အသီးအနှံနဲ့ အသီးအရွက်တွေ တာရှည်ခံစေမယ့် နည်းလမ်းများ....

အသီးအနှံနဲ့ အသီးအရွက်တွေ တာရှည်ခံစေမယ့် နည်းလမ်းများ.... - Property Knowledge in Myanmar from iMyanmarHouse.com
22 Oct 2022 12:40 pm တွင် တင်ခဲ့သည်
1312 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

နေ့စဉ် ချက်ပြုတ်စီမံနေရတဲ့ အိမ်ရှင်မတွေဟာ အလုပ်တဖက်ကြောင့်၊ တခြားသော အိမ်မှု ကိစ္စတွေကြောင့် နေ့တိုင်း ဈေးမသွားနိုင်ကြတော့ပါဘူး။ အားတဲ့အချိန်မှာ ၃ ရက်စာ၊ ၅ ရက်စာ၊ တပတ်စာ စသဖြင့် ဝယ်ယူ သိမ်းဆည်းရပါတယ်။ ဒီလို ရက်အတော်ကြာ သိမ်းဆည်းထားတဲ့အခါ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ လတ်လတ်ဆတ်ဆတ် မရှိတော့ပါဘူး။

ဝယ်လာတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ မချက်ရသေးခင် ရော်သွားတာမျိုး၊ နွမ်းသွားပြီး မလတ်ဆတ်တော့တဲ့အခါ အိမ်ရှင်မတွေ စိတ်ညစ်ရပါတယ်။ ဒါကြောင့် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ အချိန်တို အတွင်း နွမ်းမသွားဘဲ လတ်ဆတ်နေစေမယ့် နည်းလမ်းတွေ ရှိပါတယ်။

တရုတ်နံနံတို့လို အရွက်မျိုးကို ကြွပ်ကြွပ်အိတ်နဲ့ ထည့်သိမ်းလိုက်ရင် အချိန်တိုအတွင်း ပျက်စီးသွားနိုင်လို့ ခဲစက္ကူလေးနဲ့ပတ်ပြီး သိမ်းတာက အချိန်အတော်ကြာ မပုပ်သိုးပဲ လတ်ဆတ်စေပါတယ်။

ဆလပ်ရွက်လို အသုပ်နဲ့ ဒီအတိုင်းစားကြတဲ့ အရွက်မျိုးကိုတော့ ရေခဲသေတ္တာထဲသိမ်းတဲ့အခါ သတင်းစာစက္ကူ၊ စက္ကူအိတ်တွေနဲ့ ထည့်သိမ်းရပါမယ်။ ဒါမှလည်း အရွက်သုပ်ထဲထည့်ရင် လတ်လတ်ဆတ်ဆတ်နဲ့ ကြွပ်ကြွပ်ရွရွ လေး စားကောင်းနေမှာပါ။

ခရမ်းချဉ်သီးကို သိမ်းတဲ့အခါ ရေခဲသေတ္တာထဲ မထည့်သင့်ပါဘူး။ နေရောင်ခြည်နဲ့ တိုက်ရိုက် မထိတွေ့တဲ့ စင်ပေါ်မှာ ဖြန့်ခင်းထားလိုက်ပါ။

ငှက်ပျောသီးတွေဆိုရင် ဝယ်လာပြီး တရက်ကုန်သွားတာနဲ့ စပြီးရော်လာတော့တာပါ။ အကြာကြီး အထားမခံဘဲ လတ်ဆတ်လွန်းအားကြီးလို့ ချက်ချင်း မရော်ရင်တောင် အခွံမည်းလာတတ်ပါတယ်။ ဒီလို မဖြစ်အောင် ငှက်ပျောသီး အညှာအရင်းကို ပလပ်စတစ်လေးနဲ့ ပတ်ထားပေးလိုက်ရင် အခွံ မမည်းဘဲ ဝယ်လာတဲ့အတိုင်း လတ်ဆတ် နေစေပါတယ်။

ပင်စိမ်းတို့လို ဟင်းခတ်အမွှေးအကြိုင်အရွက်တွေကို ၂ ပတ်လောက် တာရှည်ခံချင်ရင် ရေသန့်ထည့်ထားတဲ့ အဝကျယ် ဖန်ပုလင်းကြီးထဲကို အရိုးတွေ စိမ်ထားပါ။ ပလပ်စတစ်အိတ်ကို အပေါ်ကနေအုပ်ပြီး အောက်ခြေ ဖွင့်လို့ နေရောင်တိုက်ရိုက် မကျတဲ့နေရာမှာ ရေစိမ်ထားပါ။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူးတို့ကို ခြောက်သွေ့ပြီး အေးတဲ့နေရာမှာ ထားပါ။ နေရောင် တိုက်ရိုက် မကျတဲ့ ခပ်မှောင်မှောင် အခန်းထဲမှာ သိမ်းသင့်ပါတယ်။

စတော်ဘယ်ရီ၊ ဘယ်လူးဘယ်ရီ စတဲ့ ဘယ်ရီသီး အမျိုးအစားတွေကို သိမ်းတဲ့အခါ ရေခဲသေတ္တာထဲ မထည့်ခင် အသီးတွေကို ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ထားတဲ့ ရေနဲ့ဆေး၊ ရေပြန်စစ်ပြီးမှ သိမ်းမယ်ဆိုရင် တာရှည်ခံပါတယ်။

ထောပတ်သီးကိုတော့ ရေခဲသေတ္တာထဲထည့်သိမ်းထားရင် အချိန်အတော်ကြာ လတ်ဆတ်စေပါတယ်။

မှိုတွေကို သိမ်းတဲ့အခါ စက္ကူအိတ်ထဲထည့်ပြီး ရေခဲသေတ္တာအံဆွဲထဲမှာ သိမ်းဆည်းရပါမယ်။

မုန်လာဥနီတွေ တာရှည်ခံချင်ရင်တော့ အရင်းက အရွက်တွေကို ဖြတ်တောက်သိမ်းပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Yummy

 

 

 

 

[Zawgyi]


 
















Credit: Yummy

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service