ကြည်ကြည်လင်လင်ဉာဏ်အမြင် ရလိုကြပါလျှင် (ဉာဏ်အမြင်တွေမကြည်လင်ရင်)

ကြည်ကြည်လင်လင်ဉာဏ်အမြင် ရလိုကြပါလျှင် (ဉာဏ်အမြင်တွေမကြည်လင်ရင်) - Property Knowledge in Myanmar from iMyanmarHouse.com
14 Dec 2022 2:04 pm တွင် တင်ခဲ့သည်
618 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အကြိမ်ကြိမ် အထပ်ထပ် သင်အံလေ့ကျက်ထားသည့် ပညာရပ်တို့သည်ပင်လျှင် တစ်ခါတစ်ရံ အစဖော်မရဖြစ်ကာ မေ့ပျောက်ခြင်းအဖြစ်သို့ရောက်ရပါသေးသည်။တစ်ခါတစ်ရံတော့လည်း သင်အံလေ့ကျက်ထားသည့် ပညာရပ်တို့သည် သူ့အလိုလိုပင် ပေါ်လာတတ်သည်ကိုလည်းတွေ့ရသည်။

လိုအပ်လို့ စဉ်းစားပါမှ အစပျောက်နေရသည့်ကိစ္စတို့ လူတိုင်းမှာ တစ်ချိန်မဟုတ်တစ်ချိန်တွင် ကြုံတွေ့တတ် သည်။ ဒီဖြစ်ရပ်များသည် မိမိတို့စိတ်တွင်ဖြစ်ပေါ်နေသော နီဝရဏလို့ခေါ်သည့် အဆိုးတရားများကြောင့် ဖြစ်ရကြောင်းသိရသည်။ တနည်းအားဖြင့် ထိုနီဝရဏဆိုးများကြောင့် ဉာဏ်အမြင်တို့ မကြည်လင်ရခြင်း ဖြစ်ကြောင်း သိရသည်။

နီဝရဏတရားဆိုးတို့သည် သာမန်ဉာဏ်အမြင်ကိုပင် အနှောင့်အယှက် ပြုသည်သာမက၊ ဝိမုတ္တိအမြင်ကို ရဖို့အတွက်ပင် ပိတ်ပင်တားဆီးလေသည်။

လူတို့၏ ဉာဏ်အမြင်များကို မကြည်လင်အောင်လုပ်သည့် နီဝရဏဆိုး (၅)ခုရှိသည်။

ထို နီဝရဏဆိုး (၅)ခုမှာ ကာမစ္ဆန္ဒ၊ဗျာပါဒ၊ထိနမိဒ္ဓ၊ဥဒ္ဓစ္စကုက္ကုစ္စ၊ဝိစိကိစ္ဆာ တို့ပင်ဖြစ်သည်။တနည်းအားဖြင့် လိုချင်တပ်မက်ခြင်း၊ ဒေါသအမျက်ထွက်ခြင်း၊ ငိုက်မြည်းခြင်း၊(စိတ်ပျံ့လွင့်ခြင်း၊ နောင်တတဖန်ပူပန်ခြင်း)၊ (သံသယရှိခြင်း၊ ယုံမှားခြင်း)တို့ဖြစ်သည်။

ကာမစ္ဆန္ဒနီဝရဏလို့ခေါ်သည့် လိုချင်တပ်မက်ခြင်းကြောင့် ဆေးနီ၊ ဆေးဝါ၊ ဆေးပြာများခပ်ထားသည့်ရေထဲတွင် မိမိမျက်နှာရိပ်ကိုကြည့်ရသည့်ပမာ အရိပ်မထင်မမြင်ရသလိုဘဲ ပညာရပ်တွေဟာလည်း ဉာဏ်အမြင်မှာ ထင်မလာပေ။

ဗျာပါဒနီဝရဏလို့ခေါ်သည့် ပျက်ဆီးစေလိုမှု ဒေါသအမျက်ထွက်ခြင်းကြောင့် အခိုးတလူလူပွက်ပွက်ဆူနေသည့် ရေခွက်ထဲတွင် မိမိမျက်နှာရိပ်ကိုကြည့်ရသည့်ပမာ အရိပ်မထင်မမြင်ရသလိုဘဲ ပညာရပ်တွေဟာလည်း ဉာဏ်အမြင်မှာ ထင်မလာပေ။

ထိနမိဒ္ဓနီဝရဏလို့ခေါ်သည့် လေးလံထိုင်းမှိုင်းမှု ငိုက်မြည်းခြင်းကြောင့် မှော်ဖတ်၊ မှော်ရိပ်တွေဖုံးကွယ်နေသည့် ရေခွက်ထဲတွင် မိမိမျက်နှာရိပ်ကိုကြည့်ရသည့်ပမာ အရိပ်မထင်မမြင်ရသလိုဘဲ ပညာရပ်တွေဟာလည်း ဉာဏ်အမြင်မှာ ထင်မလာပေ။

ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ လို့ခေါ်သည့် စိတ်ပျံ့လွင့်ခြင်း၊ နောင်တတဖန်ပူပန်ခြင်းကြောင့် သစ်ပင်သစ်ရိပ်၊ လေတိုက်၍ရေပြင်မငြိမ် လှိုင်းထနေသည့်ရေထဲတွင် မိမိမျက်နှာရိပ်ကိုကြည့်ရသည့်ပမာ အရိပ်မထင်မမြင်ရသလိုဘဲ ပညာရပ်တွေဟာလည်း ဉာဏ်အမြင်မှာ ထင်မလာပေ။

ဝိစိကိစာ္ဆနီဝရဏလို့ခေါ်သည့် သံသယရှိခြင်း၊ ယုံမှားခြင်းတို့ကြောင့် အနယ်ဖတ်များထနေသည့် ရွှံ့နှစ်ရေထဲ မိမိမျက်နှာရိပ်ကိုကြည့်ရသည့်ပမာ အရိပ်မထင်မမြင်ရသလိုဘဲ ပညာရပ်တွေဟာလည်း ဉာဏ်အမြင်မှာ ထင်မလာပေ။

အဆိုပါ နီဝရဏ(၅)ပါးကင်းပါမှ ပညာရပ်များသည်ဉာဏ်မှာထင်ပါလိမ့်မည်။သင်ယူလွယ်ကူပါလိမ့်မည်။ မှတ်ဉာဏ်များရင့်သန်ပါလိမ့်မည်။

အသိဉာဏ်အလင်းတို့ကိုပိတ်ပင်သည့် နီဝရဏဆိုးတို့ကိုသိလျှင်ရှောင်ကြဉ်ပြီး အသိဉာဏ်တို့ကို မပိတ်မပင်ကြည်လင်စေသည့် မှတ်ဉာဏ်တို့ကိုအထူးကာင်းမွန်စေသည့်အပြင် တရားထူးတရားမြတ် ဝိမုတ္တိအမြင်ကိုရစေမည့် ဗောဇ္ဈင်တရား(၇)ပါးကိုပွားများလိုက်ရန်သာဖြစ်သည်။

သာမန်လူအကြိုက် နားလည်အောင်ပြောရလျှင် မှတ်ဉာဏ်များ၊ပညာအလင်း၊တရားထူးများ ရစေနိုင်သည့် ထို ဗောဇ္ဈင်တရား(၇)ပါးကိုပွားများရမည်ဖြစ်သည်။

ဗောဇ္ဈင် (၇) ပါး ဟူသည် သစ္စာ (၄)ပါး မြတ်တရားကို သိမြင်တတ်သော မဂ်ဉာဏ်၏ အတောင်အလက် အစိတ်အပိုင်းဟု အဓိပ္ပာယ်ရရှိသည်။ ဗောဇ္ဈင် (၇) ပါးမှာ အောက်ပါအတိုင်းဖြစ်ကြ၏။

(၁) သတိသမ္ဗောဇ္ဈင် (၂) ဓမ္မဝိစယ သမ္ဗောဇ္ဈင်(၃) ဝီရိယသမ္ဗောဇ္ဈင်- (၄) ပီတိသမ္ဗောဇ္ဈင်

(၅) ပဿဒ္ဓိသမ္ဗောဇ္ဈင် (၆) သမာဓိသမ္ဗောဇ္ဈင် (၇) ဥပေက္ခာသမ္ဗောဇ္ဈင်

တနည်းအားဖြင့်-သတိရှိ၊ ပညာဖြင့်စိစစ်၊ ဇွဲကြီး၊ နှစ်သိမ့်စိတ်မွေး၊ ငြိမ်းငြိမ်းအေးအေးနေ၊ တည်တည်ကြည်ထား၊ ညီညီမျှမျှရှုပါဟုဆိုလိုပါသည်။ ထိုဗောဇ္ဈင်တရားကို ကြိမ်ဖန်များစွာပွားများသည်ရှိသော် နီဝရဏဆိုးတို့မှ ကင်းဝေးပြီး အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ ကို ပြည့်စုံစေနိုင်ကြောင်း ဆိုထားပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ၾကည္ၾကည္လင္လင္ဉာဏ္အျမင္ ရလိုၾကပါလွ်င္ (ဉာဏ္အျမင္ေတြမၾကည္လင္ရင္)

 

အႀကိမ္ႀကိမ္ အထပ္ထပ္ သင္အံေလ့က်က္ထားသည့္ ပညာရပ္တို႔သည္ပင္လွ်င္ တစ္ခါတစ္ရံ အစေဖာ္မရျဖစ္ကာ ေမ့ေပ်ာက္ျခင္းအျဖစ္သို႔ေရာက္ရပါေသးသည္။တစ္ခါတစ္ရံေတာ့လည္း သင္အံေလ့က်က္ထားသည့္ ပညာရပ္တို႔သည္ သူ႔အလိုလိုပင္ ေပၚလာတတ္သည္ကိုလည္းေတြ႔ရသည္။

လိုအပ္လို႔ စဥ္းစားပါမွ အစေပ်ာက္ေနရသည့္ကိစၥတို႔ လူတိုင္းမွာ တစ္ခ်ိန္မဟုတ္တစ္ခ်ိန္တြင္ ႀကဳံေတြ႔တတ္ သည္။ ဒီျဖစ္ရပ္မ်ားသည္ မိမိတို႔စိတ္တြင္ျဖစ္ေပၚေနေသာ နီဝရဏလို႔ေခၚသည့္ အဆိုးတရားမ်ားေၾကာင့္ ျဖစ္ရေၾကာင္းသိရသည္။ တနည္းအားျဖင့္ ထိုနီဝရဏဆိုးမ်ားေၾကာင့္ ဉာဏ္အျမင္တို႔ မၾကည္လင္ရျခင္း ျဖစ္ေၾကာင္း သိရသည္။

နီဝရဏတရားဆိုးတို႔သည္ သာမန္ဉာဏ္အျမင္ကိုပင္ အေႏွာင့္အယွက္ ျပဳသည္သာမက၊ ဝိမုတၱိအျမင္ကို ရဖို႔အတြက္ပင္ ပိတ္ပင္တားဆီးေလသည္။

လူတို႔၏ ဉာဏ္အျမင္မ်ားကို မၾကည္လင္ေအာင္လုပ္သည့္ နီဝရဏဆိုး (၅)ခုရွိသည္။

ထို နီဝရဏဆိုး (၅)ခုမွာ ကာမစၦႏၵ၊ဗ်ာပါဒ၊ထိနမိဒၶ၊ဥဒၶစၥကုကၠဳစၥ၊ဝိစိကိစၦာ တို႔ပင္ျဖစ္သည္။တနည္းအားျဖင့္ လိုခ်င္တပ္မက္ျခင္း၊ ေဒါသအမ်က္ထြက္ျခင္း၊ ငိုက္ျမည္းျခင္း၊(စိတ္ပ်ံ႕လြင့္ျခင္း၊ ေနာင္တတဖန္ပူပန္ျခင္း)၊ (သံသယရွိျခင္း၊ ယုံမွားျခင္း)တို႔ျဖစ္သည္။

ကာမစၦႏၵနီဝရဏလို႔ေခၚသည့္ လိုခ်င္တပ္မက္ျခင္းေၾကာင့္ ေဆးနီ၊ ေဆးဝါ၊ ေဆးျပာမ်ားခပ္ထားသည့္ေရထဲတြင္ မိမိမ်က္ႏွာရိပ္ကိုၾကည့္ရသည့္ပမာ အရိပ္မထင္မျမင္ရသလုိဘဲ ပညာရပ္ေတြဟာလည္း ဉာဏ္အျမင္မွာ ထင္မလာေပ။

ဗ်ာပါဒနီဝရဏလို႔ေခၚသည့္ ပ်က္ဆီးေစလိုမႈ ေဒါသအမ်က္ထြက္ျခင္းေၾကာင့္ အခိုးတလူလူပြက္ပြက္ဆူေနသည့္ ေရခြက္ထဲတြင္ မိမိမ်က္ႏွာရိပ္ကိုၾကည့္ရသည့္ပမာ အရိပ္မထင္မျမင္ရသလုိဘဲ ပညာရပ္ေတြဟာလည္း ဉာဏ္အျမင္မွာ ထင္မလာေပ။

ထိနမိဒၶနီဝရဏလို႔ေခၚသည့္ ေလးလံထိုင္းမိႈင္းမႈ ငိုက္ျမည္းျခင္းေၾကာင့္ ေမွာ္ဖတ္၊ ေမွာ္ရိပ္ေတြဖုံးကြယ္ေနသည့္ ေရခြက္ထဲတြင္ မိမိမ်က္ႏွာရိပ္ကိုၾကည့္ရသည့္ပမာ အရိပ္မထင္မျမင္ရသလုိဘဲ ပညာရပ္ေတြဟာလည္း ဉာဏ္အျမင္မွာ ထင္မလာေပ။

ဥဒၶစၥကုကၠဳစၥနီဝရဏ လို႔ေခၚသည့္ စိတ္ပ်ံ႕လြင့္ျခင္း၊ ေနာင္တတဖန္ပူပန္ျခင္းေၾကာင့္ သစ္ပင္သစ္ရိပ္၊ ေလတိုက္၍ေရျပင္မၿငိမ္ လႈိင္းထေနသည့္ေရထဲတြင္ မိမိမ်က္ႏွာရိပ္ကိုၾကည့္ရသည့္ပမာ အရိပ္မထင္မျမင္ရသလုိဘဲ ပညာရပ္ေတြဟာလည္း ဉာဏ္အျမင္မွာ ထင္မလာေပ။

ဝိစိကိစာၦနီဝရဏလို႔ေခၚသည့္ သံသယရွိျခင္း၊ ယုံမွားျခင္းတို႔ေၾကာင့္ အနယ္ဖတ္မ်ားထေနသည့္ ရႊံ႕ႏွစ္ေရထဲ မိမိမ်က္ႏွာရိပ္ကိုၾကည့္ရသည့္ပမာ အရိပ္မထင္မျမင္ရသလုိဘဲ ပညာရပ္ေတြဟာလည္း ဉာဏ္အျမင္မွာ ထင္မလာေပ။

အဆိုပါ နီဝရဏ(၅)ပါးကင္းပါမွ ပညာရပ္မ်ားသည္ဉာဏ္မွာထင္ပါလိမ့္မည္။သင္ယူလြယ္ကူပါလိမ့္မည္။ မွတ္ဉာဏ္မ်ားရင့္သန္ပါလိမ့္မည္။

အသိဉာဏ္အလင္းတို႔ကိုပိတ္ပင္သည့္ နီဝရဏဆိုးတို႔ကိုသိလွ်င္ေရွာင္ၾကဥ္ၿပီး အသိဉာဏ္တို႔ကို မပိတ္မပင္ၾကည္လင္ေစသည့္ မွတ္ဉာဏ္တို႔ကိုအထူးကာင္းမြန္ေစသည့္အျပင္ တရားထူးတရားျမတ္ ဝိမုတၱိအျမင္ကိုရေစမည့္ ေဗာဇၩင္တရား(၇)ပါးကိုပြားမ်ားလိုက္ရန္သာျဖစ္သည္။

သာမန္လူအႀကိဳက္ နားလည္ေအာင္ေျပာရလွ်င္ မွတ္ဉာဏ္မ်ား၊ပညာအလင္း၊တရားထူးမ်ား ရေစႏိုင္သည့္ ထို ေဗာဇၩင္တရား(၇)ပါးကိုပြားမ်ားရမည္ျဖစ္သည္။

ေဗာဇၩင္ (၇) ပါး ဟူသည္ သစၥာ (၄)ပါး ျမတ္တရားကို သိျမင္တတ္ေသာ မဂ္ဉာဏ္၏ အေတာင္အလက္ အစိတ္အပိုင္းဟု အဓိပၸာယ္ရရွိသည္။ ေဗာဇၩင္ (၇) ပါးမွာ ေအာက္ပါအတိုင္းျဖစ္ၾက၏။

(၁) သတိသေမၺာဇၩင္ (၂) ဓမၼဝိစယ သေမၺာဇၩင္(၃) ဝီရိယသေမၺာဇၩင္- (၄) ပီတိသေမၺာဇၩင္

(၅) ပႆဒၶိသေမၺာဇၩင္ (၆) သမာဓိသေမၺာဇၩင္ (၇) ဥေပကၡာသေမၺာဇၩင္

တနည္းအားျဖင့္-သတိရွိ၊ ပညာျဖင့္စိစစ္၊ ဇြဲႀကီး၊ ႏွစ္သိမ့္စိတ္ေမြး၊ ၿငိမ္းၿငိမ္းေအးေအးေန၊ တည္တည္ၾကည္ထား၊ ညီညီမွ်မွ်ရႈပါဟုဆိုလိုပါသည္။ ထိုေဗာဇၩင္တရားကို ႀကိမ္ဖန္မ်ားစြာပြားမ်ားသည္ရွိေသာ္ နီဝရဏဆိုးတို႔မွ ကင္းေဝးၿပီး အသိဉာဏ္ ‘ဝိဇၨာ’၊ (ကိေလသာမွ) လြတ္ေျမာက္မႈ ‘ဝိမုတၱိ’ ကို ျပည့္စုံေစႏိုင္ေၾကာင္း ဆိုထားပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service