မလေးရှားက ကြယ်ငါးပွင့်အဆင့် ကြောင်ဟိုတယ်

မလေးရှားက ကြယ်ငါးပွင့်အဆင့် ကြောင်ဟိုတယ် - Property News in Myanmar from iMyanmarHouse.com
27 Oct 2022 11:04 am တွင် တင်ခဲ့သည်
780 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

မလေးရှားနိုင်ငံတွင် Carzonia အမည်ရှိ ကမ္ဘာ့ပထမဆုံး ကြယ်ငါးပွင့်အဆင့် ကြောင်ဟိုတယ် ဖွင့်လှစ်ထားရာ ကြောင်များအတွက် spa နှင့် ဖီးလိမ်းသန့်စင်ပေးခြင်းဝန်ဆောင်မှုများ၊ အပူချိန်ထိန်းညှိပေးထားသော အခန်းများ၊ ကြောင်မလေးများအတွက် အထီးများနှင့် တွေ့ဆုံပေးသော dating ဝန်ဆောင်မှုအပြင် အခြားသော ဝန်ဆောင်မှုများစွာလည်း ရှိသေးသည်။

ကြောင်ဟိုတယ်တွင် ကြောင်လေးများကို ချစ်တတ်သော ဝန်ထမ်းများ ခန့်အပ်ထားသည်။

မလေးရှားနိုင်ငံ၏ မြို့တော် ကွာလာလမ်ပူတွင် တည်ရှိကာ အိပ်ခန်းပေါင်း ၃၅ ခန်းပါဝင်သည့် ကြောင်ဟိုတယ် သည် သခင်များနေအိမ်တွင် မရှိချိန်များတွင် ၎င်းတို့၏ကြောင်ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ပေးသွား မည် ဖြစ်သည်။

(အိပ်ခန်းပေါင်း ၃၅ ခန်းပါသည့် ကြောင်ဟိုတယ်ကို ကြောင်ချစ်တတ်သော ဝန်ထမ်းများဖြင့် လည်ပတ်လျက်ရှိသည်။ ဓာတ်ပုံ CREDIT: EPA/Fazry Ismail)

 

ဟိုတယ်တွင် ကြောင်များတည်းခိုနိုင်မည့် အခန်းအမျိုးအစား ၄ မျိုးခွဲခြားထားရာ ဈေးအကြီးဆုံးမှာ VVIC ဟုခေါ်သော “အလွန့်အလွန်အရေးကြီးသည့်ကြောင်” (Very Very Important Cat) အခန်း ဖြစ်သည်။

VVIC အခန်းတွင် ကြောင် ၁၀ ကောင်ကျော် (ကြောင်မကြီးနှင့် ကြောင်ပေါက်ကလေးများ) ကောင်းစွာနေထိုင် နိုင်ပြီး ကြီးမားသည့် king-sized အိပ်ယာ ၃ ခု၊ ကစားကွင်းငယ်တစ်ခုနှင့် သီးသန့်ကြောင်အိမ်သာတို့ ပါဝင်သည်။

အခြားအခန်း ၃ မျိုးတွင် ကြောင် ၃ ကောင်မှ ၇ ကောင်ကြား နေထိုင်နိုင်ပြီး အိပ်ယာများမှာ queen size ၊ double နှင့် single အိပ်ယာအသီးသီးပါဝင်ကြကာ တစ်နေ့လျှင် ၃ ကြိမ် အစာကျွေးခြင်းနှင့် သန့်ရှင်းရေးပြုလုပ် ပေးခြင်းများ ဝန်ဆောင်မှုပေးသည်။

အခန်းအချို့တွင် ရေပန်းများတပ်ဆင်ပေးထားပြီး ထူးခြားသည်မှာ Wi-Fi တပ်ပေးထားခြင်းဖြစ်ကာ အခန်းအားလုံးတွင် လေအေးပေးစက်များ တပ်ထားသည်။

VVIC (အလွန့်အလွန်အရေးကြီးသောကြောင်) နှင့် VIC (အလွန်အရေးကြီးသောကြောင်) အခန်းများတွင် လုံခြုံရေးကင်မရာ (CCTV) များ တပ်ထားပေးရာ စိတ်ပူတတ်သော ကြောင်သခင်များအနေဖြင့် ဖုန်း APP တစ်ခုမှတဆင့် မိမိတို့၏ ကြောင်ကလေးများကို ၂၄ နာရီလုံး စောင့်ကြည့်နိုင်သည်။

ကြောင်ကလေးများကို သန့်ရှင်းရေးပြုလုပ်ပေးခြင်းအတွက်လည်း ရွေးချယ်စရာများရှိရာ ဆေးဝါးအသုံးပြု သန့်ရှင်းရေးပြုလုပ်ပေးခြင်း ပါဝင်သည်။

ဆေးဝါးသုံး သန့်ရှင်းရေးတွင် ကြောင်ကလေးများ၏ အရေပြားအတွက်ကောင်းမွန်စေပြီး သန်းများ ရှင်းလင်းပေးနိုင်သည့် အထူးပြုလုပ်ထားသော Shampoo ကို အသုံးပြုသည်။

Catzonia ဟိုတယ်တွင် ကြောင်ကလေးများသည် အနည်းဆုံး ၃ နာရီမှ တစ်နှစ်အထိ တည်းခိုနိုင်ပြီး အခန်းခမှာ တစ်ညလျှင် ၂၅ ရင်းဂစ် (မြန်မာကျပ်ငွေ ၁၁၀၀၀ ခန့်) ဖြစ်သည်။

(မှတ်ချက်။ မလေးရှား ၁ ရင်းဂစ်လျှင် သတ်မှတ်ငွေလဲနှုန်း မြန်မာငွေ ၄၄၀ ကျပ်ဖြင့် တွက်ချက်ထားခြင်းဖြစ်ပြီး မြေပြင်တွင် ကွာခြားမှုရှိနိုင်ပါသည်)

“ကြောင်ကလေးများတွင်လည်း အားလပ်ရက်များ လိုအပ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ သူတို့အား သူဌေးတစ်ဦးသဖွယ် ဆက်ဆံခြင်းကို ကြောင်ကလေးများက နှစ်သက်ကြသည်။ နေထိုင်ရာအသစ်မှာ နေအိမ်ကဲ့သို့ ခံစားရရန်လိုအပ်ပြီး အမြဲပွတ်သပ် ပွေ့ဖက်ပေးရန်လိုသည်။ အရေးကြီးဆုံးအချက်မှာ ကြောင်ကလေးများသည် အထီးကျန် နေထိုင်ရခြင်းကို မနှစ်သက်ချေ” ဟု ကြောင်ဟိုတယ်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

(စိတ်ပူတတ်သော သခင်များအနေဖြင့် မိမိတို့၏ ကြောင်ကလေးများကို ဟိုတယ်ခန်းအတွင်းရှိ CCTV ကင်မရာများမှတဆင့် စောင့်ကြည့်နိုင်သည်။ ဓာတ်ပုံ-CREDIT: EPA/Fazry Ismail)

ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများတွင်လည်း အထင်ကရ အိမ်မွေးတိရ စ္ဆာန်ဟိုတယ်များရှိရာ အင်္ဂလန်နိုင်ငံ၊ Hertfordshire ခရိုင်၊ Welwyn Garden မြို့တွင် Longcroft အမည်ရှိ ဇိမ်ခံကြောင်ဟိုတယ်တစ်ခုရှိသည်။

အဆိုပါ ဟိုတယ်ရှိ ကြောင်အိပ်ခန်းများတွင် ကုတင်ထောင့် ၄ ခု၌ တိုင်များထူကာ အမိုးတပ်ဆင်ထားသော အိပ်ယာကုတင်များ၊ နောက်ဆုံးပေါ်အသံစနစ်နှင့် ကြောင်များအတွက် ညစာကောင်းကောင်း စီစဉ်ပေးသည်။

အဆိုပါညစာတွင် A La Cat မီနူးဟုခေါ်သော ကြောင်အာဟာရဗေဒပညာရှင်တစ်ဦးက ဖော်ထုတ်ပေးသည့် စားဖွယ်အစီအစဉ်တစ်ခု ရှိသည်။ ထိုစားစရာတွင် ငါးဖြူ၊ ဆူးတောင်ဝါ တူနာငါး (သို့မဟုတ်) ကြက်အသည်းတို့ ပါဝင်လေ့ရှိသည်။

အမေရိကန်ပြည်ထောင်စု ၊ လော့စ်အိန်ဂျလိမြို့တွင်လည်း Four Seasons ဟိုတယ်ရှိရာလမ်းတွင် Barkley Pet Hotel & Day Spa အမည်ရှိ အိမ်မွေးတိရ စ္ဆာန်ဟိုတယ်ကြီး ရှိသည်။

အိမ်မွေးတိရ စ္ဆာန်တို့၏သခင်များအနေဖြင့် Four Seasons ဟိုတယ်တွင် နံနက်စာကို အိပ်ယာထဲမှတဆင့် မှာယူကာ အနှိပ်ခံခြင်း (သို့မဟုတ်) ရေကူးကန်တွင် ရေကူးခြင်းများ ပြုလုပ်နေချိန်တွင် ၎င်းတို့၏ အိမ်မွေး တိရ စ္ဆာန်ကလေးများကိုလည်း Barkley အိမ်မွေးတိရ စ္ဆာန်ဟိုတယ်တွင် ထားရှိကာ အလားတူဝန်ဆောင်မှုမျိုး ရယူနိုင်သည်။

Barkley ဟိုတယ်ရှိ ခွေးဧည့်သည်တော်ကြီးများအတွက် အပူချိန်နှင့် အလင်းထိန်းညှိစနစ်ပါဝင်ကာ သာယာညိမ့်ညောင်းသည့် တေးဂီတသံများ ဖွင့်လှစ်ပေးထားမည့် အခန်းများရှိပြီး ပြင်ပလေ ရှုရှိုက်နိုင်ရန် အပြင်သို့လည်း မကြာခဏလမ်းလျှောက်ပေးမည် ဖြစ်သည်။

ကြောင်ဧည့်သည်တော်များအတွက် အခန်းများမှာမူ ခွေးများနှင့်နှိုင်းယှဉ်လျှင် အခန်းကျဉ်းသော်လည်း ရုပ်မြင်သံကြားစက်များဖြင့် ဖျော်ဖြေမှုပေးမည်ဖြစ်ကာ ပျံသန်းနေသောငှက်ကလေးများ၊ ရေကူးနေသော ငါးကလေးများကို ရုပ်မြင်သံကြားစက်မှ ဖွင့်လှစ်ပြသပေးနေမည် ဖြစ်သည်။

မိမိစားသည့်အတိုင်း စားစေလိုသည့်သခင်များရှိပါကလည်း Barkley မှ ဝန်ထမ်းများက Four Season ဟိုတယ်မှ စားသောက်ဖွယ်ရာများ မှာယူပေးမည် ဖြစ်သည်။

သံဗူးအစားအစာများ မနှစ်သက်သည့် ကြောင်များအတွက်လည်း တူနာဆူရှီ ရှိသည်။

Barkley ဟိုတယ်သည် အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းနှင့် အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းအိုးပြည်နယ်၊ ကလိဗ်လန်းမြို့တို့တွင် အိမ်မွေးတိရ စ္ဆာန်ဟိုတယ်များ ဖွင့်လှစ်ထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside the 'world's first' five-star cat hotel (telegraph)

 

 

[Zawgyi]

မေလးရွားက ၾကယ္ငါးပြင့္အဆင့္ ေၾကာင္ဟိုတယ္

 

မေလးရွားႏိုင္ငံတြင္ Carzonia အမည္ရွိ ကမၻာ့ပထမဆံုး ၾကယ္ငါးပြင့္အဆင့္ ေၾကာင္ဟိုတယ္ ဖြင့္လွစ္ထားရာ ေၾကာင္မ်ားအတြက္ spa ႏွင့္ ဖီးလိမ္းသန္႔စင္ေပးျခင္းဝန္ေဆာင္မႈမ်ား၊ အပူခ်ိန္ထိန္းညွိေပးထားေသာ အခန္းမ်ား၊ ေၾကာင္မေလးမ်ားအတြက္ အထီးမ်ားႏွင့္ ေတြ႔ဆံုေပးေသာ dating ဝန္ေဆာင္မႈအျပင္ အျခားေသာ ဝန္ေဆာင္မႈမ်ားစြာလည္း ရွိေသးသည္။

ေၾကာင္ဟိုတယ္တြင္ ေၾကာင္ေလးမ်ားကို ခ်စ္တတ္ေသာ ဝန္ထမ္းမ်ား ခန္႔အပ္ထားသည္။

မေလးရွားႏိုင္ငံ၏ ျမိဳ႕ေတာ္ ကြာလာလမ္ပူတြင္ တည္ရွိကာ အိပ္ခန္းေပါင္း ၃၅ ခန္းပါဝင္သည့္ ေၾကာင္ဟိုတယ္ သည္ သခင္မ်ားေနအိမ္တြင္ မရွိခ်ိန္မ်ားတြင္ ၎တို႔၏ေၾကာင္ကေလးမ်ားကို ထိန္းသိမ္းေစာင့္ေရွာက္ေပးသြား မည္ ျဖစ္သည္။

(အိပ္ခန္းေပါင္း ၃၅ ခန္းပါသည့္ ေၾကာင္ဟိုတယ္ကို ေၾကာင္ခ်စ္တတ္ေသာ ဝန္ထမ္းမ်ားျဖင့္ လည္ပတ္လ်က္ရွိသည္။ ဓာတ္ပံု CREDIT: EPA/Fazry Ismail)

ဟိုတယ္တြင္ ေၾကာင္မ်ားတည္းခိုႏိုင္မည့္ အခန္းအမ်ဳိးအစား ၄ မ်ဳိးခြဲျခားထားရာ ေစ်းအၾကီးဆံုးမွာ VVIC ဟုေခၚေသာ “အလြန္႔အလြန္အေရးၾကီးသည့္ေၾကာင္” (Very Very Important Cat) အခန္း ျဖစ္သည္။

VVIC အခန္းတြင္ ေၾကာင္ ၁၀ ေကာင္ေက်ာ္ (ေၾကာင္မၾကီးႏွင့္ ေၾကာင္ေပါက္ကေလးမ်ား) ေကာင္းစြာေနထိုင္ ႏိုင္ျပီး ၾကီးမားသည့္ king-sized အိပ္ယာ ၃ ခု၊ ကစားကြင္းငယ္တစ္ခုႏွင့္ သီးသန္႔ေၾကာင္အိမ္သာတို႔ ပါဝင္သည္။

အျခားအခန္း ၃ မ်ဳိးတြင္ ေၾကာင္ ၃ ေကာင္မွ ၇ ေကာင္ၾကား ေနထိုင္ႏိုင္ျပီး အိပ္ယာမ်ားမွာ queen size ၊ double ႏွင့္ single အိပ္ယာအသီးသီးပါဝင္ၾကကာ တစ္ေန႔လွ်င္ ၃ ၾကိမ္ အစာေကၽြးျခင္းႏွင့္ သန္႔ရွင္းေရးျပဳလုပ္ ေပးျခင္းမ်ား ဝန္ေဆာင္မႈေပးသည္။

အခန္းအခ်ဳိ႕တြင္ ေရပန္းမ်ားတပ္ဆင္ေပးထားျပီး ထူးျခားသည္မွာ Wi-Fi တပ္ေပးထားျခင္းျဖစ္ကာ အခန္းအားလံုးတြင္ ေလေအးေပးစက္မ်ား တပ္ထားသည္။

VVIC (အလြန္႔အလြန္အေရးၾကီးေသာေၾကာင္) ႏွင့္ VIC (အလြန္အေရးၾကီးေသာေၾကာင္) အခန္းမ်ားတြင္ လံုျခံဳေရးကင္မရာ (CCTV) မ်ား တပ္ထားေပးရာ စိတ္ပူတတ္ေသာ ေၾကာင္သခင္မ်ားအေနျဖင့္ ဖုန္း APP တစ္ခုမွတဆင့္ မိမိတို႔၏ ေၾကာင္ကေလးမ်ားကို ၂၄ နာရီလံုး ေစာင့္ၾကည့္ႏိုင္သည္။

ေၾကာင္ကေလးမ်ားကို သန္႔ရွင္းေရးျပဳလုပ္ေပးျခင္းအတြက္လည္း ေရြးခ်ယ္စရာမ်ားရွိရာ ေဆးဝါးအသံုးျပဳ သန႔္ရွင္းေရးျပဳလုပ္ေပးျခင္း ပါဝင္သည္။ ေဆးဝါးသံုး သန္႔ရွင္းေရးတြင္ ေၾကာင္ကေလးမ်ား၏ အေရျပားအတြက္ေကာင္းမြန္ေစျပီး သန္းမ်ား ရွင္းလင္းေပးႏိုင္သည့္ အထူးျပဳလုပ္ထားေသာ Shampoo ကို အသံုးျပဳသည္။

Catzonia ဟိုတယ္တြင္ ေၾကာင္ကေလးမ်ားသည္ အနည္းဆံုး ၃ နာရီမွ တစ္ႏွစ္အထိ တည္းခိုႏိုင္ျပီး အခန္းခမွာ တစ္ညလွ်င္ ၂၅ ရင္းဂစ္ (ျမန္မာက်ပ္ေငြ ၁၁၀၀၀ ခန္႔) ျဖစ္သည္။

(မွတ္ခ်က္။ မေလးရွား ၁ ရင္းဂစ္လွ်င္ သတ္မွတ္ေငြလဲႏႈန္း ျမန္မာေငြ ၄၄၀ က်ပ္ျဖင့္ တြက္ခ်က္ထားျခင္းျဖစ္ျပီး ေျမျပင္တြင္ ကြာျခားမႈရွိႏိုင္ပါသည္)

“ေၾကာင္ကေလးမ်ားတြင္လည္း အားလပ္ရက္မ်ား လိုအပ္သည္ဟု ကၽြႏု္ပ္တို႔ ယံုၾကည္ပါသည္။ သူတို႔အား သူေဌးတစ္ဦးသဖြယ္ ဆက္ဆံျခင္းကို ေၾကာင္ကေလးမ်ားက ႏွစ္သက္ၾကသည္။ ေနထိုင္ရာအသစ္မွာ ေနအိမ္ကဲ့သို႔ ခံစားရရန္လိုအပ္ျပီး အျမဲပြတ္သပ္ ေပြ႔ဖက္ေပးရန္လိုသည္။ အေရးၾကီးဆံုးအခ်က္မွာ ေၾကာင္ကေလးမ်ားသည္ အထီးက်န္ ေနထုိင္ရျခင္းကို မႏွစ္သက္ေခ်” ဟု ေၾကာင္ဟိုတယ္၏ ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပထားသည္။

(စိတ္ပူတတ္ေသာ သခင္မ်ားအေနျဖင့္ မိမိတို႔၏ ေၾကာင္ကေလးမ်ားကို ဟိုတယ္ခန္းအတြင္းရွိ CCTV ကင္မရာမ်ားမွတဆင့္ ေစာင့္ၾကည့္ႏိုင္သည္။ ဓာတ္ပံု-CREDIT: EPA/Fazry Ismail)

ကမၻာေပၚရွိ အျခားႏိုင္ငံမ်ားတြင္လည္း အထင္ကရ အိမ္ေမြးတိရ စၦာန္ဟုိတယ္မ်ားရွိရာ အဂၤလန္ႏိုင္ငံ၊ Hertfordshire ခရိုင္၊ Welwyn Garden ျမိဳ႕တြင္ Longcroft အမည္ရွိ ဇိမ္ခံေၾကာင္ဟိုတယ္တစ္ခုရွိသည္။

အဆိုပါဟိုတယ္ရွိ ေၾကာင္အိပ္ခန္းမ်ားတြင္ ကုတင္ေထာင့္ ၄ ခု၌ တိုင္မ်ားထူကာ အမိုးတပ္ဆင္ထားေသာ အိပ္ယာကုတင္မ်ား၊ ေနာက္ဆံုးေပၚအသံစနစ္ႏွင့္ ေၾကာင္မ်ားအတြက္ ညစာေကာင္းေကာင္း စီစဥ္ေပးသည္။

အဆိုပါညစာတြင္ A La Cat မီႏူးဟုေခၚေသာ ေၾကာင္အာဟာရေဗဒပညာရွင္တစ္ဦးက ေဖာ္ထုတ္ေပးသည့္ စားဖြယ္အစီအစဥ္တစ္ခု ရွိသည္။ ထိုစားစရာတြင္ ငါးျဖဴ၊ ဆူးေတာင္ဝါ တူနာငါး (သို႔မဟုတ္) ၾကက္အသည္းတို႔ ပါဝင္ေလ့ရွိသည္။

အေမရိကန္ျပည္ေထာင္စု ၊ ေလာ့စ္အိန္ဂ်လိျမိဳ႕တြင္လည္း Four Seasons ဟိုတယ္ရွိရာလမ္းတြင္ Barkley Pet Hotel & Day Spa အမည္ရွိ အိမ္ေမြးတိရ စၦာန္ဟိုတယ္ၾကီး ရွိသည္။

အိမ္ေမြးတိရ စၦာန္တို႔၏သခင္မ်ားအေနျဖင့္ Four Seasons ဟိုတယ္တြင္ နံနက္စာကို အိပ္ယာထဲမွတဆင့္ မွာယူကာ အႏွိပ္ခံျခင္း (သို႔မဟုတ္) ေရကူးကန္တြင္ ေရကူးျခင္းမ်ား ျပဳလုပ္ေနခ်ိန္တြင္ ၎တို႔၏ အိမ္ေမြး တိရ စၦာန္ကေလးမ်ားကိုလည္း Barkley အိမ္ေမြးတိရ စၦာန္ဟိုတယ္တြင္ ထားရွိကာ အလားတူဝန္ေဆာင္မႈမ်ဳိး ရယူႏိုင္သည္။

Barkley ဟိုတယ္ရွိ ေခြးဧည့္သည္ေတာ္ၾကီးမ်ားအတြက္ အပူခ်ိန္ႏွင့္ အလင္းထိန္းညွိစနစ္ပါဝင္ကာ သာယာညိမ့္ေညာင္းသည့္ ေတးဂီတသံမ်ား ဖြင့္လွစ္ေပးထားမည့္ အခန္းမ်ားရွိျပီး ျပင္ပေလ ရႈရိႈက္ႏိုင္ရန္ အျပင္သို႔လည္း မၾကာခဏလမ္းေလွ်ာက္ေပးမည္ ျဖစ္သည္။

ေၾကာင္ဧည့္သည္ေတာ္မ်ားအတြက္ အခန္းမ်ားမွာမူ ေခြးမ်ားႏွင့္ႏႈိင္းယွဥ္လွ်င္ အခန္းက်ဥ္းေသာ္လည္း ရုပ္ျမင္သံၾကားစက္မ်ားျဖင့္ ေဖ်ာ္ေျဖမႈေပးမည္ျဖစ္ကာ ပ်ံသန္းေနေသာငွက္ကေလးမ်ား၊ ေရကူးေနေသာ ငါးကေလးမ်ားကို ရုပ္ျမင္သံၾကားစက္မွ ဖြင့္လွစ္ျပသေပးေနမည္ ျဖစ္သည္။

မိမိစားသည့္အတိုင္း စားေစလိုသည့္သခင္မ်ားရွိပါကလည္း Barkley မွ ဝန္ထမ္းမ်ားက Four Season ဟိုတယ္မွ စားေသာက္ဖြယ္ရာမ်ား မွာယူေပးမည္ ျဖစ္သည္။

သံဗူးအစားအစာမ်ား မႏွစ္သက္သည့္ ေၾကာင္မ်ားအတြက္လည္း တူနာဆူရွီ ရွိသည္။

Barkley ဟုိတယ္သည္ အိႏိၵယႏိုင္ငံ၊ မြမ္ဘိုင္းႏွင့္ အေမရိကန္ျပည္ေထာင္စု၊ အိုဟိုင္းအိုးျပည္နယ္၊ ကလိဗ္လန္းျမိဳ႕တို႔တြင္ အိမ္ေမြးတိရ စၦာန္ဟိုတယ္မ်ား ဖြင့္လွစ္ထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Inside the 'world's first' five-star cat hotel (telegraph)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service