ငါ့ဝမ်းပူဆာမနေသာ၍
ငါ့ဝမ်းပူဆာမနေသာ၍ - Property Knowledge in Myanmar from iMyanmarHouse.com
15 Dec 2022 1:42 pm တွင် တင်ခဲ့သည်
504 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
ဗန္ဓုလပန်းခြံဘေးက ဆူးလေးဘုရားလမ်းအတိုင်းလျှောက်ခဲ့သည်။ ပလက်ဖောင်းပေါ်ရှိသစ်ပင်တို့တွင် ဝန်းပတ်ထားသည့် အုတ်ခုံတို့ရှိသည်။တစ်ချိန်က မိမိလည်းထိုင်ခဲ့ဘူးသည့်နေရာများဖြစ်သည်။
အုတ်ခုံတို့ရှိ၍ ထိုင်သူတို့ထိုင်ကြသည်။ယခင်ကလည်း ထိုင်ကြသည်။ယခုလည်း ထိုင်နေကြသည်။ သို့သော်…
မြင်ကွင်းတို့ကပြောင်းသွားသည်။ဒီနေရာလေးတွေမှာ သံယောဇဉ်နှင့်အတူ ထိုင်ခဲ့ဘူးသည်။
ယခုတော့ ကိုယ့်ဘာသာတစ်ယောက်တည်း ထိုင်ရမည်ကိုပင် စိတ်တွင်ရှက်ရွံ့မိသည်။အနေအထားတို့သည် ယခင်ကနှင့် မတူဘဲ ပြောင်းလဲသွားသည်။
ဟိုးလွန်ခဲ့တဲ့သုံးလေးနှစ်က ဒီနေရာ ဒီအုတ်ခုံလေးများသည် ခေတ္တအပန်းဖြေစရာနေရာလေးတွေအဖြစ် ထိုင်လို့ကောင်းခဲ့သည်။ချစ်သူစုံတွဲလေးများလည်း ထိုင်လို့သင့်ခဲ့သည်။တစ်ဦးတစ်ယောက်ချင်းစီလည်း ထိုင်ခဲ့ကြသည်။
ဒီထိုင်စရာအုတ်ခုံလေးတွေရှေ့ကနေ လိုရာဌာနေများသို့ ဥဒဟိုသွားလာနေကြသူများကြောင့် အိန္ဒြေရှိသော စုံတွဲများအတွက်လည်း အိန္ဒြေမဲ့စေသည့် အပြုအမူတို့ မလုပ်ဖြစ်ကြ။ချစ်စကားတို့ကိုသာ ပြောဖြစ်ကြသည်။
ဒီနေရာလေးသည် သွားလာသူတို့အတွက်လည်း မျက်စိရှက်ရှက် နားရှက်ရှက်မဖြစ်စေခဲ့ပေ။ ထိုင်နေသူတို့ပေါ်ကိုလည်း အထင်သေးစရာမရှိခဲ့ပေ။
ယခုတော့ ချစ်သူတွေနားခိုကြရာ နေရာလေးများသည် ခန္ဓာကိုယ်ရင်း၍ ဘဝတိုက်ပွဲဝင်နေရသူများကြောင့် ထိုင်ဖို့မသင့်သည့်နေရာလေးများဖြစ်ခဲ့ရပေပြီ။
ဆာလောင်နေသည့် ဘဝများအနေဖြင့် ရှက်ရွံ့ခြင်းများကို ဘေးဖယ်ပြီး ငါ့ဝမ်းပူဆာပြေဖို့အတွက် အလုပ်လုပ်စရာနေရာလေးတွေအဖြစ် ခေတ်ကဖန်တီးလာခဲ့သည်။လုပ်စရာမရှိသူအတွက် ဝမ်းအပူကိုဖြေရှင်းဖို့ ကြိုးစားနည်းသည် အဆုံးစွန်သောနည်းသာရှိတော့ပုံရသည်။
ရွေးလို့မရသည့် ဘဝတွင် ရှိတာနှင့်အလုပ်ဖြစ်အောင် ဖန်တီးနေကြတော့သည်။အရွယ်မျိုးစုံဆိုက်မျိုးစုံ၊ ကာလာမျိုးစုံ၊ရနံ့မျိုးစုံ။ပထမတော့ ပန်းခြံကို အပန်းဖြေဖို့ လာကြသူတွေဟုထင်ခဲ့သည်။နောက်တော့ မိုးလင်းကမိုးချုပ် ဒီမျက်နှာ ဒီရုပ်တွေကိုပဲတွေနေရတော့မျှ..ဒါတွေဟာ…ဒါဘာလားဆိုတာ သိလိုက်ရသည်။
အချို့ငယ်ရွယ်ကြသည်။အချို့အရွယ်လွန်ကြပြီဖြစ်သည်။ဘယ်အခြေအနေတွေက သူတို့ကို ဒီအခြေအနေရောက်အောင် တွန်းပို့ခဲ့ပါနည်း။လုပ်ချင်လွန်းလို့ဆိုပြီး ဘယ်သူမှ ဒီအလုပ်ကို ရွေးချယ်ခဲ့လိမ့်မည်မဟုတ်ပေ။
သာမန်သူများပင်လျှင် ရှာဖွေရခက်ခဲနေပေရာ လက်ရှိကာလ အနေအထားတွင် သူတို့အနေနှင့် ဒီအခြေအနေကို မလုပ်ချင်ဘဲရွေးခဲ့ကြပေလိမ့်မည်။
ဒီအလုပ်ကိုလုပ်ပြီဆိုမှဖြင့် ဒီအလုပ်နှင့်တန်သည့်စကားတို့ကိုပြောမည်။အလုပ်ကိုထောက်အပံ့ပေးမည့် အဝတ်အစားတို့ကို ဝတ်ကြပေတော့မည်။ရှက်ရွံ့ခြင်းတို့ကင်းမှသာ ငါ့ဝမ်းပူဆာပြေပါလိမ့်မည်။
ကဲ..ငါ့ဝမ်းပူဆာပြေဖို့ အရှက်တရားတို့ကိုဘေးဖယ်ပြီး မျက်နှာပေးတို့ကို ရမ္မက်ဆေးတို့တင်ကာ ဖြတ်သွားဖြတ်လာ ပုရိသာတို့ အားပေးပါစေကြောင်း…မျက်စောင်းလေးတွေပစ်။ ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ငါ့ဝမ်းပူဆာမနေသာ၍
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
Mingalar Market
Magical World
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service