လူမှုကွန်ရက်တွင် မိမိ၏ ဖွားဖက်တော်ကို ထုတ်ပြလိုက်သော Motley Crue ရော့ခ်ဂီတအဖွဲ့မှ ဒရမ်သမား တွမ်မီလီ၏ စံအိမ်

လူမှုကွန်ရက်တွင် မိမိ၏ ဖွားဖက်တော်ကို ထုတ်ပြလိုက်သော Motley Crue ရော့ခ်ဂီတအဖွဲ့မှ ဒရမ်သမား တွမ်မီလီ၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
15 Feb 2023 10:43 am တွင် တင်ခဲ့သည်
727 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီးဖြစ်သော Motley Crue မှ ဒရမ်သမားဖြစ်သူ တွမ်မီလီသည် သူ၏ ကိုယ်တုံးလုံး ရှေ့ပိုင်း selfie ဓာတ်ပုံကို သူ၏ အင်စတာဂရမ်နှင့် ဖေ့စ်ဘုတ်အကောင့်တို့တွင် “Ooooopppsss” ဟု ရေးသားကာ တင်ခဲ့ရာ လူမှုကွန်ရက်အသုံးပြုသူများအကြား ဟိုးလေးတကြော် ဂယက်ရိုက်ခဲ့သည်။

တွမ်မီလီသည် အဆိုပါဓာတ်ပုံတင်ပြီးနောက် တစ်ရက်အတွင်း အင်စတာဂရမ်တွင် follower ၁၀၀,၀၀၀ ခန့် မြင့်တက်သွားခဲ့သည်။

အင်စတာဂရမ်သည် အဆိုပါ ဓာတ်ပုံကို ၄ နာရီခန့်ကြာမှ ဖြုတ်ချခဲ့ခြင်း ဖြစ်သည်။

အင်စတာဂရမ်သည် Facebook ဟု ယခင်က အမည်ပေးခဲ့သော Meta ကုမ္ပဏီက ပိုင်သည့် လူမှုကွန်ရက်တစ်ခုလည်း ဖြစ်သည်။

တွမ်မီလီသည် လူမှုကွန်ရက်တွင် ညစ်ညမ်းပုံများတင်ခြင်း စည်းကမ်းချိုးဖောက်ခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူမခံခဲ့ရပဲ ယခုတိုင် သူ၏အင်စတာဂရမ်အကောင့်မှာ ရှိနေဆဲဖြစ်သည်။

အမေရိကန်သွားရေစာ ကုမ္ပဏီ planters က ကုမ္ပဏီ၏ ကြော်ငြာအမှတ်တံဆိပ်ဖြစ်သော Mr. Peanut လိုဂို အပေါ် အရွှန်းဖောက်ရေးသားမှု ပြိုင်ပွဲတစ်ခု ကျင်းပခဲ့သည်။

ပြိုင်ပွဲဝင်များအနေဖြင့် Mr. Peanut လိုဂို အပေါ် စာလုံးရေ ၂၀၀ ထက်မပိုဘဲ အင်စတာဂရမ်ရှိ MrPeanutofficial Page ၏ ပြိုင်ပွဲ Post အောက်တွင် ကွန်မန့်ရေးသား ဝင်ရောက်ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲဖြစ်ကာ အကောင်းဆုံး ရေးသားနိုင်သူကို ဒေါ်လာ ၁၀၀၀၀ ပေးမည်ဟု ကြေညာထားသည်။

တွမ်မီလီက သူ၏ လိင်တံကို ရိုက်ကူးထားသည့် ဓာတ်ပုံ အင်စတာဂရမ်တွင် တင်ခဲ့ရာ၌ “ဟေး .. MrPeanut.. ငါတို့ လက်တွဲကြမလား..ငါက ဥယူလာမယ်လေ”ဟု ရေးသားကာ တင်ခဲ့ခြင်း ဖြစ်သည်။

(တွမ်မီလီ၏ ဓာတ်ပုံတစ်ပုံ။ တွမ်မီလီသည် သူ၏ ဖွားဖက်တော်ကို လူမှုကွန်ရက်သုံးစွဲသူများကို ပြသရန် အကြောင်းရင်းတစ်ခု အမြဲစဉ်းစားနေဟန်ရှိသည်။ ဓာတ်ပုံ- Credit: AFF / Alamy Stock Photo)

(တွမ်မီလီ တွစ်တာတွင် တင်ခဲ့သော ဓာတ်ပုံ။ ဓာတ်ပုံ- Credit: Twitter/@MrTommyLand )

တွစ်တာသုံးစွဲသူများသည် တွမ်မီ၏ ပိုစ့်ကို တွေ့ပြီးနောက် တုန်လှုပ်ခဲ့ကြရသည်။

တွစ်တာသုံးစွဲသူတစ်ဦးက ရေးသားသည်မှာ “တွမ်မီလီက နည်းနည်းလောက်ကြာတိုင်း သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကို လိုင်းပေါ်တင်နေတော့ လူသားမျိုးနွှယ်တစ်ခုလုံး အထိတ်တလန့်ဖြစ်စေ ပါတယ်”ဟု ရေးသားခဲ့သည်။ အခြားတစ်ဦးက ရေးသားသည်မှာ “မျက်လုံးရှိတာ ကံဆိုးတဲ့နေ့ပဲ”ဟု ဆိုသည်။

တွမ်မီလီသည် ပြီးခဲ့သောနှစ် သြဂုတ်လကလည်း သူ၏ ဖွားဖက်တော်ဓာတ်ပုံကို အင်စတာဂရမ်တွင် တင်ခဲ့ဖူးသည်။

(အွန်လိုင်းတွင် ညစ်ညမ်းပုံများ တင်ခြင်းမှာ တွမ်မီအတွက် အဆန်းမဟုတ်တော့။ ဓာတ်ပုံ- Credit: Instagram/TommyLee)

Motley Crue ၏ ဒရမ်မာ တွမ်မီလီသည် အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၊ ဘရန့်ဝုဒ်အရပ်ရှိ ဂျပန်ဗိသုကာဟန် ခမ်းနားသောစံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၄ ဒသမ ၁၅ သန်းဖြင့် ဝယ်ယူထားခဲ့ခြင်း ဖြစ်သည်။

စံအိမ်အကျယ်အဝန်းမှာ ၄၂၆၆ စတုရန်းပေရှိပြီး အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၃ ခန်း၊ ရေကူးကန်တစ်ကန်၊ မီးလင်းဖိုတို့အပြင် အခြားအရာများစွာ ပါဝင်သည်။

စံအိမ်၏အလှနှင့် ခြံဝန်းအလှတို့မှာ ရေးသားဖော်ပြထားနိုင်သည်များထက် ကျော်လွန်သည်။

တွမ်မီလီသည် ၂၀၀၇ ခုနှစ်ကတည်းက ပိုင်ဆိုင်ထားသော ကာလာဘာဆက်အရပ်ရှိ စံအိမ်ကို ကန်ဒေါ်လာ ၄ ဒသမ ၆ သန်းဖြင့် ရောင်းချရန် ကြိုးစားခဲ့ပြီးနောက်ပိုင်း ယခုစံအိမ်ကို ဝယ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

တွမ်မီရောင်းချရန် စီစဉ်နေသောအိမ်မှာ စတုရန်းပေ ၁၀၀၀၀ နီးပါးရှိကာ ဝယ်ယူလိုက်သောအိမ်မှာ စတုရန်းပေ ၄၃၀၀ ခန့်သာရှိခြင်းလည်း ဖြစ်သည်။

(အခန်းဖွင့် ခင်းကျင်းထားပုံ။ ဓာတ်ပုံ- The Agency)

(ညစာစားနေရာ။ ဓာတ်ပုံ- The Agency)

( ရေချိုးခန်း။   ဓာတ်ပုံ- The Agency)

(ဥယျာဉ်ခန်း။ ဓာတ်ပုံ- The Agency)

(ရေကူးကန်။ ဓာတ်ပုံ- The Agency)

(ကစားကွင်း။ ဓာတ်ပုံ- The Agency)

(Koi ရေကန်။ ဓာတ်ပုံ- The Agency)

(ပန်းဥယျာဉ်များ။ ဓာတ်ပုံ- The Agency)

(စံအိမ်နောက်ဘက်။ ဓာတ်ပုံ- The Agency)

တွမ်မီလီသည် Mötley Crüe အဖွဲ့ကြီးကို ၁၉၈၁ ခုနှစ်တွင် ပူးတွဲတည်ထောင်ခဲ့သူတစ်ဦး ဖြစ်သည်။

ယင်းနောက်ပိုင်း ဆယ်စုနှစ်များအတွင်း Mötley Crüe ဟဲဗီးမက်တယ်အဖွဲ့ကြီးသည် စတူဒီယို အယ်လ်ဘမ် ၉ ခုထုတ်လုပ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ် ချပ်ရေ သန်း ၁၀၀ ကျော် ရောင်းချထားရပြီး ဖြစ်သည်။

၁၉၉၀ ပြည့်လွန်ကာလများအတွင်း တွမ်မီလီသည် ရက်ပ်-ရော့ခ်တေးဂီတဝိုင်း Methods of Mayhem ကိုလည်း တည်ထောင်ခဲ့သည်။

(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)

Mötley Crüe အဖွဲ့ကြီး၏ တေးသီချင်းများကို မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုအများအပြားရှိသည့်အနက် အချို့ကို ဖော်ပြအပ်ပါသည်။

Primal Scream - မျိုးကြီး ကျောက်စာများ

All in the name of Rock N Roll- ဇော်ဝင်းထွဋ် သွေးတိတ်တေး

Five Years Death- ဇော်ထက်ဟန် ထားပစ်ခဲ့

Drift Away- ဖိုးကျော် သူရဲကောင်းပုံပြင်

Girls Girls Girls -ဖိုးကျော် ကွဲလွဲခဲ

Can’t change me- လေးဖြူ အတုံ့ (ကျိန်စာစီးရီးမှ)

(ဆက်စပ်သတင်း)

Motley Crue ရော့ခ်အဖွဲ့ဝင် တွမ်မီနှင့် မင်္ဂလာဦးည လိင်ဆက်ဆံထားသော ဗွီဒီယိုဖိုင် ပေါက်ကြားမှုအပေါ် စိတ်ဒဏ်ရာရနေသူ၊ ၁၂ နှစ်သမီးအရွယ်က မုဒိမ်းကျင့်ခံရဖူးသူ ပန်မလာ အန်ဒါဆန်၏ လော့စ်အိန်ဂျလိ စံအိမ်

https://www.imyanmarhouse.com/news/read/1051976

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: See Inside Tommy Lee’s Luxurious New $4.15 Million Los Angeles Home (latimes, sickchirpse, ladbible)

[Zawgyi]

လူမႈကြန္ရက္တြင္ မိမိ၏ ဖြားဖက္ေတာ္ကို ထုတ္ျပလိုက္ေသာ Motley Crue ေရာ့ခ္ဂီတအဖြဲ႔မွ ဒရမ္သမား တြမ္မီလီ၏ စံအိမ္

ကမၻာေက်ာ္ ေရာ့ခ္ဂီတအဖြဲ႔ၾကီးျဖစ္ေသာ Motley Crue မွ ဒရမ္သမားျဖစ္သူ တြမ္မီလီသည္ သူ၏ ကိုယ္တံုးလံုး ေရွ႕ပိုင္း selfie ဓာတ္ပံုကို သူ၏ အင္စတာဂရမ္ႏွင့္ ေဖ့စ္ဘုတ္အေကာင့္တို႔တြင္ “Ooooopppsss” ဟု ေရးသားကာ တင္ခဲ့ရာ လူမႈကြန္ရက္အသံုးျပဳသူမ်ားအၾကား ဟိုးေလးတေၾကာ္ ဂယက္ရိုက္ခဲ့သည္။

တြမ္မီလီသည္ အဆိုပါဓာတ္ပံုတင္ျပီးေနာက္ တစ္ရက္အတြင္း အင္စတာဂရမ္တြင္ follower ၁၀၀,၀၀၀ ခန္႔ ျမင့္တက္သြားခဲ့သည္။

အင္စတာဂရမ္သည္ အဆိုပါ ဓာတ္ပံုကို ၄ နာရီခန္႔ၾကာမွ ျဖဳတ္ခ်ခဲ့ျခင္း ျဖစ္သည္။

အင္စတာဂရမ္သည္ Facebook ဟု ယခင္က အမည္ေပးခဲ့ေသာ Meta ကုမၸဏီက ပိုင္သည့္ လူမႈကြန္ရက္တစ္ခုလည္း ျဖစ္သည္။

တြမ္မီလီသည္ လူမႈကြန္ရက္တြင္ ညစ္ညမ္းပံုမ်ားတင္ျခင္း စည္းကမ္းခ်ဳိးေဖာက္ခဲ့ေသာ္လည္း တစ္စံုတစ္ရာ အေရးယူမခံခဲ့ရပဲ ယခုတိုင္ သူ၏အင္စတာဂရမ္အေကာင့္မွာ ရွိေနဆဲျဖစ္သည္။

အေမရိကန္သြားေရစာ ကုမၸဏီ planters က ကုမၸဏီ၏ ေၾကာ္ျငာအမွတ္တံဆိပ္ျဖစ္ေသာ Mr. Peanut လိုဂို အေပၚ အရႊန္းေဖာက္ေရးသားမႈ ျပိဳင္ပြဲတစ္ခု က်င္းပခဲ့သည္။

ျပိဳင္ပြဲဝင္မ်ားအေနျဖင့္ Mr. Peanut လိုဂို အေပၚ စာလံုးေရ ၂၀၀ ထက္မပိုဘဲ အင္စတာဂရမ္ရွိ MrPeanutofficial Page ၏ ျပဳိင္ပြဲ Post ေအာက္တြင္ ကြန္မန္႔ေရးသား ဝင္ေရာက္ယွဥ္ျပိဳင္ရမည့္ ျပိဳင္ပြဲျဖစ္ကာ အေကာင္းဆံုး ေရးသားႏိုင္သူကို ေဒၚလာ ၁၀၀၀၀ ေပးမည္ဟု ေၾကညာထားသည္။

တြမ္မီလီက သူ၏ လိင္တံကို ရုိက္ကူးထားသည့္ ဓာတ္ပံု အင္စတာဂရမ္တြင္ တင္ခဲ့ရာ၌ “ေဟး .. MrPeanut.. ငါတို႔ လက္တြဲၾကမလား..ငါက ဥယူလာမယ္ေလ”ဟု ေရးသားကာ တင္ခဲ့ျခင္း ျဖစ္သည္။

(တြမ္မီလီ၏ ဓာတ္ပံုတစ္ပံု။ တြမ္မီလီသည္ သူ၏ ဖြားဖက္ေတာ္ကို လူမႈကြန္ရက္သံုးစြဲသူမ်ားကို ျပသရန္ အေၾကာင္းရင္းတစ္ခု အျမဲစဥ္းစားေနဟန္ရွိသည္။ ဓာတ္ပံု- Credit: AFF / Alamy Stock Photo)

(တြမ္မီလီ တြစ္တာတြင္ တင္ခဲ့ေသာ ဓာတ္ပံု။ ဓာတ္ပံု- Credit: Twitter/@MrTommyLand )

တြစ္တာသံုးစြဲသူမ်ားသည္ တြမ္မီ၏ ပိုစ့္ကို ေတြ႔ျပီးေနာက္ တုန္လႈပ္ခဲ့ၾကရသည္။

တြစ္တာသံုးစြဲသူတစ္ဦးက ေရးသားသည္မွာ “တြမ္မီလီက နည္းနည္းေလာက္ၾကာတိုင္း သူ႔ခႏၶာကိုယ္ အစိတ္အပိုင္းတစ္ခုကို လိုင္းေပၚတင္ေနေတာ့ လူသားမ်ဳိးႏႊယ္တစ္ခုလံုး အထိတ္တလန္႔ျဖစ္ေစ ပါတယ္”ဟု ေရးသားခဲ့သည္။ အျခားတစ္ဦးက ေရးသားသည္မွာ “မ်က္လံုးရွိတာ ကံဆိုးတဲ့ေန႔ပဲ”ဟု ဆိုသည္။

တြမ္မီလီသည္ ျပီးခဲ့ေသာႏွစ္ ၾသဂုတ္လကလည္း သူ၏ ဖြားဖက္ေတာ္ဓာတ္ပံုကို အင္စတာဂရမ္တြင္ တင္ခဲ့ဖူးသည္။

(အြန္လိုင္းတြင္ ညစ္ညမ္းပံုမ်ား တင္ျခင္းမွာ တြမ္မီအတြက္ အဆန္းမဟုတ္ေတာ့။ ဓာတ္ပံု- Credit: Instagram/TommyLee)

Motley Crue ၏ ဒရမ္မာ တြမ္မီလီသည္ အေမရိကန္ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘရန္႔ဝုဒ္အရပ္ရွိ ဂ်ပန္ဗိသုကာဟန္ ခမ္းနားေသာစံအိမ္တစ္လံုးကို ကန္ေဒၚလာ ၄ ဒသမ ၁၅ သန္းျဖင့္ ဝယ္ယူထားခဲ့ျခင္း ျဖစ္သည္။

စံအိမ္အက်ယ္အဝန္းမွာ ၄၂၆၆ စတုရန္းေပရွိျပီး အိပ္ခန္း ၄ ခန္း၊ ေရခ်ဳိးခန္း ၃ ခန္း၊ ေရကူးကန္တစ္ကန္၊ မီးလင္းဖိုတို႔အျပင္ အျခားအရာမ်ားစြာ ပါဝင္သည္။

စံအိမ္၏အလွႏွင့္ ျခံဝန္းအလွတို႔မွာ ေရးသားေဖာ္ျပထားႏိုင္သည္မ်ားထက္ ေက်ာ္လြန္သည္။

တြမ္မီလီသည္ ၂၀၀၇ ခုႏွစ္ကတည္းက ပိုင္ဆိုင္ထားေသာ ကာလာဘာဆက္အရပ္ရွိ စံအိမ္ကို ကန္ေဒၚလာ ၄ ဒသမ ၆ သန္းျဖင့္ ေရာင္းခ်ရန္ ၾကိဳးစားခဲ့ျပီးေနာက္ပိုင္း ယခုစံအိမ္ကို ဝယ္ယူခဲ့ျခင္းလည္း ျဖစ္သည္။

တြမ္မီေရာင္းခ်ရန္ စီစဥ္ေနေသာအိမ္မွာ စတုရန္းေပ ၁၀၀၀၀ နီးပါးရွိကာ ဝယ္ယူလိုက္ေသာအိမ္မွာ စတုရန္းေပ ၄၃၀၀ ခန္႔သာရွိျခင္းလည္း ျဖစ္သည္။

(အခန္းဖြင့္ ခင္းက်င္းထားပံု။ ဓာတ္ပံု- The Agency)

(ညစာစားေနရာ။ ဓာတ္ပံု- The Agency)

(အိပ္ခန္း။ ဓာတ္ပံု- The Agency)

(ဥယ်ာဥ္ခန္း။ ဓာတ္ပံု- The Agency)

(ေရကူးကန္။ ဓာတ္ပံု- The Agency)

(ကစားကြင္း။ ဓာတ္ပံု- The Agency)

(Koi ေရကန္။ ဓာတ္ပံု- The Agency)

(ပန္းဥယ်ာဥ္မ်ား။ ဓာတ္ပံု- The Agency)

(စံအိမ္ေနာက္ဘက္။ ဓာတ္ပံု- The Agency)

တြမ္မီလီသည္ Mötley Crüe အဖြဲ႔ၾကီးကို ၁၉၈၁ ခုႏွစ္တြင္ ပူးတြဲတည္ေထာင္ခဲ့သူတစ္ဦး ျဖစ္သည္။

ယင္းေနာက္ပိုင္း ဆယ္စုႏွစ္မ်ားအတြင္း Mötley Crüe ဟဲဗီးမက္တယ္အဖြဲ႔ၾကီးသည္ စတူဒီယို အယ္လ္ဘမ္ ၉ ခုထုတ္လုပ္ခဲ့ျပီး ကမၻာတစ္ဝန္းတြင္ ေတးအယ္လ္ဘမ္ ခ်ပ္ေရ သန္း ၁၀၀ ေက်ာ္ ေရာင္းခ်ထားရျပီး ျဖစ္သည္။

၁၉၉၀ ျပည့္လြန္ကာလမ်ားအတြင္း တြမ္မီလီသည္ ရက္ပ္-ေရာ့ခ္ေတးဂီတဝိုင္း Methods of Mayhem ကိုလည္း တည္ေထာင္ခဲ့သည္။

(ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈမ်ား)

Mötley Crüe အဖြဲ႔ၾကီး၏ ေတးသီခ်င္းမ်ားကို ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈအမ်ားအျပားရွိသည့္အနက္ အခ်ဳိ႕ကို ေဖာ္ျပအပ္ပါသည္။

Primal Scream - မ်ဳိးၾကီး ေက်ာက္စာမ်ား

All in the name of Rock N Roll- ေဇာ္ဝင္းထြဋ္ ေသြးတိတ္ေတး

Five Years Death- ေဇာ္ထက္ဟန္ ထားပစ္ခဲ့

Drift Away- ဖိုးေက်ာ္ သူရဲေကာင္းပံုျပင္

Girls Girls Girls -ဖိုးေက်ာ္ ကြဲလြဲခဲ

Can’t change me- ေလးျဖဴ အတံု႔ (က်ိန္စာစီးရီးမွ)

(ဆက္စပ္သတင္း)

Motley Crue ေရာ့ခ္အဖြဲ႔ဝင္ တြမ္မီႏွင့္ မဂၤလာဦးည လိင္ဆက္ဆံထားေသာ ဗြီဒီယိုဖိုင္ ေပါက္ၾကားမႈအေပၚ စိတ္ဒဏ္ရာရေနသူ၊ ၁၂ ႏွစ္သမီးအရြယ္က မုဒိမ္းက်င့္ခံရဖူးသူ ပန္မလာ အန္ဒါဆန္၏ ေလာ့စ္အိန္ဂ်လိ စံအိမ္

https://www.imyanmarhouse.com/news/read/1051976

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: See Inside Tommy Lee’s Luxurious New $4.15 Million Los Angeles Home (latimes, sickchirpse, ladbible)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
CarsDB
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service