်ထားသည့် အဆောက်အဦပုံစံနှင့်ကွဲလွဲခြင်း စသည့် အားနည်းချက်များရှိနေနိုင်သည့်အတွက် ဝယ်ယူမည်ဆိုလျှင် အရေးယူခံရနိုင်ခြင်းများ၊ အဆောက်အဦးမှာ အရည်အသွေးပြည့်မီခြင်း မရှိသောကြောင့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်ပါက အန္တရာယ်ရှိနိုင်ခြင်း၊ နောင်တစ်ချိန် ပြန်လည်ရောင်းချသည့်အခါတွင် အခက်အခဲရှိနိုင်ခြင်း စသည်တို့ကို ကြုံတွေ့ရနိုင်ကြောင်း ရှင်းလင်းအကြုံပြုအပ်ပါသည်။
လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.. မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။
မေးခွန်းပေးပို့ရန် Link ➡ https://www.imyanmarhouse.com/property-questions-answers-ask
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service