မပြည့်စုံပေမယ့် တွေ့ကြုံလာလည်း မမှုပါ (ရှင်သန်ဖို့ ရဲဝံ့ခဲ့ကြတယ်)

မပြည့်စုံပေမယ့် တွေ့ကြုံလာလည်း မမှုပါ (ရှင်သန်ဖို့ ရဲဝံ့ခဲ့ကြတယ်) - Property Knowledge in Myanmar from iMyanmarHouse.com
21 Dec 2022 1:26 pm တွင် တင်ခဲ့သည်
430 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

တချို့ဘဝတွေက မွေးလာကတည်းက မပြည့်စုံခြင်းတွေကိုပိုင်ဆိုင်ပြီး မွေးလာကြတယ်။ အမိဝမ်းကနေ ကျွတ်တည်းက ကြမ်းတမ်းသလို ဆက်ပြီး ရှင်သန်ရပ်တည်ဖို့က ပိုပြီးတော့တောင် ရင်မောရတဲ့ အခြေအနေတွေကိုကြုံရတာပါ။ဒါပေမဲ့…သူတို့ရှင်သန်ဖို့ ရဲဝံ့ခဲ့ကြတယ်။

ရုန်းကန်ရတာခြင်းတူရင်တောင် ကိုယ်လက်အင်္ဂါပြည့်စုံသူတွေအတွက် အချိန်ခဏနဲ့ လုပ်ငန်းဆောင်တာတွေ ပြီးစီးနိုင်ပေမယ့် မပြည့်စုံသူတွေအတွက်ကတော့ အချိန်တွေ၊ခွန်အားတွေ အများကြီးသုံးပြီးမှ ကိစ္စတွေကပြီးစီးရ တယ်။

ဘဝမှာ ရဲရဲဝံ့ဝံ့ရှင်သန်ဖို့ကို ကိုယ်လက်အင်္ဂါ ပြည့်စုံခြင်းမပြည့်စုံခြင်းက တစ်ခါတစ်ရံ အဓိကမကျလှဘူး ဆိုတာကို သက်သေခံ ဖြစ်ရပ်တွေကိုလည်း လူမှုကွန်ရက်တွေမှာတွေ့နေကြရပါတယ်။ ဒီလင့်လေး (https://www.facebook.com/watch/?v=506185608185231&__) မှာလည်း ကြည့်နိုင်ပါတယ်။

 

ခန္ဓာကိုယ်အောက်ပိုင်းတစ်ပိုင်းလုံး မပါတဲ့ လူတစ်ယောက် ရလာတဲ့ဘဝကို အားငယ်မနေဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင် ရုန်းကန်နေတာက ကိုယ်လက်အင်္ဂါ ပြည့်စုံတဲ့လူတွေထက်တောင် ဝံ့ကြွားနေတာကို တွေ့ခဲ့ရခြင်းပါပဲ။

ရိုးရိုးရင်ဆိုင်တာမဟုတ်။သာမန်သူတွေ အတွက်ပင် ခက်ခဲလှတဲ့ သစ်ခုတ်ဝါးခုတ်လုပ်ငန်းကို လုပ်ကိုင်ပြီး အသက်မွေးမှုပြုခြင်းပါပဲ။ သစ်ခုတ်ဖို့ သစ်ပင်ဟာ တောတောင်လျှိုမြောင်ထဲမှာရှိတာပါ။

တောတောင်လျှိုမြောင်ဆိုတာ အဆင်းအတက်တွေ အနိမ့်အမြင့်တွေက ခက်ခဲကြမ်းတမ်းလှပါဘိ။ လျှောက်စရာ ခြေထောက်မရှိပေမယ့် ရအောင်လျှောက်တယ်။

လက်နှစ်ဖက်ဟာ သူ့အတွက် ခြေထောက်လည်းဖြစ်တယ်။ကမ္ဘာမြေကြီးပေါ် ရပ်တည်ဖို့ မွေးကတည်းက ခြေထောက်ပါမလာပေမယ့် လက်ဟာ လက်အဖြစ်နဲ့ရော ခြေထောက်အဖြစ်နဲ့ပါ သုံးခဲ့တယ်။

 

 

သစ်သားခွေးခြေခုံ အနိမ့်လေးကို လက်ကကိုင်ပြီး ခြေထောက်အသွင်သုံးလို့ သွားလာပါတယ်။ ခြေတစ်လှမ်း လှမ်းဖို့ဟာ သူ့အတွက် ဟန်ချက်တို့ မပျက်ဖို့ ဂရုစိုက်ရတယ်။သာမန်သူတွေ ကျော်လွှားသွားဖို့ လွယ်ကူတဲ့ အတားအဆီးဟာ သူ့အတွက်တော့ ခက်ခဲပါတယ်။ ဒါပေမဲ့ ကျင့်သားရမှုတွေက သူ့အတွက် ခက်ခဲတယ် မထင်တော့။အရာအားလုံးကို ကျော်လွှားဖို့ကိုပဲ သူကြိုးစားတယ်။

တောင်ကမ်းပါးမို့ ရှောင်သွားဖို့ သူမလုပ်ပါဘူး။တောင်ကမ်းပါးတွေပေါ်က သစ်ပင်တွေဟာ သူ့ခွန်အားတွေအတွက် အရည်အသွေးတက်ရာ လေ့ကျင့်ဖက်တွေဖြစ်နေတော့ တောင်ကမ်းပါးလည်း တက်ပါတယ်။ သစ်ပင်တွေပေါ်တက်လို့ သစ်ဝါးတွေကိုလည်း ခုတ်ပါတယ်။ ရှင်သန်ဖို့အတွက် ရဲဝံ့ခြင်းပါပဲ။

 

လောကကြီးမှာ ချို့ယွင်းခြင်းတွေနဲ့ တချို့က အားငယ်မနေပါဘူး။အားငယ်မနေဘဲ အားတွေမွေးလို့ သူတစ်ထူးတွေထက်တောင်မှ ရဲရဲဝံ့ဝံ့ရှင်သန်ပြကြပါသေးတယ်။

ရူပဗေဒပညာရှင်ဖြစ်တဲ့ စတီဖင်ဟော့ကင်း (Stephen William Hawking) ဟာ သူ့အတွက် အသုံးချနိုင်တာဆိုလို့ မျက်လုံးတစ်စုံ၊ လက်တစ်ဖက်၊ဦးနှောက်တစ်လုံးသာရှိပါတယ်။စကားတောင်မပြောနိုင်ပါဘူး။ဒါပေမဲ့ သူ့မှာအသုံးဝင်နေသေးတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေက သူ့အတွက်တင်မကပါဘူး။သူ့ပညာရပ်အတွက်ရော ဒီကမ္ဘာကြီးတွက်ပါ သူ့လက်တွန်းလှည်းပေါ်ကနေ အကောင်းဆုံးအလုပ်လုပ်ပေးသွားခြင်းက အထင်အရှားပါပဲ။

 

 

 

ဒီတော့ဗျာ မပြည့်စုံမှုတွေနဲ့ မွေးဖွားလာခဲ့ပြီး ရှင်သန်ဖို့ရဲဝံ့နေကြသေးတဲ့သူတွေ၊အောင်မြင်ဖို့ ကြိုးစားနေသူတွေ အများအပြားကိုတွေ့နေရပါရက်နဲ့ ခြေလက်အင်္ဂါအပြည့်အစုံ၊ဉာဏ်ရည်ဉာဏ်သွေးလည်း မပျက်စီးပါဘဲနဲ့ ရှင်သန်ဖို့ ဘာကြောင့်ခက်ခဲရမလဲလို့သာပြောချင်ပါတော့တယ်။

 

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]


 


















 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service