မျှဝေခြင်းနှင့်ရှင်သန်ဖို့.....
မျှဝေခြင်းနှင့်ရှင်သန်ဖို့..... - Property Knowledge in Myanmar from iMyanmarHouse.com
28 Oct 2022 3:39 pm တွင် တင်ခဲ့သည်
562 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
လူဖြစ်လာရင် ရှင်သန်နိုင်ဖို့ ကြိုးစားရမှာက ဘဝမှာပထမဦးစားပေးတာဝန်ပါပဲ။ ဒါပေမဲ့ ကိုယ်ရှင်သန်ဖို့ အတွက်လုပ်ကြရင်း ကျော်မိ၊ခွမိ၊နင်းမိတာတွေ ရှိလာတတ်တယ်။ ကိုယ်တစ်ဦးတည်း ကောင်းကောင်းရှင်သန်ဖို့ အတွက် ဆိုတာမျိုးတွေဖြစ်လာတတ်တယ်။
ဒီလိုလုပ်တာက သူစိမ်းပြင်ပြင်ကို မဟုတ်ဘဲ ကိုယ်နဲ့အနီးစပ်ဆုံး ပုဂ္ဂိုလ်တွေအပေါ်မှာပါ ဖြစ်နေတတ်ပါတယ်။ အပေါင်းအသင်းတွေ၊ငယ်သူငယ်ချင်းတွေ၊လုပ်ဖော်ကိုင်ဖက်တွေရဲ့ အပေါ်မှာလည်းဖြစ်ကောင်း ဖြစ်မယ်ပေါ့။ အကျိုးတူစီးပွားဖက်တွေ အပေါ်မှာလည်း ဖြစ်ကောင်းဖြစ်မယ်ပေါ့။
အလွန်ဆိုးရွားတာကတော့ ကိုယ်ရှင်သန်ဖိုးကြိုးစားရာမှာ တစ်အူတုံဆင်း မောင်နှမသားချင်းတွေရဲ့ အပေါ်မှာတောင် မတရားသဖြင့် နင်းခွဖြတ်ကျော်မှုတွေလုပ်မိသွားခြင်းပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။ဒီလိုမျိုးရှင်သန်ဖို့ ကြိုးစားခြင်းတွေက ကောင်းမွန်သောရှင်သန်မှုမဟုတ်ဘူးဆိုတာကိုတော့ ယူဆမိကြမယ်ထင်ပါတယ်။ဒါပေမဲ့ လောဘက အားကြီးလာရင် ဒါတွေကို သိသိကြီးနဲ့ကိုလုပ်မိကြတာပါပဲ။
တကယ်တော့ လူတွေဟာ အသိုင်းအဝန်းနဲ့နေတဲ့ အမျိုးအစားပါ။တစ်သီးတစ်ခြားနေကြတဲ့ သတ္တဝါတွေမှ မဟုတ်ဘဲလေ။ကိုယ်ရှင်သန်ကောင်းစားနေပြီး ကိုယ့်အသိုင်းအဝန်းနဲ့ပတ်ဝန်းကျင်ဟာ နေချင့်စဖွယ် အနေအထားတွေ ပျက်သုဉ်းနေပြီ ၊ချို့ယွင်းနေပြီဆိုရင် ကြီးပွားရှင်သန်နေတဲ့သူတွေအနေနဲ့ မျက်ကွယ်ပြု ပြီး မနေကြဖို့လိုပါတယ်။
ကိုယ့်အနီးပတ်ဝန်းကျင်မှာ အေးချမ်းမှုမရှိ ၊လုံခြုံမှုမရှိရင် ကိုယ်လည်းအေးချမ်းလုံခြုံ လိမ့်မယ်လို့ မထင်ပါနဲ့။ ဘဝဟာ အသေအချာကြီးလို့ ပြောလို့မရပါဘူး။ ကြွေတစ်လှည့်ကြက်တစ်ခုန်၊ မျက်စိတစ်မှိတ် လျှပ်တပြတ် အတွင်း အပြောင်းအလဲတွေ အများကြီးဖြစ်သွားတတ်ပါတယ်။
ဒီတော့ ရှိတာလေးတွေကို စေတနာတွေထည့်ပြီး မျှဝေတတ်ကြဖို့ပါပဲ။မတတ်သာလို့ လုပ်ကြတာထက် စေတနာလေးတွေထည့်လိုက်ရင် ကိုယ့်ရဲ့မျှဝေမှုလေးတွေဟာ တွေးလိုက်တိုင်း ပီတိဖြစ်နေမှာပါ။
ခေတ်ကာလအခြေအနေရ လူတွေအတော်များ အခက်ပွေနေရတုန်းမှာ ကိုယ်က ကောင်းကောင်း ရှင်သန်ဖို့ နဲ့ အမြတ်ထွက်ဖို့အတွက် အခွင့်အရေးတွေ ကို ကျော်ခွနင်းဖြတ်ပြီး ရယူဖို့ကြိုးစားနေရင် ဒီတစ်ဘဝတော့ တောက်ပြောင်ကောင်း တောက်ပြောင်နေကြမှာပေါ့။ဒီလိုလူတွေနဲ့ ကုမ္ပဏီတွေကိုလည်း ဒီခေတ်မှာ အများပြားတွေ့လိုက်ရပါတယ်။ခေတ်ပျက်ကြီးမှာ အများကြီး အမြတ်ထွက်ခဲ့ကြတဲ့သူတွေပေါ့။ ရှင်သန်ဖို့ လုပ်စားတတ်ကြခြင်းပါပဲ။
ဒီလိုခေတ်ပျက်မှာ လေးစားဖို့ကောင်းတဲ့ လူတွေကိုလည်းတွေ့ခဲ့ရပါတယ်။သူတို့ကိုယ်တိုင်လည်း ပုံမှန်နေနိုင် စားနိုင်ဖို့အတွက် ရှင်သန်ရုန်းကန်နေရင်း သူတို့တတ်နိုင်တဲ့ ပမာဏနဲ့ ဒုက္ခ သုက္ခ ရောက်နေကြတဲ့သူတွေကို မျှဝေမှုလေးတွေ နေ့စဉ်နဲ့ အမျှလုပ်နေကြပါတယ်။ အာဟာရဒါနတွေ ပေးလှူနေကြတယ်။ ငွေရေးကြေးရေး အထောက်အပံ့တွေ ပေးကြပါတယ်။သူတစ်ပါးက တဆင့်လှူခိုင်းတာလေးတွေကိုလည်း မငြိုမငြင် ကြည်ကြည်ဖြူဖြူ လှူပေးကြတာလေးတွေကို လူမှုကွန်ရက်ကနေတွေ့နေရပါတယ်။
မျှဝေပေးလှူကြတဲ့နေရာမှာ တစ်လုပ်တစ်ဆုပ်ပဲဖြစ်ဖြစ် ဒီထက်ပိုပိုသာသာပဲဖြစ်ဖြစ် အခက်တွေ့နေသူတွေ အတွက်တော့ အဲဒီရက်လေးဟာ ကြေနပ်ပျော်ရွှင်မှုလေးတွေ ရသွားကြမှာပါ။
ခေတ်အခြေအနေက ဇာတ်တူသားစားတဲ့ အနေအထားတွေဖြစ်နေတော့ဟင်္သာကိုးသောင်းပျက်ကိန်းပါပဲ။ ဒီတော့ အသိဉာဏ်ကြွယ်ဝတဲ့ လူသားတွေပဲဗျာ မျှဝေလို့ မယုတ်လျော့ပါဘူး။ကိုယ်လည်းရှင်သန် ကိုယ့်လူ့အသိုင်းအဝိုင်းလည်း ရှင်သန်ဖို့ မျှဝေခြင်းနဲ့ရှင်သန်ကြပါလို့ တိုက်တွန်းပါရစေဗျာ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
CarsDB
Magical World
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service